*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 24 October 2013

ဗုံးကွဲမှုတွေနောက်ကွယ်က အမာလိုင်း အုပ်စု


Posted Yesterday by MM Play Boys

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်အပါအ၀င်နေရာတချို့နဲ့ တောင်ငူ၊ မန္တလေး စတဲ့ မြို့တချို့မှာ ဗုံးတွေ ပေါက်၊ ဗုံးတွေတွေ့ နဲ့မို့ ဒီဗုံးကွဲမှုတွေဟာ ဆန်းကြယ်ပြီး နောက်ကွယ်က ရည်ရွယ်ချက် ကြီးကြီး မားမားရှိတဲ့ အုပ်စုကြီးတခုက ကိုင်တွယ်နေတယ်ဆိုတာ ပေါ်လွင်တယ်။ 


ဒီဗုံးကွဲမှုတွေနဲ့ တဆက်တည်း ရန်ကုန်မြို့က ဆမ်ဆောင်း စင်တာမီးလောင်သွားတာ သတိထား မိလိုက်ကြ မယ်ထင်တယ်။

MM Play Boys က စုံစမ်းရ သလောက် အခု ဗုံးကွဲမှုတွေရဲ့ နောက်ကွယ်မှာ သရေစည်သူ ထွန်းဝင်းနဲ့ ဆမ်ဆောင်း မြန်မာပြည် ကိုယ်စားလှယ် သန်းဝင်းအောင်တို့ ပါဝင်ပတ်သက်နေ တာပါဘဲ။ သူ တို့  နောက် မှာ အမာလိုင်းက အဘ တစ်ဦး ဦးပါဝင် နိင် တယ်လို့ ယူဆလို့ ရနေပါတယ်။

သူတို့ က သိန်း ၆ ထောင်ရင်းပြီး ဗုံးခွဲတဲ့ လှုပ်ရှားမှုကို လုပ်တာဖြစ်ပြီး KNU နဲ့ မကင်းတဲ့ ကရင် တချို့ကို ငှားရမ်းခဲ့တယ်လို့သိရပါတယ်။

မွတ်စလင်ဘာသာဝင်တို့ရဲ့ ပြီးခဲ့တဲ့ အိဒ်နေ့မှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ် အမြတ် ရွှေတိဂုံ ဘုရားပေါ် မှာ ဗုံးခွဲခိုင်းတာဖြစ် တယ် လို့ ဖမ်းမိထားတဲ့ ကရင်က ဖြောင့်ချက်ပေးတယ်။

အဲဒီဖြောင့်ချက်ပေးတယ်လို့ သတင်းတွေ ထွက်လာအပြီး မြန်မာပြည် ဆမ်ဆောင်း ကိုယ်စား လှယ်က သူရုံးကို သူကိုယ်တိုင် မီးရှို့ပြီး ထွက်ပြေးသွားပါပြီ။ ဒါကြောင့် သူ့ကို နိုင်ငံတကာ ရဲတပ် ဖွဲ့လို့ ခေါ်တဲ့ InterPol နဲ့ တိုင်ကြားထားပါတယ်။

ဆမ်ဆောင်း မြန်မာပြည်ကိုယ်စားလှယ် သန်းဝင်းအောင် ဆိုတာက ဦးမြသင်းအောင် သားဖြစ်ပါတယ်။ ဦးမြသင်းအောင် ဆိုတာ ပုလဲကင်း ကွာစိ လုပ်ငန်းပိုင်ရှင်ဖြစ်ပါတယ်။

သန်းဝင်းအောင်တို့ သူ့အဖေ ဦးမြသင်းအောင်တို့ဟာ စာဖတ်နေသူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေခေတ်မှာ ချမ်းသာလာတာဖြစ်ပါတယ်။

သူတို့ ဘာကြောင့် ဒါတွေလုပ် မြန်မာ့ နိင်ငံရေးမှာ အဏာရတွေထဲမှာ အုပ်စု ၂ စု ဖြစ်လာနေ ပါတယ်။

ပထမ အုပ်စုတော့ သမ္မတ ဦးသိန်းစိန်၊ ဦးအောင်မင်း၊ ဦးစိုးသိမ်းတို့ ပါဝင်ပြီး အမေရိကန် လိုလားသူ၊ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသားတွေပါတဲ့ အဖွဲ့ ဖြစ် လာနေပြီး နောက် တစ်ဖွဲ့ကတော့ ဦးအောင်သောင်း တို့လို ဂိုဏ်းမာလိုင်းတွေ၊ ခရိုနီတချို့နဲ့ တရုတ်လိုလား သူတွေ ဆိုတဲ့ အုပ်စု ၂ ခု ကွဲလာနေပါပြီ။

