- Published on Thursday, 24 October 2013 14:58
- Written by အယ်ဒီတာတစ်ဦး
မစ္စယန်ကျိကို
မိတ်ဆွေများက “ပိုက်ဆံစုထား” ဟုပြောနေသည်မှာ နှစ်ပေါင်းအတော်လေး ကြာခဲ့ပြီ
ဖြစ်သည်။ သမီးကို ကျောင်းထားရသည့် အခါတွင်လည်း စာအုပ်ဖိုး၊
ကျူရှင်ဖိုးတွေ သာမက သမီးကို ကျောင်းကောင်းကောင်းရရန် လာဘ်ထိုးဖို့
စုဆောင်းရမည်ဟု ဆိုသေးသည်။ မြို့ပေါ်တွင် အစိုးရ ကျောင်းကောင်းကောင်းသို့
ဝင်ခွင့်ရရေးမှာ ပိုက်ဆံစုထား မှ ဖြစ်မည်ဆို သည့် သတင်းတွေကိုလည်း
ကြားနေရသည်။
ယန်ကျိသည်
ဘဝကို ရုန်းကန်ပြီး စီးပွားတက်လာရသူ တစ်ဦးဖြစ်သည်။ စိတ်ဓာတ်လည်း အလွန်
ထက်မြက်သူ ဖြစ်သည်။ သို့ဖြစ်ရာ ဘေးက ဝိုင်းပြောနေသည့် စကားများကို
လျစ်လျူရှုပြီး-
“သမီး… ဘဝမှာ အောင်မြင်ဖို့ဆိုတာ ကြိုးစားမှ ဖြစ်မယ်။ ကြိုးစားရင် အောင်မြင်ရမယ်” ဟု သမီးဖြစ်သူကို ပြောပြီး နှစ်သိမ့်ထားသည်။
“သမီး… ဘဝမှာ အောင်မြင်ဖို့ဆိုတာ ကြိုးစားမှ ဖြစ်မယ်။ ကြိုးစားရင် အောင်မြင်ရမယ်” ဟု သမီးဖြစ်သူကို ပြောပြီး နှစ်သိမ့်ထားသည်။
သို့သော် လက်တွေ့တွင်
အလယ်တန်းကျောင်း ကောင်းကောင်းသို့ ဝင်ခွင့်ကို သမီးဖြစ်သူ မရခဲ့ပေ။
ယန်ကျိက ကျောင်းအုပ်ထံဝင်တွေ့ပြီး မေးခွန်းထုတ်သည်။ စိတ်ထဲတွင်
ခံပြင်း စွာဖြင့် ကျောင်း ဝင်ခွင့် ရသူတွေကို လိုက်လံ စုံစမ်းကြည့်သည်။
ကျောင်းအုပ်ချုပ်ရေး အဖွဲ့များနှင့် ပလူးသူများ၊ ဆရာ ဆရာမများနှင့် အလွန်း
သင့်သူများ၊ လက်ဆောင် များ၊ ငွေကြေးများ၏ ပတ်သက်မှုများကို အံ့သြစွာ
တွေ့လိုက်ရသည်။
တစ်ယောက်ကမူ ကျောင်းအတွက်ဆိုကာ ဓာတ်လှေကား လှူသည်။ ထိုသူ၏
ကလေးသည် လည်း မကြာမီကျောင်းဝင်ခွင့် ရသွားသည်။
တရုတ်ခေါင်းဆောင်သစ်
သမ္မတ ရှီကျင့်ဖျင်သည် အကျင့်ပျက်ခြစားမှုများ၊ လာဘ်ပေး လာဘ်ယူမှုများ
တိုက်ဖျက်ရေးကို အလေးပေးပြီး လုပ်ဆောင်နေသည်။ သို့သော် လက်တွေ့တွင်
အမြစ်မဖြုတ် နိုင်သေးသည့် နေရာတွေက များစွာရှိသေးသည်။
နိုင်ငံအနှံ့အပြားတွင် မူလတန်းကစပြီး ကျောင်းလက်ခံရေး ပြဿနာများကို
ရင်ဆိုင်နေရသေးသည်။
တရုတ်နိုင်ငံတွင်
