*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 2 June 2014

ဗြိတိန် တွင် သွေးစုပ် ဖုတ်ကောင် ၁၅ဝဝဝ ခန့်ရှိ


10295754_652719941486209_6300875797560338269_n
 

ဝေးလ်- ဝေလမြောက်ပိုင်း ရှိ Glyndwr တက္ကသိုလ် မှ စိတ်ပညာရှင် ဒေါက်တာ ဝီလီယံ က ဗြိတိန် မှာ သွေး စုပ် ဖုတ်ကောင် မြေအောက် ကွန်ရက် အဖွဲ့အစည်း တစ်ခု ရှိနေပြီး သွေးသောက် သုံးသူ ၁၅ဝဝဝ ခန့် ရှိ တယ် လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေကျေ နပ်နပ်သွေး လှူ သူ ၃ဝဝဝဝ ခန့် ရှိနေတယ် လို့လည်း သိရ ပါတယ်။ ဒေါက်တာ ဝီလီယံ ဟာ သွေးစုပ် ဖုတ်ကောင် များကို သုတေသနပြုလုပ်လေ့ လာနေသူ တစ်ဦးဖြစ်ပြီး သူတို့တွေကို စိတ် ပိုင်း ဆိုင်ရာ ပုံမှန်မဟုတ်သူ ဒါမှ မဟုတ် ရူး သွပ်နေသူများ လို့ မယူဆ ဘူးလို့ ဆိုပါ တယ်။



 ဒေါက်တာ ဝီလီယံ ဟာ သွေးစုပ်ဖုတ်ကောင် များရဲ့ ဆက်သွယ်မှု ကွန်ရက်ကို သုတေသန ပြုလုပ်လိုပြီး သူတို့တွေ ကို အန္တရာယ်ရှိ သူ အဖြစ် မသတ်မှတ် ဖို့နဲ့ နားလည်မှုပေးပြီး လူမှု အသိုင်းအဝိုင်းက အသိ အမှတ်ပြုပေး ဖို့ ကြိုးပမ်းနေတယ် လို့ ဆိုပါတယ်။

ဒေါက်တာဝီလီယံ က သူတို့ ရဲ့ အပြုအမူ ဟာ ဘာသာရေး ဆိုင်ရာ ယုံကြည် မှု တစ်ခုဖြစ်ပြီး လူတိုင်းမှာ မတူညီတဲ့ ယုံ ကြည်ချက်တွေ ရှိကြတယ်လို့ ဆိုပါတယ်။ ဒေါက်တာဝီလီယံ က သွေးသောက် သူများ ဟာ နိုင်ငံတိုင်း မှာရှိကြပြီး အထူး သဖြင့် အနောက်နိုင်ငံတွေ မှာ ပိုများတယ် လို့ဆို ပါတယ်။ 

သူတို့ဟာ အစု အဖွဲ့လိုက် ရှိပြီး သူ များ ဆီက သွေးကိုသောက် သုံးပြီး အင်အား ရယူကြတယ် လို့ ဆိုပါ တယ်။ ဒါပေမဲ့ သူတို့ မှာ ဥပဒေ စည်းမျဉ်း ရှိပြီး ဘယ်သူ့ ဆီက သွေးကို ယူသင့်တယ်၊ မယူသင့်ဘူး ဆိုတဲ့ ကန့်သတ် ချက်များ ရှိတယ်လို့ ဆိုပါတယ်။

တချို့သွေးသောက်သူများ ဟာ ကြည်ကြည်ဖြူဖြူ သွေးလှူ သူများရဲ့သွေး ကိုသာ သောက် သုံးကြ ပြီး သွေးလှူ သူရဲ့ ခန္ဓာကိုယ် တချို့ အစိတ်အပိုင်းတွေ ကသာ သွေးထုတ် ယူနိုင်ပြီး အလွန်တရာ ရယူခြင်း ကိုလည်း တားမြစ် ထားခြင်း ရှိတယ်လို့ သိရပါတယ်။

 မြေအောက်သွေးစုပ်ဖုတ် ကောင်(သွေးသောက် သုံးသူများ) အသိုင်း အဝိုင်းဟာ အလွန် လျှို့ဝှက်စွာ သိုသိပ်နေ ထိုင်ကြပြီး ချဉ်းကပ်ဖို့ ခက်ခဲပေမယ့် သူ့ အနေနဲ့ သုတေ သနပြုလုပ် လိုခြင်းကို သွေး စုပ်ဖုတ်ကောင် များ စိတ်ဝင် စားနိုင်တယ် လို့ ယုံကြည်တယ် လို့ ဝီလီယံ ကဆိုပါတယ်။


Ref: Daily Mirror
Yangon Media Group

From...Search Myanmar

No comments:

Post a Comment