*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 31 March 2014

သမ္မတ ဦးသိန်းစိန် နှင့် အရှင် ၀ီရသူ တို့ရဲ့ မျိုးစောင့် ဥပဒေ ဒါတွေနဲ့ မဆိုင်. -(ဒါရိုက်တာ မိုက်တီး)-




 

ကျွန်တော်ရောက်ဖူး တဲ့ အနှိပ်ခန်း မှာ မိန်းကလေး အယောက် ၇၀ ရှိတယ်ဗျ ၊
နိုက်ကလပ် ကတော့ တော်တော် များများ ရောက်တယ် ၊
နိုက်ကလပ် တစ်ခု မှာ အနဲဆုံး မရှိဘူးဆို ကောင်မလေး အယောက် ၅၀ တော့ ရှိတယ် ၊

ကာရာအိုကေ တစ်ခုမှာ ဖျမ်းမျှ အယောက် ၄၀ ထား ၊
နောက် - စင်တင်မှာ က ၄၀ ပေါ့ဗျာ ။



နောက် - ခေါင်းလျှော်ဆိုင်ကို ၁၀ ယောက်နှူံ့းထား - အဲ. . ပြီးတော့
. . . .ဘိ ။
နောက်ပိုင်းက တနိုင်တပိုင်တွေများတော့ ဖျမ်းမျှ ၅ ယောက်နှုံးထား
(ဆရာကြီးလေသံဖြစ်သွားလို့ အထင်တော့ မကြီးလိုက်နဲ့အုံးနော် ဒါတော့ ကြားဖူးနားဝ ဗျ)



အဲ - နောက်တစ်ဆက်ထဲက
 

ပါဆယ် ဂျိုင့်ဆွဲ DHL များ

( ဒါလည်းမြင်ဖူးတာ ၊ နည်းပညာတွေက တိုးတက်လာတော့ အရွေးမမှားဖို့ အရေး ဖုံးထဲကနေ ဓါတ်ပုံလေး ပါပို့ပေးသေးတာဗျာ၊ ဝန်ဆောင်မှူ့တွေက အဲ့လို ခေတ်မီ ဖွံ့ဖြိုး တိုးတက်နေတာ ) ဒါကတော့ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ဆိုတော့ ... ထားပါ . .ဖျမ်းမျှ ၅ ယောက်ပဲထားအုံး ၊

ကဲ -
ရန်ကုန်တစ်မြို့ထဲမှာပဲ အဲဒီ မိန်းကလေးတွေ အားလုံးဘယ်နှစ်ယောက်တောင် ရှိမလဲ ပေါင်းကြည့်စမ်းပါဗျာ ၊

အယောက် ၄၀၀၀၀ ဆို များမယ် ထင်လား !
ကာရာအိုကေ တခု ထဲနဲ့ တင် ၅၀၀၀ ရှိတယ်နော် ၊
ဟ င်းးးးး !!!

အဲဒါ အသက် ၁၆ နှစ် ကနေ ၃၀ အတွင်း မိန်းကလေးတွေဗျ ၊ အမျိုးသမီးရေးရာ ဘာပြောမှာလဲ !
လူမှူ့ဝန်ကြီး ဘာပြောမလဲ !!
အစိုးရ ဘာလုပ်ပေးမလဲ !
ဘာလုပ်ပေးခဲ့လဲ !

နောင်တစ်ခေတ် လွှတ်တော်ထဲလား ?
အမျိုးသမီးများရဲ့နိုင်ငံရေးဦးဆောင်မှူ့ အခမ်းကဏ္ဍလား ?. . .



ကဲဘယ်လိုလုပ်မလဲ ?

ဒါက တိတိကျကျ ဝမ်းရေးအတွက် ရှာဖွေစားသောက်နေကြရှာတဲ့ ကလေးတွေ နော် ၊
ဒိုင်ရှို အကြီးစားတွေ မပါသေးဘူး -
ကုမ္ပဏီတောက်တိုမယ်ရ နဲ့ အိမ်ဖေါ်မပါသေးဘူး ၊

ပြီးတော့ အဆိုးဆုံးက -
မခိုင်းသင့်မခိုင်းအပ်ရာ မတန်မရာကို လူ့ဂုဏ်သိက္ခာမဲ့စွာ အလုပ်လုပ်ပေး နေကြရတဲ့ . .
. လမ်းဘေး အရက် ဘီယာဆိုင်တွေမှာ စီးကရက် အရက် လိုက်ကြော်ငြာပေးနေရ သူလေးများ မပါသေးဘူး ၊
( အရှင် လတ်လတ် လူညွှန့် တုံးကာ ဘဝပျက်စေတာ )

ကဲ - အဲဒါ ရန်ကုန်တစ်မြို့ထဲဗျ
ပြီးရင် တစ်တိုင်းပြည်လုံးကို တွက်. . .
နောက် ပြည်ပမှာ ထွက်လုပ်နေကြရတဲ့ သူလေးတွေကိုတွက် -
ဟာာာ !!!
ဒါ ဖါ နိုင် ငံ မှ ဟုတ် ရဲ့ လား ¿¿

. . . . . . . ပြီးတော့ အဲဒါတွေ အားလုံးအတွက် အကျိုးဆက် . . . . .

နောက် . . .
နောက် . . .
နောက် . . . အာ့  ¡¡

အသက် ရှူ လို့ တောင် ရ ပါ အုံး မ လား ဗျာ


Mike Tee (ဒါရိုက်တာ မိုက်တီး)

 


Tomorrow သတင်းဂျာနယ်မှဆောင်းပါး။
 ၁၃ ၃.၂၀၁၄

From...သူ၇ိယ

  

No comments:

Post a Comment