*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 3 March 2014

ရန်ကုန်လေဆိပ် ကို အပြောင်း အလဲ ခပ်ကြီးကြီး လုပ်လိုက်ပြီ



March 2, 2014   
ရန်ကုန်လေဆိပ်မှာ အပြောင်းအလဲ ကြီးကြီးမားမား တွေကို ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း မြင်တွေ့ရပါမယ်။
ပြည်တွင်း ခရီးသည် ထွက်ခွာမယ့် အဆောင်က အရင်နေရာမှာ မဟုတ်တော့ပါ။ အရင်နေရာနဲ့ ကပ်လျက် အဆောက်အအုံ ဖြစ်သွားပါတယ်။


VIP အဆောက်အအုံလို့ အရပ်သားတွေခေါ်ကြတ့ဲနေရာပါ။ တခြားနိုင်ငံ ကခေါင်းဆောင်များ လာတ့ဲအခါ ကြိုပို့လုပ် အလေးပြုတဲ့နေရာပါ။ ပြင်ပက ကြည့်ရင် စုလစ်မွန်းချွန် ကနုတ်ပန်းများနဲ့ အလှဆင်ထားတဲ့ အဆောက်အအုံပါ။

အခုတော့ လူတွေသုံးဖို့ အဲ… အများတကာ သုံးဖို့ စီစဉ်လိုက်ပါပြီ။ check in လုပ်တဲ့ ကောင်တာတွေ က အဆောက်အအုံထဲ ၀င်ဝင်ချင်းမှာ ရှိပါတယ်။ အတွင်းပိုင်းမှာ မဟုတ်ပါ။
ဒီတော့ ခရီးသည်လိုက်ပို့သူတွေက check in ကောင်တာတွေအထိ ၀င်ပို့လို့ရနေပါပြီ။
အားလုံးအတွက် အဆင်ပြေစေသော အပြောင်းအလဲ ဖြစ်ပါတယ်။
ဒီအပြောင်းအလဲတွေကို လုပ်သင့်နေတာ ကြာပြီမဟုတ်လား။

“ရှယ်လုပ်ထားတယ်…”
  - “VIP ၀င်ထွက်တဲ့နေရာ ဆိုတော့ ယခင် အဆောက်အအုံထက်တော့ ပိုပြီးတော့ သားနားပါတယ်

  - “ကောင်းတယ်၊ departure ကို အကျယ်ကြီးပဲ လုပ်ထားတယ်…

 - စသဖြင့် လေယာဉ်ကွင်းထဲ မှာ ပြောသံတွေ ကြားရပါတယ်။
ယခင်ထက် ပိုကောင်းလာတဲ့ အတွက် နှစ်သက်ကြောင်း ပြောဆိုကြတာဖြစ်ပါတယ်။
လေယာဉ်ပေါ်မတက်ရခင် စောင့်ဆိုင်းတဲ့နေရာမှာ ဘာတွေ ရှိသလဲ….
 
ာပေရေချမ်းစင် ရှိပါတယ်။ သိပ်မဟောင်းသေးတဲ့ ဂျာနယ်တွေ ဖတ်နိုင်ပါတယ်။ တခြားစာအုပ် တွေ လည်း ရှိပါတယ်။ ဖတ်သူများလို့ ထင်ပါရဲ့…. နည်းနည်းလေးတော့ နွမ်းနေတာ တွေ့ရမှာပါ။လေယာဉ် တွေ ထွက်ခွာတဲ့အချိန်စာရင်း ပြတဲ့ ရုပ်မြင်သံကြားအောက်မှာတော့ ဂျာနယ်အသစ်တချို့ ရှိပါတယ်။
အဲဒါက ရောင်းတဲ့ဂျာနယ်များပါ။
အိမ်သာလည်း ရှိပါတယ်။
store & fast food လို့ ရေးထားတဲ့ဆိုင်လေးလည်း ရှိတဲ့အတွက် အဆာပြေ စားသောက်စရာ လိုအပ် သူများအတွက် အဆင်ပြေပါတယ်။ ခရီးသွားရာမှာ အသုံးဝင်တဲ့ ပစ္စည်းတချို့လည်း အဲဒီမှာ ၀ယ်နိုင်ပါ လိမ့်မယ်။
နံရံတွေ တိုင်အောက်ခြေတွေမှာ ပလပ်ပေါက်တွေ ဆင်မထားတဲ့ အတွက် ဖုန်းအားသွင်းလိုသူ၊ ကွန်ပြူတာ ကို ဘက်ထရီ ကြိုးတပ်ပြီး သုံးရမယ့်သူတွေအတွက်တော့ အခက်အခဲ ဖြစ်မှာ အသေအချာပါပဲ။ ပလပ်ပေါက်တွေ အမှန်တကယ် လိုအပ်ပါတယ်။
 
