*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 4 June 2014

အဆိပ် သတိပေးချက်



Photo: အဆိပ်သတိပေးချက်
===============

စောစောက TV5MONDE Channel ကို ကြည့်နေရင်း Aluminum Phosphide အန္တရာယ်အကြောင်းကို အချက်အလက်အပြည့်အစုံနဲ့ ဗွီဒီယိုအထောက်အထားနဲ့ တင်ပြသွားတာကြည့်လိုက်ရတယ်။ အရမ်းအန္တရာယ်ကြီးပါတယ်။

ထိုင်းနိုင်ငံက ဟိုတယ်ကြီးတွေမှာ ရုတ်တရက်သေဆုံးတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေ ဘာကြောင့်သေရသလဲဆိုတာကို စစ်ဆေးရင်းနဲ့ ဒီ Aluminum Phosphide ကြောင့်သေရတယ်ဆိုတာ ရှင်းပြသွားတာဖြစ်ပါတယ်။

အထူးသဖြင့် ဟိုတယ်ကြီးတွေမှာ ဂျပိုးနဲ့ အခြားပိုးမွှားတွေကင်းရှင်းအောင် ဒီ Aluminum Phosphide ကိုသုံးစွဲပါတယ်။ အခန်းတွင်းသန့်ရှင်းရေးအနေနဲ့ ကုတင်အောက်၊ မွှေ့ယာအောက်၊ အခန်းဒေါင့်တွေမှာ သုတ်လိမ်းထားတတ်ကြပါတယ်။

TV5MONDE ရဲ့အဆိုအရ ထိုင်းနိုင်ငံမှာ နိုင်ငံခြားခရီးသွားဧည့်သည် ၉ ယောက်တိတိ ရုတ်တရက် သေဆုံးခဲ့တာ ဒီ Aluminum Phosphide ကြောင့်လို့ဆိုပါတယ်။ တော်တော်ပြင်းတဲ့ အဆိပ်ဖြစ်ကြောင်းလည်း သတိပေးသွားပါတယ်။ နာရီပိုင်းအတွင်း သေဆုံးနိုင်ပါတယ်တဲ့။

ဟိုတည်ခန်းတွေမှာသာမက ဆိုဖာ၊ ဆက်တီနဲ့ မွှေ့ယာထုတ်လုပ်သူများကလည်း ဒီ Aluminum Phosphide ကို နည်းမျိုးစုံနဲ့ထည့်သွင်း ရောင်းချနေကြကြောင်း ပြောသွားပါတယ်။ ထုတ်လုပ်ရောင်းချသူများကတော့ ဒါကို ထည့်သွင်းပြုလုပ်ထားကြောင်း ဘယ်တော့မှ ၀န်ခံလေ့မရှိကြောင်း၊ မသင်္ကာလို့ စစ်ဆေးကြည့်တဲ့အခါမှသာ လူကိုသေစေနိုင်တဲ့ Aluminum Phosphide နဲ့ အခြားဓါတုပိုးသတ်ဆေး ၄ မျိုးလောက် ပါဝင်နေတာတွေ့ရကြောင်းပြောသွားပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံကထုတ်တဲ့ မွှေ့ယာတွေမှာ ဒါကိုပိုတွေ့ရကြောင်းလည်း ရှင်းပြသွားပါတယ်။ ဂျပိုးအပါအ၀င် အခြားပိုးမွှားတွေ မခို မအောင်းစေရန် မွှေ့ယာတွေထဲမှာ ထည့်သွင်းရောင်းချကြတာလို့ဆိုပါတယ်။ ဆိုဖာနဲ့ ဆက်တီတွေရဲ့ အပေါ်ယံမျက်နှာပြင်မှာလည်း ပေါ်လစ်လို ရောနှောသုတ်လိမ်းကြပါတယ်။ လူကိုချက်ချင်းမသေစေနိုင်ပေမယ့် တရိရိနဲ့သေစေနိုင်ကြောင်း အန္တရာယ်ကြီးကြောင်း သတိပေးသွားတာ ကြည့်လိုက်ရပါတယ်ဗျာ။

ဒီ အန္တရာယ်ကြီးလွန်းတဲ့ Aluminum Phosphide ကို လူထုအတွင်း တရားဝင်သုံးစွဲခွင့်မရှိပါဘူးတဲ့။ အစိုးရကသာ သုံးစွဲခွင့်ရှိကြောင်း ဒါပေမယ့်လည်း နည်းလမ်းပေါင်းစုံနဲ့ဝယ်ယူသုံးစွဲနေကြကြောင်း အထူးသတိထားသင့်ကြောင်း TV5MONDE Channel မှာ ကြည့်လိုက်ရပါတယ်ဗျာ။

