*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 7 April 2014

တိုက်တန်းနစ် ဇာတ်ကားမှာ အ၀တ်ဗလာနဲ့ ပုံတူဆွဲ ခံခဲ့မှုက ယခုထိ ခြောက်လှန့်နေဆဲဟု ကိတ်ဝင်းဆလက် ဆို


Photo: တိုက်တန်းနစ် ဇာတ်ကားမှာ အ၀တ်ဗလာနဲ့ ပုံတူဆွဲခံခဲ့မှုက ယခုထိ ခြောက်လှန့်နေဆဲဟု ကိတ်ဝင်းဆလတ်ဆို

Titanic ဇာတ်ကားတွင် သူမပါဝင် သရုပ်ဆောင်စဉ်က နာမည်ကျော်ခဲ့သည့် ဝတ်လစ်စားလစ် ပုံတူပန်းချီ အဆွဲခံသည့် ဇာတ်ဝင်ခန်းသည် တစ်ဘဝလုံးတွင် အရိပ်ပမာ ကပ်လိုက်နေသည့် ခြောက်လှန့်မှု ဖြစ်လာကြောင်း ကိတ်ဝင်းဆလက်က ဝန်ခံခဲ့သည်။ ဆယ်ကျော်သက် တက်သစ်စ မင်းသမီးလေး တစ်ဦးအဖြစ် Titanicတွင် ပွဲဦးထွက် ပါဝင်လာခဲ့စဉ်က ကိတ်သည် လီယိုနာဒို ဒစ်ကာပရီယို၏ ရှေ့မှောက်တွင် အဝတ်အစားများချွတ်ကာ ပုံတူပန်းချီ အဆွဲခံခဲ့သည်။
အဆိုပါ ဇာတ်ဝင်ခန်းသည် Titanic၏ အသက်အဝင်ဆုံး ပုံရိပ်တစ်ခု ဖြစ်ခဲ့သလို ကိတ်ကိုလည်း ဟောလီးဝုဒ်တွင် လူပြောများသည့် မင်းသမီးတစ်လက် ဖြစ်လာအောင် တွန်းတင်ပေးခဲ့သည်။ ကိတ်က အဆိုပါ ဇာတ်ဝင်ခန်းကြောင့် အောင်မြင်မှုများ ရှိခဲ့သလို စိတ်အနှောင့်အယှက် ဖြစ်စရာများသည်လည်း ယခုတိုင် တည်မြဲနေဆဲဟု ဖွင့်ဟခဲ့သည်။ (၁၉၉၇)ခုနှစ်က ရုံတင်သည့် ဇာတ်ကားတွင် ပါရှိသည့် ပုံတူပန်းချီ လက်ရာမျိုးပေါ်တွင် သူမကို အမှတ်တရ လက်မှတ်ထိုးရန် လာရောက်တောင်းခံသည့် ပရိသတ်များကို လုံးဝ မလိုက်လျောဖြစ်ခဲ့ဟု ကိတ်က ဆိုသည်။
အသက်(၃၈)နှစ် ရှိပြီဖြစ်သော အော်စကာဆုရှင် မင်းသမီးက “အဲဒီပုံတွေနဲ့ ကျွန်မကို အမှတ်တရ လက်မှတ်ထိုးပေးဖို့ လာတောင်းဆိုတဲ့ ပရိသတ်တွေ ရှိပါတယ်။ သူတို့ယူလာတဲ့ ပုံတွေပေါ်မှာ ကျွန်မဘယ်တော့မှ လက်မှတ် မထိုးပေးခဲ့ဘူး။ ပြောရရင် အဲဒီလို အချိန်မျိုး ကြုံလာတိုင်း ကျွန်မစိတ်ထဲမှာ မနေတတ် မထိုင်တတ် ဖြစ်လာတယ်။ ကျွန်မနေရာမှာ ဘယ်သူကရော သက်တောင့်သက်သာ ခံစားနိုင်မှာတဲ့လဲ။ လူတွေ အများကြီးက ကျွန်မရှေ့မှာ အဲဒီပုံလေးကိုင်ပြီး လက်မှတ် လာထိုးခိုင်းဖူးတယ်။ ဒီရုပ်ရှင်ဟာ ခုဆိုရင် (၁၇)နှစ် ကြာသွားပြီ။ ဒါပေမဲ့ ကျွန်မအတွက် ဘယ်တော့မှ မဟောင်းသွားတဲ့ ခံစားချက်မျိုး ဖြစ်နေတယ်”ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ ကိတ်က “ပြောရမယ်ဆိုရင် Titanicရဲ့ ဇာတ်ဝင်ခန်း တချို့ဟာ ကျွန်မကို ခုချိန်ထိ ခြောက်လှန့်နေတုန်းပါပဲ။ တွေးကြည့်ရင် ဒါက ရယ်စရာလည်း ကောင်းပါတယ်လေ”ဟုလည်း ဝန်ခံသွားသည်။ 
Planet
 
