*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 5 October 2013

အမျိုးသားများ ကာမစိတ် လျော့ကျလာသောအခါ ဖြစ်လေ့ရှိသော လက္ခဏာများ (အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ)



ရွှေပိတောက်ဆေးရုံ  ဆီးလမ်းကြောင်း အထူးကုပါရဂူ ၏ရှင်းပြချက် အရအမျိုးသားများ ကာမစိတ်လျော့ ကျ ခြင်းဆိုသည်မှာ လိင်ဆက်ဆံသော သူများကာလကြာရှည်စွာ ကာမစိတ်လျော့ နည်းခြင်း (သို့) ကာမစိတ် မရှိခြင်းကိုခေါ် ပါသည်။ ကာမစိတ်လျော့နည်းသွားလျှင် အမျိုးသားများ၏ ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။ ထို့ကြောင့်ကာမ စိတ်လျော့နည်းခြင်း လက္ခဏာကိုသိရှိပါက အချိန်မီကုသမှုခံယူ သင့်ပါသည်။



အမျိုးသားများကာမစိတ်လျော့ကျခြင်း၏လက္ခဏာများ
 
အမျိုးသားများ ကာမစိတ်လျော့ကျခြင်းမှာ ကာမစိတ်ဆန္ဒ လုံးဝမရှိခြင်းနှင့် လိင်ဆက်ဆံခဲ့လျှင်လည်း စိတ် မအီမသာဖြစ်ကာပျော်ရွှင်မှု မရှိခြင်း၊ စိတ်ညစ်ရခြင်း၊ ကာမစိတ်ဆန္ဒကိုပြင်းထန်စွာ ကန့်ကွက်ခြင်းနှင့်ငြင်း ဆန်ခြင်းတို့ဖြစ်တတ်ပါသည်။ အချို့လူနာရှင်များသည် လိင်ဆက်ဆံမှုကို ဝန်မခံခြင်းမှာ ဝမ်းနည်းသော စိတ် ကိုလျော့ကြစေသောနည်းလမ်းဖြ င့်မိမိကိုယ်ကိုကာကွယ်ကြသည်။


ကာမစိတ်လျော့ကြသော လူနာသည်ကာမစွမ်းအား အဟန့်အတားရှိသောလူနာထက် ပို၍ဒေါသထွက် လွယ်ပျော့ညံ့ပြီးမိမိကိုယ်ကို ပို၍ကာကွယ်ကြသည်။
ကာမစိတ်လျော့ကြခြင်းသည် စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓါတ်ကျခြင်းနှင့် အမြဲဒွန်တွဲနေတတ်သည်။ ကာမစိတ် လျော့ကြသောလူနာသည် ကာမစိတ် အထွတ်အထိပ် မရောက်သောသူနှင့် စိတ်လှုပ်ရှားမှု အနှောက်အယှက် ရှိ သောသူထက် ပို၍ခေါင်းမာပြီးရောဂါလက္ခဏာ အလွန်ဆိုးဝါးသည်။


ကာမစိတ် အနှောက်အယှက်ဖြစ်စေသော အကြောင်းရင်းမှာများသောအားဖြင့် မိမိ၏နေထိုင်မှုပေါ်တွင် စိတ်ပျက်ခြင်းနှင့်မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ လုပ်ငန်းအဆင်မပြေခြင်း၊ လူမှုဆက်ဆံရေးအဆင်မပြေခြင်း ၊အိမ် ထောင်ရေးပဋိပက္ခဖြစ်ခြင်း တို့ကြောင့် စိတ်ကျဉ်းကြပ်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်အလိုမကျခြင်းဖြစ်ပြီး ကာမစိတ်များကျဆင်းစေပါသည်။
ရွှေပိတောက်ဆေးရုံ ဆီးလမ်းကြောင်း အထူးကုပါရဂူ၏ ရှင်းပြချက်အရ အချို့လူနာရှင်များသည် ကာမစိတ်လျော့ကျခြင်း၊ လိင်တံမကြွခြင်း(သို့) လိင်တံကြွသော်လည်း မမာခြင်းများဖြစ်တတ်ပါသည်။   


သို့သော်အချို့သောလူ   နာရှင်များ တွင် ကာမစွမ်း အား ပုံမှန်ရှိပါသည်။ ထို့နောက်ကာမစိတ်၏ တုံ့ပြန်မှုကိုမထိခိုက်ဘဲ ပုံမှန် အတိုင်း လိင်ဆက်ဆံမှုပြုလုပ်နိုင်ပါသည်။  လိင်ဆက်ဆံသည့် အချိန်တွင်လည်း ကာမစိတ်အထွတ် အထိပ်ရောက်ခြင်း   ကိုအဟန့်အတားမဖြစ်စေပါ။                                                                                                                                         
ဆီးလမ်းကြောင်း မျိုးပွားအင်္ဂါရောဂါရှိသူများသည် လိင်ဆက်ဆံချိန်တွင် ပုံမှန်မဟုတ်သော တုံ့ပြန်မှုများဖြစ်ပေါ်တတ်ပါသည်။ 

ဥပမာ-နာတာရှည်ဆီးကျိတ်ရောင်ရမ်းခြင်း၊ ကပ္ပယ်အိတ်အမြှေးပါးရောင်ရမ်းခြင်း ၊ဆီးလမ်း ကြောင်းရောင်ရမ်းခြင်း စသည်တို့ဖြစ်ပါသည်။ ထို့အပြင်ဟော်မုန်းဓါတ်မမှန်ခြင်းရောဂါ၊ တကိုယ်လုံးနာတာရှည်   ရောဂါအမျိုးမျိုး တို့လည်းဖြစ်နိုင်ပါသည်။ ဖိုဓါတ်ဟော်မုန်းထုတ်လွှင့်မှု နည်းခြင်းကြောင့် လည်းကာမစိတ်ကို ထိခိုက်စေပါသည်။ ခန္ဓာကိုယ်ပင်ပန်းနေသော အချိန်တွင်လည်း ကာမစိတ်ဆန္ဒလျော့ကျတတ်ပါသည်။

ကြာရှည်စွာကာမစိတ်လျော့ ကျခြင်းသည်လင်မယားကြား၏ ချစ်ခင်ကြင်နာမှုကိုထိခိုက်စေရုံမကခန္ဓာ ကိုယ်နှင့်အာရုံကြော အခြေအနေအလိုက် တုံ့ပြန်ခြင်းကြောင့် အလေးထားပြီးဂရုစိုက်သင့်သည်။ ထို့အပြင်ခန္ဓာ ကိုယ်ကျန်းမာရေး အခြေအနေကိုလည်း အချိန်မီစစ်ဆေးပြီးရောဂါ လက္ခဏာတွေ့ရှိပါက လျင်မြန်စွာကုသသင့်ပါ သည်။ အိမ်ထောင်သည်များသည် အသက်အရွယ်ကြီး လာသည်နှင့်အမျှကာမစိတ် ဆန္ဒများတဖြည်းဖြည်းလျော့ ကျလာခြင်းသည်ပုံမှန်အားဖြင့်ရောဂါလက္ခဏာမဟုတ်ပါ။


Shwe Paduak Myanmar Hospital > အမျိုးသား ရောဂါများ မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment