*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 22 October 2013

ဒူးနာရောဂါ

ကျန်းမာရေး


 
 ဆေးကုတယ်ဆိုတာဆရာဝန်ကတဖက်သတ်ကုပေးလို့မရပါဘူး။ လူနာကလည်း ကိုယ်ခံစား ရတဲ့ရောဂါအကြောင်း၊ကုသမှုအကြောင်း၊ဘေးထွက်ဆိုးကျိုးအကြောင်းသိရှိနားလည်ပြီးနောက် ပါဝင်ဆွေးနွေးပေးဖို့လိုအပ်ပါတယ်။


ဒါကလည်းဆေးကုသမှုအောင်မြင်ရေးမှာအရေးကြီးပါတယ်။ဒါကြောင့်လည်း OA ဒူးနာရောဂါ အကြောင်းသိရှိအောင်ဆရာတို့ပြောပြနေရတာဖြစ်ပါတယ်။ဒီရောဂါမှာဆိုရင်လည်းလူနာ ဘက်ကဆောင်ရွက်လို့ရတဲ့အရာတွေအများကြီးရှိပါတယ်။လူနာအနေနဲ့ကိုယ့်ဘာသာ သက်သာရာ သက်သာကြောင်း လုပ်လို့ရတာတွေရှိပါတယ်။
 

-ကိုယ်အလေးချိန် များနေရင်ဝိတ်လျော့ တာကလည်းလူနာလုပ်နိုင်တဲ့ ထိရောက်တဲ့ ကုသမှု တစ်ခုပါ။ ဘာလို့လဲဆိုတော့ ကိုယ်အလေးချိန် ရဲ့ 10%ကိုလျော့ချနိုင်ရင်ဒူးနာတာ တစ်ဝက် သက်သာပါတယ်။ ၀ိတ်လျော့တာခက် တယ်ဆိုတဲ့ လူနာတွေကိုတော့ ဆရာတို့တုတ်ကိုင် ခိုင်းပါတယ်။ တုတ်ကိုင်ထားရင် ဒူးအပေါ်သက်ရောက်တဲ့အလေးချိန် ဟာတုတ်ပေါ်ရောက်သွား တဲ့အတွက်ဒူးနာဝေဒနာကအများကြီးသက်သာသွားပါတယ်။
 
-နောက်ပြီးတော့လှေကားအဆင်းအတက်ကိုအနည်းဆုံးဖြစ်အောင်ရှောင်ပါ။လှေကားတက်ရင် လည်းလှေကားလက်ကိုင်ကိုသေချာကိုင်ပြီးကောင်းတဲ့ဒူးနဲ့အရင်တက်ပြီးမှ မကောင်းတဲ့ဒူး နဲ့တက်ပါ။ အဆင်းမှာတော့မကောင်းတဲ့ခြေထောက် နဲ့အရင်ဆင်းပြီး မှကောင်းတဲ့ ခြေထောက် နဲ့လိုက်ဆင်းပါ။

-နောက်တစ်ခုကတော့ဖိနပ်စီးတာနဲ့ပက်သက်ပြီးပြောပြချင်ပါတယ်။လမ်းလျှောက်တဲ့အခါမှာ အရှိန်နဲ့ဖိအားရှိပါတယ်။အဲဒီဖိအားတွေလျော့ကျသွားအောင်ဖိနပ်ထူထူပျော့ပျော့လေးတွေဥပမာ-Walking Shoe တွေ စီးစေချင်ပါတယ်။ ခွာသေးတဲ့ဖိနပ်တွေ ကိုတော့မစီးစေချင်ပါ ဘူး။ခွာထူတဲ့ ဖိနပ်တွေကဒူးနာတာကိုနည်းနည်းသက်သာစေပါတယ်။