အခု ဗုံးကွဲမှုဖြစ်စဉ်နဲ့ မြန်မာနိုင်ငံရေး အုပ်စုကြီး ၂ ခု ကြားက တိုက်ပွဲကို ထင်ဟပ်တဲ့ နိုင်ငံရေး လုပ်ကြံမှု လည်း ဖြစ်ပါတယ်။

အခု သမ္မတ ဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲရေး သမားတွေ၊ ဦးသိန်းစိန်တို့ အုပ်စုနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ လက်တွဲ ပူးပေါင်း လုပ်ဆောင်လိုကြတဲ့ တစ်ချိန်က အတိုက်အခံ အုပ်စုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက ပူးပေါင်း ဆောင်ရွက်ရေး လုပ်ဆောင်လို သူတွေရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံ တကာက သူတို့ အုပ်စုအပေါ် မျက်နှာသာပေးမှုတွေ ရှိလာနေတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေက အမေရိကန်နဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးရှိ လိုပြီး ပြည်တွင်းက တစ်ချို့ ခရိုနီကြီးတွေရဲ့ မတရားလုပ် တာတွေကို လျှော့ ချပစ်မယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေလာရောက်ရေး ကြိုးစားနေ ကြတာ ထိုက်သင့်တဲ့ ယုံကြည်အောင်မြင်မှုတွေရနေတယ်။

ဒီအုပ်စုသာ ရှေ့ဆက် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေ ဆက်လှမ်းသွားနေရင် တစ်ချိန်မှာ အမာလိုင်း သမားတွေနဲ့ အတူရှိ နေတဲ့ တရုပ်လို လားသူတွေအတွက် အခက်တွေ ဆက်တိုက်တွေ့လာဖို့ ရှိနေတယ်။ ဒီတော့ အမာလိုင်းသမားတွေနဲ့ တရုတ်လိုလားသူတွေက မဟာစီမံကိန်းတွေ ချမှတ်ကြတော့တယ်။

တစ်ဖက်ကလည်း တရုပ်နိုင်ငံက သမ္မတ ဦးသိန်းစိန် ဆုံးဖြတ်ချက်နဲ့ မြန်မာနိုင်ငံမှာ အကြီးမား ဆုံး ရင်းနှီးမြှပ်နှံထားတဲ့ မြစ်ဆုံ ဆည် စီမံကိန်း ဆိုင်းငံ့ပြီး ဘေး ပစ်ချထားတဲ့အပေါ် အတော် ဆုံးရှုံးနစ်နာနေ တယ်။

ဒီ မြစ်ဆုံဆည် ကိစ္စတွေက တရုတ် အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သီဟသူရ တင်အောင်မြင့်ဦးတို့က လက်ဝါးရိုက် လုပ်ခဲ့ကြတယ်။ ဒီအတွက် တရုတ်က သူတို့တွေ ကို ဒေါ်လာ မီလျံနဲ့ ချီပြီး ပေးခဲ့ရတယ်။ တရုတ်ပေးတဲ့ အပင်းငွေကို KIA ခေါင်းဆောင် တချို့ လည်း စားထားသေးတယ်။

နောက်ပိုင်း တရုတ်က အတိုက်အခံ နိုင်ငံရေးတက်ကြွသူတွေ၊ ပြည်တွင်း မီဒီယာသမား တစ်ချို့နဲ့ ပြည်ပ မီဒီယာသမားတချို့၊ မြန်မာ့လူမှု နယ်ပယ်က သူတချို့ကို ၀ယ်ယူနိုင်ခဲ့ပြီးဖြစ်တယ်။

ဒီနောက်ပိုင်းမှာတော့ အဖက်ဖက်က အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ မဟာစီမံကိန်းကို အကောင်အထည်
ဖော်ကြပါတော့တယ်။

ဒီမှာတော့ ငထွား ခါးနာပြီး ဓားခုတ်ရာ လက်ဝင် ထိုးပေးသူက KNU က ပဒို မန်းငြိမ်းမောင်ပါဘဲ။ နဂိုက တည်း က ဒီအကွက် ကို ဆင်ထားတာ၊ တည့်တည့်ပဲ ၀င်ရောက်သွားပြီး ဖမ်းဆီးထားမိသူတွေနဲ့ ပေးတွေ့ပြီး သူတို့ ပြောတာတွေကို အတည်ပြု လက်ခံယူကာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး လမ်းလွှဲပေးလိုက်ပြန် တယ်။