ကလေးကျောင်းထားရေးမှာ အရှိတရားနှစ်ခုနှင့် ရင်ဆိုင်နေရသည်။ “ပိုက်ဆံရှိ
သလား” ၊ “အသိရှိသလား” ဆိုသည့် အရှိတရားနှစ်ခု ဖြစ်သည်။ မိဘများအတွက် အရွယ်
ရောက်လာသည့် သားသမီးများ ကျောင်းကောင်းကောင်း ထားနိုင်ရေးသည်
အလွန်စွန့်စားရမည့် လုပ်ငန်းတစ်ခု ဖြစ်လာသည်။ တရုတ်နိုင်ငံတွင်
ဆင်းရဲချမ်းသာ ကွာဟမှုနှင့်အတူ အခွင့်ထူးခံ လူတန်းစားဆိုသည့်
သဘောတရားများကိုလည်း ပညာရေးလောကတွင် ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။
တရုတ်နိုင်ငံတွင်
ကျောင်းနှင့်ပညာရေး ပြိုင်ဆိုင်အား ကြီးမားသည့် ဟိုင်တင်းပြည်နယ်ရှိ
အလယ်အလတ် တန်းစား မိဘတစ်ဦးဖြစ်သူ အသက် ၄၂ နှစ်အရွယ် မစ္စယန်ကျိနှင့် သူမ၏
ခင်ပွန်းတို့သည် ငွေကြေး အသင့်အတင့် ချမ်းသာသည် ဆိုသော်လည်း သူတို့ တွင်
ကျောင်း ကောင်းကောင်း ဝင်ခွင့်ရရေးအတွက် အဆက်အသွယ် မရှိ ဖြစ်နေသည်။
ထိုအချိန်တွင်
အကသင်သည့် ဆရာတစ်ယောက်က ချဉ်းကပ်လာသည်။ သူက ကျောင်းဝင်ခွင့် ရရေး အတွက်
လူကြီးတစ်ယောက်နှင့် သိကြောင်း ပွဲစားလုပ်လာသည်။ သူက သမီးကျောင်းဝင် ခွင့်
ရရေးအတွက် သူလုပ်ပေးမည်ဟု ကတိပေးလာသည်။
ယန်ကျိသည်
ဆရာဖြစ်သူ၏ ချဉ်းကပ်လာမှုကို လက်ခံလိုက်ရမည်လောဟု စိတ်ကူးလိုက်သည်။
လက်ခံလိုက်လျှင် သူတို့ စုဆောင်းထားသမျှ ပိုက်ဆံတွေ ပြောင်သွားနိုင်သည်။
ပိုက်ဆံ ဘယ်လောက်ပေးရမည်ကို ဆရာက မပြောသေးသော်လည်း ရှေ့ပိုင်းတွင်
ကြားထားရ သည့် ငွေကြေးပမာဏက ထိတ်လန့်စရာ ကောင်းနေသည်။ သူ့အနေနှင့်
ဘာဆက်လုပ်ရ မည်ကို ဝေခွဲမရ ဖြစ်နေသည်။
အခြေအနေက ရှုပ်ထွေးနေသည်။ သူများတွေ မိုးခါးရေ သောက်နေသလို၊ ငါလိုက်မသောက် လျှင် ဆိုသည့် အတွေးမျိုးလည်း သူ့တွင် ဖြစ်လာသည်။
တရုတ်နိုင်ငံတွင် မြို့ကြီး ပြကြီးများ၌ အကောင်းဆုံး ကျောင်းများသည် အစိုးရကျောင်း များ ဖြစ်နေ သည်ကို သတိပြုရပေလိမ့်မည်။
ပုဂ္ဂလိက
ကျောင်းများသည် နိုင်ငံခြားက ကျွမ်းကျင်ဆရာများကို ငှားပြီး သင်ကြသည်။
ထိုကျောင်းများ သည်လည်း အထူးကျောင်းများဖြစ်ပြီး အခြားပြည်နယ်များက
