*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 5 May 2014

ထူးခြားလှသည့် ပရဟိတ အောင်တော်မူ စေတီတော်ကြီး



 ကျွန်တော်သည် နာရေးကူညီမှု အသင်း(ရန်ကုန်)အား ဦးစီး ဦးဆောင်ပြီး အများပြည်သူ လူထု လူ သား အား လုံးတို့ မလွဲမသွေ တွေ့ကြုံ ခံစားကြသော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး အစရှိ သည့် ဘေးဒုက္ခများ ကို မိမိ၏ အတ္တကိုဖြုတ်၍ အနစ်နာခံပေးဆပ် ခဲ့သည်မှာ (၁၄) နှစ်တာ ကာလကို ဖြတ် သန်းခဲ့ပြီးဖြစ်သည်။ 


ထိုသို့ ကာလ အသီးသီးအား ဖြတ်သန်း ခဲ့ရသည်မှာ လွယ်ကူချောမွေ့လှသည် မဟုတ်။ အတိုက်အခိုက်၊ အနှောင့် အယှက်၊ အဟန့်အတား၊ အတားအဆီး၊ အပိတ်အပင် တို့သည်ကား ဘဝ တစ်ခု လုံး စုံးစုံးမြုပ် သွားမတတ် ခံစားဖြတ်သန်းလာခဲ့ရသည်။

စာလုံးရေ (၄) လုံး မျှသာရှိသော “ပရဟိတ” တည်း ဟူသော လူသား များအတွက် ကူညီဖေး မ ပေးဆပ် ရသော လုပ်ငန်းသည် လွယ်ကူလှသည် မဟုတ်။ ထို့ ကြောင့် “အနိမ့် ကျဆုံးသော ကုသိုလ် အလုပ်မျိုးကို အမြင့်မြတ်ဆုံး နှလုံးသား ရှိသူများသာ လုပ်ဆောင် နိုင်ကြသည်” ဟူသော စကားဆောင်ပုဒ် ထွက်ပေါ် လာရခြင်းဖြစ်သည်။ တောင်စလင်း တိုက်သစ် ဆရာ တော်ကြီး ဦးတိက္ခ မှမိန့်ကြားခဲ့သည်။ 

သို့သော် ကျွန်တော်သည် မိမိ ကိုယ် မိမိ မြင့်မြတ်သော သူ ဖြစ် ကြောင်း လက်မခံပါ။ မြင့်မြတ်သော သူဖြစ် သည် ဟုလည်း မခံယူပါ။ မိမိ ကူညီဖေးမပေးနိုင်သော အတိုင်း အတာ တစ်ခုအထိ သာ ကူညီပေးနိုင်ရန် စီစဉ်ပေးသော ဦးဆောင်သူ တစ်ယောက်သာဖြစ်သည်။ တကယ် တမ်း အနစ်နာခံ အပင် ပန်းခံ၍ ပေး ဆပ်နေကြသူ များမှာ မိမိတို့ နာရေးကူညီမှု အသင်းရှိ ဝန်ထမ်းများ၊ အသင်းသား/သူများပင်ဖြစ်သည်။ 

ယခင် (၉) နှစ် ကာလခန့် အထိ မိမိ၏ အသက်အရွယ်၊ စွမ်းဆောင်နိုင်မှု စွမ်းအား များကြောင့် ပြည်သူ လူထု ထံသို့ ထဲထဲဝင်ဝင် ပေးဆပ်ကူညီ ဖေးမ မှုများကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်ခဲ့သော်လည်း ယခု ကာလ မိမိ၏ အသက် (၅၄) နှစ် အရွယ်တွင် မည်သူမျှ တားဆီး၍ မရနိုင် သော ဇရာ၏ ဖိအားကြောင့် ကျန်းမာ သန်စွမ်းမှု ယခင် ကာလများ ကဲ့သို့ နုပျို သန်စွမ်းမှု မရှိသောကြောင့် မိမိ ၏အတွေး အခေါ် အသိဉာဏ် စွမ်းအားဖြင့်သာ ပေးဆပ်မှုများကို ဦးဆောင်မှုကို ပြုလုပ်နေရသည်။
 

