*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 9 May 2014

မြေနှစ်ပေကြောင့် အပါယ်ကျသူ


10264688_804664302876917_5349064708763724068_n


တစ်ကယ်တော့ လူအများစု အပါယ် ကျကြရတာ ဟာ “အပိုလောဘ”ကြောင့်ပါ။
 

ဒဂုံမြို့သစ်မြောက်ပိုင်း က တကယ့်ဖြစ်ရပ်လေး တစ်ခု ကိုပြောပြဦးမယ်။ ဒီ အမျိုးသမီးကြီး ဟာ အုပ်ချုပ်ရေး ဘက်က လူအများစု နဲ့ သိကျွမ်းတယ်။ ဒါကြောင့် သူ့မြေကို အုတ်တံတိုင်း ခတ်တဲ့ အခါမှာ တစ်ဖက်မြေကွက် က မြေနှစ်ပေလောက် ခိုးယူ ထားလိုက်တယ်။


သူက အရင်ရောက်တာလည်းဖြစ် အုပ်ချုပ်ရေး ဘက်က လူတွေနဲ့ လည်း သိနေတာ ဆိုတော့ နောက် မှရောက်လာတဲ့ တစ်ဖက်မြေကွက်ရှင် ဟာ ဘာမှ မပြောတော့ဘဲ ဒီအတိုင်းနေ တယ်။ 

ဒီ အမျိုးသမီးကြီး သေပြီး တဲ့နောက် ဒီ အိမ်ကို သူ့သမီးကျောင်းဆရာမ က ဆက်လက် အုပ်ချုပ်နေ ထိုင်တယ်။

တစ်ညတော့ ဆုံးသွားတဲ့ အမျိုးကြီးက သူ့သမီး ကျောင်းဆရာမ ကို အိမ်မက်ပေးတယ်။
အမေ သူတစ်ပါး မြေနှစ်ပေ ကို ခိုးယူခဲ့တဲ့ အတွက် ဒီနေရာ တစ်ဝိုက်မှာပဲ ပြိတ္တာ မကြီး ဖြစ်နေတယ်။
 

နေ့ရော၊ ညရော မြေတွေ ကို တောင်းကြီး နဲ့ ရွက်ပြီး တစ်ဖက်ခြံ ထဲကို ထည့်ပေးနေရ တယ်။
ဒီ အတိုင်း ဆိုရင် အမေ ဒီဘဝက တော်တော်နဲ့ ကျွတ်မှာ မဟုတ်ဘူး။
 

ဒါကြောင့် အမေ ပြိတ္တာဘဝ က လွတ်အောင် ကယ်ပါ။ ကယ်ရမည့် နည်းလမ်းက ခိုးထား တဲ့မြေနှစ်ပေ ကို
ပိုင်ရှင် ထံ ချက်ချင်းပြန်ပေးပါ။ နှစ်ပေါင်းများ စွာ ယူထားတဲ့ အတွက် ငွေနဲ့ တွက်ပြီး ကျသင့်တဲ့ အတိုးကို လည်း ပေးဆပ်လိုက်ပါ။


အားလုံး ပြီးပြီဆို မှ အမေ့ကို အမျှပေးပါ တဲ့။ သူပြောတဲ့ အတိုင်း လုပ်ပေးမှ ပြိတ္တာဘဝက လွတ်သွားတယ်။
သူတစ်ပါး ပိုင်တဲ့ မြေနှစ်ပေ ကို မတရားသဖြင့် လိုချင်တဲ့လောဘ ကို တစ်ခဏ တာ လက်ခံ မိလိုက်တဲ့ အတွက် ပြိတ္တာဘဝကို ရောက်သွားခဲ့ရတာပဲ။


တစ်ကယ်တော့ မိမိ အတွက် တကယ် လိုအပ် တာက “ဖျာတစ်ချပ်ခင်း” သာရုံ မြေကွက်လေးပါ။ မိမိအိပ်တဲ့ အခါ “ဖျာတစ်ချပ်စာ” နေရာထက် ပိုသုံးလို့ မရပါဘူး။
 

အပိုမြေတွေ အများကြီး လိုချင်တယ် ဆိုတာ “အပိုလောဘ”ကြောင့်ပါ။ အဲဒီ အပိုလောဘကြောင့် အပါယ် မကျချင်ဘဲ ကျကြရတာ။

အပိုလောဘကြီးသူတွေ အတွက် ရေးထားတဲ့ ဒဿန စာလေး တစ်ပုဒ် အလွတ်ရထားတယ်။
 

“ဘယ်လောက်ပင် စားရ စားရ တစ်ဝမ်း ဝရုံပဲ။
ဘယ်လောက်ပင် ဝတ်ရ ဝတ်ရ အရေပြား ဖုံးရုံပဲ။
ဘယ်လောက်ပင် အိပ်ရ နေရ တစ်ကိုယ်စာလေးပဲ။
ဘယ်လောက်ပင် ပစ္စည်းဥစ္စာရှိရှိ သေရင် ထားပစ်ခဲ့ရတာ ချည်းပဲ။
ကုသိုလ်ပြုလျှင် ကိုယ့်ဖို့။ ကျန်ခဲ့လျှင် သူများဖို့။”


အမှန်ကတော့ တဏှာ ဆိုတာ ကာမဂုဏ် ကို အကြောင်းပြုပြီးဖြစ်တာ။ ကာမဂုဏ် ရဲ့အပြစ်ကို
သိမြင် သွားရင် စွဲလမ်းတဲ့ “တဏှာ” မဖြစ်နိုင်တော့ဘူး။


-【မေတ္တာရှင်(ရွှေပြည်သာ) ၏ “လူငယ်များ အတွက် ဂမ္ဘီရ ဝိပဿနာ”
အတွဲ-7 မှ ကောက်နှုတ် ပူဇော်မျှဝေ ပါသည်။】

Dhamma Dãna Source ►
မူရင်းဓမ္မဒါန – zahan mon & Young Buddhist association


From...Search Myanmar
 

No comments:

Post a Comment