အလုပ်လာလုပ်နေကြသော ပျံကျ လုပ်သားများ၏ သားသမီးများကို လက်ခံလေ့မရှိပေ။
ထိပ်တန်းပုဂ္ဂလိက ကျောင်းများသည် အလွန်အံ့သြ စရာ ကောင်းလောက်အောင်
ပြင် ဆင်ထားကြသည်။
ဥပမာ- ဘေဂျင်းရှိ
ကျင်ရှန်း ကျောင်းကိုသွား လေ့လာကြည့်လျှင် နက္ခတ်တာရာ သင်ခန်းစာများ သင်ရန်
ဒေါ်လာ ၃၂၆,၀၀၀ လောက်တန်သည့် အဝေးကြည့် မှန်ပြောင်းကြီး တပ်ဆင်ထားသော တစ်ထပ်
အဆောက်အအုံ၊ အမိုးအကာများကို အရှင် ဖြုတ်တတ် လုပ်နိုင်သည့် စာသင်ခန်းများ၊
အခန်းတိုင်းတွင် မျက်နှာပြင်ပြား တီဗီကြီးများ၊ တန်ဖိုးကြီးသည့် ကွန်ပျူတာ
စာသင်ခန်းများ၊ အိုလံပစ်စံချိန်အတိုင်း တည်ဆောက်ထားသည့် ရေကူးကန်၊
ခေါင်မိုးများပေါ်တွင် စိမ်းစိမ်းစိုစို ဥယျာဉ်ပျံများနှင့် တန်ဆာဆင်ထားသည့်
ကျောင်းကြီး ဖြစ်သည်။ ယခုဆိုလျှင် ထိုကျောင်း၌ အထက်တန်း အဆင့်
သင်ကြားပေးရန် ဆရာတွေ လိုအပ်နေသည်။
ထိုကျောင်းနှင့်
မိုင်အနည်းငယ် ဝေးသည့်အရပ်တွင် ပျံကျအလုပ်သမားများ၏ သားသမီးများကို လက်ခံ
သင်ကြားပေးနေသော ပုဂ္ဂလိက ကျောင်းတစ်ကျောင်း ရှိသည်။ ထိုကျောင်းသို့
သွားရသည့်လမ်းက ညစ်ပတ်နေသည်။ ကျောင်းနံရံတွေကလည်း ယိုင်နဲ့ပြိုလုလု
ဖြစ်နေသည်။ အတန်းတိုင်းတွင်လည်း ကျောင်းသားတွေက သာမန်ထက်ပိုသည်။
အိမ်သာကလည်း တစ်လုံးတည်း ရှိပြီး နံရံက အပေါက်တွေ ဖြစ်နေသည်။
အထက်ပါ
ကျောင်းနှစ်ကျောင်းကို ယှဉ်ကြည့်ပြီး မိဘဆိုလျှင် မည်သည့်ကျောင်း၌
ထားချင် မည်ကို ကိုယ်ချင်းစာကြည့်မိ သည်။ ယန်ကျိသမီးလေး အသက် ၁၂
နှစ်အရွယ်ရှိ မာကျင်းရီကို လွန်ခဲ့သော သုံးနှစ်လောက် ကတည်းက မိဘများသည်
ကျောင်းစာကိုသာ ဦးစားပေး သင်စေခဲ့သည်။ နေ့ရောညပါ စာနှင့်သာ
အချိန်ကုန်စေ သည်။ ကျောင်းပိတ် သည့်ရက်များ တွင်လည်း ဈေးကြီးသည့် ကျူရှင်ကို
တက်ခိုင်းသေးသည်။
အလယ်တန်း ကျောင်းကောင်းကောင်း ဝင်ခွင့်ရစေရန်
သမီးဖြစ်သူကို ပညာတွေမည်မျှ ကြိုးစားခိုင်းသည် ဆိုစေ အချည်းနှီးဖြစ်
ခဲ့ရသည်။
လက်ရှိကျောင်းတွင်လည်း
ဂုဏ်တု ဂုဏ်ပြိုင်ရမှုတွေက များလှသည်။ ကျောင်းကိုလာသည့် ကလေးများ
ထမင်းဘူးထဲတွင် ထည့်ပေးလိုက်သည့် ဟင်းကအစ ပြိုင်ကြသည်။ ဆရာတွေကို
