*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 6 April 2014

ရေငုပ်သဘောင်္ကို ရုရှားရေတပ်မှ မြန်မာ့ရေတပ် သို့ လွှဲပြောင်းပေး



 မြန်မာ့ရေတပ်မတော် အတွက် ကီလိုအတန်းစား ရေငုပ် သဘောင်္ကို ရုရှားရေတပ်မှ မြန်မာ့ရေတပ်သို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရ..

မြန်မာ့တပ်မတော် အတွက် ဝယ်ယူ ထားသော Kilo class (project 636) ပထမ တစ်စီး ရုရှားနိုင်ငံ စိန့်ပီတာစပတ် မြို့မှ စတင်ထွက်ခွာ။


 
၂၀၁၃ခုနှစ် နှစ်လည်ခန့်က မြန်မာ့ရေတပ် အတွက် ရေငုပ်သင်္ဘော ဝယ်ယူရန် ရုရှားနိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး ၆၅နှစ်ပြည့် အထိမ်းအမှတ် အဖြစ် မြန်မာ ဘက်မှ ရုရှားယဉ်ကျေးမှု စင်တာ တည်ဆောက်နိုင်ရန် ခွင့်ပြု ခဲ့ပြီး ရုရှားနိုင်ငံမှ မြန်မာတပ်မတော် အတွက် ကီလို အမျိုးအစား ရေငုပ်သင်္ဘော တစ်စီးကို ပေးအပ်ခဲ့သည်။ 

ကီလို အမျိုးအစား ရေငုပ်သင်္ဘောများမှာ project 877 နှင့် project 636 အဖြစ် ထုတ်လုပ်ခဲ့ပြီး API စနစ် များ ပါဝင်ခြင်း၊ ရေပြင်၊ ဝေဟင်ပစ် ဒုံးကျည်များ ပစ်လွှတ်နိုင်ခြင်း အသံတိတ်ဆိတ်ငြိမ်သက်ခြင်းတို့ကြောင့် နာမည်ကျော် ရေငုပ်သင်္ဘော အမျိုးအစားဖြစ်သည်။ 

Project 877 များကို ရုရှားရေတပ်မတော် က အဓိက အသုံးပြုခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု ပြို ကွဲပြီးနောက် လည်ပတ် ထိမ်းသိမ်း စားရိတ်များလျော့ချနိုင် ရန် အရန်အဖြစ် သိမ်းဆည်းထားခဲ့ကြ သည်။
 ပြည်ပနိုင်ငံများသို့ ထို Project 877 များကို EKM အဆင့်သို့ အဆင့်မြင့်တင် ရောင်းချခဲ့ပြီး ပိုမို အဆင့်မြင့်သော စနစ်ဖြစ်သည့် Project636 ကို ထုတ်လုပ်ရောင်းချနိုင်ခဲ့သည်။ 

ရုရှားမြန်မာ ချစ်ကြည်ရေး အဖြစ် ၂၀၁၁ခုနှစ် ကတည်းက လွန်းတင်ပြင်ဆင် ထားသော ရုရှားရေတပ်၏ B-237 Rostov-on-Don ကီလို၆၃၆ အမျိုးအစား ရေငုပ်သင်္ဘောကို လက်နှက်များနှင့် တကွ မြန်မာ့ တပ်မတော်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ 

အဆိုပါ ရေငုပ်သင်္ဘောကို မြန်မာ့ရေတပ်မတော် အရောင် အတိုင်း ပြောင်းလဲ ဆေးခြယ်ခဲ့ပြီး ၂၀၁၄ခုနှစ် ဧပြီလ တစ်ရက်နေ့တွင် စိန့်ပီတာ စပတ် သင်္ဘောကျင်း မှ မြန်မာနိုင်ငံသို့ စတင်ထွက်ခွာသွားပြီဖြစ်သည်။
မြန်မာ့တပ်မတော်ရေ အတွက် ကီလို အမျိုးအစား ရေငုပ်သင်္ဘော ၂စီး အထိ အသုံးပြုမည်ဖြစ်ရာ ရုရှားရေတပ်မှ B-394 Komsomolsk Tadjikistana project877 အမျိုးအစားကို ထပ်မံ ဝယ်ယူထားပြီး ထိုသင်္ဘောကို EKM အဆင့်မြင့် တင်နိုင်ရန် စိန့်ပီတာစပတ်မြို့တွင် လွန်းတင် ပြင်ဆင်ထားပြီးဖြစ်သည်။ ဝယ်ယူထားသော Project 877 ကီလို အမျိုးအစား ရေငုပ်သင်္ဘောသည် ရုရှားရေတပ်မတော်မှ ၁၉၈၀ပြည့် လွန်နှစ်များ ကတည်းက အသုံးပြုခဲ့သော သင်္ဘောဖြစ်ပြီး ၂၀၀၇ခုနှစ်တွင် အရန်အဖြစ် သိမ်းဆည်းထားခဲ့ သည်။ ၂စင်းလုံး API စနစ်အဟောင်းကိုသာ အသုံးပြုထားသည်။

Very first kilo class submarine was delivered to Myanmar
Myanmar tried to buy modern submarines from Russian in 2013. At 65th anniversary diplomatic relation between Russia and Myanmar, Myanmar agreed to build strong relationship with Russian and open a Russian Cultural center in Yangon. And Russia gave a kilo class submarine and accessories for Myanmar navy. A project636 kilo class submarine (named B-237 Rostov-on-Don) which was docked since 2011 was transfered to Myanmar navy. Overhauling, changing some systems and painting were done in Saint Petersburg. On 1st April 2014 , She started the way to her new home, Myanmar, from her native Saint Petersburg. We believe that Myanmar had been signed $2billion contract to get another second handed Kilo,(named B-394 Komsomolsk Tadjikistana) project877, and submarine accessories from Russia. B-394 is an old project 877 k-class kilo and now she is docking in Saint Petersburg to upgrade as EKM.

Source: Myanmar Defence Weapons


From...Search Myanmar

 

No comments:

Post a Comment