ယခု အချိန်ကာလ ၌ ကျွန်တော်သည် ငြိမ်းချမ်းမှု အေးချမ်း သာယာစွာ နေထိုင် လိုသော ဆန္ဒပြင်းပြ လျှက် ရှိသည်။ မိမိ ကဲ့သို့ ပြည်သူ/သားအားလုံး၊ မြန်မာနိုင်ငံသူ/သားအားလုံး၊ တစ်ကမ္ဘာလုံး ရှိ သက်ရှိလူ သတ္တဝါ အားလုံး ငြိမ်းချမ်း သာယာသော ကမ္ဘာကြီး၊ ငြိမ်းချမ်း သာယာသော ဘဝများ ဖြစ်စေချင်သော ဆန္ဒ ပြင်းပြ လျှက်ရှိနေသည်။

 မိမိဖြတ်သန်းခဲ့သော ပရဟိတနယ်ပယ်တလျှောက် တွေ့ကြုံ ခံစားခဲ့ရသော အခက် အခဲမှန် သမျှတို့ အား ကျော်ဖြတ်နိုင် ခဲ့သည်မှာ မြတ်စွာဘုရားရှင် ၏ တန်ခိုးတော်၊ မြတ်စွာဘုရားရှင် ဟော ကြားခဲ့သော သစ္စာတရား တို့ကြောင့်ပင်ဖြစ်ကြောင်း ရဲရဲကြီး ကျွန်တော်ဝန်ခံပါသည်။ ကျွန်တော်တို့ ဗုဒ္ဓ ဘာသာဝင် များ တင်မက အခြားသော ဘာသာဝင် အသီးသီးတို့တွင် လည်း ဘုရားသခင် အသီးသီး တို့၏ မေတ္တာတော် သြဝါဒ စကားများအား လိုက်နာ ကျင့်သုံးကာ အခက်အခဲပေါင်းစုံ တို့အား သစ္စာ တရားဖြင့် ကျော် လွှားနိုင် ခဲ့သည်မှာ မည်သူမျှ ငြင်းနိုင်မည် မဟုတ်။
 

ပရဟိတ သမားများ အဖို့ အခြားသော ဘဝ ရပ်တည်မှုပြု လုပ်နေကြသော သူများထက် သစ္စာဆိုရာ တွင် ပိုမို ထိရောက်သော အကျိုး ခံစားနိုင်သည် ဟု ကျွန်တော် ယုံကြည်သည်။ အဘယ့်ကြောင့် ဆိုသော် ပရဟိတ သမား ဟူရာ၌ သီလ လုံခြုံရခြင်း၊ ဘဝ တစ်ခုလုံး အနစ်နာခံ စွန့်လွှတ် စွန့်စားကြရကာ အများပြည်သူ အကျိုး အတွက် မိမိတို့၏ အတ္တ များကိုဖြုတ်၍ မြင့်မြတ်လှသော လူသားချင်း စာနာစိတ်၊ ကိုယ်ချင်း စာနာ စိတ်တို့ ဖြင့် လုပ်ကိုင်ပေးနေရသော ဘုရားချစ်သည့် သူများဖြစ်သောကြောင့် ပင် ဖြစ်တော့ သည်။
 

 လွန်ခဲ့တဲ့ (၃) နှစ် ခန့်က ကျွန်တော်၏ စိတ်ထဲတွင် အတွေး တစ်ခုပေါ်လာ ခဲ့သည်။ ကျွန်တော်တို့ ပရ ဟိတ သမားများ၊ ကမ္ဘာ့နိုင်ငံအသီးသီး ရှိ ပရဟိတ လုပ်ငန်းအား စိတ်ဝင်စား သူများ၊ ပရဟိတ လုပ်ငန်းရပ် အား လုပ်ကိုင်နေကြသော သူများအတွက် တိုင်တည် ဆုတောင်း မေတ္တာပို့ သစ္စာ ဆိုနိုင်မည့် အထင်ကရ အဖြစ် နေရာဟူ၍ သတ်သတ် မှတ်မှတ် မရှိသေးချေ။ 

