*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 11 April 2014

နေရပ်ပြန် မြန်မာလုပ်သားများအား တင်ဆောင်လာသည့် ခရီးသည်ယာဉ် ဒေါနတောင်ပေါ်တွင် ချောက်ထဲကျ၊ လူငါးဦး သေဆုံးပြီး ၄၀ ဦး ဒဏ်ရာရ

 
 
ချောက်ထဲ ထိုးကျနေသော ခရီးသည်တင် ယာဉ်နှင့် ဒဏ်ရာ ရရှိသူများ ဆေးကုသမှု ခံယူနေစဉ်.
နှစ်သစ်ကူး သင်္ကြန်ပွဲတော် အမီ နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သား များ လိုက်ပါ စီးနင်းလာသော အိုအေစစ် မှန်လုံ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ် သည် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကုန်သွယ်လမ်း ၌  ဘရိတ်ပေါက်ပြီး ချောက်ထဲ သို့ ထိုးဆင်း သွားသောကြောင့် ခရီးသည်ငါးဦး သေဆုံး ကာ ၄၀ ဦး ဒဏ်ရာရှိသွားခဲ့ကြောင်း သတင်းရရှိသည်။


နယ်စပ် ကုန်သွယ်လမ်း ယာဉ်တန်း အဆင်းနေ့ဖြစ်သော ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် မြ၀တီမှ ခရီးသည် ၄၅ ဦး တင်ဆောင် လာသော မြ၀တီ -ဖြူး-တောင်ငူ ယာဉ်လိုင်း မှ အိုအေစစ် မှန်လုံခရီးသည် ပို့ဆောင်ရေး မှန်လုံယာဉ် သည် တရုတ်ဖြူ တောင်နှင့် အလယ်ဗိုလ်တဲ ကြား ၊ မိုင်တိုင် အမှတ် ၈၄/၈၅ အရောက်တွင် ဘရိတ်ပေါက်ပြီး လမ်း၏ ဘယ်ဘက်ချောက်ထဲ သို့ ထိုးဆင်း သွားခဲ့ခြင်းဖြစ်သည်။


 


“ကားပေါ်ပါတဲ့ ခရီးသည် အများစုကတော့  တစ်ဖက်နိုင်ငံ မှာ အလုပ်လုပ်ပြီး သင်္ကြန်ပြန်လာတာ များပါ တယ်။ ခရီးသည် များနဲ့ အတူ ချောက်ထဲ လိမ့်ဆင်းသွားတာ။ သေဆုံး သူနှစ်ယောက်နဲ့  ဒဏ်ရာရသူ တစ်ဦး ကိုတော့ မြ၀တီ နာရေး ဥက္ကဋ္ဌကားနဲ့ တင်ပြီး ကော့ကရိတ်ကို သွားပို့ပါတယ်။ ကားထဲမှာ သုံးယောက် ညပ်နေတယ်။ ဆွဲထုတ်လို့ မရသေးပါဘူး” ဟု အခင်းဖြစ်နေရာ သို့ ရောက် ရှိနေသော  မြ၀တီ စေတနာ လူမှုကူညီရေး အသင်းသား ကိုဝတုတ်က ညနေ ၃ နာရီ အချိန်က ပြောကြား သည်။

 ချောက်ထဲသို့  ယာဉ် ထိုးဆင်းသွားခြင်းကြောင့် ဒဏ်ရာ ရရှိသောခရီးသည်များ အား ခရီးသည် ကားများဖြင့် လည်းကောင်း၊ ကော့ကရိတ် လူနာတင် ကားဖြင့် လည်းကောင်း၊ မြ၀တီမြို့ စေတနာ နာရေးကူညီမှု အသင်းကား နှစ်စီးဖြင့်လည်းကောင်း ကော့ကရိတ်ဆေးရုံ သို့ ကူညီပို့ဆောင်ပေးကာ အရေးပေါ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ညနေ ၃ နာရီကျော်သည် အထိ ချောက်ထဲမှ ကားအား လက်ရှိ ကရိန်းကားနှင့် ဆွဲတင်နိုင်ခြင်း မရှိ ၍ ကော့ကရိတ် မှ သစ်ဆွဲသော ကရိန်းကားများ အား တာဝန်ရှိသူများက ခေါ်ယူလျက်ရှိကြောင်း သိရသည်။

 

အခင်းဖြစ်နေရာ သို့ မြ၀တီစေတနာ နာရေး ကူညီမှုအသင်းမှ ဒေါက်တာ ကိုကိုအောင်၊ ဦးလှထွန်း၊ အရေးပေါ် ကယ်ဆယ်ရေးသင်တန်းမှ သင်တန်းသား၄၀ ကျော်တို့ သွားရောက် ကူညီဆောင်ရွက်ခဲ့ သလို ကော့က ရိတ်ဆေးရုံ သို့ ရောက်ရှိနေသော လူနာများအား ကော့ကရိတ် ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၊ ခရိုင်နှင့်မြို့နယ် မှ တာဝန်ရှိသူများ၊ ကော့ကရိတ် ၈၈ မျိုးဆက်နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ ၀င်းကြီး ရပ်ကွက်မှ လူငယ်များ၊ ကော့ကရိတ်သွေး အကူ ညီပေးရေး အဖွဲ့တို့မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


  on April 10, 2014

Written by: .....ကိုရွှေသိန်း (မြ၀တီ) 
 
From...Search Myanmar
 








No comments:

Post a Comment