ဆန်တွေအပြိုင် ထောက်ပံ့ရသည်။ အခြားလက်ဆောင်တွေလည်း ပေးမှ မျက်နှာသာ ရသည်။
ထို့ပြင် ဆရာတွေကို စတိုးဆိုင်ကြီးများတွင် ပစ္စည်းဝယ်ခွင့် ကတ်တွေကိုလည်း
အပြိုင် ပေးကြရသေးသည်။
“ဆရာတွေအတွက် လက်ဆောင်ကတ်တွေကို ဆရာများနေ့တွေမှာ အပြိုင်ပေးကြတယ်” ဟု ကျောင်း ဆရာတစ်ယောက်က ပြောသည်။
ကျောင်းဆရာများကို
လက်ဆောင်တွေ ပေးနေရခြင်းမှာလည်း အကြောင်းရှိသည်။ မိမိတို့သားသမီး များကို
မျက်နှာသာပေးရန်၊ စာသင်ခန်းအတွင်း ရှေ့ဆုံးအတန်း၌ ထိုင်ရရန်အတွက်
ပေးရခြင်းလည်း ဖြစ်နိုင်သည်။
“အဲဒါကတော့
လူ့သဘာဝပဲ။ ဆရာလည်း လူဆိုတော့ တပည့်နှစ်ယောက်ယှဉ်ရင် ဘယ်တပည့်ကို
ရွေးရမယ်ဆိုတာ လူသားပီပီဆုံးဖြတ်ဖို့ လက်ဆောင်လေးတော့ လိုတာပေါ့။ သူလည်း
လောကီသား ဖြစ်နေတော့ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်မှပဲလေ” ဟု ကျောင်းသား
မိဘတစ်ဦးက ရင်ဖွင့်သည်။ သူမသည် သားဖြစ်သူအတွက် ဆရာကို လက်ဆောင်များ
ပုံမှန် ပို့ပေးနေရသူ ဖြစ်သည်။ သို့သော် မည်သည့်ဆရာကို
ပေးရသည်ဆိုခြင်းကိုတော့ ထုံးစံအတိုင်း ကွယ်ဝှက် ပေးထားသည်။
ယန်ကျိလည်း
သမီးအတွက် ဆရာတွေကို ဒေါ်လာ ၂၀၊ ဒေါ်လာ ၃၀ တန် လက်ဆောင်ဝယ်ခွင့် ကတ်လေးတွေ
ပေးဖူးသည်။ သို့သော် အခြားမိဘတွေက ဒေါ်လာ ၂၀၀ တန်၊ ၃၀၀ တန် လက်ဆောင်ကတ်တွေ
ပေးနေသဖြင့် မျက်နှာငယ်ရကြောင်း ပြောရှာသည်။ နောက်ပိုင်း လက်ဆောင်ကတ်
ပေးခြင်းကို သူမအနေနှင့် မလုပ်တော့ဟု ဆိုသည်။
“ဘာမှ မထူးပါဘူး။ ဆရာတွေကို ပေးမယ့်အစား သမီးကို ကျူရှင် သွားတက်ခိုင်းလိုက်တယ်” ဟု သူမက ဆိုသည်။
“ဘာမှ မထူးပါဘူး။ ဆရာတွေကို ပေးမယ့်အစား သမီးကို ကျူရှင် သွားတက်ခိုင်းလိုက်တယ်” ဟု သူမက ဆိုသည်။
မိခင်ဖြစ်သူ၏
ခေါင်းမာသော ဆုံးဖြတ်ချက်သည် သမီးဖြစ်သူတွင် ထိခိုက်မှုတော့ ရှိသည်။
သူမ၏သမီး နှစ်တန်းအရောက်တွင် ဆုမရတော့ပေ။ “သမီးက ကျွန်မကိုပြောတယ်။ ဆရာမက
သူ နေမကောင်းတုန်းက ဆေးတွေ ထောက်ပံ့တဲ့သူရဲ့ သမီးကိုပဲ ဆုပေးတယ်တဲ့။ အမေက
ဘာဖြစ်လို့ ဆရာမကို ဆေးတွေ မပေးရတာလဲ” လို့ ကျွန်မကို လာပြောတယ်။
