ပြန်ပြောပြ လို့မရတဲ့
အမြင် ရိုင်း ဘဝတွေ ကို
စကားလုံးတွေ နဲ့ အချို သပ်ပြီး
ခေါင်းစဉ် တပ်တောင်ပံ ဆင် ခဲ့လဲ
အဲဒီ ဘဝတွေဆီ မရောက် ခဲ့ဘူး ။
တကယ် ဆိုရင်
ကဗျာ တစ်ပုဒ် ဖွဲ့လိုက်ခြင်း ဟာ
စိတ် တစ်ခုအတွက်
ဘဝ အလပ်တွေ အတွက်
ညှိုးငယ်မှုတွေ ရဲ့လန်းဆန်းခြင်း မိုးရေ
အဲဒီ ကဗျာတွေ ဟာ
အဲဒီ ဘဝတွေ ဆီမှ မရောက်ခဲ့တာ ။
အဲဒီ ကဗျာတွေ ဟာ
အဲဒီ ဘဝတွေ ဆီမှ မရောက်ခဲ့တာ ။
ရေးခွင့် သာရခဲ့တယ်
ကြားနာ ခွင့် မရှိတဲ့စာနာခံ ဘဝတွေထဲ
ထပ်တူကျ ခံစားမှုတွေ မစီးဝင်သရွေ့
ကလောင် တစ်လက်ဟာ
ကဗျာ ကိုညာရေး သလိုဖြစ်ခဲ့ပေါ့ ။
ပို့ဆောင်ပေးကြပါ
ဘဝ ကဗျာတွေကို ဘဝတွေထဲ
တွဲ ထူပေးကြပါ
စိတ် ခံစားမှုတွေကို စိတ်တွေထဲ
လင်းလက် ခွင့်ပေးကြပါ
ကလောင် တစ်လက် ရှင်သန်ခြင်း အတွက်
သေဆုံးနေတဲ့ ဘဝတွေထဲ ။
ထပ်တူကျ ခံစားမှုတွေ မစီးဝင်သရွေ့
ကလောင် တစ်လက်ဟာ
ကဗျာ ကိုညာရေး သလိုဖြစ်ခဲ့ပေါ့ ။
ပို့ဆောင်ပေးကြပါ
ဘဝ ကဗျာတွေကို ဘဝတွေထဲ
တွဲ ထူပေးကြပါ
စိတ် ခံစားမှုတွေကို စိတ်တွေထဲ
လင်းလက် ခွင့်ပေးကြပါ
ကလောင် တစ်လက် ရှင်သန်ခြင်း အတွက်
သေဆုံးနေတဲ့ ဘဝတွေထဲ ။
No comments:
Post a Comment