ထိုသို့မေတ္တာဖြန့်ဝေခြင်း၊ သစ္စာဆို ဆုတောင်းခြင်း၊ အဓိဌာန်ပြုနိုင်ခြင်း တည်းဟူသော ရည်ရွယ် ချက်ဖြင့် ၄င်း၊ သာသနာတော် တည်တံ့ပြန့်ပွားရေး အတွက် ၄င်း၊ ယဉ်ကျေး လိမ္မာ၍ ဘာသာ တရား ကိုင်းရှိုင်းသော မျိုးဆက်သစ် လူငယ်/ရွယ် များ ပေါ်ထွန်း လာရေး အတွက် ၄င်း၊ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေး အတွက် စံပြ နယ်မြေ တစ်ခုဖြစ် လာရေး အတွက်၎င်း၊ ငြိမ်း ချမ်း သာယာ အေးချမ်းကြည်နူး ဖွယ် ကမ္ဘာသစ် ကလေးသို့ ရောက်ရှိ သွားနိုင်သော နေရာတစ်ခု ပေါ်ပေါက် ရေး အတွက်၎င်း၊ ဗြဟ္မစိုရ် တရားလေးပါး လွှမ်းခြုံ ထားသော ကြည်နူးဖွယ်၊ နေချင်စဖွယ် နေရာ သစ်ကလေး တစ်ခုပေါ်ပေါက် လာရေး အတွက်၎င်း၊ ရည်ရွယ် ရည်စူး၍ စေတီတစ်ဆူ တည်ထား၍ ဆန္ဒဖြစ်ပေါ်ခဲ့သည်။ 

ထို့ကြောင့် ကျွန်တော် ၏ မြင့်မြတ်သော စိတ်ကူးအား အကောင်အထည်ဖော်နိုင်ရန် မြန်မာပြည် အရပ်ဒေသ အသီးသီး သို့ သွားရောက်ကာ ကျွန်တော် စတင် ကြိုးပမ်းခဲ့တော့သည်။
 

ယခု ၂ဝ၁၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ကျွန်တော့် ဆန္ဒ ပထမအဆင့် အောင်မြင်ခဲ့တော့သည်။ မြန်မာ ပြည် အလယ်ပိုင်းဖြစ်သော ပြည်မြို့ သို့ ကျွန်တော်လူမှုရေး လုပ်ငန်း များဖြင့် ခရီးသွားစဉ် အောင်မြင်စွာ အ ကောင် အထည်ဖော်ခွင့် ရရှိခဲ့သည်။ ပြည်မြို့ တစ်ဖက်ကမ်း သို့ နဝဒေး တံတားကြီး မှ ညာဘက် ကားလမ်း မ အတိုင်း ဆက်လက်မောင်းနှင်သွား ပါက ရွှေဘုံသာမုနိ ဘုရားကြီးကို ဖူးတွေ့နိုင်သည်။ 

ထိုရွှေဘုံသာမုနိ ဘုရား မှ ရှေ့သို့ချောမွတ်နေသော မြေနီလမ်းမကြီး အတိုင်း မိနစ် (၂ဝ) ခန့် မောင်းနှင် ပါက မြတ်စွာဘုရား သက်ရှိ ထင်ရှား ရှိစဉ် ကာလ၌ ခြေတော် ချကာ ဖိုးဦးတောင်စေတီတော်မြတ် တည်ရှိသည်။ ရွှေဘုံသာမုနိ ဘုရားနှင့် ဖိုးဦးတောင်စေတီတော်မြတ် အကြား တောင်ကုန်း တစ်ခုအား ကျွန်တော် စိတ်ဝင်စားမိသည်။ 

ထို့ကြောင့် ထိုတောင်ကုန်းပေါ် တွင် သာသနာပြု ဘုရားတည်ရန် အတွက် စုံစမ်းမိသည်။ ထိုအခါ တိုက် ဆိုင် စွာဖြင့် ယင်းတောင်ကုန်း အား ဝယ်ယူ ထားသော ဦးအောင်ခိုင်နှင့် တွေ့ဆုံမိခဲ့ ကာ အကျယ်အဝန်း (၄) ဧက ခန့်ရှိ တောင်ကုန်း အား ကျွန်တော် သာသနာပြု ဘုရားတည်ရန် အတွက် လှူဒါန်းပေးခဲ့သည်။ 