ထိုမေးခွန်း သည် ယန်ကျိကို စိတ်အတော်လေး ထိခိုက်သွားစေခဲ့သည်။ မူလတန်းအဆင့် ပြီး၍ အလယ်တန်း ကျောင်းကောင်းကောင်းက အောင်လာမှ ဘေဂျင်းရှိ အထက် တန်း ကျောင်းကောင်းကောင်းတွေက လက်ခံလေ့ ရှိသည်။
ထိုမေးခွန်း သည် ယန်ကျိကို စိတ်အတော်လေး ထိခိုက်သွားစေခဲ့သည်။ မူလတန်းအဆင့် ပြီး၍ အလယ်တန်း ကျောင်းကောင်းကောင်းက အောင်လာမှ ဘေဂျင်းရှိ အထက် တန်း ကျောင်းကောင်းကောင်းတွေက လက်ခံလေ့ ရှိသည်။
အထက်တန်း ကျောင်းကောင်းကောင်း
တက်နိုင်လျှင်လည်း တရုတ်နိုင်ငံတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့်
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ‘ဂေါင်ကောင်း’ ကို ကျော်ဖြတ်ကြရပေ လိမ့်ဦးမည်။
ဂေါင်ကောင်းတွင်
အမှတ်ကောင်းမှ တက္ကသိုလ် ကောင်းကောင်းတက်ခွင့်ရပြီး အလုပ်ကောင်းကောင်း ရမည်။
ဝင်ငွေ လစာကောင်းကောင်း အလုပ်ရမည်၊ အိမ်ကောင်းကောင်း၊ မိန်းမကောင်းကောင်း
ရမည်ဆိုခြင်းသည် တရုတ်တို့၏ အိပ်မက်များသာ ဖြစ်သည်။
တရုတ်နိုင်ငံလို
ကွန်မြူနစ်တိုင်းပြည်တွင် သတ်မှတ်ထားသည်က အခမဲ့ပညာရေး ဖြစ်သည်။ ပညာရေး
အတွက် အကုန်အကျမှန်သမျှ နိုင်ငံတော်ကသာ ကျခံမည်ဟုလည်း ဆိုထားသည်။ သို့သော်
အခွင့်ထူးခံ လူတန်းစားတွေအတွက် သီးခြားဖွင့်ပေးထား သည့် ကျောင်းများ သည်
ကျောင်းလခ တစ်နင့်တပိုးနှင့် အလှူငွေများဖြင့် ရပ်တည်နေကြသည်။
ယနေ့ ဘေကျင်းရှိ
အလယ်တန်းကျောင်းကောင်း တစ်ကျောင်းသို့ဝင်ခွင့် လာဘ်ထိုးရန်အတွက်
ပေါက်ဈေးမှာ အမေရိကန် ဒေါ်လာ ၁၆,၀၀၀ ခန့်ရှိသည်။
အချို့
ဂဏန်းခြောက်လုံးခန့် ပေးနေရသည်ကိုလည်း မကြုံစဖူး ကြားနေရသည်။
သတ်မှတ်
ပြဋ္ဌာန်းထားချက်များအရ အလယ်တန်း ကျောင်းဝင်ခွင့်သည် ကလေးများ
နေထိုင် သည့်အရပ်ကို ဦးစားပေးရမည်သာ ဖြစ်သည်။ သို့သော် ဘေဂျင်းရှိ
ကျောင်းထက်ဝက် ခန့်မျှသာ ထိုစည်းကမ်း ဥပဒေကို လိုက်နာကြကြောင်း တွေ့ရသည်။
နောက်ပိုင်း ကျောင်းဝင်ခွင့်တွင် အချက်သုံးချက် တိုးလာသည်။ ပညာတော်ရမည်၊
ပိုက်ဆံလည်း ရှိရမည်၊ ဆွေမျိုး လည်း တော် ရမည် ဆိုသည့် အချက်များဖြစ်သည်။
