*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 18 September 2013

ဒီစာတွေကို သေချာဖတ်ပါ...



ဒီစာတွေကို သေချာဖတ်ပါ ကျုပ်ကစေတနာနဲ့ အချိန်ကုန်ခံရေးပြတာနော
အားနေလို့ ဒါတွေရေးထားတာမဟုတ်ဘူး အဲ့ကြောင့် သေချာဖတ်ပေးပါဗျ

==========================================

Facebook အကောင့်တွေက အသစ်ဖွင့်ရတာမလွယ်တော့သလို အဟောင်း
တွေဟာလည်း ခဏခဏ Lock ကျတယ် ။ အကောင့်လုပ်ပေးဖို့ ခိုင်းတာ
လူတွေများကြီးပဲ လုပ်ပေးချင်ပေမယ့် အခုနောက်ပိုင်း ဖုန်းနံပတ်တစ်ခုဆို
အကောင့်အများကြီး မရဘူး ။ 


အဲ့တော့ အားနာနာနဲ့ ငြင်းပယ်ခဲ့ရတယ်
တချို့ တွေ က လုပ်ခိုင်းပြီး ရောင်းစားတယ်။ အဲ့တော့ ရင်နာတယ်ဗျ ကိုယ်အ
ကိုယ်ခံဆို ကျနော် အလို့ ခံရတယ်ပဲ မှတ်ပါတယ်ဗျာ။ 



တခါတလေ အားမနာ
တ အားခိုင်း တာပဲ ကိုယ်တိုင် လုပ်မကြည့်ရသေးပဲ မကြိုးစားရသေးပဲနဲ့ 
မရဘူး လုပ်ပေးပါ ကျနော်အချိန်မရလို့ ပါ ဆိုတာတွေ အများကြီးပဲဗျာ..
နည်းပေါင်းစုံကြိုးစားပြီးမှ
လက်လျှော့စေချင်ပါတယ် တတ်စေချင်ပါတယ်
သူများလုပ်ခိုင်းတာက ကိုယ်မတတ်တော့ဘူး အဲ့တော့ လေ့လာမှုကိုမြင့်တင်
နားမလည်တာကိုမှမေး ဖြေရသူက အား၇ှိတယ် အားလို့ ဒါတွေလုပ်နေတာ
စာတွေတင်နေတာ ရေးနေတာမှမဟုတ်တာ ကျနော်လည်း အေးအေးဆေး
စာဖတ်လိုက် ချက်တင်လုပ်လိုက် ဟိုကြည့်သည်ကြည့် နေချင်တာပါပဲဗျာ
 

 စောစောကပြောသလို စေတနာကို အရောင်းဆိုးခံရတာ အကောင့်တွေ
လုပ်ခိုင်း ဟိုဘက်မှာရောင်းစားတာတွေ လုပ်နည်းရေးထားပါလျှက်နဲ့ 
ဖတ်မကြည့်ဘူး လုပ်ပေးပါဆိုလာတာတွေ ကြာတော့ မလွယ်ဘူးနော်
တချို့ တွေက မေးတာ ရိုင်းတယ် မင်းက ဘယ်ကလဲ ငါ့ဒါလေးလုပ်ပေးစမ်းပါ
မေးနေတာ ဘာလို့ ပြန်မဖြေတာလည်းကွ ဆရာကြီးလား ရီးပဲကွာ ဆိုတာက
ခံရတာ ခဏခဏ။ အသက်ကလေးမေး 18-19 သမားတွေ ကျောင်းနေဆဲ
ရိုင်းတာကလည်း အရမ်းပဲ ။ မိန်းကလေးကလည်း ဆဲတာပဲဗျာ လူကိုများ
ခွေးသူတောင်းစားတဲ့ ။တချို့ က Gtalk ကနေ ခေါ်ပြီးဆဲကြသေးတယ်
ကျနော်လည်း မအားလို့  ဆဲတတ်သူ နားကျပ်ပေး ဆဲခိုင်းလိုက်သေးတာ
ခံရတာများတော့ စိတ်တော်တော်ပျက်တယ် စေတနာလည်း လျှော့လာတယ်
တကယ်ပြောတာ ကျနော် တအားကူညီချင်ပါတယ် ။ 