Post by: www.facebook.com/dominance.kozin
 
စောစောက TV5MONDE Channel ကို ကြည့်နေရင်း Aluminum Phosphide အန္တရာယ် အကြောင်းကို အချက် အလက် အပြည့် အစုံနဲ့ ဗွီဒီယို အထောက်အထား နဲ့ တင်ပြ သွားတာကြည့်လိုက် ရတယ်။ အရမ်း အန္တရာယ်ကြီးပါတယ်။
 

ထိုင်းနိုင်ငံ က ဟိုတယ်ကြီးတွေ မှာ ရုတ်တရက်သေဆုံး တဲ့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ ဘာကြောင့်သေ ရ သလဲ ဆိုတာကို စစ်ဆေးရင်း နဲ့ ဒီ Aluminum Phosphide ကြောင့်သေရတယ် ဆိုတာ ရှင်းပြ သွားတာဖြစ်ပါတယ်။



အထူး သဖြင့် ဟိုတယ်ကြီးတွေ မှာ ဂျပိုးနဲ့ အခြား ပိုးမွှားတွေ ကင်းရှင်းအောင် ဒီ Aluminum Phosphide ကိုသုံးစွဲ ပါတယ်။ အခန်းတွင်း သန့်ရှင်းရေး အနေနဲ့ ကုတင်အောက်၊ မွှေ့ယာအောက်၊ အခန်းဒေါင့်တွေ မှာ သုတ်လိမ်း ထားတတ်ကြပါတယ်။

TV5MONDE ရဲ့အဆို အရ ထိုင်းနိုင်ငံ မှာ နိုင်ငံခြား ခရီးသွားဧည့်သည် ၉ ယောက် တိတိ ရုတ်တရက် သေဆုံး ခဲ့တာ ဒီ Aluminum Phosphide ကြောင့် လို့ဆိုပါတယ်။ တော်တော်ပြင်း တဲ့ အဆိပ်ဖြစ်ကြောင်း လည်း သတိပေး သွားပါတယ်။ နာရီပိုင်း အတွင်း သေဆုံးနိုင်ပါတယ်တဲ့။

ဟိုတည်ခန်းတွေမှာ သာမက ဆိုဖာ၊ ဆက်တီ နဲ့ မွှေ့ယာ ထုတ်လုပ်သူများ ကလည်း ဒီ Aluminum Phosphide ကို နည်းမျိုးစုံ နဲ့ထည့်သွင်း ရောင်းချနေကြကြောင်း ပြောသွားပါတယ်။ 
ထုတ်လုပ်ရောင်းချသူ များကတော့ ဒါကို ထည့်သွင်းပြုလုပ် ထားကြောင်း ဘယ်တော့မှ ၀န်ခံလေ့ မရှိကြောင်း၊ မသင်္ကာ လို့ စစ်ဆေးကြည့်တဲ့ အခါမှသာ လူကိုသေစေနိုင် တဲ့ Aluminum Phosphide နဲ့ အခြား ဓါတု ပိုးသတ်ဆေး ၄ မျိုးလောက် ပါဝင်နေတာတွေ့ရကြောင်းပြောသွား ပါတယ်။ 
အထူးသဖြင့် တရုတ်နိုင်ငံက ထုတ်တဲ့ မွှေ့ယာတွေ မှာ ဒါကို ပိုတွေ့ရကြောင်း လည်း ရှင်းပြသွားပါတယ်။ ဂျပိုး အပါအ၀င် အခြား ပိုးမွှားတွေ မခို မအောင်းစေရန် မွှေ့ယာတွေ ထဲမှာ ထည့်သွင်းရောင်း ချကြ တာ လို့ ဆိုပါတယ်။ 
ဆိုဖာနဲ့ ဆက်တီတွေ ရဲ့ အပေါ်ယံ မျက်နှာပြင် မှာလည်း ပေါ်လစ် လို ရောနှော သုတ်လိမ်းကြပါတယ်။ လူကို ချက်ချင်းမသေစေနိုင်ပေမယ့် တရိရိနဲ့သေစေနိုင်ကြောင်း အန္တရာယ်ကြီးကြောင်း သတိပေးသွားတာ ကြည့်လိုက် ရပါတယ်ဗျာ။

ဒီ အန္တရာယ်ကြီး လွန်းတဲ့ Aluminum Phosphide ကို လူထု အတွင်း တရားဝင် သုံးစွဲခွင့် မရှိပါဘူးတဲ့။ အစိုးရ ကသာ သုံးစွဲခွင့် ရှိကြောင်း ဒါပေမယ့် လည်း နည်းလမ်းပေါင်းစုံ နဲ့ဝယ်ယူ သုံးစွဲနေကြကြောင်း အထူး သတိထား သင့်ကြောင်း TV5MONDE Channel မှာ ကြည့်လိုက် ရပါတယ်ဗျာ။

Post from: www.facebook.com/dominance.kozin

No comments:

Post a Comment