*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 28 September 2013

iPhone 5s ပိုင်ရှင်များ Touch ID လက်ဗွေလုံခြုံရေးစနစ်ကို အသုံးမပြုသင့်ကြောင်း Chaos Computer Club ပြောကြား


 Touch ID လက်ဗွေလုံခြုံရေးစနစ်အား ထိုးဖောက်နိုင်ကြောင်း သရုပ်ပြနေစဉ်

Apple ဟာ မျိုးဆက်သစ် iPhone 5s မှာ လက်ဗွေလုံခြုံရေး စနစ်ကို ထည့်သွင်း ပေးထားခဲ့ပေမဲ့ Official Release လုပ်ပြီး ၂ရက် အတွင်း မှာ Chaos Computer Club (CCC) ရဲ့ biometrics hacking team ဟာ ၄င်း လက်ဗွေလုံခြုံရေး စနစ်ကို အောင်မြင်စွာ ဖောက်ထွင်းနိုင်ခဲ့ တယ်လို့ သိရပါတယ်။



"iPhone 5s ရဲ့ မျက်နှာပြင်ပေါ်က ပိုင်ရှင်လက်ဗွေရာ ရှိရုံနဲ့ iPhone 5s ရဲ့ Touch ID Sensor ကို ကို ဖောက်ထွက်ဖို့ လုံလောက်ပါပြီ။ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ လက်ဗွေလုံခြုံရေး စနစ်ကို အသုံးပြုဖို့ မသင့်တော်တဲ့ အတွက် ရှောင်ကြဉ်သင့်တယ်"လို့ ဆိုထားပါတယ်။

Apple အနေနဲ့ ကတော့ ယခု iPhone အသစ်မှာပါတဲ့ လက်ဗွေလုံခြုံရေး စနစ်ဟာ အရင်က လက်ဗွေလုံခြုံရေး စနစ်တွေထက် ပိုမို ကောင်းမွန်အောင် ယခုလက်ရှိ နိုင်ငံတကာ နည်းပညာတွေ ထက် ပိုမို ခက်ခဲတဲ့ နည်းပညာကို ရက် အတန်ကြာအောင် ဖန်တီးခဲ့တာလို့ သိရပါတယ်။

" အမှန်တကယ်တော့ Apple အနေနဲ့ Touch ID Sensor အခြား Sensor တွေထက် Resolution ပိုမြင့်အောင်လုပ်ထားတာပါပဲ။ ကျွန်တော်ကလည်း Touch ID ကို ပိုမြင့်တဲ့  Resolution ကို အတုလုပ်ဖန်တီးပေးဖို့ပဲ လိုပါတယ်" လို့  Fingerprint Lock ကို အောင်မြင်အောင်စမ်းသပ်ထားတဲ့ Starbug အမည်ရတဲ့ Hacker လေးက ပြောပါတယ်။

ထို့အပြင် "ကျွန်တော် တို့ဟာ လက်ဗွေလုံခြုံရေးစနစ်ကို အခုကနေစပြီး နောက်နစ်တွေ အထိ လုံခြုံရေး တစ်ခု အနေနဲ့ မသုံးသင့်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ဟာ လက်ဗွေကို နေရာ တိုင်းမှာ ထားခဲ့လေ့ ရှိကြလို့ပါပဲ။ ဟု ၄င်းက ဆက်ပြောပါတယ်။

"မိတ်ဆွေအနေနဲ့ ကျွန်တော်တို့ လုပ်ထားတဲ့ Proof ကို အောက်က Video မှာ ကြည့်ရှု နိုင်ပါတယ်။




နောက်ပြီး လက်ဗွေအတုကို ဘယ်လို လုပ်ရသလဲ ဆိုတာ ကို ဒီလင့်မှာ ကြည့်ရှု နိုင်ပါတယ်။

အခု ကျွန်တော် တို့ အနေနဲ့ ဘယ်လို လက်ဗွေလုံခြုံရေး စနစ်ကို ချိုးဖောက် ခဲ့ ကြလဲ ဆိုတာကို ပြောပြပါ့မယ်။" ပြမယ်ဆိုပြီး CCC မှာ ပြောကြားသွားသည်။