ဗုံးပေါက်ကွဲမှုတွေမှာ KNU အောက်ခြေတွေ ပတ်သက်တယ်လို့ ၀န်ခံပြောကြားလိုက်တယ်။ ဒီ အကွက်ကို ဆင်ထားရတာ သိန်းထောင်ချီအကုန်ခံလုပ်ခဲ့ရတာပါ။ KNU လည်း ကွဲ၊ ဗိုလ်သိန်းစိန်တို့အုပ်စုလည်း မျက်နှာပျက်၊ ခဲတလုံးနဲ့ အကုန်ပစ်လိုက်တဲ့ ဖန်တီးချက်။

ဒါကြောင့် တကယ့် ဗုံးခွဲ တရားခံ အစစ်ကို ဖမ်းချင်ရင် ခုနကပြောခဲ့တဲ့ သရေစည်သူ ထွန်းဝင်းနဲ့ ဆမ်ဆောင် မြန်မာပြည် ကိုယ်စားလှယ် သန်းဝင်းအောင်တို့ကို ဖမ်းလိုက်ပါ။

ဒါဆို မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံ စတဲ့ မြို့တွေက ဘာသာရေး အဓိကရိုဏ်း တွေရဲ့ လက်သည်တရားခံတွေ ကိုပါ ဖော်ထုတ်နိုင်ပါလိမ့်မယ်။

ဒါတွေအားလုံးဟာ လာမယ့် ၂၀၁၅ အတွက်ပါ ကြိုတင်ပြင်ဆင်ထားတဲ့ နိုင်ငံရေးလုပ်ကြံမှု မိုင်းကြီးလည်း
ဖြစ်ပါတယ်။

ဒါကို မသိနားမလည်သူတွေက တက်နင်းမိရင်း လူတွေလည်း သေကြကြေကြ၊ အိုးအိမ်တွေလည်း မီးလောင် ဆုံးရှုံး၊ အမုန်းတရား တွေနဲ့သံသရာဝဋ်တွင်း ဆွဲသွင်းကာ ကုလားမလို့ သူတို့ ခေါ်တွင် တဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေး ကြိုတင် စီမံ ချက်တွေသာဖြစ်ပါကြောင်း တင်ပြရေးသား လိုက်ပါတယ်။

MM Play Boys
Labels: အထူးစုံစမ်း သတင်းဖော်ထုတ်ချက်
http://mmplayboys.blogspot.jp/2013/10/blog-post_6710.html

ဆက်လက် ဖတ်နိုင်မှာကတော့

အမာလိုင်း သုံးသပ်ချက် အဖြစ် တရုတ် ဗျူဟာအရွေ့နဲ့ အမာလိုင်းအုပ်စုရဲ့ ခြေလှမ်း
===============================================

မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍ ဘယ်လောက်ကြီးတယ်ဆိုတာ အမေရိကန်အပါအ၀င် ကမ္ဘာ့ နိုင်ငံကြီးတွေလည်း သိနေကြတယ်။ 
 


တကယ်တော့ တရုတ်ဟာ အာဏာရှိသူနဲ့ပဲ ဆက်ဆံလေ့ရှိခဲ့တာပါ။ ဒါပေမယ့် မြစ်ဆုံအလွန်ကာလ တရုတ်ရဲ့ အကျိုး စီးပွား ဘီလျံနဲ့ ချီပြီးထိခိုက်နစ်နာခဲ့ရတယ်။ တရုတ်အနေနဲ့ သူ့ နိုင်ငံ၊ သူ့တရုတ် အမျိုးသား ပိုင် စီးပွားရေးလုပ်ငန်းတွေအပေါ် မြန်မာရဲ့ အကာအကွယ်ပေးမှုဟာ သံသယဖြစ်လာနေတာ ဆက်တိုက်ဆိုသလိုပဲ။

ဒီအတွက်ကြောင့် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားရေး ၀ါဒီတွေက မြန်မာကို သင်ခန်းစာပေးရမယ်ဆိုတဲ့ အသံတွေတောင် ထုတ်ဖော်ပြောဆိုလာကြတယ်။

မြန်မာလူထုအကြား တရုတ်ဆန့်ကျင်ရေး ဘယ်လောက်ထိ အမြစ်တွယ်နေလဲဆိုတာ သုတေသီ ဟန်ဆောင် ထားတဲ့ တရုတ်ထောက်လှမ်းရေးတွေ တသုပ်ပြီး တသုပ် မြန်မာပြည်ကို လာလေ့လာကြ တယ်။

