*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***
Friday 25 October 2013
အရွယ်မရောက်သေးသော ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်ပါက သေဒဏ်ချမှတ်ပေးရန် ဘဘဦးသိန်းညွန့် အဆိုတင်သွင်းမှု ဒီနေ့  ပြည်သူ့ လွှတ်တော်မှာ (ဒုတိယမြောက်) ရှုံးနိမ့် ခဲ့ရ
သူငယ်ချင်းတို့ ရေ... 
အရွယ်မရောက်သေးသော ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်ပါက သေဒဏ်ချမှတ်ပေးရန် ဘဘဦးသိန်းညွန့် အဆိုတင်သွင်းမှု ဒီနေ့  ပြည်သူ့ လွှတ်တော်မှာ (ဒုတိယမြောက်) ရှုံးနိမ့် ခဲ့ရတယ်တဲ့...ဒါကို ကြည့်ခြင်းဖြင့် ကိုယ်တော့ ဘ၀င် မကျမိဘူး သူငယ်ချင်း။ 
ကိုယ်ကတော့ ဘဘ ဦးသိန်းညွှန့် တင်သွင်းတဲ့အဆိုကို အနာဂတ် ကလေး သူငယ် အမျိုးသမီးငယ် လေးတွေ ရဲ့  ဘ၀ လုံခြုံရေး ၊ လူအညွှန့် အချိုး မခံရစေဖို့  ရည်ရွယ်ပြီး ကိုယ်တို့ တွေ သေသွားတဲ့ အထိ အနာဂတ် ရင်သွေးတွေ အတွက် စိတ်ချ လုံခြုံမှု့ ရှိတဲ့ တိုင်းပြည် တစ်ပြည် ဖြစ်စေဖို့  ပြည်သူ့ လွှတ်တော်ရှေ့ မှာ ဒူးထောက်ပြီး ဥပဒေနဲ့  အကာအကွယ်ပေးတဲ့ ဒီအဆိုကို အတည်ပြုပေးဖို့  တောင်းဆိုခွင့်ရရင် ကိုယ်တော့ တောင်းဆိုချင်တယ်ကွာ...။
ကိုယ်တို့ တွေ သေသွားတဲ့ အချိန်... ကိုယ်တို့ ရဲ့ အနာဂတ် ရင်သွေးလေးတွေ မလုံခြုံနိုင်တဲ့ ဘ၀ ၊ အနာဂတ် ကလေး သူငယ် အမျိုးသမီး လူမမယ်လေးတွေ လူလား မမြောက်ခင် အညွှန့် ချိုး ဖျက်စီး ခံရမယ့် ဘ၀ ၊ နိမ့်ကျ ဆင်းရဲ့ တဲ့ ဘ၀တွေ ထဲက ကလေးသူငယ် လူမမယ် အမျိုးသမီးငယ်လေးတွေ မြေနိမ့် လှံစိုက် ခံရမယ် မြန်မာ အမျိုး သမီးငယ်လေးတွေ ဘ၀ လုံခြုံမှု့ မရှိမှတော့....ကိုယ့်လူတို့ ပဲ စဉ်းစားကြည့် မနေသင့် မနေအပ်တဲ့ အရပ်အဖြစ် မြန်မာပြည်ကြီး  မသိမသာ  ဖြစ်လာမှာကို ကြိုတွေးပေးကြပါလားဗျာ...။
မုဒိမ်းကောင်တွေ ရဲ့ ကြားမှာ ကလေးသူငယ် အမျိုးသမီးငယ်လေးတွေကို သားကောင်း ဖြစ်စေချင်ကြတာလားဗျာ....။ 