လုံခြုံရေးဂိတ်ကို ဖြတ်တဲ့ အခါ ကိုယ်ပေါ်မှာ သတ္ထုပ စ္စည်း ရှိရှိမရှိရှိ အသံမြည်ပါလိမ့်မယ်။ ပြီးရင် ခရီးသည် တိုင်းကို လုံခြုံရေးဝန်ထမ်းက သတ္ထုပစ္စည်း ရှာဖွေရေးကိရိယာနဲ့ စမ်းသပ်မှာပါ။ ဓား၊ ကပ်ကျေးလို မျိုး လေယာဉ်ပေါ် တင်ခွင့်မပြုတဲ့ပစ္စည်းတွေကို အိတ်ထဲ ထည့်လာမိတာတွေ သိပ်ရှိတော့ပုံ မရပေ မယ့် ရေပုလင်းတွေကိုတော့ ထည့်လာမိသူ အတော်များပါတယ်။

စ်ဆေးရေး ဂိတ် ဓာတ်မှန်စက် နားမှာ ရေ ပုလင်းတွေ၊ ဖျော်ရည် ပုလင်းတွေ အများအပြား တွေ့ရပါတယ်။
တချို့သော ခရီးသည်တွေ ကတော့ ရေကို တ၀ မော့သောက်ပြီးမှ သူတို့ ပုလင်းတွေကို ချန်ထား တတ်ကြ တာပါ။

အမျိုးသမီး ခရီးသည်တယောက် သူ့ပုလင်း အသစ်ကို ဖွင့်သောက်နေတာလည်း တွေ့ရပါတယ်။
လုံခြုံရေးဝန်ထမ်း က အဲဒီအမျိုးသမီးကို သေချာ အကဲခတ်ပြီး ပုလင်း ယူသွားဖို့ ခွင့်ပြုလိုက်ပါတယ်။
အဲဒီအမျိုးသမီးလည်း ကျေကျေနပ်နပ်နဲ့ ပုလင်းကိုင်ပြီးထွက်သွားပါတော့တယ်။
 

တချို့က ရေများများသောက်ဖို့ လိုအပ်တယ် မဟုတ်လား။ လေယာဉ်စောင့်ရချိန်ကလည်း ကြာတတ် သလို လေယာဉ် တချို့ကလည်း ထွက်ချိန် နောက်ကျတတ်ပါတယ်။
အင်း…ရေပုလင်းကိစ္စကတော့ ပြောစရာပါပဲ။ ဒီပုလင်း သိမ်းလိုက်သော်လည်း အဲဒီနေရာနဲ့ မလှမ်းမကမ်း မှာ ရေ၊ ဖျော်ရည်မျိုးစုံ ရောင်းနေတတ်ကြတာပဲမဟုတ်လား။ ပြီးတော့ ရေ ဆိုတာက အိမ်သာထဲက လက်ဆေးတဲ့ နေရာမှာ လိုသလောက် သွားယူလို့ ရနေပါတယ်။ လေယာဉ်ထဲရောက်လည်း ရေက အဲသလို ယူလို့ရနေပါတယ်။

မည်သို့ပင် အူကြောင်ကြောင် ကိစ္စ ဖြစ်သော်လည်း လုံခြုံရေးဂိတ်မှာ ရေပုလင်းတွေကို ထားခဲ့ရတဲ့ ထုံးစံကတော့ အမြဲတမ်း သို့မဟုတ် နှစ်ပေါင်းအတန်ကြာတဲ့အထိ တည်ရှိနေဦးမယ် ထင်ပါတယ်။
 အောက်ထပ်မှာ လူများလွန်းတဲ့ အခါ အပေါ်ထပ် ထိုင်ခုံများမှာလည်း သွားစောင့်နိုင်ပါတယ်။
ဒါကတော့ အပေါ်ထပ်က နေတွေ့ရတဲ့မြင်ကွင်းပါ။ အပေါ်ထပ်မှာ စားသောက်ဆိုင်၊ ကော်ဖီဆိုင်တို့ ရှိတဲ့အတွက် စောရောက်လို့ပဲဖြစ်ဖြစ် လေယာဉ်နောက်ကျလို့ပဲဖြစ်ဖြစ် ၀ယ်ယူသုံးဆောင်ဖို့ အစီအစဉ် ရှိတယ်ဆိုရင် ချက်ချင်း အကောင်အထည်ဖော်နိုင်တဲ့အခြေအနေ ရှိနေပါပြီ။
ကဲ… ခုန်ပျံကျော်လွှား ပြောင်းလဲခြင်း မဟုတ်သော်လည်း တရွေ့ရွေ့ ဖြစ်ပေါ်နေတဲ့ ရန်ကုန်လေ ဆိပ် ပြည်တွင်း ထွက်ခွာဆောင်ရဲ့ အပြောင်းအလဲတွေ ကတော့ အင်မတန် စိတ်ကျေနပ် ဖို့ ကောင်းတယ် လို့ ဆိုရမှာဖြစ်ပါတယ်။
 

ဧရာဝတီ Facebook / ဧရာဝတီ Twitter
From...Search Myanmar


No comments:

Post a Comment