ကျွန်တော် သည် ယခု ၂ဝ၁၄ ခုနှစ် အတွင်း သာသနာပြု လုပ်ငန်းအား အပြီးသတ် လုပ်ကိုင်လိုသော ဆန္ဒ ရှိသည်နှင့် အညီ ဘုရားတည်ထားရန် အတွက်၎င်း၊ သာသနိက အဆောက်အဦး များ ဆောက်လုပ်ရန် အတွက် ၄င်း၊ ဦးစွာ ရေရရှိရေး အတွက် လုံးပမ်းရတော့သည်။ 

ထိုတောင်ကုန်း ပတ်ဝန်းကျင် ရှိ တောင်ကုန်းတောင်တန်း များသည် ခြောက်သွေ့နေသောကြောင့် ရေ တူးဖော်ရန် များစွာ အခက်တွေ့နေသည်။ တစ်ရက် ကျွန်တော် သည် ထိုတောင်ကုန်း သို့သွားရောက်စဉ် အသက် အရွယ် (၄/၅) နှစ်ခန့် ရှိသော ကလေးငယ် တစ်ဦး တောင် ပေါ်သို့ တက်ရောက် လာခဲ့ကာ “အဘတို့ ဘာလုပ်နေလဲ” ဟု မေးသောကြောင့် ကျွန်တော်မှ ရေတူးဖော်ဖို့ အတွက် လာကြည့်တာ ဟု ပြန် လည် ၍ပြောဆို လိုက်သောအခါ “ရေက ဟောဟိုနားမှာ ရှိတယ်၊ သူ့အလို အလျှောက် မြေကြီးထဲက ထွက်နေတာ အများကြီးဘဲ” ဟု ပြောဆို လိုက်သောကြောင့် သူညွှန်ပြရာ နေရာ သို့ သွားရောက်ကြည့်ရှု စဉ် ရေများကြည်လင်အေးမြစွာ ထွက်နေသည်ကို အံ့သြ တကြီး တွေ့မြင် လိုက်ရ တော့သည်။ 

 နောက်ရက် များတွင် ထိုတောင်ကုန်းပေါ်တွင် ရေများ အလိုအလျှောက် ထွက်နေသော နေရာ နှစ်နေရာ ခန့်နှင့် တောင်ကုန်း ၏ ဘယ်ဘက် လျှိုထဲတွင် စီးဆင်းနေသော ရေမြောင်းအား ပူပြင်းလှသော နွေရာသီ အချိန် ကာလ၌ ထူးခြားစွာ တွေ့မြင်ရတော့သည်။ ကျွန်တော် သည် ထို သာသနာပြု ဘုရားတည် မည့် တောင်ကုန်းတော်အား “ပရဟိတတောင်ကုန်းတော်” ဟု အမည်ပေးလိုက်တော့သည်။ 

ထို့နောက် ဘုရားတည်ရန် အတွက် ပြည်မြို့၊ ပန်းတောင်းမြို့နယ် များရှိ ဆရာတော်ကြီး များနှင့် တွေ့ဆုံ ဖူးမျှော်ကာ အကြံဉာဏ်များ၊ ခွင့်ပြုချက် များအား တောင်းဆို ခဲ့ပြီးနောက် ရွှေပေါက်ပင် ဆရာတော်ကြီး (ပြည်) ၏ သြဝါဒ အတိုင်း “မဟာပဏ္ဍိတ ပရဟိတအောင်တော်မူစေတီတော်” ဟူ၍ အမည် သတ်မှတ် ခဲ့တော့သည်။
 

 ဒုတိယ ထူးခြားချက် တစ်ရပ် မှာကား “မဟာပဏ္ဍိတ ပရဟိတအောင်တော်မူစေတီတော်” အတွင်း ဗောဓိ ညောင်ပင် စိုက်ပျိုးလိုသော အချိန်တွင် ပခုက္ကူ ဆရာတော်ကြီး (အနိစ္စဆရာတော်ကြီး) မပျံလွန်စဉ် က ဆရာတော်ကြီး မှ “ဟို … နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနဲ့ လူကြီးကို သွားပေးလိုက်ပါ” ဟူ၍ ဆရာတော်ကြီး ထံတွင်ရှိနေသော ဗောဓိညောင်ပင်ပေါက် အား ဆရာတော်ကြီး ၏ တပည့်များအား မိန့်ကြား ခဲ့ဘူးသည်။ 

