ကျနော်တို့ ရဲ့ မြန်စွာဘုရား ဟာ ပဌာန်းတရားတော်ကို ဟိုးလွန်ခဲ့သော နှစ်ပေါင်း ၂၅၆၀ လောက်ကဟောကြားခဲ့ရာမှာ အနန္တရပစ္စယော နှင့် သမနန္တရပစ္စယော ကိုထဲ့သွင်း ဟောကြားထားပါတယ် အနန္တရပစ္စယော ကို အခြားမဲ့ တဆက်တည်း အကြားမရှိဖြစ်၍ ကျေးဇူးပြုတတ်သောတရား ရှေးဆရာကြီးများကတော့
စကြာဝတေးမင်း နတ်ရွာစံခြင်း(သေခြင်း)သည် အကြီးဆုံးသား ရတနာအား အလိုလို မင်း (ဘုရင်)ဖြစ်စေခြင်း ငှာ ကျေးဇူးပြု သကဲ့သို့ ရုပ်ဝတ္ထုကို မြင်သည်နှင့် အသိစိတ်သည် အာရုံတွင် တဆက် တည်းဖြစ်ခြင်း၊နောက်နောက် စိတ်အစဉ်တွေ ဆက်တိုက်ဖြစ်ရန် အတွက် ရှေ့ရှေ့စိတ် အစဉ်တွေပျက် ပျက်ပေး၍ ကျေးဇူးပြုခြင်း ငှာ အနန္တရ ပစ္စည်းတရား ကိုဟောတော်မူသည် လို့ ဆိုထားပါတယ် ။
သမနန္တရပစ္စယော ကို ကောင်းစွာ (အခြားမဲ့) တစ်ဆက်တည်း အကြား မရှိ အတားအဆီး မရှိ ၍ ကျေးဇူးပြု တတ်သော တရား။
ရှေးဆရာကြီးများ ကတော့ စကြာဝတေးမင်း တောထွက် ၍ ရဟန်းပြုခြင်း သည် အကြီးဆုံးသော သား ရတနာ အား တဆက်တည်း ကြား မရှိကောင်းစွာ မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြု သကဲ့ သို့ မြင်စိတ် သိစိတ် ကောင်းလျှင်ကောင်း သည်ဟု ဝန်ခံခြင်း၊မကောင်းလျှင် မကောင်းဟု ဝန်ခံခြင်းတို့သည် စိတ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင် အခြားမရှိ ဆက်၍ဖြစ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမနန္တရ ပစ္စည်း တရားကိုဟောတော်မူသည် လို့ ဆိုထားပါတယ်။
ကျနော် ဒီနေရာမှာ ပြောပြချင်တာက အခြားမဲ့ မရှိ တဆက်တည်း အကြား မရှိဖြစ်လေ့ ရှိပုံ နဲ့ ကောင်းစွာ အခြား မဲ့မရှိ တဆက်တည်း အကြား မရှိ ဆိုတဲ့ ဟောဒီ စင်္ကြဝဠာ ကြီးကနေ စင်္ကြာဝဠာ ကုဋ္ဋေ တစ်သိန်း မက သော စင်္ကြာဝဠာ အားလုံး ဟာ အကြားအလ ပ်မရှိတာ ကိုရော စိတ် စေတသိက် ရုပ် တို့ ကြားမှာပါ အကြား အလပ် မရှိတာ ကို ဘုရား ရှင်က နှစ်ပေါင်း ၂၅၆၀ ကျော်လောက်က ဟောပြသွားခဲ့ပြီးပါပြီ ။

