*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 6 February 2014

ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်သော ဂေါတမ ဗုဒ္ဓသမိုင်း(အကျဉ်း)

ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်သော ဂေါတမဗုဒ္ဓသမိုင်း(အကျဉ်း)

@@@@@@@@@@@@@@@@@@@@@@@@@

အလောင်းတော် - သေတကေတုနတ်သား
နတ်သားဖြစ်စဉ်က
အမည်

ဘုရားအလောင်းတော်- သိဒ္ဓတ္ထ ကုမာရမင်းသား
မင်းသားအမည်

ခမည်းတော် - သီရိသုဒ္ဓေါဒနမဟာရာဇာ
ကပိလဝတ်ပြည့်ရှင်မင်း

မယ်တော် - သီရိမဟာ မာယာဒေဝီ

မိထွေးတော် - မဟာပဇာပတိ ဂေါတမီ

ကြင်ရာတော် - ယသော်ဓရာ
(ဒေဝဒဟပြည့်ရှင်မင်း၏
သမီးတော်)

သားတော် - ရာဟုလာ

နေပြည်တော် - မဇ္ဈိမဒေသ သက္ကတိုင်း
ကပိလဝတ်ပြည်

ဘုရားဘွဲ့တော် - ဂေါတမ

ပဋိသန္ဓေတည်ချိန် - မဟာသက္ကရာဇ် ၆၇ ခုနှစ်
ဝါဆိုလပြည့်
ကြာသာပတေးနေ့

ဖွားမြင်တော်မူသည့်နေ့- မဟာသက္ကရာဇ် ၆၈ ခုနှစ်
ကဆုန်လပြည့်
သောကြာနေ့(ဘီစီ ၅၆၃)

ဖွားမြင်သည့်နေရာ - ကပိလဝတ်ပြည်နှင့်
ဒေဝဒဟပြည် အကြား
လုမ္ဗနီ အင်ကြင်းတော

ထီးနန်းဆက်ခံသော - ၁၆ နှစ်
အသက်

နန်းစည်းစိမ် - ၁၃နှစ်(၁၆နှစ်မှ၂၉နှစ်ထိ)
ခံစားသောနှစ်

တောထွက်သော - ၂၉ နှစ်
အသက်

တောထွက်သည့်နေ့ - မဟာသက္ကရာဇ် ၉၇ခုနှစ်
ဝါဆိုလပြည့် တနင်္လာနေ့
(သားတော်ရာဟုလာ ဖွားမြင်သောနေ့တွင် ဖွားဖက်တော် ဆန္ဒအမတ်နှင့်
ကဏ္ဍကမြင်းတို့ကို ခေါ်၍ တိတ်တဆိတ် တောထွက်သည် အနော်မာမြစ်ကမ်းတွင် ဆံပယ်တော်မူသည်)

ဒုက္ကရစရိယာ - ဥရုဝေဠတော ပဉ္စဝဂ္ဂီ(၅)ဦးတို့
ကျင့်သည့်တော က အလုပ်အကျွေးပြုသည်

ဒုက္ကရစရိယာ - ၆ နှစ်
ကျင့်သည့်ကာလ

ဗုဒ္ဓဘုရားဖြစ်သောနေ့ - သက်တော် ၃၅ နှစ်အရွယ်
မဟာသက္ကရာဇ် ၁၀၃ခုနှစ်
ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့
(ဘီစီ ၅၂၈)
(နေရဉ္စရာမြစ်ကမ်း ဂယာမြို့အနီး ဖွားဖက်တော်
ဗောဓိညောင်ပင်ရင်းရှိ အပရာဇိတပလ္လင်ပေါ်၌
စံတော်မူစဉ်)

ဓမ္မစင်္ကြာ တရားဦး - မဟာသက္ကရာဇ် ၁၀၃ ခု
ဟောသည့်နေ့ ဝါဆိုလပြည့် စနေနေ့
ပဉ္စဝဂ္ဂီ ၅ ဦး တို့အား
ဟောကြားသည်

ဓမ္မစင်္ကြာတရား - ဗာရာဏသီပြည်အနီး
ဟောသည့်နေရာ မိဂဒါဝုန်တော

သစ္စာလေးပါးတရား- ဒုက္ခသစ္စာ သမုဒယသစ္စာ
နိရောဓသစ္စာ မဂ္ဂသစ္စာ

ညွှန်ကြားသည့် - မဇ္ဈိမပဋိပဒါလမ်း မဂ္ဂင်ရှစ်ပါး
လမ်းစဉ်

ကျင့်စဉ်သိက္ခာသုံးပါး- သီလ သမာဓိ ပညာ

တရားတော်များ - ဝိနည်း သုတ္တန် အဘိဓမ္မာ

အဆုံးအမ - ပရိယတ္တိ သာသနာ
သာသနာတော် ပဋိပတ္တိ သာသနာ
ပဋိဝေဓသာသနာ

သက်တော်/ဝါတော်- ပရိနိဗ္ဗာန်စံစဉ်
သက်တော် ၈၀နှစ်
ဝါတော် ၄၅ ဝါ

ပရိနိဗ္ဗာန်စံသည့်နေ့- မဟာသက္ကရာဇ် ၁၄၈ခု
ကဆုန်လပြည့် အင်္ဂါနေ့
(ဘီစီ ၄၈၃)

