*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 26 August 2013

သီလ ဝိသုဒ္ဓိ အလင်း ရေးတဲ့ Jimmy Page အကြောင်း



            ယာဘက်မှ Jimmy Page ပုံဖြစ်သည်။

Jimmy Page ကို 1944 , January 9 အင်္ဂလန်နိုင်ငံ Heston မြို့မှာ ဖွားခဲ့သူဖြစ်ပါတယ်၊ Jimmy Page ရဲ့ ဖခင်ဟာ James Patrick Page ဖြစ်ပြီး မိခင်ကတော့ Patricia Elizabeth Page ဖြစ်ပြီး London မြို့အနောင်းပိုင်းသားများဖြစ်ပါတယ်။ 1952 ခုနှစ်မှာ Feltham မှာရှိတဲ့ Miles Road ကိုပြောင်းရွှေနေထိုင်ကြပါတယ်။ သူဂစ်တာတီးခြင်းကို
စတင်ခဲ့တာဟာ အင်္ဂလန်နိုင်ငံ Surrey မှာရှိတဲ့ Epsom မြို့မှာဖြစ်ပါတယ် ဒီအချိန်တုန်းက သူအသက်ဟာ 12 နှစ်သာရှိပါသေးတယ် သူဟာ ဂစ်တာနဲ့ ပတ်သက်တဲ့ လေ့ကျင့်မှုတွေကို သူနေတဲ့နား က Kingston ဈေး မှာဖြစ်ပါတယ်။ သူအထင်ကြီးလေးစား
ရတဲ့ ဂစ်တာသမား များကတော့ Rockabilly, Scotty Moore နှင့် James Burton တို့ဖြစ်ပါတယ် ထို Scotty Moore နှင့် James Burton တို့ဟာ Elvis Presley အတွက် ဂစ်တာတီးပေးကြသော 



ဂစ်တာသမားများဖြစ်ပါတယ်။ 1965 ခုနှစ်တွင် Yard Birds အဖွဲ့သို့ဝင်ရောက်ခဲ့ပါတယ်၊ 1968 ခုနှစ်မှာသူလိုချင်တဲ့ပုံကိုဖန်တည်း
ယူခဲ့ပြီး Led Zeppelin ဟု 1969 အမည်ပြောင်းခဲ့ပါတယ်။ Led Zeppelin ဟာမကြာခင် နှစ်များအတွင်း  အောင်မြင်လာခဲ့ပြ
ီး 1970 ခုနှစ်များရဲ့ အအောင်မြင်ဆုံးတီးဝိုင်း များထဲမှ တစ်ခု
အပါအဝင် ဖြစ်လာခဲ့ပါတယ်။ Jimmy Page ဟာ 12 နှစ်သား အရွယ်ထဲက ဂစ်တာကိုစတင် တီးခတ်ခဲ့ သူဖြစ်ပါတယ် သူရဲ့ ပထမဆုံးကိုယ်ပိုင် ဂစ်တာကတော့ 1959 ထုတ် Futurama Grazioso ဂစ်တာ အဟောင်းလေးဖြစ်ပါတယ်၊ အသက် 14 နှစ်ပြည့်တဲ့အခါမှာ အင်္ဂလန်မှာရေပန်းအစား ဆုံးသီချင်းဖြစ်တဲ့ Huw Wheldon ရဲ့ All Your Own ကိုလက်စွမ်းပြ တီးခတ်ခဲ့ပါတယ်။ ဒိပြင် ကျောင်း ဂီတအဖွဲ့မှာလည်း ဝင်ရောက် တီးခတ်နေပါပြီ၊ သူ ပထမဆုံး တီးပေးတဲ့ Recording ကတော့ Jet Harris နှင့် Tony Meehan တို့သီဆိုထားတဲ့ Diamonds စီးရိးကို 1963 ခုနှစ် November 1 ရက်နေ့ ဖြစ်ပါတယ်၊ 1964 ခုနှစ်များမှာတော့ Jimmy Page ရဲ့ Studio မှ Marianne Faithfull ရဲ့ "As Tears Go By" ။ The Nashville Teens ရဲ့ "Tobacco Road" ။ The Rolling Stones "Heart of Stone" ။ Van Morrison' ရဲ့ "Baby Please Don't Go" နှင့် "Here Comes the Night", Dave Berry's "The Crying" ။ "My Baby Left Me" နှင့် Breand Lee ရဲ့ "Is It True" တို့ကို ထုတ်လုပ်ခဲ့ပါတယ်။
1965 တွင် Page ဟာ Rolling Stones ရဲ့ မန်နေဂျာဖြစ်သူ Andrew Loog Olham ကိုငှားခဲ့ပြီး John Mayall, Nico, Chirs Farlowe နှင့် Eric Clapton တို့ရဲ့ စီးရီးများကို ထုတ်လုပ်ဖြန့်ချီခဲ့ပါတယ်။ 1969 မှာ Session Musician အဖြစ် A1 Stewart ရဲ့ Love Chronicles ကို တီးခတ်ပေးခဲ့ ပါတယ်၊ ထို့အတူ Joe Cocker ရဲ့ Debut album ကို သူငယ်ချင်းများနှင့်ကူညီ တီးခ
တ်ပေးခဲ့ပါတယ်။ Jimmy Page ဟာ Jaff Beck ရဲ့ Show ပွဲတစ်ခုကို 1981 ခုနှစ် March လမှာတီးခတ်ပေးပြီး ပြန် လည်အောင်မြင် လာသူဖြစ်ပါတယ်၊ ထို့အတူ 1983 ခုနှစ် A.R.M.S. (Action Research for Multiple Sclerosis) ပွဲမှာပြန်လည်  ပေါ်ထွန်းလာပြန်ပါတယ်၊ Layla ၊ Jeff Beck နှင့် Eric Clapton ပြန် လည်ပေါင်းခဲ့တာလည်းဖြစ်ပါတယ်၊ 1984 ခုနှစ်မှာတော့ Zeppelin ရဲ့ယခင်အဆိုရှင်များဖြစ်တဲ့
Robert Plant ၊ John Paul Jones တို့နှင့်ပြန်လည် အသံသွင်းယူခြင်
းများလုပ်ခဲ့ပါတယ်၊
1986 ခုနှစ်များမှာတော့ Yardbirds အဖွဲနှင့် ပြန်လည်အဆင်ပြေခဲ့ပြီး သီချင်းအချို့ ကိုထုတ် လုပ်ခဲ့ပါတယ်၊ ဤသို့ဖြင့် 2006 နိုဝင်ဘာလတွင် UK Music Hall က Led Zeppelin ကို နာမည်ကြီးပြီး လေးစားဖို့ကောင်းသ
ူ များနှင့် မိတ်ဆက် ခန်းမှာ တာဝန်ခန့်အပ်ခဲ့ပါတယ်။
Jimmy Page မူရင်း Website ကိုဒီနေရာမှသွားရောက်ကြည့်ရှူနို
င်ပါတယ်။
Jimmy Page သီချင်းများ ကိုဒီနေရာမှ သွားရောက်ကြည့်ရှူနို
င်ပါတယ်။ ဒီဆိုဒ်မှသီချင်းများရှာပြီး YouTube မှာကြည့်ပါက ပိုအဆင်ပြေပါမည်။


No comments:

Post a Comment