ထိုစဉ် အခါက ဆရာတော်ကြီး မမာ မကျန်းဖြစ်နေ၍ ကျွန်တော့် ထံသို့ ဗောဓိညောင်ပင် ရောက်ရှိ မလာချေ။ ဆရာတော်ကြီး ဘဝနတ်ထံ သို့ ပျံလွန်တော်မူချိန် အခါ ကျွန်တော်ကိုယ်တိုင် နိဗ္ဗာန် ယာဉ်မောင်းနှင် ပေးခဲ့ သည်။ ထိုစဉ် အခါမှ ကျွန်တော် သည် ဆရာတော်ကြီး ၏ တပည့် ဒါယိကာများ ၏ ပြောကြား ချက်ကြောင့် ထို ဗောဓိညောင်ပင် ၏သမိုင်းကို သိရှိခဲ့ရသည်။ 

ယင်းဗောဓိညောင်ပင်ပေါက် အား ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ သို့ သွားရောက်စဉ် ယခုလက်ရှိ အိန္ဒိယဝန်ကြီးချုပ် မာန်မိုဟန်ဆင်း မှ အမှတ်တရ ထူးခြား မြင့်မြတ်သော လက်ဆောင်မွန် အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဗောဓိညောင်ပင် အား ဒေါ်အောင်ဆန်း စုကြည်မှ ရန်ကုန်မြို့သို့ ပင့်ဆောင် လာခဲ့ပြီး ပခုက္ကူ ဆရာတော်ကြီးထံ လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရ သည်။


 

  ကျေးဇူးရှင် ပခုက္ကူ ဆရာတော်ကြီးအား ကျွန်တော်သည် လွန်ခဲ့သော (၇) နှစ်ခန့်က နံနက် အာရုံ တက် ချိန် တွင် တစ်ဦးတည်း သွားရောက် ဖူးမျှော်ကာ ပရဟိတ လုပ်ငန်းနှင့် ပတ်သက်၍ အခက် အခဲများ အား လျှောက်ထားမေးမြန်း ခဲ့ဘူးသည်။ ယခု ဆရာတော်ကြီး အနေဖြင့် ကျွန်တော် သံသနာပြု ဘုရား တည် မည့် ကိစ္စရပ် အား မည်သို့မည်ပုံ သိရှိပြီး ယခုကဲ့သို့ ဆရာတော်ကြီး ၏ တပည့် ဒါယကာများအား ကျွန်တော့် ထံသို့ အရောက် ပို့ခိုင်းသည် ကိုတော့ ကျွန်တော် အဖြေရှာ၍ မတွေ့။ 

 ဆရာတော်ကြီး ၏ မိန့်မှာချက် အတိုင်း ပဉ္စဂံ စာပေတိုက် မှ ဦးအောင်သူ သည် နာရေးကူညီမှု အသင်း (ရန်ကုန်) ကျွန်တော့်ထံ သို့ ဗောဓိညောင်ပင် အား ပင့်ဆောင် ၍ လာရောက် အပ်နှံခဲ့တော့သည်။ ထိုကဲ့သို့ ထူးခြားသော ဗောဓိညောင်ပင် အား ယခုလာမည့် ကဆုန် လပြည့်နေ့ မေလ (၁၃) ရက်နေ့တွင် သာသနာပြု မည့် ပရဟိတတောင်ကုန်းတော်ပေါ် ၌ မြေချ စိုက်ပျိုး ရန် ကြည်သာအေးမြ ဆရာတော် (ပြည်) မှ မိန့်ကြားခဲ့တော့သည်။
 

တတိယ ထူးခြားချက် တစ်ရပ် မှာကား ထိုတောင်ကုန်းတော်ပေါ် သို့ ဘုရားတည်ရန် အတွက်၎င်း၊ သာသနိက အဆောက်အဦး များ ဆောက်လုပ်ရန် အတွက်၎င်း၊ ဘုရားကြီးအောင်မြင် စွာ ပြီးစီးသွား သည့် အချိန် တွင် ဘုရားဖူး များ လွယ်လင့် တကူ တက်ရောက် ဖူးမျှော်နိုင်ရန် အတွက် မော်တော်ကား လမ်းဖောက် လုပ်ရန် ကိစ္စရပ် ပင်ဖြစ်သည်။ ကားလမ်းဖောက်လုပ် ရန် လူအားနှင့် ဖောက်လုပ်မည် ဆိုပါက အချိန် ကုန် လူပင်ပန်း ငွေကြေးကုန်ကျမှုများမည်။ 