Titanic ဇာတ်ကားတွင် သူမပါဝင် သရုပ်ဆောင်စဉ်က နာမည်ကျော်ခဲ့သည့် ဝတ်လစ်စားလစ် ပုံတူပန်းချီ အဆွဲခံသည့် ဇာတ်ဝင်ခန်းသည် တစ်ဘဝလုံးတွင် အရိပ်ပမာ ကပ်လိုက်နေ သည့် ခြောက်လှန့်မှု ဖြစ် လာကြောင်း ကိတ်ဝင်းဆလက်က ဝန်ခံခဲ့သည်။ 

ဆယ်ကျော်သက် တက်သစ်စ မင်းသမီးလေး တစ်ဦးအဖြစ် Titanicတွင် ပွဲဦးထွက် ပါဝင်လာခဲ့စဉ်က ကိတ် သည် လီယိုနာဒို ဒစ်ကာပရီယို၏ ရှေ့မှောက်တွင် အဝတ်အစားများ ချွတ်ကာ ပုံတူပန်းချီ အဆွဲခံခဲ့သည်။
 
အဆိုပါ ဇာတ်ဝင်ခန်းသည် Titanic ၏ အသက်အဝင် ဆုံးပုံရိပ် တစ်ခု ဖြစ်ခဲ့ သလို ကိတ် ကို လည်း ဟောလီးဝုဒ် တွင် လူပြော များသည့် မင်းသမီး တစ်လက် ဖြစ်လာအောင် တွန်းတင်ပေးခဲ့သည်။ ကိတ်က အဆိုပါ ဇာတ်ဝင်ခန်းကြောင့် အောင်မြင်မှုများ ရှိခဲ့သလို စိတ်အနှောင့် အယှက် ဖြစ်စရာများ သည်လည်း ယခုတိုင် တည်မြဲနေဆဲဟု ဖွင့်ဟခဲ့သည်။ 
 
(၁၉၉၇)ခုနှစ်က ရုံတင် သည့် ဇာတ်ကားတွင် ပါရှိ သည့် ပုံတူပန်းချီ လက်ရာမျိုးပေါ် တွင် သူမကို အမှတ် တရ လက်မှတ်ထိုးရန် လာရောက်တောင်းခံ သည့် ပရိသတ်များ ကို လုံးဝ မလိုက်လျောဖြစ်ခဲ့ ဟု ကိတ်က ဆိုသည်။
 
အသက်(၃၈)နှစ် ရှိပြီဖြစ်သော အော်စကာဆု ရှင် မင်းသမီးက “အဲဒီပုံတွေနဲ့ ကျွန်မကို အမှတ်တရ လက်မှတ် ထိုးပေးဖို့ လာတောင်းဆိုတဲ့ ပရိသတ်တွေ ရှိပါတယ်။ သူတို့ ယူလာတဲ့ ပုံတွေပေါ်မှာ ကျွန်မ ဘယ်တော့မှ လက်မှတ် မထိုးပေးခဲ့ဘူး။ ပြောရရင် အဲဒီလို အချိန်မျိုး ကြုံလာတိုင်း ကျွန်မစိတ်ထဲမှာ မနေတတ် မထိုင်တတ် ဖြစ်လာတယ်။ 
 
ကျွန်မနေရာမှာ ဘယ်သူကရော သက်တောင့် သက်သာ ခံစားနိုင်မှာ တဲ့လဲ။ လူတွေ အများကြီးက ကျွန်မရှေ့မှာ အဲဒီပုံလေး ကိုင်ပြီး လက်မှတ် လာထိုးခိုင်းဖူးတယ်။ ဒီ ရုပ်ရှင်ဟာ ခုဆိုရင် (၁၇)နှစ် ကြာ သွားပြီ။ ဒါပေမဲ့ ကျွန်မအတွက် ဘယ်တော့မှ မဟောင်း သွားတဲ့ ခံစားချက် မျိုး ဖြစ်နေတယ်” ဟု ပြောကြားခဲ့သည်။ 
 
ဆက်လက်၍ ကိတ်က “ပြောရမယ်ဆိုရင် Titanicရဲ့ ဇာတ်ဝင်ခန်း တချို့ဟာ ကျွန်မကို ခုချိန် ထိ ခြောက် လှန့်နေတုန်းပါပဲ။ တွေးကြည့်ရင် ဒါက ရယ်စရာလည်း ကောင်းပါတယ်လေ”ဟုလည်း ဝန်ခံသွားသည်။
 
Planet
From...Myawady
 

No comments:

Post a Comment