*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 29 May 2014

Photo Effect - Photoshop ဖြင့် ဓါတ်ပုံ များဖြတ် ကပ် ပြုလုပ်ခြင်း







ဒါလေး ကတော့ Photoshop နဲ့ ဓါတ်ပုံလေးတွေ ကို ဘယ်လိုဖြတ်ကပ် လုပ်လဲ ဆိုတာ ပြပေး သွားပါ့မယ်..။ သူငယ်ချင်း တို့ အတွက် အများကြီး အဆင်ပြေမယ့် နည်းလေးလို့ ထင်ပါတယ်..။ 
Photoshop နဲ့ ဓါတ်ပုံပြင်တာ အရမ်း တတ်ချင်တဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်..။ 

ဖုန်းဆက်ပြီးတော့ လည်း ခဏ ခဏမေးတယ်..။ သူ့ကိုလည်း ဒီနည်းလေးနဲ့ အခြေခံ စပေးခဲ့တာ.. အခုတော့ သူကတော်တော်လေး လုပ်တတ်နေ ပါပြီ.. 

 ဒါကြောင့် မလုပ်တတ်သေးတဲ့ သူများအတွက် Photoshop အခြေခံ ရအောင် ရိုးရိုး ရှင်းရှင်းနဲ့ လွယ်တဲ့ ဒီနည်းလေး ကို တင်ပေးလိုက်ပါတယ်..  

အရင်ဆုံး  Photoshop ရဲ့ File >> Open ကနေ မိမိတို့ ပြုလုပ်ချင် တဲ့ ပုံကို ယူလိုက်ပါ..။ အောက်မှာတော့ ကျနော် က အဆင်ပြေမယ် ထင်တဲ့ ပုံနှစ်ပုံ ကို တခါတည်း ရွေးယူလိုက်ပါတယ်..











အပေါ်ပုံ အတိုင်း ပုံတွေရောက်လာပြီိ ဆိုရင် ဖြတ်ရ လွယ်တဲ့ 1 နေရာ က Pen Tool (P) နဲ့ ဖြတ် ပါမယ်.. အောက်ပုံ အတိုင်း နံပါတ်စဉ် လိုက် ကြည့်သွား လိုက်ပါ.. 
ဒီနေရာ မှာ တခု မှာချင်တာက ပုံတွေ ကို ဖြတ်တော့မယ် ဆိုရင် မိမိတို့ ဖြတ်မယ့် ပုံကို ကီးဘုတ်က Ctrl+(+) နဲ့ ပုံကြီး ဆွဲချဲ့ပြီးမှ ဖြတ်ပါ.. ပုံကြီး ချဲ့ပြီး ဖြတ်တဲ့ အတွက် ပုံရဲ့ အနားစတွေ ညီနေ မှာဖြစ်ပါတယ်.. အောက်ပုံ မှာ ဆက်ကြည့်ပါ..






ဖြတ်ပြီးရင်တော့ ပုံနှစ်ပုံ ကို ယှဉ်ထားပါ.. ဖြတ်ထားတဲ့ ပုံကို Move Tool နဲ့ တခြားပုံပေါ် သို့ ဒရော့ ဆွဲ ထည့် လိုက်ပါ.. အောက်ပုံ မှာ ဆက်ကြည့်ပါ..



အပေါ်ပုံ အတိုင်း တခြား ပုံပေါ်သို့ ရောက်သွားပြီ ဆိုရင်.. အောက်ပုံ အတိုင်း  ဆက်လုပ်ပါ..










ကီးဘုတ်မှ Enter ခေါက်ပြီးရင် အောက်ပုံအတိုင်းမြင်ရပါပြီ.. ပြီးရင်တော့ ပုံနှစ်ခုဆက်တဲ့နေရာဖြစ်တဲ့ လည်ပင်းနေရာကို Eraser Tool ဖြင့် ညီအောင် ဖြည်းဖြည်းချင်း ပွတ်တိုက်၍ ဖျက်ပေးပါ.. 




အောက်ပုံအတိုင်း Eraser Tool ကလစ်ပြီးရင် သူနဲ့ သက်ဆိုင်တဲ့ တူးများကို လိုက်ချိန်ပေးပါ.. ဒီနေရာမှာ ကျနော်ပြတဲ့အတိုင်း လုပ်ရမယ်လို့ မဆိုလိုပါဘူး.. မိမိတို့ ပုံနဲ့ အဆင်ပြေမယ့်  Brush Size , နဲ့ Opacity  ကို အဆင်ပြေသလို ချိန်ယူပါ.. အဓိက,က ပုံကြည့်ကောင်းဖို့ လိုပါတယ်.. 

ကျနော်လုပ်ပြတဲ့ ပုံကလည်း ကြည့်ကောင်းချင်မှ ကြည့်ကောင်း လိမ့်မယ်.. ဒီနေရာ မှာ အခြေခံ တတ်ဖို့ ကိုသာ အဓိက ထားတဲ့ အတွက် ကျနော် လုပ်ပြတဲ့ပုံ ကြည့် မကောင်း ခဲ့ရင် နားလည်ပေး ဖို့ မေတ္တာ ရပ်ခံပါတယ်.. အောက်ပုံတွေ အတိုင်း ဆက်ကြည့်ပါဗျာ..






အပေါ်ပုံအတိုင်းဆိုရင် ကြည့်လို့ အဆင်ပြေလောက်ပြီ ထင်ပါတယ်.. အောက်ပုံ ကတော့ ခေါင်းကို ရှေ့နည်းနည်း ငိုက်ပေးလိုက် တာပါ.. Ctrl+T နဲ့ ဘောင်ပေါ်လာ ရင် မောက်စ်ဖြင့် ထောင့်လေးတွေ ကို ထောက်ပြီး.. လှည့်ပေးနိုင် ပါတယ်.. စိတ်ကြိုက်ဖြစ် ရင် Enter ခေါက်ပါ..




 ပြီးရင်တော့ ပုံကို Ctrl+(-) နဲ့ Zoom ပြန်ချုံ့လိုက်တာပါ.. ဒီလောက်ဆိုရင် ကြည့်ရတာ အဆင်ပြေလောက်ပြီလို့ ထင်ပါတယ်..





အပေါ်ပုံအတိုင်း ပုံကိုသိမ်းလိုက်ရင် အောက်ပုံအတိုင်း ရလာပါပြီ...




ဒီလောက်ဆိုရင်တော့ ပုံတွေကို ဖြတ်ကပ် လုပ်တတ်လောက်ပါပြီ .. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...
From...lwinminbo

No comments:

Post a Comment