
ရုရှားနိုင်ငံ မော်စကိုမြို့ တွင်နေထိုင်သော အသက် ၃၇ နှစ် အရွယ်ရှိ လူငယ်တစ်ဦးမှာ ဆန့် ကျင်ဘက် လိင် များကို စိတ်ကုန် သဖြင့် ၄င်း၏ ငယ်ပါ အား ကတ်ကျေး တစ်လက်ဖြင့် ဖြတ် တောက် ဖယ်ရှား မှု ပြုလုပ် လိုက်ကြောင်း Pravda သတင်းဖော်ပြချက် အရ သိရသည်။
မိမိ အနေဖြင့် မည်သည့် အမျိုသမီးနှင့် မျှ ဆက်ဆံမှု မပြုလိုသဖြင့် ကတ်ကျေးကို အသုံးပြု လိုက်ခြင်း ဖြစ်ကြောင်း၊ မိမိအော်ဟစ်သံ ကို ကြားရပြီးနောက် မိမိအား နီးရာဆေးရုံသို့ အချိန်မှီ တင်ပို့  ခဲ့သည့် အိမ်နားနီးချင်းများ ကို ကျေးဇူး တင်ကြောင်း အဆိုပါ အမည်မဖော်လိုသူ ကာယကံရှင် က ပြောကြားသည်။
အဆိုပါ ပုဂ္ဂိုလ်မှာ အန်ဒရီ အမည်ရှိ ၄င်း၏ချစ်သူ မိန်းကလေးနှင့် စကားများ ရန်ဖြစ်ပြီးနောက် အထက် ပါအတိုင်း ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
ရုရှားနိုင်ငံတွင် မကြာသေးမီ ကလည်း စပါးတပ်စ် မော်စကို မသန်စွမ်းဘောလုံးအသင်း မှ ဘောလုံး သမား တဦးမှာ ကတ်ကျေးအသုံးပြုပြီး ဖယ်ရှားမှု ပြုလုပ်ခဲ့သေးသည်။
Daily Mail
Myanmar Forward
From...Search Myanmar
 
No comments:
Post a Comment