*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 20 February 2014

သ မိုင်း { ကဗျာ }

 သ မိုင်း
.
ရှေ့ကြည့်တော့တံတိုင်း
နောက်မှာကသင်္ချိုင်း
အရိုးစုတို့အလိုမကျမှုမှာ
မှိုင်းမိနေတဲ့သမိုင်းတွေရှိတယ်

ရေးရင်ရိုင်းမယ်ဆိုတာသိတယ်
ဒါပေမယ့် 
ခပ်ရိုင်းရိုင်းပဲရေးခဲ့မယ်
သမိုင်းကောင်းလူတစ်ချို့
သေဆုံးသွားကြတယ်

သူတို့တွေဟာ
သူတို့သမိုင်းကိုရေးဖို့မမှာခဲ့ဘူး
သူတို့တွေ လုပ်ဆောင်ခဲ့တယ်
သူတို့တွေ သွေးချွေးထွက်ခဲ့တယ်
သူတို့ အိပ်မက်တွေပွန်းပဲ့ခဲ့တယ်
သူတို့သက်တမ်းနဲ့မဆံ့တဲ့မျှော်မှန်းချက်မှာ
သတ်မှတ်ချိန်ထက်စောသေခဲ့ကြ...

ကျုပ်တို့အတွက်
သူတို့မျက်ခုံးမွှေးပေါ်အလံလွှင့်ခဲ့
ကျုပ်တို့အတွက်
သူတို့ဦးခေါင်းပေါ်ဘုရားတည်ခဲ့
ကျုပ်တို့အတွက်
သူတို့ဝမ်းနံရံဘေးအိမ်တွေဆောက်ခဲ့
ကျုပ်တို့အတွက်
သူတို့လက်ဖျံရိုးထဲမြစ်မင်းတွေထွင်းခဲ့

သူတို့တွေဟာ
နှောင်းနောက်လူတွေအတွက်
ဘာစကားမှမထားခဲ့ဘူး
သူတို့တွေဟာ
သူတို့ဘဝအက်ကြောင်းတွေကို
ကျောက်တုံးကျောက်ပြားပေါ်ရေးခြစ်ခဲ့ကြ

သူတို့အန်ထုတ်ခဲ့သမျှ
ဘာတစ်ခုမှမမှားခဲ့ကြောင်း
သူတို့ရဲ့
သမိုင်းစောင့်နတ်ကပြောပြလိမ့်မယ်
သူတို့သေဆုံးမှုထဲကမ္ဘာကိုမယူခဲ့ဘူး
သူတို့ရေးတဲ့သမိုင်းမှာ
ကမ္ဘာမြေကိုထားခဲ့

သူတို့တွေဟာခုထိကမ္ဘာကိုငေးလို့
ကမ္ဘာမြေဟာခုထိ
သူတို့ရဲ့သမိုင်းကိုရေးလို့နေရဲ့.......။

        လေသွေးညို
        ၁၉.၂.၂၀၁၄
        ၀၉၄၀၂၆၆၆၈၁၄


ရှေ့ကြည့်တော့ တံတိုင်း
နောက်မှာက သင်္ချိုင်း
အရိုးစုတို့ အလိုမကျမှုမှာ
မှိုင်းမိနေတဲ့ သမိုင်းတွေရှိတယ်

ရေးရင် ရိုင်းမယ်ဆိုတာ သိတယ်
ဒါပေမယ့်
ခပ်ရိုင်းရိုင်းပဲရေးခဲ့မယ်........
 


သမိုင်းကောင်း လူတစ်ချို့
သေဆုံး သွားကြတယ်

သူတို့တွေဟာ
သူတို့သမိုင်းကိုရေးဖို့ မမှာခဲ့ဘူး
သူတို့တွေ လုပ်ဆောင်ခဲ့တယ်
သူတို့တွေ သွေးချွေး ထွက်ခဲ့တယ်
သူတို့ အိပ်မက်တွေ ပွန်းပဲ့ခဲ့တယ်
သူတို့သက်တမ်းနဲ့ မဆံ့တဲ့မျှော်မှန်းချက်မှာ
သတ်မှတ်ချိန်ထက်စောသေခဲ့ကြ...............


ကျုပ်တို့အတွက်
သူတို့မျက်ခုံးမွှေးပေါ် အလံလွှင့်ခဲ့
ကျုပ်တို့အတွက်
သူတို့ဦးခေါင်းပေါ် ဘုရားတည်ခဲ့
ကျုပ်တို့အတွက်
သူတို့ဝမ်းနံရံဘေး အိမ်တွေဆောက်ခဲ့
ကျုပ်တို့အတွက်
သူတို့လက်ဖျံရိုးထဲ  မြစ်မင်းတွေထွင်းခဲ့...............


သူတို့တွေဟာ
နှောင်းနောက်လူတွေအတွက်
ဘာစကားမှ မထားခဲ့ဘူး
သူတို့တွေဟာ
သူတို့ဘဝ အက်ကြောင်းတွေကို
ကျောက်တုံးကျောက်ပြားပေါ်ရေးခြစ်ခဲ့ကြ

သူတို့ အန်ထုတ်ခဲ့သမျှ
ဘာတစ်ခုမှ မမှားခဲ့ကြောင်း
သူတို့ရဲ့
သမိုင်းစောင့်နတ် ကပြောပြလိမ့်မယ်
သူတို့သေဆုံးမှုထဲ ကမ္ဘာကိုမယူခဲ့ဘူး
သူတို့ရေးတဲ့ သမိုင်းမှာ
ကမ္ဘာမြေကို ထားခဲ့

သူတို့တွေဟာ ခုထိကမ္ဘာကိုငေးလို့
ကမ္ဘာမြေဟာ ခုထိ
သူတို့ရဲ့သမိုင်းကိုရေးလို့နေရဲ့......................။



 
လေသွေးညို
၁၉.၂.၂၀၁၄
၀၉၄၀၂၆၆၆၈၁၄








No comments:

Post a Comment