အခု တင်သွင်းတဲ့ အဆိုကို ရှုံးနိမ့် တာဟာ မုဒိမ်းကျင့် ခံရမယ့် ကလေးသူငယ်တွေ အတွက် အကာအကွယ်ပေးမှု့  ရှုံးနိမ့် တာပဲ သူငယ်ချင်း ။ အဲတော့ လူစိတ်မရှိတဲ့ မုဒိမ်းကောင်တွေ အတွက်တော့ သေမိန့် ဆိုတာ မရှိမှတော့ လောကကြီးမှာ ဒီကောင်တွေ အတွက် ကျင့်လည်ခွင့်တွေ ရှိနေနိုင်တော့မှာပေါ့...။ ဒါဆို တရားပါ့ မလား...။
လူတစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် အနည်းဆုံး လူ ၃ ယောက် မျက်ရည်ကျပြီး ၊ ကာယကံရှင်ရဲ့ အနာဂတ် ပျက်စီးမယ့် အရေးကို ပေါ့သေးသေး မတွေးသင့်ဘူး သူငယ်ချင်း...။
မိမိ နိုင်ငံရဲ့ ဥပဒေဆိုတာဟာ မိမိ တိုင်းပြည်နဲ့  မိမိ လူမျိုးအတွက်ပါ..။
နိုင်ငံတစ်နိုင်ငံရဲ့  ဥပဒေဆိုတာဟာ အဲဒီ နိုင်ငံရဲ  အခြေအနေ အပေါ်မှာပဲ မူတည်သင့်တယ် ။ မိမိ နိုင်ငံ ၊ မိမိ ယဉ်ကျေးမှု့  ၊ မိမိ လူမျိုး ၊ မိမိ ဓလေ့စရိုက် အပေါ်မှာ အခြေခံပြီး မိမိ တိုင်းပြည် နဲ့  မိမိ ပြည်သူ အတွက် ထိခိုက် နစ်နာ မှု့ မရှိအောင် အကာကွယ် ပေးတာပဲဖြစ်ရမယ်..။
မတူညီတဲ့ လူသားစံနူန်းတွေ ကြားမှာ မလိုအပ်ပဲ  နိုင်ငံတကာကိုကြည့်ကြည့်ပြီး  ကော်ပီ ကူဖို့ မစဉ်းစားကြစေချင်ဘူးဗျာ..။
လူမဆန်တဲ့ လုပ်ရပ်ကို လူ့ ပတ်ဝန်းကျင်မှာ မရှိမှသာ လူသားဆန်တဲ့ လူ့ အဖွဲ့ အစည်းတွေ နဲ့ အတူ လူသားဆန်တဲ့ ယဉ်ကျေးမှု့ တွေ ပေါ်ပေါက်လာမှာပဲ ဖြစ်တယ် သူငယ်ချင်း..။ 
အဲတော့ ဘဘ ဦးသိန်းညွှန့် တင်သွင်းသော ဒီအဆိုလေးကို ကလေးသူငယ် လူမမယ် အမျိုးသမီးငယ်လေးတွေကို မုဒိမ်းကောင်းတွေ ရဲ့ သားကောင် အဖြစ်မှ အကာအကွယ်ပေး ဖို့  နောက်တစ်ကြိမ်တင်သွင်းရင် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ညီညီ ညွတ်ညွတ်နဲ့  အတည်ပြုပေးကြပါစို့ လို့ လေးစားစွာဖြင့် တောင်းဆိုလိုက်ပါရစေ...။
ဘဘ ဦးသိန်းညွှန့် ခင်ဗျာ ဒီအဆိုကို လွှတ်တော်မှာ တတိယ အကြိမ် ပြန်လည်တင်သွင်းပေးပါရန် ပြည်သူများ အားလုံးကိုယ်စား လေးလေးစားစားနဲ့ မေတ္တာရပ်ခံ လိုက်ပါရစေခင်ဗျာ..။
(ဒီ Post ကို ကလေးသူငယ်တွေ ဘက်ကနေ အကာအကွယ်ပေးရန် ရည်ရွယ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ အားလုံး သိရှိစေရန် ရည်သန်လျှက် တစ်ဆင့် ပြန်လည် Share လုပ်ပေးကြပါလို့ တောင်းဆိုလိုက်ပါရစေ ခင်ဗျာ..)
လေးစားစွာဖြင့်....
ဘစည်(စင်ကာပူ)
22.10.2013
သူငယ်ချင်းတို့ ရေ... အရွယ်မရောက်သေးသော ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူး လွန်ပါ က သေဒဏ်ချမှတ်ပေးရန် ဘဘဦးသိန်းညွန့် အဆိုတင်သွင်းမှု ဒီနေ့  ပြည်သူ့ လွှတ်တော် မှာ (ဒုတိယမြောက်) ရှုံးနိမ့် ခဲ့ရတယ်တဲ့...ဒါကို ကြည့်ခြင်းဖြင့် ကိုယ်တော့ ဘ၀င် မကျမိဘူး သူငယ်ချင်း။ 
ကိုယ်ကတော့ ဘဘ ဦးသိန်းညွှန့် တင်သွင်းတဲ့အဆိုကို အနာဂတ် ကလေး သူငယ် အမျိုးသမီး ငယ် လေးတွေ ရဲ့  ဘ၀ လုံခြုံရေး ၊ လူအညွှန့် အချိုး မခံရစေဖို့  ရည်ရွယ်ပြီး ကိုယ်တို့ တွေ သေ သွားတဲ့ အထိ အနာဂတ် ရင်သွေးတွေ အတွက် စိတ်ချ လုံခြုံမှု့ ရှိတဲ့ တိုင်းပြည် တစ်ပြည် ဖြစ်စေ ဖို့  ပြည်သူ့ လွှတ်တော်ရှေ့ မှာ ဒူးထောက်ပြီး ဥပဒေနဲ့  အကာအကွယ်ပေးတဲ့ ဒီအဆိုကို အတည်ပြုပေးဖို့  တောင်းဆိုခွင့်ရရင် ကိုယ်တော့ တောင်းဆိုချင်တယ်ကွာ...။ 
ကိုယ်တို့ တွေ သေသွားတဲ့ အချိန်... ကိုယ်တို့ ရဲ့ အနာဂတ် ရင်သွေးလေးတွေ မလုံခြုံနိုင်တဲ့ ဘ၀ ၊ အနာဂတ် ကလေး သူငယ် အမျိုးသမီး လူမမယ်လေးတွေ လူလား မမြောက်ခင် အညွှန့် ချိုး ဖျက်စီး ခံရမယ့် ဘ၀ ၊ နိမ့်ကျ ဆင်းရဲ့  တဲ့ ဘ၀တွေ ထဲက ကလေးသူငယ် လူမမယ် အမျိုးသမီးငယ်လေးတွေ မြေနိမ့် လှံစိုက် ခံရမယ် မြန်မာ အမျိုး သမီးငယ်လေးတွေ ဘ၀ လုံခြုံမှု့ မရှိမှတော့....ကိုယ့်လူတို့ ပဲ စဉ်းစားကြည့် မနေသင့် မနေအပ်တဲ့ အရပ်အဖြစ် မြန်မာပြည်ကြီး မသိမသာ ဖြစ်လာမှာကို ကြိုတွေးပေးကြပါလားဗျာ...။ 
မုဒိမ်းကောင်တွေ ရဲ့  ကြားမှာ ကလေးသူငယ် အမျိုးသမီးငယ်လေးတွေကို သားကောင်း ဖြစ်စေ ချင်ကြတာလားဗျာ....။ ဒီ အဆို နဲ့  ပတ်သက်ပြီး ကိုယ်ကတော့ ဘက် ၂ ဖက်ကို ပဲ ကိုယ်တော့ မြင်မိတယ်.... မုဒိမ်းကျင့် ခံရမယ့် ကလေးသူငယ် အမျိုးသမီးငယ်လေးတွေရဲ့ ဘက် နဲ့  မုဒိမ်းမှု့  ကျူးလွန်မယ့် တဏှာရူး မုဒိမ်းကောင်တွေ ရဲ့  ဘက်ဆိုပြီးတော့ ပဲ မြင်တယ်..။ အခု တင်သွင်းတဲ့ အဆိုကို ရှုံးနိမ့် တာဟာ မုဒိမ်းကျင့် ခံရမယ့် ကလေးသူငယ်တွေ အတွက် အကာ အကွယ်ပေးမှု့  ရှုံးနိမ့် တာပဲ သူငယ်ချင်း ။ 
