*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 7 June 2014

သူဌေး ဖြစ်မဲ့ သူနှင့် သာမန်သူဟာ ဘာကွာခြား သလဲ။


images

သူဌေး ဖြစ်မဲ့ သူနှင့်သာမန် သူဟာ ဘာကွာခြား သလဲ  ..........................

၀၁. သူဌေးဖြစ်မယ့် သူကတော့ လွတ်လပ် စွာ နေထိုင်နိုင်ဖို့ အတွက် ပိုက်ဆံ  ရင်းနှီး ပေမဲ့၊ သာမန် လူ ကတော့နောင်ရေး ကိုတွေးပြီး ပိုက်ဆံကို စုလေ့ရှိတယ်။

၀၂. သူဌေးဖြစ်မယ့် သူကတော့ ကိုယ်အပေါ်ကျေးဇူး ရှိတဲ့ သူအတွက် ပိုက်ဆံကို သုံးဖို့ မနှမြောပေမဲ့၊ သာမန် သူကတော့ စုထားတဲ့ ပိုက်ဆံလေး ကုန်သွားမှာ ကို စိုးရိမ် ပြီး နည်းနည်း ပဲ သုံးလေ့ရှိတယ်။


၀၃. သူဌေးဖြစ်မယ့် သူကတော့ ဆုံးရှူံးသွားတဲ့ ပိုက်ဆံ ကိုနောင်ပြန်ရှာ ရင်ရတာပဲ လို့တွေးပြီး သာမန်သူ ကတော့ ဆုံးရှူံးသွား တဲ့ပိုက်ဆံ ကိုတွေးပြီး ရင်းတွေးလေ့ ရှိတယ်။

၀၄. သူဌေးဖြစ် မယ့် သူ ကတော့ ပိုက်ဆံ မရှိလဲ ဘဝ ကို ဘယ်  လိုပျော်အောင်နေရ မလဲဆိုတာကို နားလည် တယ်။ သာမန် သူကတော့ ပိုက်ဆံ မရှိရင် ဘဝကို ပျော်ရွှင်အောင်နေ လို့မရဘူးလို့ထင်နေ တတ်တယ်။

၀၅.သူဌေးဖြစ်မယ့် သူကတော့ အနာဂတ် မှာ ဝင်ငွေကို ပိုများအောင်ဘယ်လို လုပ်မလဲ ကိုတာကို စဉ်းစားပြီး၊ သာမန်သူ ကတော့ အနာဂတ် မှာ ဝင်ငွေ မရှိရင် ဘယ်လို လုပ်မလဲ ဆိုတာကိုတွေးနေ တတ်တယ်။

၀၆. သူဌေးဖြစ်မယ့် သူကတော့ ပိုက်ဆံ ကို ကိုယ့်ဟာ ကို ထိန်းသိမ်း ရမယ်လို့ စဉ်းစားပြီး သာမန်  သူကတော့ ဘဏ်မှာ ထည့်ထားရင် စိတ်ချမ်း သာနေတတ်တယ်။

၀၇.သူဌေးဖြစ်မယ့် သူကတော့ ခရီးသွားရင် ခရီးမှာတွေ့ ခဲ့တဲ့ အတွေ့အကြုံအသစ်တွေ ကိုရှာတတ်ပေ မဲ့သာမန် သူကတော့ ခရီးမှာနေစဉ် ဘဝကို မေ့ပစ်ဖို့ကြိုးစားပါတယ်။

၀၈. သူဌေးဖြစ်မယ့် သူကတော့ ကိုယ့်ရဲ့ လုပ်ငန်းကိုအောင်မြင်မယ် လို့ ယုံကြည်ပြီး အလုပ်လုပ် ပေမဲ့ သာမန်သူ ကတော့ ငွေစု စာရင်းထဲ က စုစုပေါင်းငွေ အပေါ် မှာ ကိုယ့်ရဲ့တန်ဖိုး ကို ဆုံးဖြတ်လေ့ရှိတယ်။

၀၉. သူဌေးဖြစ်မယ့် သူကတော့ ကျန်းမာရေး အတွက် စဉ်းစားပြီးသေသေ ချာချာ စားသောက် တတ်ပေမဲ့၊ သာမန်သူ ကတော့ ပိုက်ဆံ ကိုချွှေတာပြီး ဖြစ်သလို စားတတ်သည်။

၁၀.သူဌေးဖြစ်မယ့် သူ ကတော့ လူတွေ အတွက် ဘာ အကျိုးရှိအောင် လုပ်ရမလဲ ဆိုတာ ကို စဉ်းစား ပြီးသာမန် သူကတော့ သူတပါး ဆီက ဘာကို  ရမလဲဆိုတာ ကိုပဲ စဉ်စားလေ့ ရှိ၏။

FrOM...Clemo Page

No comments:

Post a Comment