ဒီလို အကြား မရှိတာ Guglielmo Marconi ကတော့မသိပါဘူး သိစရာ ဥာဏ်လည်း မမှီနိုင်ပါ ဘူး ဒါပေ မဲ့ လေ ထဲမှာ လှိုင်းတွေ အကြားအလပ် မရှိဆက်စပ်နေတာလောက်ကို မြင်နိုင်တော့ Guglielmo Marconi ဟာ ရေဒီယိုလှိုင်းကို အသုံးပြုတဲ့ ဆက်သွယ်ရေး စက်တွေကို ၁၈၉၆ နောက်ပိုင်းမှာ စတင်တည်ထွင် အသုံးပြုလာပါတယ် ၁၉၀၉ နိုဗလ် ဆုတွေရခဲ့ပြီး ၁၉၂၀ နှစ်ဦးပိုင်းလောက်မျာ ရေဒီယို ကနေအသံလွှင့် တာကိုစတင် တည်ထွင် ခဲ့ပါတယ်၊
Guglielmo
Marconi ရဲ့ ပုံကို လည်း ရှာဖွေဖေါ်ပြပေးလိုက်ပါတယ် Guglielmo
Marconi သာလူဖြစ် မလာခဲ့ရင် ယနေ့ IT
ခေတ် ဆိုတာ ရှိချင်ရင် ရှိမယ် မသေချာဘူး။ ကျနော်ပြောချင်တာ က
ကျနော်တို့ ရဲ့ မြတ်စွာဘုရား ရှင်ဟာ ဘယ်သူ့ဆီကမှ အခြေခံနည်းတွေ ကို မယူဘဲနဲ့
ကိုယ်တော်တိုင် ကျင့်ကြံပြီး ဘုရားဖြစ်ကို ရခဲ့တာပါ။
ယနေ့တော်ကြပါတယ် ဆိုတဲ့ ကွန်ပျူတာ ပညာရှင်တွေဟာ Guglielmo Marconi တို့လိုပုဂ္ဂိုလ်မျိုး တွေဆီမှ အဆင့်ဆင့် နည်းပညာ လက်ဆင့်ကမ်းခဲ့ ကြလို့ ဒီနေ့ IT ခေတ်ဖြစ်လာတာပါ အလားတူပါဘဲ James Watt သာလူဖြစ်မလာခဲ့ ရင် ယနေ့ Hybrid Synergy System လို့ခေါ်တဲ့ ဓါတ်ဆီ နဲ့ ဘက်ထရီ နှစ်မျိုးပေါင်း သုံး ပြီးမောင်းနိုင် တဲ့ကားတွေ ပေါ်လာ စရာမရှိပါဘူး အောက်ပါ post ကတော့ မြန်မာ IT လူငယ်များ မှ ကူးယူခဲ့ပါတယ် ။
လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်က အီတလီလူမျိုး ရူပဗေဒ ပညာရှင် မာကိုနီ (Guglielmo Marconi) ဟာ ရေဒီယို လှိုင်းတွေကို အသုံးပြုပြီး သတင်းအချက် အလက်တွေကို ပထမဆု့းအောင်မြင်စွာ ထုတ်လွှင့်နိုင် ခဲ့တဲ့ ပညာရှင်ဖြစ်ပါတယ်။
အဲ့ဒီအချိန်ကစလို့ ကမ္ဘာကြီး ဟာလည်း အရင်ကနဲ့မတူ အပြောင်း လဲကြီး ပြောင်း လဲခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မှာ ကွန်ပြူတာနဲ့ အင်တာနက်တော်လှန်ရေး ကြီးအကြောင်း အာပေါင်အာရင်း သန်သန် နဲ့ လူ အများ ပြော ဆိုနေနိုင်တာဟာ လူနေမှု ဘ၀တွေ ၊ နေ့စဉ်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို လွန်ခဲ့တဲ့နှစ် (၁၀၀) ကျော်လောက် ကတည်းက စတင်ပြောင်းလဲမှုတွေရဲ့ ရလဒ်ဖြစ်ပါတယ်။