အဲတော့ လူစိတ်မရှိတဲ့ မုဒိမ်းကောင်တွေ အတွက်တော့ သေမိန့် ဆိုတာ မရှိမှတော့ လောက ကြီးမှာ ဒီကောင်တွေ အတွက် ကျင့်လည်ခွင့်တွေ ရှိနေနိုင်တော့မှာပေါ့...။ ဒါဆို တရားပါ့ မလား...။ လူတစ်ယောက်ရဲ့  လုပ်ရပ်ကြောင့် အနည်းဆုံး လူ ၃ ယောက် မျက်ရည်ကျပြီး ၊ ကာယကံရှင်ရဲ့  အနာဂတ် ပျက်စီးမယ့် အရေးကို ပေါ့သေးသေး မတွေးသင့်ဘူး သူငယ်ချင်း...။ 
မိမိ နိုင်ငံရဲ့  ဥပဒေဆိုတာဟာ မိမိ တိုင်းပြည်နဲ့  မိမိ လူမျိုးအတွက်ပါ..။ နိုင်ငံတစ်နိုင်ငံရဲ့  ဥပဒေဆိုတာဟာ အဲဒီ နိုင်ငံရဲ အခြေအနေ အပေါ်မှာပဲ မူတည်သင့်တယ် ။ မိမိ နိုင်ငံ ၊ မိမိ ယဉ်ကျေးမှု့  ၊ မိမိ လူမျိုး ၊ မိမိ ဓလေ့စရိုက် အပေါ်မှာ အခြေခံပြီး မိမိ တိုင်းပြည် နဲ့  မိမိ ပြည်သူ အတွက် ထိခိုက် နစ်နာ မှု့ မရှိအောင် အကာကွယ် ပေးတာပဲဖြစ်ရမယ်..။ မတူညီတဲ့ လူသားစံနူန်းတွေ ကြားမှာ မလိုအပ်ပဲ နိုင်ငံတကာကိုကြည့်ကြည့်ပြီး ကော်ပီ ကူဖို့ မစဉ်းစားကြစေချင်ဘူးဗျာ..။ 
 လူမဆန်တဲ့ လုပ်ရပ်ကို လူ့ ပတ်ဝန်းကျင်မှာ မရှိမှသာ လူသားဆန်တဲ့ လူ့ အဖွဲ့  အစည်းတွေ နဲ့ အတူ လူသားဆန်တဲ့ ယဉ်ကျေးမှု့ တွေ ပေါ်ပေါက်လာမှာပဲ ဖြစ်တယ် သူငယ်ချင်း..။ အဲတော့ ဘဘ ဦးသိန်းညွှန့် တင်သွင်းသော ဒီအဆိုလေးကို ကလေးသူငယ် လူမမယ် အမျိုးသမီး ငယ်လေးတွေကို မုဒိမ်းကောင်းတွေ ရဲ့  သားကောင် အဖြစ်မှ အကာအကွယ်ပေး ဖို့  နောက် တစ်ကြိမ်တင်သွင်းရင် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ညီညီ ညွတ်ညွတ်နဲ့  အတည်ပြုပေးကြပါစို့ လို့  လေးစားစွာဖြင့် တောင်းဆိုလိုက်ပါရစေ...။ 
ဘဘ ဦးသိန်းညွှန့် ခင်ဗျာ ဒီအဆိုကို လွှတ်တော်မှာ တတိယ အကြိမ် ပြန်လည် တင်သွင်းပေးပါရန် ပြည်သူများ အားလုံးကိုယ်စား လေးလေးစားစားနဲ့ မေတ္တာရပ်ခံ လိုက်ပါရစေခင်ဗျာ..။ 
 (ဒီ Post ကို ကလေးသူငယ်တွေ ဘက်ကနေ အကာအကွယ်ပေးရန် ရည်ရွယ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ အားလုံး သိရှိစေရန် ရည်သန်လျှက် တစ်ဆင့် ပြန်လည် Share လုပ်ပေးကြပါလို့ တောင်းဆိုလိုက်ပါရစေ ခင်ဗျာ..) 
 လေးစားစွာဖြင့်.... ဘစည်(စင်ကာပူ) 22.10.2013 
်From...Facebook
No comments:
Post a Comment