*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 25 September 2013

ဇာဂနာပြောတဲ့ မြန်မာ့ရုပ်ရှင် အစည်းအရုံးအကြောင်း




ဇာဂနာပြောတဲ့ မြန်မာ့ရုပ်ရှင်အစည်းအရုံးအကြောင်း
============================
၂၀၀၄ ခုနှစ် မှာ ဦးခင်ညွန့် နဲ့  အပေါင်းပါတွေ အဖမ်းခံကြရ၊အဖြုတ်ခံကြရတော့ ကုန်သွယ်ရေး ဒု ၀န်ကြီးလုပ်နေတဲ့ ဦးကျော်ဆန်းကို ပြန်ကြားရေးဝန်ကြီးလုပ်ခိုင်းလိုက်ရော။ဒီမှာတင် မျက်လှည့်ပြတော့တာပဲ။မှတ်မှတ်ရရ ရုပ်ရှင်လောကသားတွေ မှတ်မိအုံးမှာပါ။သိမ်ဖြူလမ်းက ပြန်ကြားရေးအဆောက်အဦကြီးမှာ လောကသားအားလုံးနဲ့ ဝန်ကြိးနဲ့မိတ်ဆက်ပွဲပေါ့။အမှန်ကတော့ ပြဇာတ်ပါ။ဒီပွဲမ
တိုင်ခင် ရုပ်ရှင်လုပ်ငန်းက ညွှန်မှူး ဦးသိန်းထွန်းအောင်တို့  နဲ့  ရုပ်ရှင်လောကသားတချို့  M3 စားသောက်ဆိုင်မှာ ချိန်းချိန်းတွေ့ပြီးလက်ရှိ ဦးစိန်တင် နဲ့ ကျော်သူ သားအဖကို အစည်းအရုံးက ဖြုတ်ချရေးကြိတ်ဝိုင်းတွေ အကြိမ်ကြိမ်လုပ်ခဲ့တာပေါ့။အိမ်ကြက်ချင်းအိုးမဲသုတ်ပေးတာ။ဒီတော့ ၀န်ကြီး ရှေ့လဲ ရောက်ရော(ဦးစိန်တင်၊ဦးမြင့်နိုင်၊ကျော်သူ)တို့ ကိုအစည်းအရုံးအား၁၂နှစ်လုံးလုံးအပိုင်သိမ်းခဲ့မှုနဲ့  စွဲချက်တွေတင်ခဲ့တာလေ။ဒီတုန်းက တဟေးဟေး တဟားဟား နဲ့ ရုပ်ရှင်လောကသားတွေ လက်ခုပ်လက်ဝါးတီးပြီးသဘောတွေကျခဲ့ကြတာ မေ့သွားကြပြီလား။အဘ ၀န်ကြီးကပဲ ခုချက်ချင်းရုပ်ရှင်လောကကို မိုးပေါ်ရောက်အောင်ပို့ ပေးမလို ပြောတာတွေကို သဘောတွေကျခဲ့ကြတာ မေ့သွားကြပြီလား။
မှတ်မိပါတယ်။ဒီပွဲအပြီး ဦးအောင်လွင်၊ဦးကျော်ဟိန်း၊ဦးသန်းစိုး(ဟေမာန်ဦး)တို့ နဲ့ စကားပြောဖြစ်တော့ရုပ်ရှင်လောက ဒုက္ခရောက်ပြီ လို့  ကျနော်မှတ်ချက်ပေးခဲ့ပါတယ်။ပြောချင်တာက ရုပ်ရှင်လောကသားတွေ ရဲ့  ၀န်ကြီးအပေါ်မှီခိုချင်စိတ်၊ကိုယ့်အချင်းချင်းပြန်နင်းချင်စိတ်တွေ သိတ်များခဲ့တယ်။ဒါကလဲ စစ်အစိုးရရဲ့ဗျူဟာပေါ့။ဒီဖက်ခေတ်ရောက်ပြန်တော့ ဦးမြင့်သိန်းဖေလက်ထဲက အစည်းအရုံးကို