*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 22 February 2014

အမေကို သွားကျိုးထွက်သွားအောင်လက်သီးနဲ့ ထိုးခဲ့သူကို ကြိမ်ဒဏ် ၂၄၀၀ နဲ့  သွားတစ်ချောင်းပြန်ချိုးဖို့ အမိန့် ချ


 
 
 
ဆော်ဒီ အာရေဗျနိုင်ငံသား တစ်ယောက်ဟာ သူ့ ရဲ့အမေကို သွားကျိုးထွက်သွားအောင် ထိုးမိ ခဲ့ကြောင်း ၀န်ခံခဲ့ပြီးတဲ့နောက် အပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

 ရှေး ရိုမန်ဥပဒေတစ်ခုဖြစ်တဲ့၊ ကုရ်အာန် ကျမ်းစာလာ မျက်လုံး တစ်လုံးအတွက်မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအ တွက်သွား တစ်ချောင်း ပြစ်ဒဏ် အတိုင်း သူ့ ရဲ့ ပါးစပ်ထဲက နေရာတူသွား တစ်ချောင်း ကို ပြန်ချိုးခံရမယ် လို့ အမိန့် ချမှတ်လိုက်ပါတယ်။


အမည်မဖော်ပြထားတဲ့ အဲဒီ့ဆော်ဒီလူမျိုးကို ထောင်ဒဏ်ငါးနှစ်နဲ့ ကြိမ်ဒဏ် ၂၄၀၀ လည်းချမှတ်ခဲ့ပါ တယ် ။ ဒီကြိမ်ဒဏ် ၂၄၀၀ကို ဒေသတွင်းမှာရှိတဲ့ဈေးအလယ်ခေါင်မှာ ဆယ်ရက်တစ်ခါအချက် ၄၀ စီ အရိုက်ခံရမှာ ဖြစ်ပါတယ်။

သူ့ ရဲ့ အမေက သူမကို သားက ထိုးနှက်နေကြောင်း ရဲတွေကို အကြောင်းကြားပြီးအကူအညီတောင်း ခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပြီး သူမအမေကို ဆေးရုံကို ပို့ ဆောင်ခဲ့ရပါတယ်။ ဆေးစစ် ချက်အစီ ရင်ခံစာအရ အသက်၃၀ အရွယ်ရှိတဲ့ ဒီဆော်ဒီလူမျိုးဟာ စိတ်ပုံမှန်အနေအထားမှာရှိပြီး သူ့ အမေကို ထိုးနှက်ချိန်တုန်းက အရက်၊မူးယစ် ဆေးဝါးသုံးစွဲထားခြင်းမရှိဘူးလို့ သိရပါတယ်။

ကုရ်အာန်ကျမ်းစာလာ အသက်တစ်ချောင်း အတွက်အသက်တစ်ချောင်း ၊မျက်လုံးတစ်လုံး အတွက် မျက်လုံးတစ်လုံး ကို အခြေခံထားတဲ့ ဒီဥပဒေကို အာရဗစ်နိုင်ငံအများစုက လက်ရှိတရားဝင်ကျင့် သုံး လျက်ရှိတယ်လို့  သိရပါတယ်။ 

ကိုရန်ကျမ်းစာမှာ မိဘဖြစ်သူဟာ ရိုသေလေးမြတ်ခြင်း ခံရတဲ့ အတိုင်း အာရဗစ်နိုင်ငံတွေမှာ မိဘဖြစ် သူကို တိုက်ခိုက်စော်ကား လို့ ရှိရင် ကြီးမားပြင်းထန်တဲ့ အပြစ်ကို ချမှတ်ခံရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် ကလည်း မိခင်ဖြစ်သူကို လက်ကျိုးအောင် ရိုက်ခဲ့တဲ့လူတစ်ယောက်ကို သူ့ အမေ ကို ထောင် ထဲက ထွက်ခွင့်ပြုဖို့ သဘောမတူမချင်း အခုအချိန်ထိ ထောင်သွင်း အကျဉ်းချထား တယ် လို့ Gulf News သတင်းစာ ကိုဆိုပါတယ်။

Ref: Dailymail Trend Myanmar

From...Search Myanmar
 

No comments:

Post a Comment