*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 15 April 2014

1G,2G, 3G, 4G ဆက်သွယ်ရေး စနစ် နှိုင်းယှဉ်ခြင်း



 အကြမ်းဖျဉ်း ရှင်းပြရုံလေးပါ။ အသေးစိတ် ကိုတော့ Wireless Communication နည်းပညာ စာအုပ်တွေ မှာ အကျယ် တစ်ဝင့် ရှင်းလင်း ထားပါတယ်။ 

ယခုက သာမန် လူတစ်ယောက် အနေနဲ့ အခြေခံ အားဖြင့် သိရှိရန် ရေးသား မျှဝေ လိုက်ရ ပါတယ်။ ... 

1G - အသံပဲ ပို့နိုင် ၊ရောက်နိုင် ပါတယ်။ အနီးစပ် ဆုံး ဥပမာ အနေနဲ့ ကတော့ တစ်ချိန် တုန်းက ပေါ်ခဲ့ဖူးတဲ့ ဆယ်လူလာ ဖုန်းတွေပါ။ ဆယ်လူလာတောင် Analogue Signal သုံးတဲ့ ဆယ်လူလာဖြစ်ပြီး လိုင်း က ပြတ်တောင်းပြတ်တောင်း ဖြစ် ပါတယ်။ 




 2G - အသံ အပြင်၊ Data ပါ Transfer လုပ်လို့ ရပါတယ်။ သူကတော့ ဒစ်ဂျစ်တယ် ဆယ်လူလာ အဆင့်ရောက်သွား ပါပြီ။ လက်ရှိ မြန်မာပြည်က ဆက်သွယ်ရေး စနစ် မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ GSM, CDMA, TDMA တို့ ဖြစ်ပါတယ်။ 

 2.5G - 2G ကို အဆင့် အနည်းငယ် မြင့်လိုက်တာပါ။ ဒီတော့ Data Rate ပိုမြင့် လာတာ ထူးခြား သွားပါ တယ်။ 

3G - သူကတော့ အသံလည်း ရ၊ အချက်အလက် လည်းရ၊ ဗီဒီယို signal ပါ ပို့လို့ရတဲ့ ဆက်သွယ်ရေး စနစ်ပါ။ အင်တာနက် ပါ အသုံးပြုလို့ ရပါတယ်။ လက်ရှိ ကမ္ဘာ မှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေ ဆဲပါ။ 3G, W-CDMA တို့လို ဆက်သွယ်ရေး စနစ် ဖြစ်ပါတယ်။ 

4G - 3G ထက် ပိုအဆင့်မြင့်သွား ပါပြီ။ LTE လို့ ဥရောပ မှာ ခေါ်ဆိုပေမယ့် 4G နဲ့ LTE မှာကွဲပြားမှု အနည်း ငယ် ရှိပါတယ်။ သို့ပေမယ့် တူတယ်လို့ အကြမ်းဖျဉ်း မှတ်ယူနိုင် ပါတယ်။ -- 


  Kyaw Htin
Ref: Cisco Aung Kham (TSJ team) Type the rest of your post here. 
From....မောင်ပညာ


 

No comments:

Post a Comment