လမ်းဖောက် လုပ်သော မော်တော်ယာဉ် စက်ကြီးများ၊ မြေညှိ စက်ကြီး များ လိုအပ်နေတော့သည်။ လိုအပ်နေသော ထိုစက် ယန္တရားကြီး များသည် ပြည်မြို့ ရှိ ကြည်သာအေးမြ ဆရာတော် ၏ ပံ့ပိုးမှုဖြင့် ကျွန်တော် တို့ ပရဟိတတောင်ကုန်းတော် အနီးသို့ရောက်ရှိ လာသောကြောင့် အကူ အညီတောင်းခံ ခဲ့ရာ လွယ်ကူအောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့သည်။ အမှန် စင်စစ် ထို စက်ယန္တရား များအား လိုအပ် ပါက ခရီး အတော် အတန် ဝေးလံသော ဒေသ မှ မှာယူ ရမည်ဖြစ် ၍ အခက်ကြုံတွေ့ရမည်ဖြစ်သည်။ ယခုမူ လို အပ်သော အချိန် တွင် အဆင်သင့် ရောက်ရှိ လာခြင်း သည်လည်း တတိယ ထူးခြားချက် တစ်ရပ် ပင်ဖြစ်တော့သည်။
 

 

သာသနာပြု ဘုရားတည်သည့် ကိစ္စသည် လူအား၊ စိတ်အား၊ သမာဓိအား၊ သီလ အစွမ်းတို့ အပြင် ငွေကြေး ပိုင်းသည် လည်း အရေးပါလှသည်။ ကျွန်တော့်ထံ တွင် လက်ရှိ ငွေကြေး အတိုင်းအတာဖြင့် လုံးဝ မဖြစ်နိုင်ချေ။ သို့သော် ကျွန်တော်သည် အဓိဌာန်ဝင် သီလဆောက်တည်ခြင်းနှင့် မိမိ ၏ပြုခဲ့သော ကုသိုလ် ကောင်းမှု များအား ယုံကြည်စွာ သစ္စာဆို၍ ထိုမြင့်မြတ်သော လုပ်ငန်းကြီး ကို စတင်နေပြီဖြစ် သည်။

 မြန်မာ နှစ်ဆန်း (၁) ရက်နေ့ နံနက် (၉းဝဝ) နာရီ အချိန်တွင် ကျွန်တော့် ထံသို့ ကျွန်တော်တို့ အသင်းကြီး ၏ အကြံ ပေးပုဂ္ဂိုလ် တစ်ဦးဖြစ်သူ ကိုအလင်းဆက် (IR) နှင့် ဇနီးတို့ ရောက်ရှိ လာခဲ့ပြီး သူတို့ ဇနီးမောင်နှံ ၏ မင်္ဂလာ ရွှေလက်စွပ်နှစ်ကွင်း အား ထို သာသနာပြု တည်ထား ကိုးကွယ်မည့် “မဟာပဏ္ဍိတ ပရဟိတအောင်တော်မူ စေတီတော်” ကြီး အတွက် ရည်စူး၍ ပထမဦးဆုံးလှူဒါန်းပေးအပ်ခဲ့သည်။
 

 မြန်မာနိုင်ငံ အတွင်းနှင့် ပြည်ပနိုင်ငံ ရှိ ပရဟိတ သမားများ၊ ပရဟိတ အသင်းအဖွဲ့များ အားလုံး ကိုယ်စား တည်ထား ကိုးကွယ်မည့် “မဟာပဏ္ဍိတ ပရဟိတအောင်တော်မူစေတီတော်” ကြီးအား နာရေး ကူညီမှု အသင်း (ရန်ကုန်)သို့ လှူဒါန်း ထားကြသော အလှူရှင် များ၏ အလှူငွေ အား လုံးဝ (လုံးဝ) အသုံးပြု မည် မဟုတ်။ 

ပရဟိတ စိတ်ဓာတ်ရှိသော၊ ဗြဟ္မစိုရ် တရားလေးပါး အား လက်ကိုင်ပြုကျင့်သုံး နေကြသော အလှူရှင်များ၊ ပရဟိတ သမားများ၊ ပရဟိတ အသင်းအဖွဲ့များ မှ သီးခြား လှူဒါန်းသော သာသနာပြု အလှူ ငွေဖြင့်သာ တည်ထား ကိုးကွယ်မည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါသည်။
 