ပရိနိဗ္ဗာန်စံသည့် - ကုသိနာရုံ အင်ကြင်းဥယျာဉ်
နေရာ

တေဇောဓာတ် - မဟာသက္ကရာဇ် ၁၄၈ ခု
လောင်သည့်နေ့ ကဆုန်လဆုတ် ၁၂ ရက်
တနင်္ဂနွေနေ့

ဘုရားပွင့်သောကပ္ပ- ဘဒ္ဒကပ္ပ(ဘုရားအများဆုံး
ပွင့်သော(၅)ဆူကမ္ဘာမှာ
(၄)ဆူမြောက်ဘုရားဖြစ်ခြင်း

ဘုရားမဖြစ်မီ ပါရမီ - (၄)အသင်္ချေနှင့် ကမ္ဘာ
ဖြည့်ခဲ့ရသည့်ကာလ တစ်သိန်း ပါရမီဖြည့်ကျင့်
ခဲ့ရ၏..ပါရမီကျင့်တိုင်း
ပညာဉာဏ်ပါရှိပြီး ဖြစ်၏.
(ပညာဓိကဘုရား)

ဘုရားဆိုသည်မှာ-
အောက်ပါအင်္ဂါရပ်(၃)ရပ်လုံးနှင့် ပြည့်စုံသည့်
ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကို ခေါ်ပါသည်..
(၁) သစ္စာလေးပါးတရားကို ဆရာမကူ သယမ္ဘူ
ဉာဏ်ဖြင့် အကြွင်းမရှိ သိမြင်နိုင်သော
ကိလေသာတို့ကိုလည်း ဝါသနာနှင့်တကွ
အကြွင်းမဲ့ ပယ်သတ်နိုင်စွမ်းရှိသော
မဂ်လေးပါးကိုရရှိပြီးသော ပုဂ္ဂိုလ်..

(၂) မိမိသိမြင်ပြီးသော သစ္စာလေးပါးတရားကို
သူတစ်ပါးအားလည်း မဂ်ဉာဏ်ရသည်အထိ
သိမြင်အောင် ဟောပြော ပြသနိုင်စွမ်းရှိသော
ပုဂ္ဂိုလ်..

(၃) လောကသုံးပါး၌ သိအပ်ဖွယ်တရားအလုံးစုံကို
အကုန်အစင် သိမြင်နိုင်သော သဗ္ဗညုတ
ဉာဏ်တော်ထူးကို ရရှိသည့် ပုဂ္ဂိုလ်..

— Ohmar Shin
သူတော်ကောင်းတို့ လျှောက်သောလမ်း
@@@@@@@@@@@@@@@@@@@@@@@@@
အလောင်းတော် - သေတကေတု နတ်သား { နတ်သားဖြစ်စဉ်က အမည် }

ဘုရားအလောင်းတော်- သိဒ္ဓတ္ထ ကုမာရမင်းသား  { မင်းသားအမည် }

ခမည်းတော် - သီရိသုဒ္ဓေါဒနမဟာရာဇာ  { ကပိလဝတ်ပြည့်ရှင်မင်း }

မယ်တော် - သီရိမဟာ မာယာဒေဝီ

မိထွေးတော် - မဟာပဇာပတိ ဂေါတမီ

ကြင်ရာတော် - ယသော်ဓရာ {  ဒေဝဒဟပြည့်ရှင်မင်း၏ သမီးတော် }

သားတော် - ရာဟုလာ





နေပြည်တော် - မဇ္ဈိမဒေသ သက္ကတိုင်း ကပိလဝတ်ပြည်

ဘုရားဘွဲ့တော် - ဂေါတမ

ပဋိသန္ဓေတည်ချိန် - မဟာသက္ကရာဇ် ၆၇ ခုနှစ် ဝါဆိုလပြည့် ကြာသာပတေးနေ့

ဖွားမြင်တော်မူသည့်နေ့- မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့(ဘီစီ ၅၆၃)

ဖွားမြင်သည့်နေရာ - ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည် အကြား လုမ္ဗနီ အင်ကြင်းတော

ထီးနန်းဆက်ခံသော - ၁၆ နှစ်  { အသက် }

နန်းစည်းစိမ် - ၁၃နှစ်   { ၁၆နှစ်မှ၂၉နှစ်ထိ } ခံစားသောနှစ်

တောထွက်သော - ၂၉ နှစ်  { အသက် }

တောထွက်သည့်နေ့ - မဟာသက္ကရာဇ် ၉၇ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့
(သားတော်ရာဟုလာ ဖွားမြင်သောနေ့တွင် ဖွားဖက်တော် ဆန္ဒအမတ်နှင့် ကဏ္ဍကမြင်းတို့ကို ခေါ် ၍ တိတ်တဆိတ် တောထွက်သည် အနော်မာမြစ်ကမ်းတွင် ဆံပယ်တော်မူသည်)

