*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 24 March 2014

စီးရီးတစ်ခွေမှ မရောင်းရပေမယ့် ကံကောင်းသူတစ်ဦး ဖြစ်ခဲ့တယ်ဆိုတဲ့ ခိုင်မြဲသာနှင့် တွေ့ဆုံခြင်း










၁၉၉၅ ခုနှစ်မှာ ကွန်ပျူတာ တက္ကသိုလ်တက်နေရင်း မေစတူဒီယို က ဦးစိုးမိုးထံတွင်  အသံဖမ်းခြင်း များနဲ့ တူရိယာများ ကို ၁၅ နှစ်ခန့် တီးခတ် သင်ယူပြီး သီချင်းစီးရီးတွေ ထွက်ရှိခဲ့ပါတယ်။ 

“အချစ်နဲ့ ထာဝရ”၊ “ကရုဏာ” စတဲ့သီချင်းတွေကို ပရိသတ်ဆီပေးခဲ့ရင်း အခုအချိန်မှာတော့ အိပ်မက်ဆုံရာ ရဲ့ အသံပိုင်း ဆရာအဖြစ် တာဝန်ယူလုပ်ဆောင်ပေးနေတဲ့ ခိုင်မြဲသာကို မဇ္ဈိမက သိလိုတာများ မေးဖြစ်ခဲ့ပါတယ်။



အနုပညာတစ်ဖက်နဲ့ ဘယ်လို ကျောင်းတွေ၊ သင်တန်းတွေ လေ့လာသင်ယူခဲ့လဲ။
ကွန်ပျူတာတက္ကသိုလ် တက်ပြီးတော့ ဘွဲ့နှစ်ဘွဲ့ယူခဲ့တယ်။ ဆက်ပြီး Studio လုပ်ငန်းတွေ တောက်လျှောက်လုပ်လာတဲ့ အတွက်ကြောင့် Audio Engineering အသံဖမ်း ဆရာတစ်ယောက် ဖြစ်နေပြီ။

 နောက် ကျောင်းဆက်တက်တယ်။ နိုင်ငံခြားက လာဖွင့်တဲ့ SA School Of Audio Engineering ဆိုတဲ့ ကျောင်းမှာ Diploma ဘွဲ့ယူခဲ့တယ်။

အိပ်မက်ဆုံရာမှာ သင်တန်း မပေးခင်က အခြားဘယ်လိုနေရာတွေမှာ အနုပညာတွေ လုပ်ခဲ့သေး လဲ။
အိပ်မက်ဆုံရာမှာ အသံနဲ့ ပတ်သက်ပြီး သင်တန်း မပေးခင်ကတည်းက MRTV-4 မှာ “သင်ယူလေ့လာ ဂီတပညာ” ဆိုတဲ့ Program မှာ တောက်လျှောက် စီစဉ်တင်ဆက်သူ အဖြစ် လို့ ပြောရတာမျိုးပေါ့။ အဲဒီမှာ တော်တော်ကြာတယ်။ ပြီးတော့မှ for Edu လိုင်း မှာ အဆိုသင်ပေးတဲ့ Program လေးတွေ ကျွန်တော် ရိုက်ဖြစ်တယ်။ အဲဒီကနေ ဆက်စပ်မှု ရှိသွားတာပေါ့နော်။

 အဆိုတော်ကောင်း တစ်ယောက်ဖြစ်ဖို့ အတွက် လိုအပ်မှုတွေက . . .။
အဆိုရှင်ကောင်း တစ်ယောက်ဖြစ်ဖို့ အတွက် ဂီတအပေါ်မှာ အနုပညာစိတ်လေး ရှိသင့်တယ်။ ဂီတကို လည်း သေသေချာချာလေး လေ့လာတဲ့ စိတ်ဓာတ်လေး ထားပါ။ စိတ်ဓာတ်ဆိုတာက ပရိသတ်အပေါ် ထားတဲ့စေတနာ ထားသင့်တယ်။ အရေးကြီးဆုံး ကတော့ သီချင်းဆိုချင်စိတ် ရှိဖို့ပါပဲ။ အဲဒီစိတ်မရှိတော့ ဘူးဆိုရင်တော့ ဘာမှလုပ်လို့ မရတော့ဘူး။

