*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 20 February 2014

သွေးတိုး ရောဂါ ပျောက်ကင်း စေနိုင်သည့် အစွမ်းထက် တိုင်းရင်းဆေး တစ်လက်


သွေးတိုး ရောဂါ ပျောက်ကင်း စေနိုင်သည့် အစွမ်းထက် တိုင်းရင်းဆေး တစ်လက်
-------------------------------------------

မြန်မာ နိုင်ငံ၏ လူဦး ရေသန်း ၆ဝ ခန့်မှာ သွေးတိုး ရောဂါ ခံစား နေရသူ ယခင်နှစ် များထက် ပို၍ မြင့်တက်လာ နေကြောင်း အရှေ့တောင်အာရှ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ စစ်တမ်းများ အရ သိရသည်။ ထို သွေးတိုး ရောဂါကို ပြည်ပ နိုင်ငံခြား ဆေးဝါးများဖြင့် ကုသနိုင်သကဲ့သို့ မိရိုးဖလာ တိုင်းရင်းဆေးများ ဖြစ်သည့် အစွမ်းထက် ဆေးဝါးများဖြင့် ကုသ ပျောက်ကင်း စေနိုင်သည်။

ရှေးမြန်မာ မင်းများ လက်ထက် ကတည်းက သွေးလေ ညီညွတ်စေရန် ဟင်းပွဲ များတွင် အစာ လည်းဆေး ဆေးလည်းအစာ ဆိုသကဲ့သို့ ပွဲတော် တည်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်မျှ တသော အရာများကို ဖြည့်စွက် မှီဝဲ သုံးစွဲတော် မူလေသည်။ ထိုဟင်းပွဲ များထဲတွင် သွေးတိုး ရောဂါ ပျောက်ကင်း စေနိုင်သည့် ဒန့်သ လွန်ရွက် ဟင်းချို၊ မြင်းခွာ ရွက်သုပ်၊ မြင်းခွာရွက် ဟင်းခါးနှင့် ခံတက်ရွက် ဟင်းချိုတို့ ဖြစ်သည်။

ထို့အပြင် ဒန့်သလွန်ရွက် သတ္တုရည်ကို ဟင်းစား ဇွန်းနှစ်ဇွန်း တစ်နေ့လျှင် နှစ်ကြိမ်ထက် မနည်း သောက်သုံး ကပျောက်ကင်း စေနိုင်သကဲ့သို့ ဧကရာဇ် အရွက်နှင့် အမြစ်တို့ကို တစ်နေ့လျှင် သုံးကြိမ်မျှ သတ္တုရည် အဖြစ် ပြုလုပ် သောက်သုံးပါ က သွေးတိုး ရောဂါကို ပျောက်ကင်း စေနိုင်ကြောင်း မြန်မာ တိုင်းရင်းဆေး သမားတော် ကြီးများက ပြောပြခဲ့သည်။

ထို့အပြင် တစ်နေ့လျှင် ကြက်သွန် ဖြူဥ (ဥတစ်လုံး) ကို ထမင်းစားတိုင်း သုံးလုံး မှငါးလုံး အထိ စားသုံးပေး ပါက သွေးပေါင် တက်ခြင်းကို ကျစေပြီး သွေးပေါင်ကျ နေသူကို ပြန်လည် ညှိပေး စေနိုင်သည်။ နောက်တစ်နည်းမှာ သံပရာသီး တစ်လုံးကို အလယ်မှ ထက်ခြမ်း လှီးကာ ရေနွေး အပူချိန် ၇၅ ဒီဂရီ ဖာရင် ဟိုက်ထဲသို့ ၄၅ မိနစ်ခန့် ထည့်ပြီး ယင်းပြုတ် ရည်ကို သောက်သုံး ပါက တစ်ခဏ အတွင်း ပြန်လည် ကောင်းမွန်လာမည် ဖြစ်သည်။