ဒုက္ကရစရိယာ - ဥရုဝေဠတော ပဉ္စဝဂ္ဂီ(၅)ဦးတို့  ကျင့်သည့်တော က အလုပ်အကျွေးပြုသည်

ဒုက္ကရစရိယာ - ၆ နှစ်  { ကျင့်သည့်ကာလ }

ဗုဒ္ဓဘုရားဖြစ်သောနေ့ - သက်တော် ၃၅ နှစ်အရွယ်  မဟာသက္ကရာဇ် ၁၀၃ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့
(ဘီစီ ၅၂၈) (နေရဉ္စရာမြစ်ကမ်း ဂယာမြို့အနီး ဖွားဖက်တော် ဗောဓိညောင်ပင်ရင်း ရှိ အပရာဇိတပလ္လင်ပေါ်၌
စံတော်မူစဉ်)

ဓမ္မစင်္ကြာ တရားဦး - မဟာသက္ကရာဇ် ၁၀၃ ခု  { ဟောသည့်နေ့ ဝါဆိုလပြည့် စနေနေ့ }
ပဉ္စဝဂ္ဂီ ၅ ဦး တို့အားဟောကြားသည်

ဓမ္မစင်္ကြာတရား - ဗာရာဏသီပြည်အနီးဟောသည့်နေရာ  { မိဂဒါဝုန်တော }

သစ္စာလေးပါးတရား-    ဒုက္ခသစ္စာ ..သမုဒယသစ္စာ ..နိရောဓသစ္စာ ..မဂ္ဂသစ္စာ

ညွှန်ကြားသည့် - မဇ္ဈိမပဋိပဒါလမ်း မဂ္ဂင်ရှစ်ပါး လမ်းစဉ်

ကျင့်စဉ်သိက္ခာသုံးပါး- သီလ သမာဓိ ပညာ

တရားတော်များ - ဝိနည်း သုတ္တန် အဘိဓမ္မာ

အဆုံးအမ - ပရိယတ္တိ သာသနာ သာသနာတော် ပဋိပတ္တိ သာသနာ ပဋိဝေဓသာသနာ

သက်တော်/ဝါတော်- ပရိနိဗ္ဗာန်စံစဉ် သက်တော် ၈၀နှစ် ဝါတော် ၄၅ ဝါ

ပရိနိဗ္ဗာန်စံသည့်နေ့- မဟာသက္ကရာဇ် ၁၄၈ခုကဆုန်လပြည့် အင်္ဂါနေ့ (ဘီစီ ၄၈၃)

ပရိနိဗ္ဗာန်စံသည့် - ကုသိနာရုံ အင်ကြင်းဥယျာဉ် { နေရာ }

တေဇောဓာတ် - မဟာသက္ကရာဇ် ၁၄၈ ခုလောင်သည့်နေ့ ကဆုန်လဆုတ် ၁၂ ရက် တနင်္ဂနွေနေ့

ဘုရားပွင့်သောကပ္ပ- ဘဒ္ဒကပ္ပ (ဘုရားအများဆုံး ပွင့်သော(၅)ဆူကမ္ဘာမှာ(၄)ဆူမြောက် ဘုရားဖြစ်ခြင်း

ဘုရားမဖြစ်မီ ပါရမီ -
ဖြည့်ခဲ့ရသည့်ကာလ     (၄)အသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ပါရမီဖြည့်ကျင့်ခဲ့ရ၏.. ပါရမီကျင့်တိုင်း ပညာဉာဏ် ပါရှိပြီး ဖြစ်၏.   (ပညာဓိကဘုရား)

ဘုရားဆိုသည်မှာ-
အောက်ပါအင်္ဂါရပ်(၃)ရပ်လုံးနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကို ခေါ်ပါသည်..

 
(၁) သစ္စာလေးပါးတရားကို ဆရာမကူ သယမ္ဘူ
ဉာဏ်ဖြင့် အကြွင်းမရှိ သိမြင်နိုင်သော
ကိလေသာတို့ကိုလည်း ဝါသနာနှင့်တကွ
အကြွင်းမဲ့ ပယ်သတ်နိုင်စွမ်းရှိသော
မဂ်လေးပါးကိုရရှိပြီးသော ပုဂ္ဂိုလ်..

(၂) မိမိသိမြင်ပြီးသော သစ္စာလေးပါးတရားကို
သူတစ်ပါးအားလည်း မဂ်ဉာဏ်ရသည်အထိ
သိမြင်အောင် ဟောပြော ပြသနိုင်စွမ်းရှိသော
ပုဂ္ဂိုလ်..

(၃) လောကသုံးပါး၌ သိအပ်ဖွယ်တရားအလုံးစုံကို
အကုန်အစင် သိမြင်နိုင်သော သဗ္ဗညုတ
ဉာဏ်တော်ထူးကို ရရှိသည့် ပုဂ္ဂိုလ်..

 



— Ohmar Shin
သူတော်ကောင်းတို့ လျှောက်သောလမ်း
 From...မြန်မာ မျိုးစောင့်လူငယ်များ { FB }

No comments:

Post a Comment