*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 18 February 2014

လင်းယုန်ငှက် ပုံပြင်


♥ လင်းယုန်ငှက်ပုံပြင် ♥
------------------------

လင်းယုန်ငှက်ဟာကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးငှက်
တစ်မျိုးဖြစ်ပြီး အသက် (၇၈) နစ်အထိအသက်ရှင်နေ
ထိုင်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည်
နေနိုင်ဖို့အတွက် သူတို့ ရဲ့အသက်(၄၈)နှစ်မှာ ခက်ခဲ
တဲ့ဖြစ်စဉ်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခု
ကိုချကြရပါတယ်။

သူ့အသက် (၄၈) နှစ်ရောက်တဲ့အခါမှာ သားကောင်ကို
ဖမ်းဖို့အတွက်သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီး
လာပါတယ်။ နှုတ်သီးတွေကလဲရင်ဘတ်ထိအောင်ရှည်
လာပြီးနောက် ကောက်လာပြီး အတောင်တွေကလဲ
အရမ်းလေးလာပါတယ်။ အမွှေးတွေကလဲအရမ်းထူလာ
တဲ့အတွက်ပျံရတာလဲအရမ်းပင်ပန်းလှပါတယ်။ သူ့မှာ
ရွေးချယ်စရာနှစ်လမ်းပဲရှိပါတယ်။ ဒီအတိုင်းနေပြီးဘာမှ
မလုပ်တော့ပဲအသေခံမလား၊ နာကျင်ခက်ခဲတဲ့ဖြစ်စဉ်တစ်ခု
ကိုဖြတ်သန်းပြီးအသက်ဆက်ရှင်မလားဆိုတာပါပဲ။ မစွန့်
စားပဲသေရတာထက်စာရင် စွန့်စားပြီးသေရတာကပိုပြီး
မြတ်ပါလိမ့်မယ်။

ဒါကြောင့်အလွန်မြင့်တဲ့တောင်တစ်ခုဆီပျံသန်းသွားပြီး
အသိုက်တစ်ခုတည်ဆောက်လိုက်ပါတယ်။ ပြီးတော့
ထပ်မပျံသန်းပဲ အဲဒီမှာပဲနားနေပါတယ်။ နာကျင်ခက်ခဲ
တဲ့ဖြစ်စဉ်ကိုကျော်ဖြတ်ဖို့အစကနေအဆုံးထိရက်ပေါင်း
(၁၅၀) နှစ်ထက်ဝက်နီးပါးကြာမြင့်ပါတယ်။

သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကိုကျောက်ဆောင်နဲ့
ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။ သည့်နောက်မှာတော့သူရဲ့
နှုတ်သီးအသစ်ထွက်လာတဲ့အထိတိတ်ဆိတ်စွာနဲ့စောင့်
ဆိုင်းနေခဲ့ရပါတယ်။ နှုတ်သီးအသစ်ထွက်လာချိန်မှာ
ဒီနုတ်သီးနဲ့ပဲ ခြေသည်းတွေကို တစ်ခုပြီးတစ်ခုဆွဲနှုတ်
ပြစ်ရပါတယ်။ ခြေသည်းအသစ်တွေထွက်လာချိန်မှာ
သူ့ရဲ့အတောင်တွေကိုတစ်ခုပြီးတစ်ခု နုတ်ပြစ်ရပြန်
ပါတယ်။ အတောင်ပံအသစ်တွေထွက်လာချိန်မှာတော့
သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ ရက်ပေါင်းက (၁၅၀)
ကြာသွားပါတယ်။ သည့်နောက်မှာတော့ သူဟာ
ပျံသန်းနိုင်ပြီဖြစ်ပြီး နောက်ထပ်နှစ်ပေါင်း (၃၀) ကြာ
အသက် (၇၈) နှစ်အထိ အသက်ရှင်နေထိုင်နိုင်ပါ
တော့တယ်။