အလုပ်တွေဆိုလည်း
ကျနော်တို့ ဆီ 10 ခွဲ 11 ညပိုင်း 12 အထိ လုပ်ပေးရတယ် ပြန်ရောက်ပြီဆို
ရေမိုးချိုး စားသောက် ချက်ချင်း မနားဘူး ဇာတ်လမ်းမကြည့်ဘူး မေးဖွင့်
စာပို့ ထားတာတွေဖတ်တယ် ချက်တင်က တက်လာတာ ပြန်ဖြေရသမျှလေး
ဖြေသေးတယ်။ဒီကြားထဲ ဆော့ဝဲအသစ် စာအသစ်တင်ဖို့ စမ်းရသေးတယ်
လေ့လာရသေးတယ် ဖုန်းဆက်လာသူဆိုလည်း ပြန်ဖြေရသေးတယ်လေ
အနီးနားကလူတွေ ဖုန်းဆက်ရတဲ့သူတွေ ဖုန်းဆက်မေးပါ တကယ်လည်း
လက်တွေ့ လုပ်ကြည့်ပါ မရှင်းတာကိုမှ ဖုန်းဆက်ပါ တစ်ခုခုလိုချင်မှတော့
တစ်ခုခုရင်းရမှာပဲ ။ စော်တွေဆီကျ 40-50 အကုန်ခံ ဖုန်းခေါ်ကြတယ်
ကျနော့ဆီ တစ်ခုခုမေးချင်တာကျတော့ Viberကခေါ်တယ် gtalk ကခေါ်ပီး
ချက်တင်ကမေးတယ် ။ ပြန်မပြောရင် ဆဲသွားတယ် ဆိုးချက်က ရင်နင့်စရာ
အခုနောက်ပိုင်း ကျနော့ဆက်ဆံရေးကျဲလာတယ် စကားပြော ပြတ်လာတာ
တစ်ခုခုဆို စိတ်မရှည်တော့တာ သီးမခံတော့တာ အဲ့လိုရိုက်ခတ်မှုတွေကြောင့်
မစာနာမှုတွေကြောင့်ဖြစ်ကုန်တ
ာ စေတနာဆိုတာ အပြန်အလှန်ထားမှသာ
ချိုသာတာ ကြည်နူးစရာကောင်းတာ ။


အစစအရာရာ သိစေချင်ပါတယ်ဗျ
တတ်လည်းတတ်စေချင်ပါတယ် ။အဲ့တော့ လေ့လာမိသလောက်လေးတွေ
ကိုယ်ကြုံနေရတာလေးတွေ ချပြတယ် အမှားလည်းပါတာပေါ့ဗျာ အားလုံးကို
အမှန်လို့ မယူဆပါနဲ့ ထောက်ပြတဲ့သူလည်း၇ှိတယ် ဖျဲတဲ့သူတွေလည်းရှိတာပဲ
တကယ်တတ်တဲ့သူတွေက ပညာချမပြတော့ဘူး ဒီအလုပ်က အလကားကြီး
အချိန်လည်းကုန် ငွေလည်းကုန် အနေမတတ်တော့ အဆဲတွေပါခံရတာမို့ 
နည်းပညာပိုင်းမှာ update ဖြစ်အောင်တင်နေတဲ့ နည်းပညာရှင်တွေဟာ
ဝါသနာလည်းပါ စေတနာလည်းပါကြပါတယ် မျှဝေကြတာတွေ့ ရပါတယ်။
 