သတင်းအချက်အလက်တွေကို
မမြင်တွေ့နိုင်တဲ့ မိုင်ထောင်ပေါင်း များစွာဝေးကွာတဲ့ ဒေသတစ်ခု ကနေတစ်ခုကို
လေထု ကိုဖြတ်သန်း ပို့ဆောင် ပေးနိုင်ခဲ့တာဟာ အဲ့ဒီအချိန်ကအလွန်
အံ့သြစရာကောင်း တဲ့ တီထွင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ကြိုးမဲ့ဆက်သွယ်မှု
သာမရှိခဲ့ဘူး ဆိုရင် ရေဒီယို၊ တီဗွီ၊ ဆက်တယ်လိုက် ဆက်သွယ်မှုတွေ ဆိုတာ
ဖြစ်လာ မှာမဟုတ်ပါဘူး။ ကမ္ဘာကြီးဟာ အကြားအလပ်မရှိ ဆက်သွယ်စေနိုင်ပြီး
ကမ္ဘာ့ရွာ (Global Village) အဆင့်ရောက်လာတာဟာ ကြိုးမဲ့ ဆက်သွယ်
ရေးနည်းပညာတွေရဲ့ စွမ်းဆောင်ပေးနိုင် မှုကြောင့်ပဲဖြစ် ပါတယ်။
မာကိုနီကနေစတင်ခဲ့တဲ့
ကြိုးမဲ့ဆက်သွယ်မှုနည်းပညာဟာ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာပြီး ဆဲလ်ဖုန်း
(cell phone)၊ ပေဂျာ (pager)၊ ဆက်တယ်လိုက် (satellite) ဆက်သွယ်မှု၊
ဒစ်ဂျစ်တယ် အချက်အလက် (digital data) တွေ ဆက်သွယ်မှုတွေအထိ ပြောင်းလဲလာတာ
ဖြစ်ပါတယ်။
ကြိုးမဲ့ဆက်သွယ်မှုနည်းပညာဟာ မာကိုနီခေတ်က morse code
အသုံးပြုပြီး ကြိုးမဲ့သံကြိုးရိုက်တာက စလို့၊ အခုလက်ရှိသုံးစွဲနေတဲ့
ဒစ်ဂျစ်တယ်အချက်အလက် (digital data) တွေ ပို့ဆောင်တဲ့ နည်းပညာ အဆုံး၊
မမြင်နိုင် တဲ့ လှိုင်းတွေကနေ လက်ဆင့်ကမ်းသယ်ပို့ပေးတဲ့အချက်ကတော့ အတူတူပါဘဲ။
အဲ့ဒီ လှိုင်းတွေ ဟာ လျှပ်စစ်သံလိုက်ရောင်စဉ်ရဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး
စွမ်းအင်လှိုင်း (Energy wave) တွေဖြစ် တဲ့ မြင်နိုင်တဲ့အလင်း၊
အိတ်စရေးတွေပါဝင်နေပါတယ်။
အဲ့ဒီထဲက အစိတ်အပိုင်း တစ်ခုဖြစ် တဲ့
ရေဒီယိုဖရီကွင်စီဖြစ်တဲ့ Radio Frequency (RF) တွေကတော့ သတင်းအချက်အလက်တွေ
သယ်ဆောင်ဖို့အတွက် အသုံးဝင်စေပါတယ်။ ဘယ်လိုဒေတာအမျိုးအစားတွေ ကို
ထုတ်လွှင့်တာဖြစ်စေ၊ RF တွေကို အသုံးပြုရတာဖြစ်ပြီး
ရေဒီယိုထုတ်လွှင့်ရုံသက်သက် မဟုတ်ပါဘူး။
သတင်းအချက်အလက်တွေကို ရေဒီယိုကနေ လက်ဆင့်ကမ်းသယ်ဆောင်ပေးတာခြစ်ပြီး အသံတွေ၊ စကားပြောဆိုမှုတွေ၊ တီဗွီလှိုင်းတွေ၊ ကွန်ပြူတာအချက်အလက်တွေ (computer data) တွေ အားလုံးပါ ၀င်ပါတယ်။ သတင်းအချက်အလက်တွေကို လှိုင်းတွေကနေတစ်ဆင့် ပို့ဆောင်ဆက်သွယ်ဖို့အတွက် Modulator လို့ခေါ်တဲ့ပစည်းကို သုံးရပါတယ်။ အဲ့ဒီပစည်းကနေ လေထဲကို ထုတ်လွှင့်ပေးပါတယ်။ လွယ်လွယ်ပြော ရင်တော့ အသံလွှင့်စက်ပါ။

တစ်ခါတစ်လေမှာ ဆဲလ်ဖုန်းရဲ့တာဝါတိုင်နဲ့ သိပ်မဝေးတဲ့နေရာက
ဆက်သွယ်တာ၊ ဒါမှမဟုတ် ကမ္ဘာ့ ဘယ်လောက်ပဲဝေးဝေး
ကိုယ်ရည်ရွယ်ပို့ဆောင်တဲ့ခရီးလမ်းဆုံးကိုရောက်ရင် demodulation
လို့ခေါ် တဲ့လုပ်ငန်းစဉ်ကို လုပ်ဆောင်ရပါတယ်။ ကြိုးမဲ့ဆက်သွယ်မှုနည်းပညာမှာ
အသံတွေထုတ်လွင့်တဲ့ modulation နဲ့ အသံဖမ်းယူဖို့ ပြန်ပြောင်းလဲတဲ့
demodulation ကတော့ မရှိမဖြစ် လုပ်ငန်း စဉ်နှစ်ရပ်ဖြစ် ပါတယ်။
တီဗွီခလုတ်ကနေ
လိုင်းပြောင်းလိုက်တာပဲဖြစ်ဖြစ်၊ သူ့ထက်ပိုပြီးရှုပ်ထွေးတဲ့
ဆဲလ်ဖုန်းကနေ အီးမေးလ်တွေ ပို့ တာ၊ လက်ခံတာပဲဖြစ်ဖြစ် တစ်နေ့ပြီးတစ်နေ့
ပြောင်းလဲနေတဲ့ နည်းပညာသစ်တွေထဲ ၀င်ရောက်လုပ်ကိုင် တိုးဝင်
ဆောင်ရွက်နေရတယ်ဆိုတာကတော့ အသေအချာပဲဖြစ်ပါတယ်။
MODULATION
RF လှိုင်း တွေကိုအသုံးပြုပြီး သတင်းအချက်အလက်တွေ ပို့ဆောင်တဲ့လုပ်ငန်းကို Modulation လို့ခေါ်ပါတယ်။ လှိုင်းတွေကို လက်ခံရတဲ့အချိန်မှာ အဲ့ဒီလှိုင်းတွေကို Demodulation ကလုပ်ပြီး သတင်းအချက်အလက် (information) တွေအဖြစ် ပြောင်းပေးရပါမယ်။