-လေ့ကျင့်ခန်းနဲ့ပက်သက်ပြီးပြောချင် တာကတော့ အလွန်အမင်းအနား
မယူပါနဲ့ အပြင်းအထန်လည်းလေ့ကျင့်ခန်းကို ပိုမလုပ်ပါနဲ့။ ဒူးနာတဲ့ အခါလေ့ကျင့်ခန်း ကိုပိုလုပ်လိုက်ရင်သက်သာမယ်ဆိုတဲ့အတွေးကိုလည်းဖျောက်ပစ်စေချင်ပါတယ်။
 
-နောက်ပြီးတော့ဒူးနာတာကိုဆေးလိမ်းတဲ့အခါအလွန်အမင်းပူလွန်းတာ
ကိုလည်းဂရုစိုက်ပါ။ ပူလွန်းတာကိုလည်းမလိမ်းပါနဲ့။

-ဒူးသိပ်နာနေရင် နည်းနည်း အနားယူဖို့တော့ အကြံပေးပါတယ်။ ဒါပေမယ့်ဒူး နာနေတဲ့လူနာက တစ်ချိန်လုံးအနားယူနေတာလည်း ဆရာတို့မကြိုက်ပါဘူး။ ဒူးကိုသုံးစေချင်ပါတယ်။ အဲဒီလိုပုံမှန် အသုံးပြုမှလည်းဒူးအတွက်ရော
 
ခန္တာကိုယ်အတွက်ရော အကျိုးရှိပါတယ်။ သိပ်အနားယူနေရင်ကြွက်သားတွေ သိမ်သွား တတ်ပါ တယ်။ ဒူးရဲ့ခိုင်ခံ့မှုလျော့သွားတတ်ပါတယ်။ အများအားဖြင့် ဒူးနာနေရင်ဒူး ကိုကွေးလိုက် တာက နည်းနည်းသက်သာပါတယ်။အဲဒီတော့လူနာတွေကဒူးကိုကွေးရင်းနဲ့ပြန်ဆန့်လို့
မရတော့တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့်အနားယူနေတယ် ဆိုရင်တောင်မှ တုတ်ကိုင်တာ မျိုးဒါမှမဟုတ်အရမ်းနာနေရင်လေးချောင်းထောက်လေးကိုင်ပြီးပဲဖြစ်ဖြစ်လျှောက်စေချင်ပါတယ်။ ဒူးကိုတတ်နိုင်သလောက် အသုံးပြုစေချင်ပါတယ်။ ဒူးကိုအနားပေးတယ် ဆိုပေမယ့်လည်း ဒီအတိုင်းငြိမ်ပြီးထားတာကိုမကြိုက်ပါဘူး။အနားယူတဲ့အချိန်မှာလည်းဒူးကိုဆန့်ပြီးအနား ယူစေချင်ပါတယ်။
 
-နောက်ဆုံးအနေနဲ့ ဒူးဝေဒနာရှိသူတွေကိုပြောချင်တာကတော့ဒူးနာနေရင်
စိတ်ဓာတ်မကျပါနဲ့။စိတ်ဓာတ်ကျပြီး Depression ၀င်သွားရင်ဒူးက
ပိုနာတတ်ပါတယ်။ ဒူးနာတယ်ဆိုတာတခြားရောဂါနဲ့ယှဉ်ရင်သိပ်မဆိုးပါဘူး။
ဒီ့ထက်ဆိုးတဲ့ရောဂါတွေအများကြီးရှိပါတယ်။ ဒါကြောင့်ဒူးနာ တာလောက်လေးနဲ့စိတ်ဓာတ်မကျလိုက်ပါနဲ့။ကိုယ့်ရဲ့လုပ်နိုင်ကိုင်နိုင်တဲ့ အတိုင်းအတာကိုကြည့်ပြီးလုပ်နိုင်၊ကိုင်နိုင်တဲ့အလုပ်ကိုဆက်လုပ်ပါ။ လူကောင်းအတိုင်းနေပါဆိုတာလေးကိုပြောပြလိုက်ပါတယ်

 
ပါမောက္ခဦးနေ၀င်း
အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး။
 
From...Myanmar Online News

No comments:

Post a Comment