*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 12 May 2014

နိုင်ငံတော် ၏ အလုပ်သမားများ

 
‘‘အ၀တ်လျှော် ပေးရ တယ်။ မီးပူတိုက်ပေးရတယ်။ လုံချည်တောင် လျှော်ခိုင်းတယ်။ သနပ်ခါးသွေးပေး ရတယ်။ ချက်တာပြုတ်တာ၊ သန့်ရှင်းရေး ကိစ္စအားလုံး လုပ်ပေးရတယ်။ နင်းနှိပ်ပေးရတယ်။ အိမ်ဖော် မဟုတ်ဘဲ အိမ်ဖော် တစ်ယောက်လို လုပ်နေရတယ်။ ဒီကြား ထဲ အပြစ်မလွတ်ဘူး။ မထင်ရင် မထင်သလို အပြော အဆိုခံရပါတယ်။

ရုံးရောက်ရင်လည်း ဝေယျာဝစ္စ အကုန် လုပ်ပေးရတယ်။ ရေပူရေအေး တောင်း တာပေးရ တယ်။ ကော်ဖီ ဖျော်ပေး ရတယ်။ ထမင်းချိုင့် ဖွင့်ပေး၊ သိမ်းပေးရတယ်’’

ဒီစကားတွေ ပြောပြ တာက သာမန် အရပ်သူ တစ်ယောက် မဟုတ်ဘူး။ အိမ်အကူ လုပ်သား တစ်ယောက် မဟုတ်ဘူး။ ဆယ် တန်း မအောင်၊ ဘွဲ့မရ ဘဲ အလုပ် ၀င် လုပ်နေတဲ့သူ မဟုတ်ဘူး။ ဆွေမျိုးတော်စပ် လို့၊ ကျေးဇူးခံ၊ ကျေးဇူးစား မကင်းရာ မကင်း ကြောင်း မို့ လုပ်ပေးနေရတဲ့ သူ လည်း မဟုတ်ဘူး။ 


အတန်း ပညာ အားဖြင့် မဟာဘွဲ့ တစ်ခု ရထား တယ်။ အစိုးရ ရဲ့ နိုင်ငံ့ ၀န်ထမ်း ရွေးချယ်လေ့ကျင့်ရေး အဖွဲ့ကနေ တိုက်ရိုက် ရွေးချယ် ခန့်ထားတဲ့ ဆရာမငယ် တစ်ဦး ဖြစ်ပါတယ်။ ကျုပ် မိတ်ဆွေ ဆရာ မလေး က သူ ကိုယ်တိုင် ကြုံတွေ့ရတာ ကို ပြန်ပြောပြနေ တာပါ။ ကျုပ် ဖြင့် အံ့ကိုသြလို့။ သူ့ အထက်လူ ကြီးက အပျိုကြီး တဲ့။ နယ်မှာ လာ ပြီး တာဝန်ထမ်းတာ မို့ ရုံးကပေးတဲ့ လိုင်းခန်း မှာ နေတယ်လို့ဆိုပါ တယ်။ 

ဌာနမှာ ရှိတဲ့ အငယ်တန်း ၀န်ထမ်းတွေ ကို နိုင်ရာနိုင်ရာ ခေါ် ခေါ်ပြီး အလှည့်ကျ ခိုင်းတတ် တယ်လို့ သိရ ပါတယ်။ အချို့က လည်း အကျင့်ပါ အရိုး စွဲနေတဲ့ ‘‘ဖား’’စိတ်ဓာတ် နဲ့ လိုလိုလားလား လုပ်ပေးတတ်ကြ တယ်လို့ ပြောပြ ပါတယ်။ မလွှဲ မရှောင်သာ လို့ အလုပ် အကိုင်နဲ့ ဘ၀အခြေ အနေ တွေကို လာပြီး ထိခိုက် ပတ်သက် မှာစိုးလို့ လုပ်ပေးကြရတာလည်း ရှိတယ်လို့ ဆိုပါတယ်။

ကျုပ် နားလည်ထားတာ က အစိုးရ ၀န်ထမ်း ဆိုတာ ခန့်အပ် ထားတဲ့ ရာထူး အဆင့်တာဝန်နဲ့ အညီ အစိုးရ ရဲ့ ယန္တရား လည်ပတ် မှုမှာ ပါဝင် လုပ်ဆောင်ဖို့ ပြည်သူ ကို အလုပ် အကျွေးပြုဖို့ ဖြစ်ရပါ မယ်။ 

ရာထူးကြီးမြင့်သူတွေ အ တွက် သီးသန့် ခန့်အပ်ထားတဲ့ ယာဉ်မောင်း၊ ထမင်းချက်၊ ဥယျာဉ်မှူး ဆို သူတွေတောင် သူတို့ တာဝန်ယူရတဲ့ အရာရှိကြီးတွေ နိုင်ငံ့ တာဝန်ကို တင်းပြည့် ကျပ်ပြည့် ထမ်းရွက်နိုင်ဖို့ အထောက် အပံ့ ပေးရမှာ အဓိကဖြစ်ပါတယ်။

