မြန်မာပြည်
တစ်နံတစ် လျားမှာ အခြေခံ ပညာ ကျောင်းများ စတင် ဖွင့်လှစ် ခဲ့ပြီး
ကျောင်းစတင် တက်ရောက် ကြရသည့်နေ့ မှာပင် သဲကုန်းမြို့နယ်
ပုတီးကုန်း မှာတည်ရှိသော အခြေခံ ပညာအထက် တန်းကျောင်း မှာ ကျောင်းပြိုကျ သဖြင့်
ကျောင်းသူကျောင်းသား ၁၇ ဦး ထိခိုက် ဒဏ်ရာ ရရှိသွား ပြီး
ဆေးရုံတင် ထားရကြောင်း သိ ရှိသည်။
ထို သဲကုန်းမြို့နယ် ပုတီး
ကုန်း အထက်တန်းကျောင်း မှာ ၁၉၅၂ ခုနှစ်က ဆောက်လုပ် ခဲ့ သော ကျောင်း ဟု ဆိုသည်။
ကျောင်းကြီးရယ်....အို ဟု ဆိုရ တော့မည်လား ။ သက်တမ်း က မနည်းတော့ပြီကိုး။
မည်သို့ပင် ဆိုစေ ကျောင်း စတင် တက်ရောက်ကြရ ချိန်မှာ
ကျောင်းသူကျောင်းသား ကလေး သူငယ်များ ထိခိုက် ဒဏ်ရာ အနာ တရနှင့်
ဆေးရုံ တက်ကြရသည် ဆိုသည့် သတင်းမျိုး ကို ကြားသိ ရသည်မှာ စိတ်ထိခိုက် ရပါသည်။
ဤသို့ စာသင်ကျောင်းကြီး အိုမင်း သဖြင့် ကျောင်းပြို ကျသည့် အဖြစ်မျိုး ၂၀၁၂ ဇူလိုင်လ ၂၃ ရက် ကလည်း စစ်ကိုင်း တိုင်း၊ မုံ ရွာမြို့ အမှတ် (၂) အထက်တန်း ကျောင်းမှာ ဖြစ်ခဲ့ဖူးသေးသည်။
ထိုစဉ် ကလည်း ကျောင်းအိုကြီး ၏ ၀ရန်တာ ပြိုကျ ခဲ့ရာ ၀ရန်တာ မှာ ရပ်နေသော ကျောင်းသား၊ ကျောင်း သူ ၃၁ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြသဖြင့် ဆေးရုံ တင်ခဲ့ကြရသည်။ ကျောင်းအို များ ပြိုကျသည့် သတင်းနှစ်ခု လုံးမှာ ဒဏ်ရာပြင်းထန် သည့် ကျောင်း သူကျောင်းသားတွေ ရှိခဲ့သည်။
မြန်မာပြည် က စာသင် ကျောင်းတွေ အိုမင်းကြ၊ ပြိုကျ ကြရသည် ကို မြင်တွေ့ကြရ၊ ကြားသိကြ ရသော ပြည်သူ လူထု အတွက် အမှန် တကယ်ပင် စိတ် မသက် မသာဖြစ်ကြရသည်။ စာ သင်ကျောင်းများ ပြိုကျသည် မှာ ဆန်းတော့ မဆန်း။ မြန်မာပြည် ၏ ပညာရေး ဘတ်ဂျက်နည်းပါး ခဲ့ ပြီး စာသင်ကျောင်း များကို ခိုင်ခိုင်မာ မာ သစ်သစ် လွင်လွင် မဆောက် လုပ်ခဲ့သည်မှာ မည်မျှကြာပြီ နည်း။
၁၉၆၂ ခုနှစ် နောက်ပိုင်း စစ်အာဏာ သိမ်းပြီးချိန်မှ စတင်၍ တိုင်းသူပြည်သား တို့၏ ပညာရေး၊ ကျန်းမာရေး ကိစ္စများသည် အ ရေးမကြီး။ အရာ မ၀င်။ အဓိက မကျ။ ပြည်တွင်း စစ်စရိတ်သည် သာ အဓိက။
မြန်မာ့ ပညာရေးမှာ ကျောင်း အဆောက်အအုံနှင့် ပတ် သက်လျှင် အင်္ဂလိပ်များ အုပ်ချုပ် ချိန်က ဆောက် လုပ်သွားခဲ့ကြ သော သာသနာပြုကျောင်းများ၊ လွတ်လပ်ရေးခေတ် အလွန် ဖ.ဆ.ပ.လ အစိုးရလက်ထက် က (ပြည်တော်သာ စီမံကိန်းဖြင့်) ဆောက်လုပ်ခဲ့သော E ပုံသဏ္ဌာန် ကျောင်း အဆောက် အအုံများနှင့် သာ နှစ်ပါးသွားခဲ့ကြသည် မဟုတ် ပါလော။
