*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 3 April 2014

လိပ်ရော့ခ်ကာ ခေါ် မာရီမြစ်လိပ် (Rocker Turtle)




ဆံပင်မွေး တစ်ထောင်ထောင် နဲ့ ရေညှိတက်နေတဲ့ ခေါင်းနဲ့ လိပ်ခွံကြောင့် သူ့ကို လိပ်ရော့ခ်ကာ (Rocker Turtle) လို့ နာမည်ပြောင် ပေးထားပါတယ်။ အမည်ရင်းကတော့ Mary River turtle ဖြစ်ပါတယ်။
သြစတေးလျနိုင်ငံ၊ Queensland အရှေ့ တောင်က Mary မြစ်မှာပဲ ရှိတာမို့ သူ့ကို မာရီမြစ်လိပ် လို့ခေါ်ဆိုခြင်
း ဖြစ်ပါတယ်။ 

အရွယ်အစား အားဖြင့် လက်မ ၂၀ လောက် ထိ အကြီးဆုံးတွေ့ရှိထားပါတယ်။ သြစတေးလျမှာ တစ်ချိန်တုန်း က အင်မတန် နာမည်ကြီးတဲ့ အိမ်မွေး တိရစ္ဆာန်တစ်မျိုး လည်း ဖြစ်ပါတယ်။ 
အခုတော့ အင်မတန် ရှားပါးနေပါပြီ။ မကြာမီ နှစ်များ အတွက် ကမ္ဘာပေါ်မှာ မျိုးသုန်းပျောက် ကွယ်တော့မယ့် လိပ်မျိုးစိတ် အဖြစ်လည်း သတ်မှတ်ထား ပါတယ်။

ကုန်းနေ၊ရေနေ လိပ်ဖြစ်ပြီး ရေထဲမှာ ခပ်မြန်မြန် ကူးခပ်သွားလာနိုင် ပါ တယ်။ အောက်ဆီဂျင် စုပ်ယူ အား ကောင်းတဲ့ ခန္ခာကိုယ်ကြောင့် ကုန်းပေါ် တောင် သိပ်တက်စရာ မလိုပါဘူး။ သို့သော်လည်း ကုန်းမှာ ပါ နေ ထိုင်တတ်တဲ့ လိပ်တစ်မျိုးလည်း ဖြစ် ပါတယ်။
 ရေညှိများ က ခေါင်းမှာရော၊ အခွံမှာ ပါ ပေါက်နေတတ်ပြီး မျက်လုံးများက အပြာရောင် အသွင် ရှိတတ် ပါတယ်။

လက်ရှိ အချိန်မှာ သြစတေးလျနိုင်ငံ ရဲ့  ဒုတိယမြောက် မျိုးသုန်းပျောက်ကွယ် ရန် နီးကပ်တဲ့ မျိုးစိတ် အဖြစ် အသတ်မှတ် ခံထား ရ ကြောင်း သိရပါတယ်။

Ref: wiki

အောင်ခမ်း (ရိုးရာလေး)


No comments:

Post a Comment