ပြန်ယူဖို့  SS စားသောက်ဆိုင်မှာ ကြိတ်ဝိုင်းတွေလုပ်ပြီး တိုက်ခဲ့ကြတာပဲလေ။ဒါပေမဲ့ဒိတုန်းက လောကသားအများစု စုစည်းကြတယ်။မှတ်မိသေးတယ်။အစည်းအရုံးအပေါ်ထပ် မှာ ရုပ်ရှင်အရေးတက်ကြွသူများနဲ့  ဦးမြင့်သိန်းဖေ ခေါင်းဆောင်တဲ့  အမှုဆောင်အဖွဲ့ တွေ့ဆုံပွဲပေါ့။အဲသည်မှာကိုဇင်ဝိုင်း ကရုပ်ရှင်လောက တိုးတက်လာရေးဆွေးနွေးချိန်မှာ အနားက ဦးဝင်းကို(ဟိန်းဝေယံ ရဲ့ အဖေ)က လက်ကိုင်ဖုန်း နဲ့  စကားတွေ ပြောနေလို့ ကိုဇင်ဝိုင်းက သူ ဖုန်းပြောပြီးမှ ကျနော် တင်ပြပါ့မယ် လို့ ငေါ့ခဲ့တော့ ဦးမြင့်သိန်းဖေ က ဖုန်းပိတ်ထားဖို့ပြောရတယ်။ပြောချင်တာကEthicပဲ။ပြောမှသိတယ် ဆိုတာ လူကြီးလူကောင်းအလုပ်မဟုတ်ဖူး။ဒီအချိန်တုန်းက ဦးဝင်းကိုဟာ အစည်းအရုံးအမှုဆောင်ဆိုတာတော့ မမေ့သင့်ဖူး။ခုအစည်းအရုံးအသစ် သက်တန်း ၂နှစ်ပဲရှိသေးတယ်။အမှုဆောင်အဟောင်းတွေကသောင်းကျန်းကြပြန်တယ်။ဒါဆို လာမဲ့ လေးလ ပိုင်း ၂၀၁၄မှာရွေးကောက်ပွဲလုပ်လို့အဖွဲ့ အသစ်တက်လာရင်ကော ဒီလိုပဲ ကိုယ်နဲ့ မတူတာတွေ့ရင် သပိတ်မှောက်ကြ အဘ၀န်ကြီးတွေဆီသွားတိုင်ကြ လုပ်ကြဦးမှာလား။ဒီသံသရာ က လွတ်အုန်းမှာလား။ကိုယ့်အချင်းချင်းညှိကြ နှိုင်းကြပေါင်းလုပ်ကြဆိုတာမျိုးမရှိကြတော့ဖူးလား။တစ်ခါ အများပိုင်ကုမ္မဏီ ကိစ္စလဲ ရေးနေပြောနေကြပြန်ရော။နိုင်င့တော်က ထုတ်ပြန်ထားတဲ့စာတွေ ဥပဒေ တွေကို မဖတ်ပဲ စိတ်ထင်ရာလျောက်ပြောနေကြတာတွေ ဖတ်နေရတယ်။ကုမ္မဏီကြီးတော်တော်များများ ဘာလို့ အများပိုင်လုပ်နေကြတာလဲ။အများပိုင်ဖြစ်ခဲ့ရင် ရုပ်ရှင်လောက ဘာတွေ အားသာလာမလဲ။ဒါကို မစသ်းစား မဆင်ခြင်ပဲ အစည်းအရုံးကပေးတဲ့ဆန် ၃ ပြည်တောင် ရမှာ မဟုတ်တော့ဖူး။အများပိုင်ဆိုတာနဲ့  လူတစ်စုလက်ထဲ ရုပ်ရှင်လောကကြီးထိုးအပ်လိုက်ရတော့မယ် ဆိုတဲ့ တော၇မ်းမယ်ဖွဲ့ တွေ စာမျက်နှာပေါ်တက်ပြောလိုပြော။ရူးလိုက်ကြတာ။
ဗိုလ်ချုပ်စကားငှားပြောရရင် အကျင့်ဆိုးတွေ အကျင့်ဟောင်းတွေ စောက်ကျင့်တွေ ပြင်ကြဖို့လိုပြီ။