အိပ်မက်ဆုံရာ က Performance လုပ် တာများတယ် လို့ ပရိသတ်တွေက ပြောကြတယ်။
သီချင်း သင်ရိုးညွှန်းတန်း မှာပဲ ခြေတွေ၊ လက်တွေ လှုပ်တာ၊ ကတာ ပါပါတယ်။ ကျောက်ရုပ်ကြီးလို ဆိုလို့ မရဘူး။ လူတစ်ယောက်က အားယူတဲ့ အခါမှ လက်လေးတွေ ထွက်လာတယ်။ သီချင်း သင်ရိုးထဲမှာ လက်ရော၊ ခြေရော လှုပ်ကို လှုပ်ရမယ်ဆိုတဲ့ဟာ ပါကို ပါတယ်။

အိပ်မက်ဆုံရာ မှာ ပြိုင်ပွဲဝင်တွေ အနေနဲ့ ငွေကုန်ကြေးကျ များတယ်လို့ ပြောကြတယ်။
အိပ်မက်ဆုံရာကို လာပြိုင်ကြတဲ့ လူတွေက ငွေရေးကြေးရေး ကုန်ကျတယ်ဆိုတာ မဟုတ်ပါဘူး ။ ကြေညာထားတဲ့ အတိုင်းပဲ အ၀တ်အစားနဲ့ ပတ်သက်လာရင် စပွန်ဆာပေးတဲ့ဆိုင်တွေက အ၀တ်အစားတွေ သူတို့ကိုပေးပါတယ်။ သူတို့အနေနဲ့က လူပဲ ပင်ပန်းတယ်။ ကျန်းမာရေး အရမ်းဂရုစိုက်ရတယ်။ နေ့ရော ညရော အိပ်ရေးတွေ ပျက်ကြတယ်။ တော်တော်လေးပင်ပန်း ကြတာပါ။

အိပ်မက်ဆုံရာ က ဆုရွေးချယ်တဲ့ အခါ ဒိုင်တွေက ဘက်လိုက်တယ် လို့ ကြားနေရတာက . . . ။
အိပ်မက်ဆုံရာ လူစရွေးချယ် ကတည်းက နိုင်ငံခြားသားတွေ ပါတယ်။ သူတို့တွေက မြန်မာ လူမျိုးတွေ ကို တစ်ယောက်မှ မသိကြပါဘူး။ နောက်ဆုံး အမှတ်ပေးတဲ့အခါ မှာရော၊ လူရွေးတဲ့ အခါမှာလည်း ဟိုးအစ ကတည်းက အမှတ်ပေးထားတာ ကို ဖွက်ထားတယ်။ ပရိသတ်ကို ပြပါတယ်။ အဲဒီ အမှတ်တွေကို ပရိသတ်တွေက လိုက်မမှတ်နိုင်ပေမယ့် ဒိုင်တွေက အပြည့်မှတ်သား ထား ပါတယ်။

ဘ၀မှာ ကံကောင်းတယ်လို့ ယူဆရတဲ့ ကိစ္စတွေ ရှိခဲ့ဖူးလား။
ကံကောင်းချင်တော့ အိပ်မက်ဆုံရာ မှာ ပါတာပေါ့။ တီဗွီ မှာ တစ်စက္ကန့်လေး ပါဖို့က သိန်းပေါင်း များစွာ ကုန်တာလေ။ ကြော်ငြာ အနေနဲ့ ကြည့်မယ်ဆိုရင်ပေါ့။ အဲဒီမှာ ကိုယ့် ရဲ့ကျွမ်းကျင်တဲ့ အလုပ်တစ်ခုကို နေ့တိုင်း ပြသခွင့် ရတယ်ဆိုတော့ ထူးခြားတဲ့ ကံတစ်ခု ကောင်းသွားတယ်။ အခွေတွေ တစ်ခုမှ မရောင်းရတဲ့ အတွက် ကြောင့် အသံပိုင်းသင်ပေးတဲ့ ဆရာတစ်ယောက်ဖြစ် ခဲ့တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယူဆမိတယ်။


 Written by  မိုးသူ
From... မဇ္ဈိမ


No comments:

Post a Comment