မီးတွင်း နဲ့သေဆုံးခြင်းကြား
လမ်းခုလပ် တစ်နေရာမှာ
လူတစ်ယောက် ရင်ညွှန့်တည်တည့်၌့
ကဗျာ အရေးလွန်တဲ့ဒဏ်ရာနဲ့
နှလုံးသားကွဲ၍ သေဆုံး........
လူသူမသိ
ကောက်သယ်သူမဲ့
ရက်အတန်ကြာတော့ ပုပ်အဲ့လာတဲ့ ခန္ဓာ
ကဗျာနံ့ တအူအူ လွင့်လို့...............
ခံစားမှုပြင်းထန်တဲ့
ရပ်ဆွေ ရပ်မျိုးတွေ ကသယ်ယူ
ကဗျာစောင့်နတ် ကိုပင့်
ကမ္ဘာမြေ ကိုရှိခိုးပြီးမြေမြှုပ်ခဲ့..............
ဆွေးမြေ့မသွားတဲ့ အရိုးက
နောက် ဘဝထိကဗျာရေးတုန်း
စိတ်ဝိညာဉ် က တစ်ဖက်ကမ်း ကူးဖို့
ကူတို့ခ အဖြစ် ကဗျာတစ်ပုဒ်ရွတ်ပြ
ဘယ်သူမှ မဝေတဲ့ အမျှသံနဲ့
ဘဝကူးကောင်းခဲ့..............
လေသွေးညို
၂၅.၂.၂၀၁၄
၀၉၄၀၂၆၆၆၈၁၄
ဘာကြောင့်အတွေးချင်းလာတူနေရပါလိမ့်
ReplyDelete