အရာရှိကြီး များရဲ့ ဇနီး မယား၊ သမီးသားမြေး များ ဈေးဝယ် လိုက်ပို့ဖို့၊ ကျောင်းပို့ ကျောင်းကြို လုပ်ဖို့ ဘုရားဖူး အလှူအတန်း သွားဖို့၊ ညရေး ညတာ ကိုယ်ရေး ကိုယ်တာ ကိစ္စကအစ အချိန် မတော်လင်း အားကြီး ခေါ်တဲ့ အချိန်တိုင်း ထသွားကြရ တာကလည်း ၀န်ထမ်း ငယ်တွေရဲ့ ဘ၀ တစ်စိတ်တစ် ပိုင်း ဖြစ်နေ ပါတယ်။ 

ဝန်ထမ်းငယ်တွေ ခမျာ သူတို့ အထက် အဆင့်ဆင့် အရာရှိကြီးများရဲ့ ကိုယ်ရေး ကိုယ်တာနဲ့ မိသားစုကိစ္စ များကို တွဲဖက် ထမ်းဆောင်နေကြ ရတာ။ ကျုပ်တို့ ပတ်ဝန်းကျင် မှာ အများကြီးတွေ့နိုင်ပါတယ်။
တချို့ ၀န်ထမ်း ငယ်တွေ မှာ နိုင်ငံတော် က ခန့်အပ် ထားတဲ့ မူလ တာဝန်ဝတ္တရား များကို လုံးဝ ထမ်းဆောင် စရာ မလိုတော့ဘဲ သူတို့ကို ကင်းလွတ်ခွင့် (Pass) ပေးထား တဲ့ အထက်လူကြီး အနား မှာပဲ တစ်ချိန် လုံး နေပေးကြ ရ တာလည်း ရှိပါတယ်။ 

လူကြီးဗေ ဒင်မေး သွားရင်လည်း လိုက်ပို့ ရ တယ်။ တရားထိုင် သွားရင်လည်း လိုက်ပြီး စောင့်ပေးရတယ်။ ဆံပင်ညှပ်ဆိုင်၊ ဗြူတီ ပါလာဆိုင် သွားရင်လည်း အဖော် လိုက်ပေး ကြရတယ်။ ရုံး အားရက် မျိုးမှာ လူ ကြီး က စီးပွားရေး လုပ်ငန်းချဲ့ထွင် ဖို့၊ အိမ်ခြံမြေကွက် ၀ယ်ယူဖို့ စုံ စမ်းမေးမြန်း လှည့်လည် ရာမှာ လည်း မငြင်း ဆန်နိုင်ဘဲ လိုက်ကြ ရတယ်။ ဒီလိုဖြစ်စဉ်တွေ အများ ကြီးရှိပါတယ်။

မြန်မာ့ ၀န်ထမ်း အဖွဲ့ အစည်းများ အကြားမှာ ဌာနဆိုင်ရာ အကြီးအကဲတွေ ရဲ့ လုပ်ပိုင်ခွင့် တွေနဲ့အတူ လွဲမှားပြီး ဘက်လိုက်မှု ရှိတဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှု များကြောင့် နိုင်ငံတော် ရဲ့ ၀န်ဆောင်မှု၊ ထုတ်လုပ်မှု ကဏ္ဍ များစွာမှာ ဆုံးရှုံးမှု များစွာ ရှိနေတယ် လို့ ဆိုချင်ပါတယ်။

 မြန်မာ့ လူနေမှုပုံစံ အရင်းခံ အကြောင်းတရား များနဲ့ အပြန်အလှန် နားလည် မှုများ၊ အပေး အယူလုပ်မှု များ။ အဂတိ လိုက်မှုများ ပေါင်းစပ်လိုက်တဲ့ အခါ ‘အကျင့်ပျက် ၀န်ထမ်းများ’ လို့ ဆိုနိုင်မယ့် အလွှာကြီး တစ်ခု အားကောင်း စွာ တည်ရှိနေပါတော့တယ်။

ရာထူး ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ၀န်ထမ်းအား လုံးသည် နိုင်ငံတော် ရဲ့ လခစား အလုပ် သမား များ ဖြစ်ပါတယ်။ အလုပ် သမား ဆိုတာ ကိုယ်ယူ ထားတဲ့ အခကြေးငွေ နဲ့ ညီမျှ အောင် အလုပ်လုပ် ရပါ မယ်။ ပို၍ ပို၍ ကောင်းအောင်၊ လုပ်နိုင်အောင် လည်း အားထုတ်နေရပါ မယ်။ ခိုမယ်၊ ကပ်မယ်၊ အခွင့် အရေး ယူမယ် ဆိုရင် မသင့်တော်ပါ ဘူး။