ဒီအဖြစ်အပျက်ကတော့ (change) ဆိုတဲ့ပြောင်းလဲ
မူကိုပြောချင်တာပါ။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ 
တွေဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်
တွေချကြရပါတယ်။ ဘဝကိုအောင်အောင်မြင်မြင်
နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့ ကျွန်တော်တို့
ရဲ့အကျင့်ဆိုးတွေ ထုံးစံတွေကိုလွှင့်ပစ်ရပါလိမ်မယ်။
ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကို
လက်ခံချင်စိတ်ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေ
ကိုစွန့်ပစ်ရလိမ့်မယ်။ ကိုယ့်ရဲ့အစွမ်းအစတွေဖော်ထုတ်
နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်ဆောက်
နိုင်ရပါမယ်။

တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်တောင်သူ့ခန္ဓာကိုယ်မှာ
ရှိတဲ့မလိုလားအပ်တဲ့အင်္ဂါအစိတ်အပိုင်းကို နုတ်ပယ်နိုင်
သေးရင် အသိဉာဏ်ရှိတဲ့လူသားတွေကရော ကိုယ့်
ကိုယ်ကို အပြောင်းအလဲ မလုပ်နိုင်ကြတော့ဘူးလား။
လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲစွာပြောင်းရတာပါ။
လူသားတွေဖြစ်တဲ့ကျွန်တော်တို့က နာကျင်စရာမရှိပဲ
"အတွေးအခေါ်အဟောင်း အမူအကျင့်အဟောင်း
မကောင်းတဲ့စရိုက် တွေကိုမစွန့်လွှတ်နိုင်ကြဘူးလား
မပြောင်းလဲ နိုင်ကြဘူးလားဒီအတိုင်းဆက်သွားမလား"
ဆိုတာ စဉ်းစားစေချင်ပါတယ်။ တစ်ခုခုရကြပါစေ။ ☺

credit>>>>Luu Phyu
copy from #KoNaing
format, proofread & picture: Hlaing Bwa




လင်းယုန်ငှက် ဟာ ကမ္ဘာပေါ်မှာ အသက် အရှည်ဆုံး ငှက် တစ်မျိုးဖြစ်ပြီး  အသက် (၇၈) နစ်အထိ အသက်ရှင်နေ ထိုင်နိုင်ပါတယ်။ 

ဒါပေမဲ့ သူတို့ဟာ အသက် ရှည်ရှည် နေနိုင်ဖို့ အတွက် သူတို့ ရဲ့အသက်(၄၈)နှစ်မှာ ခက်ခဲ တဲ့ဖြစ်စဉ် အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခု ကိုချကြရပါတယ်။

သူ့အသက် (၄၈) နှစ်ရောက်တဲ့ အခါမှာ သားကောင်ကို ဖမ်းဖို့အတွက် သူ့ရဲ့လက်သည်းတွေ ဟာ စတင်ပျက်စီး လာပါတယ်။ နှုတ်သီးတွေ ကလဲရင်ဘတ်ထိအောင်ရှည် လာပြီးနောက် ကောက် လာပြီး အတောင်တွေကလဲ အရမ်းလေးလာပါတယ်။ 


အမွှေးတွေကလဲ အရမ်းထူလာ တဲ့ အတွက်ပျံရတာလဲ အရမ်းပင်ပန်းလှပါတယ်။ သူ့မှာ ရွေးချယ် စရာနှ စ်လမ်းပဲရှိပါတယ်။ ဒီ အတိုင်းနေပြီးဘာမှ မလုပ်တော့ပဲ အသေခံမလား၊ နာကျင်ခက်ခဲ တဲ့ဖြစ်စဉ်တစ်ခု ကိုဖြတ်သန်းပြီး အသက်ဆက်ရှင် မလားဆိုတာပါပဲ ။ မစွန့် စားပဲသေရတာ ထက်စာ ရင် စွန့်စားပြီးသေရတာကပိုပြီး မြတ်ပါလိမ့်မယ်။

ဒါကြောင့် အလွန်မြင့်တဲ့တောင်တစ်ခုဆီ ပျံသန်းသွားပြီး အသိုက် တစ်ခုတည်ဆောက်လိုက် ပါတယ် ။ ပြီးတော့ ထပ်မပျံသန်းပဲ အဲဒီမှာပဲ နားနေပါတယ်။ နာကျင်ခက်ခဲ တဲ့ဖြစ်စဉ် ကိုကျော်ဖြတ်ဖို့ အစ ကနေ အဆုံးထိရက်ပေါင်း (၁၅၀) နှစ်ထက်ဝက်နီး ပါးကြာမြင့်ပါတယ်။