မြန်မာ့ တိုင်းရင်းဆေးဖြင့် လူကြီး၊ လူငယ်များ သွေးတိုးခြင်းမှ ကင်းဝေး နိုင်ပါစေ။ ။




မြန်မာ နိုင်ငံ၏ လူဦး ရေသန်း ၆ဝ ခန့်မှာ သွေးတိုး ရောဂါ ခံစား နေရသူ ယခင်နှစ် များထက် ပို၍ မြင့် တက်လာ နေကြောင်း အရှေ့တောင်အာရှ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ စစ်တမ်းများ အရ သိရသည်။ 

ထို သွေးတိုး ရောဂါကို ပြည်ပ နိုင်ငံခြား ဆေးဝါးများဖြင့် ကုသနိုင်သကဲ့သို့ မိရိုးဖလာ တိုင်းရင်းဆေး များ ဖြစ်သည့် အစွမ်းထက် ဆေးဝါးများဖြင့် ကုသ ပျောက်ကင်း စေနိုင်သည်။



ရှေးမြန်မာ မင်းများ လက်ထက် ကတည်းက သွေးလေ ညီညွတ်စေရန် ဟင်းပွဲ များတွင် အစာ လည်းဆေး ဆေးလည်းအစာ ဆိုသကဲ့သို့ ပွဲတော် တည်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်မျှ တသော အရာများကို ဖြည့်စွက် မှီဝဲ သုံးစွဲတော် မူလေသည်။

 ထိုဟင်းပွဲ များထဲတွင် သွေးတိုး ရောဂါ ပျောက်ကင်း စေနိုင်သည့် ဒန့်သ လွန်ရွက် ဟင်းချို၊ မြင်းခွာ ရွက်သုပ်၊ မြင်းခွာရွက် ဟင်းခါးနှင့် ခံတက်ရွက် ဟင်းချိုတို့ ဖြစ်သည်။

ထို့အပြင် ဒန့်သလွန်ရွက် သတ္တုရည်ကို ဟင်းစား ဇွန်းနှစ်ဇွန်း တစ်နေ့လျှင် နှစ်ကြိမ်ထက် မနည်း သောက်သုံး ကပျောက်ကင်း စေနိုင်သကဲ့သို့ ဧကရာဇ် အရွက်နှင့် အမြစ်တို့ကို တစ်နေ့လျှင် သုံးကြိမ်မျှ သတ္တုရည် အဖြစ် ပြုလုပ် သောက်သုံးပါ က သွေးတိုး ရောဂါ ကို ပျောက် ကင်း စေနိုင်ကြောင်း မြန်မာ တိုင်းရင်းဆေး သမားတော် ကြီးများက ပြောပြခဲ့သည်။

ထို့အပြင် တစ်နေ့လျှင် ကြက်သွန် ဖြူဥ (ဥတစ်လုံး) ကို ထမင်းစားတိုင်း သုံးလုံး မှငါးလုံး အထိ စားသုံးပေး ပါက သွေးပေါင် တက်ခြင်းကို ကျစေပြီး သွေးပေါင်ကျ နေသူကို ပြန်လည် ညှိပေး စေနိုင် သည်။

 နောက်တစ်နည်းမှာ သံပရာသီး တစ်လုံးကို အလယ်မှ ထက်ခြမ်း လှီးကာ ရေနွေး အပူချိန် ၇၅ ဒီဂရီ ဖာရင် ဟိုက်ထဲသို့ ၄၅ မိနစ်ခန့် ထည့်ပြီး ယင်းပြုတ် ရည်ကို သောက်သုံး ပါက တစ်ခဏ အတွင်း ပြန် လည် ကောင်းမွန်လာမည် ဖြစ်သည်။

မြန်မာ့ တိုင်းရင်းဆေးဖြင့် လူကြီး၊ လူငယ်များ သွေးတိုးခြင်းမှ ကင်းဝေး နိုင်ပါစေ။ ။

From... Myawady News

No comments:

Post a Comment