*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 29 May 2014

လူ တို့၏ အရိုး ကို စေတီ တည်ကောင်း ပါသလား

Photo: From on line

မေး။ အရှင်ဘုရား...ရုပ်ရှင် မင်းသားတစ်ဦး ရဲ့ အရိုးပြာ နဲ့စေတီ တည်မယ် လို့ ကြားမိ ပါတယ်။ အဲဒါ ပုထုဇဉ် လူသား တစ်ဦးရဲ့အရိုးပြာနဲ့ စေတီ တည် ကောင်းပါသလား ဘုရား။
 
ပိုင်မင်းဦး (USA)

ဖြေ လောကမှာ စေတီ တည်ပြီး ကိုးကွယ် သင့်တဲ့ ပုဂ္ဂိုလ်လေးမျိုး ရှိပါ တယ်။ သမ္မာသမ္ဗုဒ္ဓဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ စကြဝတေးမင်း တို့ဖြစ် ပါတယ်။ 

ဘုရားရယ်၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာများက ကိုးကွယ် သင့်တဲ့ အ တွက် ထားပါတော့၊ လူပုဂ္ဂိုလ် တစ်ဦးသာဖြစ် တဲ့ စကြဝတေးမင်း က ဘာ ပြုလို့စေတီ တည်ပြီး ကိုးကွယ် သင့်သလဲ ဆိုရင် သူ့ခေတ် သူ့အခါက လူ တို့ ရဲ့ စီးပွားချမ်းသာ မှုကို ဆောင်ရွက်ပေးနိုင်ပြီး တရားနဲ့ အညီ အုပ်ချုပ် မင်းလုပ်နေသူ လည်းဖြစ်ပါ တယ်။

 လောက မှာ စကြဝတေးမင်း ဟာ တစ်ဦး သာဖြစ် တဲ့အတွက် အံ့သြဖွယ်ရာ လည်းဖြစ်၊ ထူးခြားတဲ့ အရာလည်းဖြစ် ပါတယ်။ ဒါကြောင့် စေတီ တည်ပြီး ကိုးကွယ်သင့်တဲ့ အထဲမှာ စကြဝတေး မင်း တစ်ဦး လည်း အပါ အဝင်ဖြစ်ပါတယ်။

(ဒီ၊၂၊၁၁၇-၈။ အံ။၁။ ၇၆၊၅၆၇။ အံ၊ဋ္ဌ၊၂၊၅၁)



ယခု အခါ ပုထုဇဉ် ရဟန်းတော် များ ဆရာတော်များ အား 'အရိုးအိုးစေတီ'တည် ထားကြတာ ကို တွေ့ရပါ တယ်။ ဒါနဲ့ ပတ်သက်ပြီး သီလ ရှိတဲ့ ပုထုဇဉ် ရဟန်းတော်များ ရဲ့အရိုးကို အရိုးအိုးစေတီ အဖြစ် တည် ထား ဖို့ ဘုရားရှင် က ခွင့်ပြုခဲ့မယ် ဆိုရင် သီလ ရှိတဲ့ပုထုဇဉ် ရဟန်းတော်များ မရေ မတွက်နိုင်လောက်အောင် များပြားလှပါတယ်။ 

ပုထုဇဉ် အရှင်မြတ်များ ပျံတော်မူတဲ့ အခါ အရိုးအိုးစေတီ တည်ကြမယ် ဆိုရင် နေရာအနှံ့ မရေ မတွက် နိုင်လောက်အောင် များပြား လွန်းလှပါတယ်။ ဒီလိုသာ ဆိုရင် လူတွေကိုး ကွယ်နိုင်တော့မှာ မဟုတ်တော့ ဘူး။ ဒါကြောင့် ဘုရားရှင် က သီလ ရှိတဲ့ပုထုဇဉ် ရဟန်းတော်များ ပျံတော်မူရင် အရိုး အိုးစေတီ တည်ထား ဖို့ အခွင့် မပေး ခဲ့ပါဘူး။ 
 (အံ၊ဋ္ဌ၊၂၊၅၁) လူသာမန် ဆိုရင်တော့ ဆိုဖွယ်ရာ မရှိတော့ပါ။

မေး။ အရှင်ဘုရား...ရဟန်းတော်များ မှာ ဒါယကာ၊ ဒါယကာမ တို့ရဲ့ပစ္စည်း လေးပါး အထောက် အပံ့ ရမှ သာ သာသနာပြုနိုင်ကြ ပါတယ်ဘုရား။ တစ်ခါ တစ်ရံ တချို့ ရင်းနှီးတဲ့ အိမ်တွေကို မလွှဲ မရှောင်သာသွား ရပါတယ်။ 