မြန်မာပြည်မှာ စာသင် ကျောင်း အဆောက်အအုံကောင်း မှန်သမျှ ကို လိုက်လံလေ့လာ ကြည့်ရှုပါ။ ၁၉၆၂ ခုနှစ် စစ်အစိုးရ တက်ပြီးသည်မှ စတင်၍ တစ်ပြည်လုံး အတိုင်း အတာနှင့် ကောင်းကောင်း မွန်မွန် ခိုင်ခိုင် ခံ့ခံ့ထည်ထည် ၀ါဝါ ဆောက်လုပ်သော စာသင်ကျောင်း ဟူ၍ မရှိသလောက်ရှားသည်။
စစ်အစိုးရ ခေတ် အဆက် ဆက် အာဏာပိုင် တို့က စာသင် ကျောင်းဆောင် သစ်များကို ဖဲကြိုး ဖြတ်ကာ ဟန်ရေး တပြပြ၊ ခြေတ ကြွကြွ၊ ပူစီဖောင်း လှလှတွေကို ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်ပေးခဲ့ကြ ပါသည်။ ထိုကျောင်း အများစု သည် ပြည်သူလူထု က ကိုယ်ပိုင်၊ ကိုယ်တိုင် ငွေကြေး ထည့်ဝင် လှူ ဒါန်းပြီး စုပေါင်းဆောက်လုပ် ခဲ့ ကြရသော ကိုယ်ထူ ကိုယ်ထ စာ သင်ကျောင်းများ သာဖြစ်သည်။ သူကြီးဘုရား ရွာသားကောင်း မှု စာသင်ကျောင်းများဟု သာ ဆိုကြ ပါစို့။
ကျွန်မ မှတ်မိနေပါသည်။ ကျွန်မ ၏ အသက် (၁၂) နှစ်သမီး သတ္တမတန်း အထိ ကျောက်ပန်းတောင်း မြို့နယ်၊ လက်ပန်ပြားကျေးရွာ အလယ်တန်း ကျောင်းမှာ ပညာ သင်ခဲ့ရသည်။ ကျွန်မ တို့ရွာမှ အလယ် တန်း ကျောင်းကလေး အတွက် ကျွန်မ တို့ ရွာသူ ရွာသားတွေ ငွေကို ကိုယ်တိုင် ထည့်ဝင် စုပေါင်းဆောက် လုပ်ခဲ့ကြရသည်။
စာသင်ခုံ အတွက်လည်း ကိုယ်တိုင်ငွေကြေး ထည့်ဝင် ခဲ့ကြရ။ ဖျာကြမ်း တစ်ချပ်ပေါ် စုပြုံ ထိုင်လျက် ပညာ ရည်နို့ ကို စတင်သောက်စို့နေရ ဆဲ။ ဖျာကြမ်း တစ်ချပ်နှင့် မလုံလောက်လျှင် မြေကြီးပေါ်မှာ သာ ထိုင်၍ သင် ယူစေ။မြန်မာပြည်ကျေးလက် က သူငယ်တန်း ကလေးသည် ခွေး အဆင့်ထက် ဘ၀ မမြင့်သေး ။
ကျေးလက် ဆိုပြန်တော့ ဆင်းရဲသား များဖြစ်ကြ ၍ မိမိ ကလေးငယ် ကျောင်းနေစ အရွယ်မှာ စာသင်ခုံ လိုအပ်သည် ကိုလည်း နားမလည်။ လှူဒါန်းနိုင် ဖို့လည်း ငွေကြေး အခက်အခဲ ရှိသေးသည်။ရှိစေတော့။ ကျေးလက်ဒေသ မှာ ပေကိုး။
ကျွန်မ သည် ရန်ကုန်မြို့ တော်ကြီး ကို ၁၉၇၂ ခုနှစ် စာသင် နှစ်မှ စ၍ ပြောင်းရွှေ့ကာ ပညာ သင်ကြား ခဲ့သည်။ စမ်းချောင်းမြို့ နယ် အမှတ် (၄) အထက်တန်း ကျောင်း မှာ စတင် တက်ရောက်ခဲ့ သည်။ ကျောင်း ၀င်သည်နှင့် မိမိ ထိုင်ရန် ထိုင်ခုံ အတွက် စာသင် ခုံ ဖိုး လှူဒါန်း ခဲ့ရပြန်သည်။ ဒီလို လှူဒါန်း ရသည် ကိုလည်း မိမိ တာ ၀န်ဟုသာ ထင်သည်။
အခွန်အ ကောက် ယူထားသော အစိုးရ ၏ တာဝန်မဲ့ လုပ်ရပ် ဟု မသိခဲ့။ အစိုး ရ မှာ တာဝန်ရှိကြောင်း နားမ လည်။ ပြည်သူလူထု မှ ပေးဆောင် ထားသော အခွန် ဘဏ္ဍာမှ ပညာ ရေး ဘတ်ဂျက်ကို လုံလောက် အောင်ပေးထား လျှင် စာသင်ခုံ အ ခမဲ့ ရနိုင်မည်ကို မိဘများကိုယ် တိုင် မသိ။ မည်သူမျှ လည်း အထွန့် မတက်တတ်။