( ဦး ) ဇာဂနာ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
 
 ၂၀၀၄ ခုနှစ် မှာ ဦးခင်ညွန့် နဲ့  အပေါင်းပါတွေ အဖမ်းခံကြရ၊ အဖြုတ်ခံကြရတော့ ကုန်သွယ်ရေး ဒု ၀န်ကြီးလုပ်နေတဲ့ ဦးကျော်ဆန်း ကို ပြန်ကြားရေးဝန်ကြီးလုပ်ခိုင်းလိုက်ရော။ဒီမှာတင် မျက်လှည့်ပြတော့ တာပဲ။မှတ်မှတ်ရရ ရုပ်ရှင်လောကသားတွေ မှတ်မိ အုံးမှာပါ။သိမ်ဖြူလမ်း က ပြန်ကြားရေး အဆောက်အဦး ကြီးမှာ လောကသားအားလုံးနဲ့ ဝန်ကြိးနဲ့ မိတ်ဆက်ပွဲပေါ့။အမှန်ကတော့ ပြဇာတ်ပါ။ဒီပွဲမ
တိုင်ခင် ရုပ်ရှင် လုပ်ငန်းက ညွှန်မှူး ဦးသိန်းထွန်းအောင်တို့  နဲ့  ရုပ်ရှင်လောကသားတချို့  M3 စားသောက်ဆိုင်မှာ ချိန်းချိန်းတွေ့ပြီးလက်ရှိ ဦးစိန်တင် နဲ့ ကျော်သူ သားအဖကို အစည်းအရုံးက ဖြုတ်ချရေးကြိတ်ဝိုင်းတွေ အကြိမ်ကြိမ်လုပ်ခဲ့တာပေါ့။
 
အိမ်ကြက်ချင်း အိုးမဲသုတ်ပေးတာ။ ဒီတော့ ၀န်ကြီး ရှေ့လဲ ရောက်ရော(ဦးစိန်တင်၊ဦးမြင့်နိုင် ၊ကျော်သူ) တို့ ကိုအစည်း အရုံးအား၁၂နှစ်လုံးလုံး အပိုင်သိမ်းခဲ့မှုနဲ့  စွဲချက်တွေတင်ခဲ့တာလေ။ ဒီတုန်းက တဟေးဟေး တဟားဟား နဲ့ ရုပ်ရှင်လောကသားတွေ လက်ခုပ်လက်ဝါးတီးပြီး သဘောတွေကျခဲ့ကြ တာ မေ့သွားကြပြီ လား။အဘ ၀န်ကြီးကပဲ ခုချက်ချင်း ရုပ်ရှင်လောကကို မိုးပေါ်ရောက်အောင် ပို့ ပေးမလို ပြောတာတွေကို သဘောတွေကျခဲ့ကြတာ မေ့သွားကြပြီလား။
 