မြစ်ဆုံကိစ္စဟာ တရုတ်အနေနဲ့ အတော်မျက်ကလူးဆန်ပြာ ဖြစ်သွားခဲ့ရလို့ပါဘဲ။ ဒီမှာပဲ တရုတ်အာဏာ ပိုင်တွေက မြန်မာမှာ ထားတဲ့ သံအမတ်ကို လဲလိုက်တယ်။ မြန်မာအပေါ် ထားတဲ့ ပေါ်လစီကို ပြန်သုံးသပ် လာတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD၊ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ အခြား ဒီမိုကရေစီအင်အား စုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်သူရော၊ မကိုင်သူတွေရောနဲ့ မြန်မာမီဒီယာတွေထဲကို စိမ့်ဝင် ထိုး
ဖောက် ဖျားယောင်းသွေးဆောင်ပြီး ၀ယ်လို့ရတဲ့သူကို ၀ယ်တယ်။ ရံလို့ရတဲသူကို ရံတယ်။ ကာလို့ရတဲ့ သူကို ကာတယ်။ ဒီအထဲ ပြည်ပအခြေစိုက် အဖွဲ့အစည်းတချို့နဲ့ မီဒီယာသမားတချို့တောင် ပါသွားခဲ့တယ်။ ဒီလိုနဲ့ မြစ်ဆုံပြန်စရေး အတိုက်အခံ ဆိုသူတွေကို တရုတ်ပြည်ထိပါ ဖိတ်ပြီး သဘောထားပြန်တောက်ကြည့် တယ်။

ခက်တာက ၈၈ မျိုးဆက်အပါအ၀င် အတိုက်အခံဆိုသူတွေက လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ တူတာတွဲလုပ်၊ မတူတာခွဲလုပ်မယ်ဆိုတဲ့ သဘောထားကို ပေးခဲ့ကြတော့ တရုတ်ကြီးလည်း ပြန်စဉ်းစား သွားရတယ်။

မြန်မာပြည်မှာ အာဏာတကယ်အခုချိန်ထိ ရှိနေတာ ဘယ်သူလည်းပေါ့။ ဒီတော့ နောက်ဆုံး အဖြေက တွေ့ သွားတယ်။ စစ်တပ်ပဲတဲ့။

ဒါကြောင့် စစ်တပ်ရဲ့ အကြီးအကဲ ကာ/ချုပ် မင်းအောင်လှိုင်ကို တရုတ်ပြည် ဖိတ်၊ ဒူးတိုက်ဆွေးနွေးရတာပေါ့။

ဒီနေရာ မှာ ကာ/ချုပ် မင်းအောင်လှိုင်က တရုတ်ကို မသွားချင်ပဲ သွားခဲ့ရတယ်လို့ MM Play Boys တို့က သတင်းရခဲ့တယ်။ ဖြစ်နိုင်ခြေရှိပါတယ်။

အရင်တပ်ချုပ်ကြီးက ဗိုလ်ချုပ်ဝေလွင်နဲ့ တဆင့် ပြော လိုက်တာကတော့ တရုတ်ဟာ ထာဝရ အိမ်နီးချင်း၊ မဖြစ်မနေ သွားရမယ်။ မသွားရင် အားလုံးရဲ့ အကျိုး စီးပွား ထိခိုက်ကုန်ရင် မကုန် မသာပေါ်ကုန်မယ် ဆိုတော့ မင်းအောင်လှိုင်လည်း သုပ်ခြေတင် ချန်ဒူးကနေ ပီကင်းထိ ပြေးရတော့တာပါဘဲ။

ဒါပေမယ့် ပြဿနာက အထည်အကြီးအတိုင်း ရှိနေသေးတယ်။ ဒါက မြန်မာပြည်တွင်းက တရုတ်မုန်းတီးရေး ဆန့်ကျင်ရေး စိတ်တွေနဲ့ လှုပ်ရှားမှုတွေပဲ။

ဒါတွေဟာ ပြီးခဲ့တဲ့ နှစ်က ရခိုင်ကိစ္စနဲ့ ကိုယ်ရှိန် သတ်သွားပေ မယ့် အကင်းမသေဘူးဆိုတာ တရုတ်က သိနေတယ်။ တရုတ်ရဲ့ အရွေ့က မြန်မာအပေါ် တအိအိ ဖိကျလာခဲ့တယ်။

ဒါကြောင့် အရင်က ဆက်ဆံကခဲ့တဲ့ စာဖတ်နေသူကြီးရယ်၊ ရှစ်လုံး ခေါ် သီဟသူရတင်အောင်မြင့်ဦးနဲ့ ဦးအောင်သောင်းတို့ အုပ်စုကို ပြန်ပြီး မျက်နှာသာပေး တိတ်တဆိတ်ဆက်ဆံမှုမျက်နှာစာ ပြန်ဖွင့်တယ်။