"ကျွန်တော်တို့ဟာ iPhone 5s ပိုင်ရှင်ရဲ့ ကြည်လင်ပြတ်သားတဲ့ လက်ဗွေရာကို အိမ်သုံးပစ္စည်း တစ်ခုကနေ ရယူလိုက်မယ်။ ပြီးရင် အဲ့ဒီကောင်လေးကို 2400 dpi Resolution အထိ Photograph လုပ်ထားမယ်။ ရလာတဲ့ ကောင်လေးက ကြည်လင်ပြီး Inverted ဖြစ်နေမယ်။ အဲ့ကောင်လေးကို 1200 dbi အရည် အသွေးနဲ  နည်းနည်း ထူတဲ့ Toner လေး ခံပြီး Transparent Sheet ပါ် တင်လိုက်မယ်။   ပန်းရောင် Latex နို့ရည်လေးကို လက်ဗွေရာ ပါတဲ့ Toner လေးပေါ်တင်လိုက်မယ်။ အခုဆိုရင် Transparent Sheet ရယ်၊ လက်ရာပါတဲ့ Toner လေးရယ်၊ ပန်းရောင် Latex နို့ရည်လေးရယ်ပေါင်းပြီး ပါးလွှာတဲ့ Latex Sheet [thin latex sheet ] လေးရလာပါလိမ့်မယ်။ အဲ့ကောင်လေးကို ကျွန်တော်တို့ iPhone 5s ရဲ့  Fingerprint Lock Pattern ဖွင့်ဖို့ သုံးခဲ့ကြပါတယ်"လို့ လက်ဗွေအတု တစ်ခုပြုလုပ်ပြီး လက်ဗွေလုံခြုံရေး စနစ်ကို ဖောက်ခဲ့ကြောင်း ပြောကြားထားသည်။

ဒီနည်းလမ်းဟာ အခြားသော Fingerprint sensor တွေကို ဖောက်ဖို့ လည်း အများစု သုံးကြတယ်လို့ ပြောထားပါတယ်။

"ကျွှန်တော်တို့ ရဲ့ ဒီ သရုပ်ပြခြင်းက လူတွေကို လက်ဗွေရဲ့ Biometric အကြောင်းကို သိအောင်လို့ပါ။ နေရာတိုင်းမှာ ရှိနေနိုင်တဲ့ Fingerprint Biometric ကို Security တစ်ခု အဖြစ် အသုံး ပြုတာဟာ ရူးသွပ်ရာ ကျလွန်းပါတယ်။" CCC ၏ ပြောရေးဆိုခွင့် ရှိသူ Mr. Frank Rieger က ပြောဆိုထားပါတယ်။

ဆက်လက်ပြီး ၄င်းက " လူ တွေကို ဆက်ပြီးတော့ Biometric လမ်းကြောင်းနဲ့ လုံခြုံရေး အတွက် ဆိုပြီး အရူးမလုပ်သင့်ပါဘူး။ Biometric တွေက ထိန်းချုပ်ရေး အတွက် အခြေခံ ကျကျ တည်ဆောက်ဖွဲ့စည်းထား တဲ့ အရာတွေပါ။ နေ့စဉ်သုံး Device တွေ အတွက် Security တစ်ခု အဖြစ် ပြုလုပ် ရမဲ့ အရာမဟုတ်ပါဘူး။" ဟု ပြောကြားထားပါသေးသည်။

အမှန်တကယ် တွင်လည်း ကျွနှုပ်တို့ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတော်တော် များများသည် Fingerprint Biometric ကို နိုင်ငံသားကတ်ပြားတိုင်း တွင်ထားရှိကြသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

ထို့ကြောင့် CCC အနေဖြင့် လက်ဗွေလုံခြုံရေး စနစ်ကို အသုံးမပြုစေချင်ကြောင်း၊ အတုပြုလုပ်ရန် လွယ်ကူကြောင်း၊ Passcode များသာ ထားရှိရန် ပြောကြားပြီ နိဂုံးချုပ်ထားလေသည်။



Source : CCC.de
Credit : http://www.techmilo.tk/2013/09/iphone-5s-touch-id-chaos-computer-club.html
Writer : Steel Jelly [Miloboy Inc.]


စာရေးသူ၏ အချိန်နှင့် စေတနာကို စာနာနားလည်ပေးရန် သာမျှော်လင့်ပါသည်။ ဗဟုသုတ တိုးပွားကြပါစေ။

No comments:

Post a Comment