*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 6 April 2014

ကိုယ့်ဘာသာ ကိုယ် selfie ရိုက်ပြီး ပို့စ် မလုပ်သင့်တဲ့ ဓာတ်ပုံ အမျိုးအစားများ



ခုချိန်မှာ ကိုယ့်ဘာသာ ကိုယ် selfie ဓာတ်ပုံရိုက်ပြီး လူမှု့ ကွန်ယက်တွေ မှာ ပို့စ်လုပ်လာကြ တာဟာ ထူးဆန်း တဲ့အရာတော့ မဟုတ်တော့ပါဘူး ။ ဒါပေမယ့် ဒီလို selfie ရိုက်ထားတဲ့ ပုံတွေထဲက ဘက်ဂရောင်း နေရာတွေ ကိုတော့ ကြည့်မိတဲ့သူ အမြင်မတော် မဖြစ်စေဖို့ ကိုယ့်ဘာသာ ကိုယ် အရင် ဆုံး ရွေးချယ်ပြီးမှ ပို့စ်လုပ်သင့်ပါတယ်။


 မြင်ရတဲ့သူတွေ လည်း စိတ်မသက်သာ၊ အာရုံလည်းနောက်၊ ကိုယ့်အတွက် လည်း မကောင်းဖြစ်စေမယ့် ပို့စ် မလုပ်သင့်တဲ့ selfie ပုံတွေရှိပါတယ်။ ဒါ့အပြင် တစ်ခြား လူသိရှင်ကြား ပို့စ်မလုပ်သင့်တဲ့ ပုံမျိုးတွေ လည်း ရှိနေပါသေးတယ်။

 အဲ့ဒါတွေကတော့

၁။အသုဘ အခမ်းအနား တစ်ခုမှာ ရိုက်ထားတဲ့ ပုံမျိုးတွေ လူမှုကွန်ယက်တွေ မှာ မတင်သင့်ပါဘူး။ ကိုယ့်ဘာသာ ကိုယ် selfie ရိုက်လို့ကောင်းတဲ့ နေရာတွေ မှ အများကြီးပါ။ အဲ့ဒါကိုမှ အသုဘ အခမ်း အနားမှာ selfie ရိုက်ပြီး ဖေ့စ်ဘွတ်ခ် လို နေရာမျိုးမှာ တင်ခြင်းဟာ တခြားလူတွေအတွက် စိတ်အနှောင့် အယှက် ဖြစ်စေပါတယ်။ 

ဒီလိုပုံကြီး news feed မှာ တက်လာမှာကို လည်း ဘယ်သူကများ သဘောတွေ့မှာလဲနော်။





၂။စစ်တမ်းကောက်ချက် အရ နောက်ထပ် ဖေ့စ်ဘွခ် သုံးသူတွေ သဘောမတွေ့တဲ့ ပုံမျိုးတွေထဲ မှာ ခြေထောက်၊ ခြေချောင်းတွေ ကို ဓာတ်ပုံရိုက် တင်ခြင်းပါတဲ့။ ဒါကလည်း လှလှပပလေး ဆို မဆိုး ပါဘူး လို့ မှတ်ချက်ပေးနိုင်ပေမယ့် ခြေထောက်တိုတို၊ တုတ်တုတ်တွေကို ဓာတ်ပုံရိုက်တင်တာမျိုးဆိုရင်တော့ စိတ်မသက်မသာ ဖြစ်စရာပါပဲ။





၃။အလုပ်မှာ ဓာတ်ပုံရိုက်တင်ခြင်း ဟာ သင့်ရဲ့ဘော့စ်ကို ငါ အလုပ်မလုပ်ဘူး၊ အားယားနေတယ် တွေ့လား ဆိုပြီး သက်သေပြလိုက်သလို ဖြစ်တာကြောင့် ရှောင်သင့်ပါတယ်။





၎။ ကားမောင်းသူရဲ့ နေရာမှာထိုင်ပြီး ပြုံးပြုံးကြီး ဓာတ်ပုံ ရိုက်တင်တာကလည်း နည်းနည်းတော့ အူကြောင်ကြောင်နိုင်လှပါတယ်။



၅။GYM ဆော့နေတုန်း ကိုယ်က ဓာတ်ပုံရိုက်တင်လိုက်ခြင်းဟာ ကိုယ့်အတွက်တော့ ငါဒါတွေ လုပ်နေတယ်ဆိုတာကို လူသိစေမှာ မှန်ပေမယ့် ကိုယ့်ဘေးနားမှာ ချွေးသံတရွှဲရွှဲနဲ့ လေ့ကျင့်ခန်းလုပ်နေသူ အတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စေမှာပဲလေ။ သူတို့မပါအောင် ကိုယ့်တစ်ယောက်တည်း ထောင့်တစ်ခုခုမှာ သွားထိုင်ရိုက်တာမျိုးဆိုရင်တော့ တစ်မျိုးပေါ့။





Ref:womenshealthmag.com 
မေသော် on 2014-04-05 

From...Search Myanmar

No comments:

Post a Comment