မိမိ သားသမီး ပညာသင် ခွင့် ရရှိ ဖို့သာ သိခဲ့ကြ သည်။ ကျောင်း မှ တာဝန် ရှိ ဆ ရာ၊ ဆရာမ များက လိုအပ် သဖြင့် လှူဒါန်း ပါဟု ဆိုလျှင် လှူ လိုက်ကြမြဲ။ ထုံးစံ ဟုသာ ထင်မှတ်ကြ၏။
ထို ကာလ သည် ၁၉၇၂ ခုနှစ် အချိန်။ နှစ်ပေါင်းလေးဆယ် ကျော်ခဲ့ပြီ။ နှစ်ပေါင်းလေးဆယ် ကာလ အတွင်း ရန်ကုန်မြို့ပြ မှ စာ သင်ကျောင်း များ ပြုပြင်သည် ကို မမြင်ခဲ့ရ။ မြို့နယ် တိုင်းမှာပင်လွန်ခဲ့သော နှစ်ပေါင်းလေး ဆယ် ကျော် က အထက်တန်းကျောင်း လေးကျောင်း ရှိလျှင် ယခုလည်း လေးကျောင်း။ ယခင်က ငါး ကျောင်း ဆိုလျှင် ယခုလည်း ငါး ကျောင်း။ လူဦးရေ တိုးလာသော် လည်း ကျောင်း အရေအတွက် လည်း မတိုး၊ ကျောင်း အဆောက် အအုံလည်း မတိုး။
ရန်ကုန်မြို့ တော်ကြီး မှာ မြို့နယ်တိုင်း တွင် ခြောက်ထပ်၊ ရှစ်ထပ်၊ ဆယ်ထပ် ကွန်ဒို တိုက် အမြင့်ကြီးတွေ သာ နေရာ အနှံ့ဖြစ်လာခဲ့သည်။ စာ သင်ကျောင်းများ ကတော့ အရေ အတွက်ရော၊ အဆောက်အအုံ အနေ အထား ပါ တိုးတက် မလာ။ မူလ အတိုင်းသာ ရှိမြဲ။ ဒီလိုနှင့် တစ်ချိန်ကျောင်း မှ နှစ်ချိန်ကျောင်း ဖြစ် ။ နှစ်ချိန်ကျောင်းတွေ သုံးချိန် ခွဲတက်ရသော စာသင်ကျောင်း များ အဖြစ် ပြောင်းလဲသွားသည်။
အမှန် စင်စစ် လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်၊ ငါးဆယ် ကျော် က မြို့နယ်တိုင်း မှ စာသင် ကျောင်းများ၏ အခြေအနေ သည် ရန်ကုန်မြို့ကြီး မှာမှမဟုတ်။ မန္တ လေး၊ တောင်ကြီး၊ မြစ်ကြီးနား၊ စစ်တွေ၊ မကွေးစသော တိုင်းနှင့် ပြည်နယ် မြို့ကြီးများ မှာလည်း အ တူတူ ပင်ဖြစ်မည်။ နယ်ဒေသ ရှိ ခရိုင်၊ မြို့နယ် များလည်း အခြေ အနေ အတူတူ။
ဤသို့ပင် နှစ် ပေါင်းငါးဆယ်ကျော် အချိန်ကာ လရှည်ကြီး အတွင်း စစ်ဗိုလ်ချုပ် ကြီးများ ဦးစီးသော အစိုးရ များ၏ နိမ့်ကျနွမ်းပါး လှသော ပညာရေး ဘတ်ဂျက်အောက်မှာ စာသင် ကျောင်းအိုကြီး များကို ပြင်ချိန်တန် ၍ မပြင်နိုင်။ အသစ်ဆောက်ချိန် တန်၍လည်း မဆောက်နိုင်။ ပြည် တော်သာ စီမံကိန်းကဲ့သို့သော အင်နှင့် အားနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများ လည်း မရှိ။ ခေတ်ဟောင်း က ကျောင်းအို၊ ကျောင်းမင်းကြီး များ ကိုသာ သုံးစွဲ ရင်း ယခုတော့ ကျောင်းများ ပြိုကျနေကြချေပြီ။