 နိုင်ငံတော်ရဲ့ အလုပ်သမားတွေ ထဲမှာ တောင်သူ လယ်သမား တွေ၊ ကာယဉာဏ လုပ်သားတွေ၊ ပုဂ္ဂလိက၊ အစိုးရ ၀န်ထမ်းတွေ၊ စီမံကွပ်ကဲ အုပ်ချုပ်သူတွေ အားလုံး ပါပါတယ်။ လုပ်ငန်းတစ်ခု ဟာ ပိုင်ရှင် က စိတ်စေတနာကောင်း ရှိမယ်၊ ဖွဲ့စည်း လည်ပတ် ရပ်တည်မှု လည်း ခိုင်မာမယ်၊ အလုပ် သမား တွေက လည်း ကြိုးစား မယ်ဆိုရင် အောင်မြင်မှာ သေချာပါတယ်။ နိုင်ငံတော် ကို ပိုင်တာက အထက် မှာ ဖော်ပြခဲ့ တဲ့ အလုပ်သမားတွေ အပါအ၀င် ကျုပ်တို့ပြည်သူတစ် ရပ်လုံး ဖြစ်ပါတယ်။ 

ဒီတော့ နိုင်ငံ တော်ရဲ့ ပိုင်ရှင်ဟာ နိုင်ငံတော် ရဲ့ အလုပ်သမားတွေ ပဲ ဖြစ်နေပြန် ပါတယ်။ ဒါကြောင့် ကျုပ် တို့ အားလုံးရဲ့ တာဝန်က ပိုပြီးကြီးပါ တယ်။

ယိုယွင်း ချည့်နဲ့ မှုများစွာကို တည့်မတ် ဖို့ ပြန်လည် အရှိန်ယူစ ပြုနေတဲ့ ကျုပ်တို့ နိုင်ငံတော်ကို ဆက်လက် လည်ပတ် ခရီးနှင် ဖို့ ပိုင်ရှင် တစ်ဖြစ်လဲ ကျုပ်တို့ အ လုပ်သမားတွေ ညီညီ ညွတ်ညွတ် ကြိုးစားဖို့ လိုအပ် ပါတယ်။ ဒါပေ မဲ့ အလုပ် သမားဆိုတာ ထိုက်သင့် တဲ့လစာ၊ ထိုက်သင့် တဲ့ အခွင့်အ ရေး ရမှ အလုပ်လုပ် ချင်စိတ်ရှိမှာ ဖြစ်ပါတယ်။ 

လစာနဲ့ အသုံးစရိတ် မကာမိ၊ မလုံလောက်တဲ့ အခါ အ လုပ်သမားတွေ က ထွက်ပေါက် ရှာတတ်ကြ ပါ တယ်။ ရပိုင်ခွင့် တွေ၊ လုပ်ပိုင်ခွင့်တွေ ကို လောဘ မသတ်နိုင်တဲ့ အခါ အကြီးအကဲ အသီးသီးက ထင် တိုင်းကြဲတတ် ကြပါတယ်။

ဒီဆောင်းပါး စစချင်း မှာ ကျုပ်တင်ပြခဲ့ သလိုပဲ ကိုယ့်အ လုပ် ကို မလုပ်ရ၊ ကိုယ့် တာဝန်ကို မထမ်းရ၊ မိသားစု အရေးကိစ္စ ထက် ကိုယ့် အထက်က လူကြီး မင်း များရဲ့ ပိုင်စိုး ပိုင်နင်း စေခိုင်း မှုများကြောင့်လည်း နစ်နာထိ ခိုက်နေရ သူတွေ အများကြီးရှိပါ တယ်။ နိုင်ငံ့ ၀န်ထမ်း အကြီးအကဲ တွေ ကလည်း အာဏာကို အလွဲ သုံးစား မလုပ်သင့်ပါဘူး။ လက် အောက်ငယ်သား အစိုးရ ၀န်ထမ်း တွေကလည်း တာဝန်ကို ရှောင် လွှဲပြီး လူကြီး အနားမှာ ကပ်မနေ သင့်ပါဘူး။

တစ်လတစ်လ နိုင်ငံတော် နဲ့ ပြည်သူ အတွက် ဘာမှ မလုပ် လိုက်ရဘဲ လစာ မှန်မှန် ထုတ်နေ သူတွေ များနေ ဦးမယ်ဆိုရင် ဒီမို ကရေစီနိုင်ငံတော်သစ် အတွက် အဟန့် အတားဖြစ်နေဦးမှာ ပါပဲ။ 

ကျုပ်တို့ အားလုံး ဟာ တက်ညီ လက်ညီ ရုန်းကန်နေကြ ရမယ့် နိုင်ငံတော်ရဲ့ အလုပ် သမားတွေ ဖြစ်တယ် ဆိုတာ မမေ့ဖို့ အရေး ကြီးပါတယ် ။   ။

7day
From...Search Myanmar
 

No comments:

Post a Comment