အဲဒီ အခါ မျိုးမှာ ရဟန်း သံဃာတော်များ ကြွလာမှန်း သိပါလျက် အဖက် မလုပ်၊ ခရီးဦး လည်း မကြို ဆိုတာ တွေ့ရပါတယ်။ ရဟန်းတော်များအတွက် စိတ်မကောင်း ရုံမှတစ်ပါး ဘာမှမတတ်နိုင်ပါ။ တပည့်တော် သိချင်တာက ဒီလို အိမ်မျိုးကို နောက် တစ်ခါ သွားသင့်၊ မသင့် ဆိုတာ သိချင်ပါတယ်ဘုရား။
 
မနွယ်နွယ်အေး(ရန်ကုန်)

ဖြေ။ လူတွေ ဟာ အလုပ်ကို အချိန်နဲ့ လုပ်နေကြရတဲ့ အတွက် ရဟန်းတော် များကို မအားလပ် တဲ့ကြားက ဧည့်ခံ ဖို့ရာ လုံးဝ မဖြစ်နိုင်ပါ။ သူတို့ ကိုယ်၌ က ရဟန်းတော်များ အား ကြည်ညိုကြတာ ရှိပါတယ်။ အကြောင်းကြောင်း ကြောင့် ဧည့်ဝတ် ချို့ယွင်းခဲ့ပေမယ့် ကြည်ညိုတဲ့ ဒါယကာများ က ရှိပါတယ်။ 

ဒါပေမဲ့ တချို့ကျတော့ ရင်းနှီး ကျွမ်းဝင်ပြီးသား ဒါယကာ အိမ်ကိုသွား တဲ့ အခါ အဖက်မလုပ်၊ ခရီး ဦးမကြို ဆို၊ လုံးဝကြည်ညိုမှု မရှိဘူးဆိုရင် နောက် တစ်ခါ မသွားမိအောင် သတိ ထားရပါ့မယ်။ ဒါယကာ များက ကိုယ့် ကို မကြည်ညိုဘူး ဆိုရင်တော့ နောက်တစ်ခါ သွားဖို့ရာ စဉ်းစားရပါ လိမ့်မယ်။
ဒါကိုတော့ ခွဲခြား သိဖို့လိုပါ လိမ့်မယ်။ 


ဒါနဲ့ ပတ်သက်ပြီး အင်္ဂ္ဂုတ္တရနိကာယ်၊ ကုလသုတ် မှာ ဟောတော်မူထားပါတယ်။ ဒါတွေက........ (၁) မြတ်နိုး သဖြင့် ခရီးဦး မကြိုဆိုခြင်း၊ 
(၂) မြတ်နိုး သဖြင့် ရှိမခိုး ကြခြင်း၊ 
(၃) မြတ်နိုး သဖြင့် နေရာထိုင်ခင်း မပေးကြခြင်း၊ 
(၄) ထင်ရှား ရှိတဲ့ လှူဖွယ် ဝတ္ထုကို ရဟန်း တို့အား လျှို့ဝှက် ကြခြင်း၊ 
(၅) လှူဖွယ် ဝတ္ထုများစွာ ရှိပါလျက် အနည်းငယ် ကိုသာပေးလှူခြင်း၊ 
(၆) မွန်မြတ်သော လှူဖွယ် ဝတ္ထု ရှိပါလျက် ရုန့်ရင်း ကြမ်းတမ်းသော လှူဖွယ်ဝတ္ထု ကိုပေးလှူကြခြင်း၊ 
(၇) ရိုသေစွာ မပေးလှူ ဘဲ မရို မသေပေးလှူ ကြခြင်း၊ 
(၈) တရား နာရန် ရဟန်းထံ သို့ မချဉ်းကပ် မနေ ထိုင်ကြခြင်း၊ 
(၉) ထို ရဟန်းဟောသော တရား များကို ရိုသေစွာ မနာ ယူကြခြင်း။ 

အထက်ပါဖော်ပြ ခဲ့တဲ့ အင်္ဂါ ကိုးချက်နဲ့ပြည့်စုံတဲ့ ဒါယကာ အိမ်သို့ ရဟန်းတော် များ မသွားရောက် သင့်ပါ။ တကယ်လို့ သွားခဲ့တောင် မှ ထိုင်နေဖို့ မသင့်ပါ။
(အင်္ဂ္ဂုတ္တရနိကာယ်၊ နဝကနိပါတ်၊ ပဌမပဏ္ဏာသက၊ သီဟနာဒဝဂ်၊ ကုလသုတ်)
  

 Flower News Journal
အတွဲ ၁၀ ၊ အမှတ် ၂၀ (မေလ ၂၅ ရက်နေ့ထုတ်)

From... Yangon Media Group

No comments:

Post a Comment