*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 29 September 2013

အလုပ် အကိုင်နှင့် ကျွမ်းကျင် မှု ဖွံ့ဖြိုး တိုးတက်ရေး နည်းဥပဒေ ကို ရေးဆွဲလျက်ရှိပြီး သုံးလအတွင်း အကောင်အထည် ဖော်မည်




အလုပ် အကိုင်နှင့် ကျွမ်းကျင် မှု ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေ မူကြမ်းကို စတင်ရေးဆွဲလျက် ရှိပြီး သုံးလ အတွင်း အကောင် အထည် ဖော်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဥပဒေအကြံပေး ဦးသက်နိုင်ဦး က ပြောကြားသည်။

 

"အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေ မူကြမ်းကို အတည်ပြုပြီး ဖြစ်တဲ့ အတွက် အခုလက်ရှိ မှာ နည်းဥပဒေ ကို ပညာရှင်တွေ နဲ့ စတင်ရေးဆွဲလျက် ရှိပါတယ်။ ပြီးရင်တော့ အစိုးရ အဖွဲ့ကို တင်ပြ သွားမှာ ဖြစ်ပါတယ်။ 

နည်းဥပဒေ ကို သုံးလ အတွင်း အပြီးပြဋ္ဌာန်းနိုင် ဖို့ အကောင် အထည်ဖော် ဆောင်ရွက်သွားမှာပါ" ဟု အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမူ ဖူလုံရေး ၀န်ကြီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဥပဒေ အကြံပေး ဦးသက်နိုင်ဦး က ပြောကြားသည်။



အလုပ် အကိုင်နှင့် ကျွမ်းကျင် မှု ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေသစ် တွင် အလုပ်သမား များ သင့်လျော် မှန်ကန်သော အလုပ် အကိုင် ရရှိရေး ဆောင်ရွက်ခြင်း၊ အလုပ်သမားများ ၏ ကျွမ်းကျင်မှု ကို နိုင်ငံအဆင့် အသိ အမှတ်ပြု လတ်မှတ် ထုတ်ပေးရေး စနစ် တစ်ရပ် ထူထောင်ခြင်း၊ နိုင်ငံ အဆင့် အလုပ် အကိုင်ဆို င် ရာ "စံ" များ အပေါ် အခြေခံ၍ ကျွမ်းကျင်မှု လေ့ကျင့် သင်ကြားရေးအား တိုးမြှင့်လုပ်ဆောင်ခြင်း၊ အလုပ် သမားများအား လေ့ကျင့်သင်ကြား ပေးရေး အတွက် ကျွမ်းကျင် မှု ဖွံဖြိုး တိုးတက်ရေး ရန်ပုံငွေ ထူထောင်ခြင်းနှင့် အလုပ် သမား ကျွမ်းကျင်မှုနေ့ သတ်မှတ်ရေး တို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ယင်း ဥပဒေတွင် အလုပ် ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ် ချုပ် ဆိုခြင်း၊ အလုပ် အကိုင်နှင့် အလုပ် သမား ရှာဖွေခြင်း၊ အလုပ်သမား များ ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေ ထူထောင်ခြင်းနှင့် သုံးစွဲခြင်း၊ ကျွမ်းကျင် မှု ဖွံ့ဖြိုး တိုးတက်ရေးနှင့် လေ့ကျင့်ရေး အစီအစဉ်များ၊ ကျွမ်းကျင်မှု ယှဉ်ပြိုင်ပွဲများ ကျင်းပခြင်း၊ သင်တန်းကျောင်းနှင့် ကျွမ်းကျင် မှု စစ်ဆေး အကဲဖြတ်ရေး ဌာနများ မှတ် ပုံတင်ခြင်းနှင့် တည်ထောင် ဖွင့်လှစ်ခြင်း အပါအ၀င် အခန်း ၁၀ ခန်း ပါဝင်ရေးဆွဲ ထားသည်ဟု သိရသည်။

အလုပ် အကိုင်နှင့် ကျွမ်းကျင် မှု ဖွံဖြိုးတိုးတက်ရေး ဥပဒေ မူကြမ်းကို ဇူလိုင် ၃၀ ရက်တွင် ခေါ်ယူသည့် သတ္တမ အကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် မဲခွဲ ဆုံးဖြတ်ကာ အတည်ပြု ခဲ့ပြီး ဖြစ်သည်။

Eleven Media Group              
 From...Facbbook

No comments:

Post a Comment