DATA
ကြိုးမဲ့ဆက်သွယ်နိုင်တဲ့ ဒေတာ (DATA) ဆိုတာ သတင်းအချက်အလက်တွေဖြစ်တဲ့ ရေဒီယိုနဲ့ တီဗွီ signal တွေ၊ လူအသံတွေ၊ ကွန်ပြူတာဒေတာတွေအားလုံး အကျုံးဝင်ပါတယ်။ အဲ့ဒီ ဒေတာတွေကို လျှပ်စစ်သံလိုက်စက်ကွင်း (Electromagnetic spectrum) ထဲက လျှပ်စစ်သံလိုက် (Electromagnetic) ရဲ့ ရေဒီယိုလှိုင်း (radio wave) တွေကနေ လက်ဆင့်ကမ်းသယ်ဆောင်ပေးပါတယ်။ ဘယ်ဒေတာ အမျိုးအစားကိုမဆို RF တွေကနေ လက်ဆင့်ကမ်းသယ်ဆောင်ပေးနိုင်ပြီး AM ၊ FM စတဲ့ ရေဒီယို လှိုင်းတွေသက်သက်ပဲ သယ်ဆောင်ပေးနိုင်တာ မဟုတ်ပါဘူး။

CELLS
ဆယ်လူလာတယ်လီဖုန်းဆိုတာ ဆဲလ်တွေကိုအသုံးပြု ဆက်သွယ်တဲ့ဖုန်းမို့လို့ ဆဲလ်ဖုန်းလို့ခေါ်တာပါ။ ဆဲလ်ဆိုတာ ဧရိယာတစ်ခုကို ဆဲလ်လေးတွေအဖြစ် ခွဲစိတ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဆဲလ်ဖုန်းကနေ စကားပြောဆိုမှုကို လက်ခံတာဖြစ်ဖြစ် ပို့တာဖြစ်ဖြစ် ဆဲလ်တွေအတွင်းမှာပဲ ဆက်သွယ်နိုင်တာ မျိုးမဟုတ် ဘဲ နေရာဒေသအမျိုးမျိုးမှာ ဆက်သွယ်ဖို့ လုပ်ဆောင်နိုင်စေပါတယ်။ သတင်းအချက်အလက်တွေဟာ ဆဲလ်တစ်ခုကနေတစ်ခု အဆင့်ဆင့်ဆက်သွယ်ပြီး ကိုယ်ဆက်သွယ်လိုတဲ့ နေရာကို ရောက်ရှိစေပါတယ်။

TRANSISMITTERS & RECEIVER
သတင်းအချက်အလက်တွေကို သယ်ပိုးထားတဲ့ ရေဒီယိုဖရီကွင်စီလှိုင်း (RF wave) တွေကို လွှင့်စက်ကနေ ပို့လွှတ်ပါတယ်။ အဲ့ဒီလှိုင်းတွေကို ဖမ်းစက်ကနေ လက်ခံရယူပါတယ်။

BASE STATION
ဆဲလ်တွေ အသီးသီးရဲ့အတွင်းမှာ Base Station ရှိနေပြီး ဆဲလ်တွေရဲ့ အတွင်းမှာရှိတဲ့ ဖုန်းတွေဆက်သွယ် ဖို့နဲ့ တခြားဒေသဆီကိုပို့မယ့် ဆဲလ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေကို လက်ဆင့်ကမ်းဆောင်ရွက်ဖို့ base station ကနေ လုပ်ဆောင်ပေးပါတယ်။

HANDOFF
ဆဲလ်ဖုန်းကနေ စကားပြောနေရင်း တစ်နေရာကနေတစ်နေရာကို သွားလိုက်ရင် ဆဲလ်တစ်ခုကနေ တစ်ခုရွှေ့ပြောင်းနေတဲ့ သဘောဖြစ်ပါတယ်။ Handoff တွေဟာ base station တစ်ခုကနေ တစ်ခု ဆက် လက် လက်ဆင့်ကမ်း ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အဲ့ဒီ အတွက် သင်စကားပြောဆို ဆက်သွယ် တဲ့နေရာမှာ ပြတ်တောက်သွားတာမျိုး မဖြစ်ပါဘူး။
မြန်မာ IT လူငယ်များ မှာ သွားရောက် ဆက်လက် ဖတ်ရှုကြပါ။

From...မြန်မာတို့အတွက်.ဗဟုသုတ
No comments:
Post a Comment