သူဟာ ပထမဦးဆုံး သူ့ရဲ့နုတ်သီးကိုကျောက်ဆောင်နဲ့ ရိုက်ပြီးဖြုတ်ပြစ် ရပါတယ်။ သည့်နောက် မှာတော့သူရဲ့ နှုတ်သီးအသစ် ထွက်လာတဲ့ အထိတိတ်ဆိတ်စွာ နဲ့စောင့် ဆိုင်းနေ ခဲ့ရပါတယ် ။ နှုတ် သီးအသစ် ထွက်လာချိန်မှာ ဒီနုတ်သီးနဲ့ ပဲ ခြေသည်းတွေကို တစ်ခုပြီးတစ်ခုဆွဲနှုတ် ပြစ်ရ ပါတယ် ။

 ခြေသည်း အသစ်တွေထွက်လာချိန်မှာ သူ့ရဲ့ အတောင်တွေကို တစ်ခုပြီးတစ်ခု နုတ်ပြစ်ရပြန်
ပါတယ်။ အတောင်ပံ အသစ်တွေထွက်လာချိန်မှာတော့သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ ရက်ပေါင်းက (၁၅၀) ကြာသွားပါတယ်။ သည့်နောက်မှာတော့ သူဟာ ပျံသန်းနိုင်ပြီဖြစ်ပြီး နောက်ထပ်နှစ်ပေါင်း (၃၀) ကြာ အသက် (၇၈) နှစ်အထိ အသက်ရှင်နေထိုင်နိုင်ပါ တော့တယ်။



ဒီအဖြစ် အပျက်ကတော့ (change) ဆိုတဲ့ပြောင်းလဲ မူကိုပြောချင် တာပါ။ တစ်ခါ တစ်ရံမှာ ကျွန်တော်တို့  တွေဟာ ဘဝအသစ် အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက် တွေချကြရပါ တယ်။ ဘဝ ကိုအောင်အောင်မြင်မြင် နဲ့ ဆက်လက်ဖြတ်သန်း ချင်ရင်တော့ ကျွန်တော်တို့ ရဲ့ အကျင့် ဆိုးတွေ ထုံးစံတွေကိုလွှင့်ပစ်ရပါလိမ်မယ်။
 

ကျွန်တော်တို့ ဟာ အတွေးအခေါ်အသစ်တွေကို လက်ခံချင်စိတ် ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေ ကိုစွန့်ပစ် ရလိမ့်မယ်။ ကိုယ့်ရဲ့အစွမ်းအစတွေဖော်ထုတ် နိုင်ပြီး လှပတဲ့ အနာဂတ်အသစ်တွေကို တည်ဆောက် နိုင်ရပါမယ်။

တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန် ငှက်တောင်သူ့ခန္ဓာကိုယ်မှာ ရှိတဲ့ မလိုလားအပ်တဲ့ အင်္ဂါအစိတ်အပိုင်း ကို နုတ်ပယ်နိုင် သေးရင် အသိဉာဏ်ရှိတဲ့ လူသားတွေကရော ကိုယ့် ကိုယ်ကို အပြောင်း အလဲ မလုပ်နိုင်ကြတော့ဘူးလား။
 

လင်းယုန် ငှက်ဟာ နာကျင်ခက်ခဲ စွာပြောင်းရတာပါ။ လူသားတွေဖြစ်တဲ့ ကျွန်တော်တို့က နာကျင် စရာမရှိပဲ "အတွေးအခေါ် အဟောင်း အမူအကျင့် အဟောင်း မကောင်းတဲ့ စရိုက် တွေကို မစွန့် လွှတ်နိုင်ကြဘူးလား မပြောင်းလဲ နိုင်ကြဘူးလားဒီအတိုင်းဆက်သွားမလား"ဆိုတာ စဉ်းစားစေချင် ပါတယ်။ တစ်ခုခုရကြပါစေ။

credit>>>>Luu Phyu
copy from ‪#‎KoNaing‬
format, proofread & picture: Hlaing Bwa


 From...FB

No comments:

Post a Comment