ထို့ကြောင့် မြန်မာနိုင်ငံ အတွင်း မည်သူမျှ တည်ထား ကိုးကွယ်မှု မရှိခဲ့သေးသော၊ မြန်မာ့ သမိုင်းတွင် လုံးဝ မရှိခဲ့ ဘူးသော ထူးခြားမှု များစွာဖြင့် တွေ့ကြုံ ခဲ့ရသော “မဟာပဏ္ဍိတ ပရဟိတအောင်တော်မူစေတီ တော် ကြီး” အား ကျွန်တော်မှ ဦးစီး၍ မြင့်မြတ်သော ရည်ရွယ်ချက် များဖြင့် ဗြဟ္မစိုရ် တရား လေးပါး လက် ကိုင်ပြု ကာ စတင်တည် ထားတော့မည် ဖြစ်ပါသောကြောင့် မိဘပြည်သူများ အနေဖြင့်လည်းကောင်း၊ အရပ်ဒေသ အသီးသီးရှိ ပရဟိတ အသင်းအဖွဲ့များ အနေဖြင့်လည်းကောင်း၊ တစ်ဦးချင်းသော် လည်းကောင်း၊ သဒ္ဒါ တရားနည်းများ မဆို ကုသိုလ်တော် ပါဝင်ကြပါရန် နိဗ္ဗာန် အကျိုးမျှော် ၍ နှိုးဆော် လိုက်ရပါတော့သည်။

လှူဒါန်းနိုင်သည့် “မဟာပဏ္ဍိတ ပရဟိတအောင်တော်မူစေတီ ”သာသနာပြု အကျိုးတော်ဆောင်များ

၁။ ဦးစိုးမိုးနိုင်
မိုးမေတ္တာ – နာရေးကူညီမှုအသင်း(ပြည်)
ဝ၉ – ၄၂၃ ၆၇၅ ၉၄၅


၂။ ဦးညီညီအောင်
မိုးမေတ္တာ – နာရေးကူညီမှုအသင်း(ပြည်)
ဝ၉ – ၄၂၃ ၆၇ဝ ၁၁၁


၃။ ကိုသူရိန်ဝင်း
သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)
ဝ၉ – ၄၃ဝ ၁၆၁ ၉၇


၎။ ကိုအောင်ဇော်
ဝ၉ – ၅၁၅ ၈၈၉ဝ


၅။ မဝင်းလဲ့ဇင်
ဝ၉ – ၄၂ဝ ဝဝ၈ ၃၄၂


၆။ ကိုမျိုး(မြန်မာစာ) ပေါ်ပြူလာဂျာနယ်
အမှတ် (၁၅ဝ/၁၆ဝ)၊ ၃၅ လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဝ၉ – ၅၁ဝ ၃၆၄၆


၇။ ကိုအောင်သူ (ပဉ္စဂံစာပေတိုက်)
အမှတ် (၁၆၇)၊ အေ၊ ၃၅ လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဝ၉ – ၂ဝ၂ ၃၇၅၃


၈။ ဦးထွန်းဦး – ထွန်းဦးစာပေ (မန္တလေး) မန္တလေးမြို့။
ဝ၉ – ၂ဝဝ ၅၈၂၈


၉။ ဒေါက်တာ မောင်မောင်သန်း အလုံမြို့နယ်၊ ရန်ကုန်မြို့။
ဝ၁ – ၂၂၉ ၆၅၂


၁ဝ။ ကိုညွန့်ဝင်း (ထိပ်တန်းတော်ဝင် စတိုး – နတ်တလင်း)
ဝ၉ – ၄၃ဝ ၂၈၇ ၇၇


“ဗြဟ္မစိုရ်တရား ကမ္ဘာလွှမ်းစေရမည့် မဟာ ပဏ္ဍိတပရဟိတ အောင်တော်မူစေတီတော်မြတ်ကြီး”


(ကျော်သူ – ပရဟိတသာသနာပြုအဖွဲ့)
Dawnmanhon( ဒေါင်းမာန်ဟုန်)

No comments:

Post a Comment