မည်မျှ စိတ်ပျက်ဖွယ် သတင်းဆိုး ပေနည်း။ နောက်ထပ် ဆယ်နှစ် သာ ရှိလျှင် မြန်မာပြည် တစ်နံတစ် လျားမှ ပြိုကျ ရန် ဟန်ပြင်နေ သည့် ကျောင်းအို၊ ကျောင်းဆွေး များ အရေးသည် သုံးစွဲ မရအောင် ပျက်စီးတော့မည် ဟုသာ ခန့်မှန်း ရတော့မည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက် ပွဲ အပြီးကာလများ မှာတော့ ပညာ ရေး ဘတ်ဂျက် အနည်းငယ် တိုး တက် များပြား လာသည်နှင့် အတူ စာသင်ကျောင်း များ အသစ် ဆောက်မည် ဟု ကြားသိလာ ရ သည်။ ကျောင်း အဆောက် အအုံ အတွက် ငွေကြေး ဘတ်ဂျက်များ ချပေးနေသည် ဟု ဆိုသည်။ ဒီလို ဆိုလျှင် တိုးတက် လာပြီလား။ ဟုတ်ကဲ့။ အနည်းငယ် တိုးတက် လာပြီဟု ဆိုချင် သပဆိုလျှင် ဆို နိုင်သည်။
ရန်ကုန် က စမ်းချောင်း မြို့နယ် မှာတော့ ကျွန်မ အထက် တန်းကျောင်းသူ ဘ၀ ပညာ သင်ကြားခဲ့သော စမ်းချောင်း အ. ထ.က (၄) ကို တော်ဝင်မိသားစု ကုမ္ပဏီက အတော်လေး ကောင်းကောင်း မွန်မွန် ဆောက် လုပ် သွားသည်။ တော်ဝင်မိသားစု ကုမ္ပဏီပိုင်ရှင် မှာ မူ စမ်း ချောင်းဒေသ ခံဖြစ်သည်။ ထို့ ကြောင့် ကိုယ်တိုင် ပညာသင်ခဲ့ သောကျောင်းဖြစ် ၍ ကောင်း ကောင်း မွန်မွန် ဆောက်လုပ်ခဲ့ ဟန် တူသည်။ ကျေးဇူးတင်ပါ သည်။
သို့သော် အခြားနေရာ များ မှာ မထူးခြားသေး။ ကျောင်းသစ် များ တူတူ တန်တန် မမြင်မိသေးပါ။ ကျောင်း သစ် များ ဆောက်လုပ်ရန် ချထားသော ဘတ်ဂျက် ကို ပါမစ်နှင့် လုပ်စားနေသော စီးပွားရေးဈေးကွက် သစ် အကြောင်း ဝေဖန်ပြောဆို စရာ သတင်းတွေ ရှိနေသည်။
မြန်မာနိုင်ငံ သည် တစ်ပါး တခြား သူ နိုင်ငံ မဟုတ်။ မိမိ ကိုယ် တိုင်နေထိုင်သော နိုင်ငံ။ နိုင်ငံ တွင်းက စာသင်ကျောင်းများ သည် မိမိ တို့ သားသမီး၊ မြေးသား များ ပညာသင်ကြ ရမည့် စာသင် ကျောင်း များ ဖြစ်သည် ကို သတိ ပြုကြစေချင်သည်။
ကျောင်းသစ် များကို ကန်ထရိုက် ရယူထားသူ များ စေတနာလေးတွေ၊ မေတ္တာ လေးတွေ ထားရှိပြီး အလုပ် လုပ် တော်မူကြ ပါကုန်။ ပါမစ် ချသူက လည်း ငါ့ဘို့။ တစ်ဆင့် ပြန်လည် ရောင်းစား သူကလည်း ငို့ဘ။ ငါ့ ဘို့နှင့် ငို့ဘတွေကြောင့် ကျောင်း ပြိုကျ သဖြင့် အန္တရာယ်ကျရောက် ကာ ဒုက္ခရောက်ကြ ရမည်မှာ က လေးသူငယ် ကျောင်းသား အရွယ် တွေ ဖြစ်မည် ကို ပူပန်မိခြင်း ဖြစ် ပါသည်။
ကဲ...ငါ့ဘို့နှင့် ငို့ဘ သမား တို့ ရှင့်။ ငါ့ဘို့ ကျန်အောင် ချန်လို လျှင်ချန်။ စာသင်ကျောင်း များ အတွက် ဘတ်ဂျက် မှ စားဖို့ သာ ချန်။ စိန်ဖိုး၊ မော်တော်ကား ဖိုး၊ ခြံဖိုး၊ ရွှေတွေ သိန်းရာ ချီ၊ ထောင် ချီ မခိုးကြဘဲ ရိုးသားကြ ဖို့ မေတ္တာ ရပ်ခံ တောင်းပန် ပါတယ်ရှင့်။
မယ်ငွေဥ
From...Search Myanmar

No comments:
Post a Comment