မှတ်မိပါတယ်။ ဒီပွဲအပြီး ဦးအောင်လွင်၊ ဦးကျော်ဟိန်း၊ ဦးသန်းစိုး(ဟေမာန်ဦး)တို့ နဲ့ စကားပြောဖြစ်တော့ ရုပ်ရှင်လောက ဒုက္ခရောက်ပြီ လို့  ကျနော်မှတ်ချက်ပေးခဲ့ ပါတယ်။ပြောချင်တာက ရုပ်ရှင်လောက သားတွေ ရဲ့  ၀န်ကြီးအပေါ် မှီခိုချင်စိတ်၊ ကိုယ့်အချင်းချင်းပြန်နင်း ချင်စိတ်တွေ သိတ်များခဲ့တယ်။ ဒါကလဲ စစ်အစိုးရရဲ့ ဗျူဟာပေါ့။ ဒီဖက်ခေတ်ရောက်ပြန်တော့ ဦးမြင့်သိန်းဖေ လက်ထဲက အစည်းအရုံးကို ပြန်ယူဖို့  SS စားသောက်ဆိုင်မှာ ကြိတ်ဝိုင်းတွေလုပ်ပြီး တိုက်ခဲ့ကြတာပဲလေ။ ဒါပေမဲ့ဒိတုန်းက လောကသားအများစု စုစည်းကြတယ်။ မှတ်မိသေးတယ်။ အစည်းအရုံးအပေါ်ထပ် မှာ ရုပ်ရှင်အရေး တက်ကြွသူများနဲ့  ဦးမြင့်သိန်းဖေ ခေါင်းဆောင် တဲ့  အမှုဆောင်အဖွဲ့ တွေ့ဆုံပွဲပေါ့။ 
အဲသည်မှာကိုဇင်ဝိုင်း ကရုပ်ရှင်လောက တိုးတက်လာရေးဆွေးနွေးချိန်မှာ အနားက ဦးဝင်းကို(ဟိန်းဝေယံ ရဲ့ အဖေ)က လက်ကိုင်ဖုန်း နဲ့  စကားတွေ ပြောနေလို့ ကိုဇင်ဝိုင်းက သူ ဖုန်းပြောပြီးမှ ကျနော် တင်ပြပါ့မယ် လို့ ငေါ့ခဲ့တော့ ဦးမြင့်သိန်းဖေ က ဖုန်းပိတ်ထား ဖို့ပြောရတယ်။ပြောချင်တာကEthicပဲ ။ပြောမှသိတယ် ဆိုတာ လူကြီးလူကောင်း အလုပ်မဟုတ်ဖူး။ ဒီအချိန်တုန်းက ဦးဝင်းကိုဟာ အစည်းအရုံး အမှုဆောင်ဆိုတာတော့ မမေ့သင့်ဖူး။ ခုအစည်းအရုံးအသစ် သက်တန်း ၂နှစ်ပဲရှိသေးတယ်။ 
အမှုဆောင်အဟောင်းတွေ ကသောင်းကျန်းကြပြန်တယ်။ ဒါဆို လာမဲ့ လေးလ ပိုင်း ၂၀၁၄မှာရွေးကောက်ပွဲ လုပ်လို့အဖွဲ့ အသစ် တက်လာရင်ကော ဒီလိုပဲ ကိုယ်နဲ့ မတူတာတွေ့ရင် သပိတ်မှောက်ကြ အဘ၀န်ကြီးတွေဆီသွားတိုင်ကြ လုပ်ကြဦးမှာလား။ဒီသံသရာ က လွတ်အုန်းမှာလား။ကိုယ့်အချင်းချင်းညှိကြ နှိုင်းကြပေါင်းလုပ်ကြဆိုတာမျိုးမရှိကြတော့ဖူးလား။တစ်ခါ အများပိုင်ကုမ္မဏီ ကိစ္စလဲ ရေးနေပြောနေကြပြန်ရော။နိုင်င့တော်က ထုတ်ပြန်ထားတဲ့စာတွေ ဥပဒေ တွေကို မဖတ်ပဲ စိတ်ထင်ရာလျောက်ပြောနေကြတာတွေ ဖတ်နေရတယ်။
ကုမ္မဏီကြီးတော်တော်များများ ဘာလို့ အများပိုင် လုပ်နေကြတာလဲ။ အများပိုင်ဖြစ်ခဲ့ရင် ရုပ်ရှင်လောက ဘာတွေ အားသာလာမလဲ။ ဒါကို မစဉ်းစား မဆင်ခြင်ပဲ အစည်းအရုံးကပေးတဲ့ ဆန် ၃ ပြည်တောင် ရမှာ မဟုတ်တော့ဖူး။ အများပိုင်ဆိုတာနဲ့  လူတစ်စုလက်ထဲ ရုပ်ရှင်လောကကြီး ထိုးအပ်လိုက်ရတော့မယ် ဆိုတဲ့ တော၇မ်းမယ်ဖွဲ့ တွေ စာမျက်နှာပေါ်တက်ပြောလိုပြော။ ရူးလိုက်ကြတာ။
ဗိုလ်ချုပ် စကားငှားပြောရရင် အကျင့်ဆိုးတွေ အကျင့်ဟောင်းတွေ စောက်ကျင့်တွေ ပြင်ကြဖို့လိုပြီ။

( ဦး ) ဇာဂနာ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
From...Facebook

No comments:

Post a Comment