အထူးသဖြင့် အစိုးရထိပ်ပိုင်း အရာရှိကြီးများနှင့် ကွန်မြူနစ်ပါတီ ထိပ်တန်း
ခေါင်းဆောင်များ၏ သားသမီးများအတွက် မည်သည့် ကျောင်းတွင်မဆို
ငြင်းပယ်ခွင့်မရှိပေ။
“တစ်ယောက်ယောက်နဲ့
သိရင် ပေးရတာနည်း လိမ့်မယ်” ဟု ဘေဂျင်းမြို့ ချောင်ယမ်းအရပ်ရှိ မိဘ တစ်ဦးက
ဆိုသည်။ အချို့သော ကျောင်းများတွင် ခွဲတမ်း စနစ်တွေ ရှိနေသေးသည်။ ဥပမာ-
အစိုးရဝန်ကြီးများနှင့် နိုင်ငံတော်ပိုင် ကုမ္ပဏီကြီးများမှ
ဝန်ထမ်းများအတွက် ခွဲတမ်းဆို ကာ နေရာဖယ် ပေးထားရမှုများ ဖြစ်သည်။
ကုမ္ပဏီကြီးများကလည်း ကျောင်းများကို ငွေကြေး အလွန်အမင်း ထောက်ပံ့ပြီး
ခွဲတမ်းရအောင် ယူတတ်ကြသည်။
ကျောင်းတက်ခွင့်မရှိသော
နယ်ကျော် ကျောင်းလာတက်ချင်သူ များအတွက် ပေါက်ဈေး မှာ ဒေါ်လာ ၅၀၀၀ မှ ၄၀,၀၀၀
အတွင်းရှိသည်။ အစိုးရက မည်သို့ တားမြစ်ချက်တွေ ထုတ်သည် ဆိုစေ သူ့နည်း
သူ့ဟန်နှင့် ထွက်ပေါက်များကား ရှိနေဆဲဖြစ်သည်။ အထူးတော်သောကြောင့်
လက်ခံရသည် ဆိုသည့် ထွင်လုံးများသည် သုံးနှစ်သုံးမိုး သေလုအောင်
ကြိုးစားရုန်းကန်ခဲ့ရသည် ယန်ကျိ သမီးလေးကို လှောင်ပြောင်နေလို ဖြစ်သည်။
ယန်ကျိက “ကျွန်မမှာ
ရွေးချယ်စရာ မရှိတော့ပါဘူး” ဟု စားလက်စ ခေါက်ဆွဲကို မြိုချလိုက်ပြီး
ပြောလိုက်သည်။ ယန်ကျိသည် အကနည်းပြဆရာကို အမေရိကန်ဒေါ်လာ ၅၀၀၀ ခန့် ပမာဏနှင့်
ညီမျှသော ယွမ်ငွေကို ပေးလိုက်ရသည်။ ထိုငွေပမာဏသည် သူမ အနေနှင့်
တစ်နှစ်လုံး ကုန်းရုန်းရှာဖွေမှ ဒေါ်လာ ၂၀,၀၀၀ ခန့် ရသူတစ်ယောက်အတွက်
အလွန်များသည့် ပမာဏ ဖြစ်သည်။
“အဓိကကတော့
စနစ်ပေါ့ရှင်။ ဖိအားတွေ၊ လာဘ် ပေးလာဘ်ယူ စနစ်တွေရှိနေသမျှ တန်းတူ ညီမျှတော့
ဖြစ်မှာမဟုတ်သေးပါဘူး။ နောက်ဆုံးတော့ သမီးအတွက် လုပ်ပေး လိုက်ရတာပဲဆိုပြီး
ဖြေသိမ့်ပါတယ်။ ဒါ သားသမီးအတွက် အကောင်းဆုံး လုပ်ပေးလိုက်တာပဲ ဆိုပြီးတော့
ကျေနပ်လိုက်ပါတယ်” ဟု ယန်ကျိက ပြောသည်။
Ref: Brains.. and Bribes by William Wan; Washington Post
The Voice Daily, 24.10.2013
From...Search MYANMAR
No comments:
Post a Comment