ဒီဘက်က ဦးအောင်သောင်းတို့လည်း ရေငတ်နေသူ ရေတွင်းထဲ ကျဆိုသလိုပဲ၊ အကြံတူတော့ မိတ်ဆွေပေါက်ဖော်ဟောင်းကြီးတွေနဲ့ အလွမ်းသင့်ပြီးသား။

ဗိုလ်သိန်းစိန်တို့ ပြုပြင်ပြောင်းလဲရေး သမားတွေက တရုတ်ရင်ခွင်ကနေ အမေရိကန် ရင်ခွင်ကို ချည်းကပ် ချင်သူတွေ၊ တနည်းအားဖြင့် တရုတ်နဲ့ အမေရိကန် ကြား နိုင်ငံရေး ကစားပြီး မုန့်ပိုကျွေးအောင် တောင်းနေ ချိန်၊ မြန်မာပြည်ကြီး အမေရိကန်နဲ့ နီးသွားရင် ငါတို့ ရှားထားသမျှတွေနဲ့ ရှားစားဖို့အတွက် အခက်တွေ့ ကုန်မှာ ကို စိုးရိမ်ကြီးလာတယ်။

တရုတ်အားကိုး ဦးအောင်သောင်းတို့ အမာလိုင်းတွေက တချိန်က စွမ်းအားရှင်ဆိုတာတွေနဲ့ လူပြန်စု၊ စနစ်တကျ မဟာစီမံကိန်းကြီးတွေချ၊ မထင်မှတ်ပဲ ကျိုးပေါက်လာတဲ့ အနောက်တံခါး အရေးကို အသံကုန် ကုန်းအော်ပြီး ဒီအနာမီးကို မငြိမ်းအောင် နည်းအဖုံဖုံ သုံးလာကြပြီး လူမျိုးရေး၊ ဘာသာရေး အဓိကရိုဏ်းတွေ ဖြစ်ဖို့ အကုန် ကွက်တိ အချိန်ကိုက် လုပ်ခဲ့တယ်။

ဒီလိုကိစ္စမျိုးက ဦးအောင်သောင်းက ကျွမ်းပြီးသာပါ။ ဒီပဲယင်းမှာ ဒေါ်စုကို လုပ်ကြံဖို့ လုပ်တုန်းကတည်းက အတွေ့အကြုံရှိပြီးသား။ ဒါကြောင့် သူလုပ်သမျှ စာဖတ်နေသူကြီးက ဘာမှ ၀င်မပြောဘဲ ကြည့်နေပေး တယ်။

ဒီပဲယင်း စကားစပ်လို့ ၊ ဒီပဲယင်းတုန်းက သုံးခဲ့တဲ့ ပညာမဲ့ ဆင်းရဲတဲ့စွမ်းအားရှင်တွေကို MM Play Boys စုံစမ်းတော့ အရေးပါတဲ့ တာဝန်ယူခဲ့သူတွေ ဆိုတာ ပျောက်နေတယ်။ မိသားစုကလည်း ဘယ်ရောက်နေ မှန်း မသိတာ ဖွင့်မပြောရဲအောင် ဖြစ်နေကြတယ်။ ငွေလေး မစို့မပို့ရပြီး သူတို့ဘ၀တွေ ဘယ်ပျောက်မှန်း မသိ ပျောက်ချက်သား ကောင်းနေတယ်။ စွမ်းအားရှင် တဦးအဆိုအရ လက်စဖျောက်လိုက်တယ် ဆိုဘဲ။

ဒီတော့ ဦးအောင်သောင်းလည်း ဆက်လုပ်ဖို့ စာဖတ်နေသူကြီးရဲ့ အားရော၊ တရုတ်လို အိမ်နီးချင်း အင်အားကြီး ဆွေမျိုးပေါက်ဖော်အားကြီးရှိတော့ ဆက်လုပ်လာလိုက်တာ ယနေ့ထိ မပြီးနိုင် ဖြစ်ပါတယ်။

အခု ဗုံးကွဲမှုတွေရဲ့ နောက်ကွယ်၊ လူမျိုးရေး ဘာသာရေး အဓိကရုန်းတွေရဲ့ နောက်ကွယ်မှာ အမာလိုင်း သမားတွေ ဘယ်လို ရှိနေတယ်ဆိုတာ MM Play Boys က ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

 
MM Play Boys
http://mmplayboys.blogspot.jp/2013/10/blog-post_1459.html

From... Search MYANMAR

No comments:

Post a Comment