 ပညာရှင်ကြီးတော့ ဆော့ဝဲရေးနိုင်သူကြီးရယ်လို့ တော့ ကျနော်ကမဟုတ်ဘူး
လေ့လာနေတာကြာတော့ နဲနဲသိနေတာ ကွန်ပျုတာနဲ့ အလုပ်လုပ်နေရပြီး
တောက်လျှောက်ထိတွေနေ့ ရတော့ ပြဿနာတစ်ခုခုဆို သိနေတာ လုပ်ဖူးပြီး
ဖြစ်ဖူးတာတွေဆို နားလည်နေတာ အဲ့လောက်ပါပဲ အပျံစား ပညာရှင်မဟုတ်
နည်းပညာလောကမှာက လူတွေအများကြီးပါပဲဗျာ။ ခုဆိုပိုပိုများလာပါတယ်
လူငယ်တွေရော လူကြီးတွေရော အများကြီးရှိတယ် ။ ၀မ်းသာစရာပါပဲဗျ
သူတို့ ကို အားပေးပါ လိုအပ်တာ အကူညီတောင်းလို့ ရနေတာပါပဲလေ
အဖြောင့်တွေးမယ်ဆို ခင်ဗျားတို့ ခိုင်းတာ သူတို့ လုပ်ပေးနေကြတာပဲလေ
အကောင့်လုပ်ပေး အေးဆို..လုပ်ပီးပီ.. ကူညီပါဆိုတာ ယဉ်ကျေးစွာနဲ့ 
ခိုင်းတာပါပဲ။ တဖက်လူကလည်း အားနေသမားဆိုတော်သေး ၀န်ထမ်းတွေ
စားဝတ်နေရေးအတွက် ရုံးကန်နေသူတွေဆို အခက်ခဲတော့၇ှိမှာပဲဗျာ.
ကိုယ်ချင်းစာပါ မဆဲပါနဲ့ ဗျာ။ 


အဆင်ပြေနေတယ်ဆို မခိုင်းပါနဲ့ အကောင့်ရှိပြီး
အပိုလုပ်ခိုင်း မရောင်းစားပါ
နဲ့ ။ တကယ်မရှိလို့ ကူညီရတာ တကယ်မတတ်လို့ 
သင်ပေးရတာ တကယ်ငတ်နေလို့ တစ်ဝက်ဖဲ့ကြွေးရတာမျိုးဆို
ရင်တော့
ကျေနပ်ပါတယ်ဗျ။ ဘာလို့ ဒီလိုရေးရလည်းဆိုတော့ အဲ့လို လုပ်နေသူတွေ
၇ှိတယ် ကျနော်က လုပ်ပေးတယ် ဟိုဘက်မှာ ရောင်းစားပစ်တယ်လေ
ကိုယ်လုပ်ပေးတဲ့အကောင့် ကိုယ့်လာအက်တယ် ၀ယ်ထားရတာတဲ့ဗျာ။
 

မအားဘူးဆိုလို့  ပြင်ပေးတယ် လုပ်ပေးတယ် တဖက်မှာတော့ သူကလေ
ကျုနေတယ်ဗျ မွှ မွှတွေလုပ် အာဘွားတွေပေး စေတနာပျက်လိုက်တာ
စေတနာလူတိုင်းနဲ့ တန်တယ်လို့ ပြောတာ 100% မထောက်ခံတော့ဘူး
ကိုယ့် စေတနာတွေကို ဖိနပ်စီးပြီး သူကတော့ ကောင်းစားနေတာမျိုးက
အဆိပ်ပင်ရေလောင်းနေတာနဲ့ တူတယ် ။ စေတနာက တန်တဲ့လူတွေနဲ့ ပဲ
တန်တော့တယ် ။ နောက် စေတနာဟာ လူတိုင်းနဲ့ တန်တယ်ဆိုလာခဲ့ရင်
စေတနာဆိုတာ ထားသင့်တဲ့လူအပေါ်ထားရမယ်လို
့ပြန်ပြောပစ်တော့မယ်
မကူညီသင့်သူကို ကူညီနေတာဟာ တကယ်အကူညီလိုအပ်နေသူတွေကို
အနှောက်ယှက်ဖြစ်စေတယ်။ ဘာပဲဖြစ်ဖြစ် စေတနာလူတိုင်းနဲ့ မတန်ပါဘူး။


ရင်နာခြင်းများစွာဖြင့် = မောင်{စွယ်စုံကျမ်း}    From ...Facebook

No comments:

Post a Comment