*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 3 April 2014

ပဲရစ်မျော်စင် အကြောင်း သိကောင်းစရာ


Eifel Tower လို့ခေါ်တဲ့ ပဲ၇စ် မျှော်စင်ကြီးကို ၁၈၈၉ ခုနှစ် မတ်လ ၃၁ ၇က်နေ့မှာ တည်ဆောက်ခဲ့ တာကြောင့် ယနေ့မှာဆို၇င် သက်တမ်း အားဖြင့် ၁၂၅ နှစ် ၇ှိပါပြီ ။


 သူ့ကိုတည်ဆောက်ဖို့ အတွက် လုပ်သားပေါင်း ၃၀၀ ဦး ပါဝင်ပြီး သံချောင်းပေါင်း ၁၀၈၃၈ ချောင်း ပါဝင်ထည့်သွင်း အသုံးပြုထားပါတယ်။



သံမှိုနှတ် အလုံး ၂.၅ သန်း အသုံပြုခဲ့ပြီး တာဝါ အလေးချိန်က တန် တစ်သောင်း၊ အမြင့်အားဖြင့် ၉၈၄.၂၅ ပေ ရှိပါတယ်။ သူ့ခေတ် သူ့ခါမှာ modern science ရဲ့ အမှတ်အသား လက္ခဏာ တစ်ခု ဖြစ်ခဲ့ ပါတယ်။ 

သူ့ကို တည်ဆောက်စဉ်တုန်း ကတော့ ကမ္ဘာ့ အမြင့်ဆုံး အဆောက်အအုံ တစ်ခု အဖြစ် စံချိန်တင် ပါတယ်။ ၁၉၃၀ ခုနှစ်က အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့မှာ ၁၀၄၆ ပေ မြင့်တဲ့ Chrysler အဆောက် အအုံ ပေါ်ထွန်း မလာခင် အထိ ဖြစ်ပါတယ်။

၇ နှစ်တစ်ခါ သူ့ကို တန် ၅၀ မှ ၆၀ အထိ ပမာဏ များတဲ့ သုတ်ဆေးကို အသုံးပြုလို့ သံချေး မတက်အောင် သုတ်ပေး ရ ပါတယ်။ ယနေ့အချိန် အထိ ငွေကြေး အကုန်ကျခံလို့ ကမ္ဘာ့ လူအလည်ပတ် အများဆုံး မှတ်တိုင်နေရာ တစ်ခုအဖြစ် စံချိန်တင်ထားပြီး ၇၅ ရာခိုင်နှုန်းသော လည်ပတ် သူတို့က အခြား နိုင်ငံများ မှ ဖြစ်ပါတယ်။

 

Ref: dyknow
အောင်ခမ်း (ရိုးရာလေး)


No comments:

Post a Comment