*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 30 July 2016

လိင်ဆက်ဆံမှု စွမ်းရည်ကို ပြန်လည် မြှင့်တင်နိုင်သော အမူအကျင့်များ

တကယ်လို့ လိင်ကိစ္စနဲ့ ပတ်သက်လို့ စိတ်ခံစားမှု မရှိတော့တာ ဒါမှမဟုတ် ခံစားချက်နည်းပါးနေတယ်ဆိုရင် အရင်ဆုံး သတိပြုရမှာက ဒီလို ဖြစ်တာ ကိုယ်တယောက်တည်း မဟုတ်ဘူးဆိုတာပါပဲ။ သုတေသနတွေ အရ အမျိုးသမီး၃ ပုံ ၁ပုံ နီးပါးနဲ့ အမျိုးသား ၁၅ ရာခိုင်နှုန်းလောက်ဟာ လိင်ဆက်ဆံမှုပြုချင်တဲ့ ဆန္ဒမရှိဘဲ ဖြစ်နေတတ်တယ်ဆိုတာပါပဲ။ ဒါပေမယ့် အဲဒါ က ပြန်လည်ကုစားလို့ ရနိုင်တာမျိုးပါ။ ကိုယ့်ရဲ့ ဘ၀နေထိုင်မှု ပုံစံကို အောက်ပါ နည်းလမ်းတွေနဲ့ ပြုပြင်လိုက်တာနဲ့ ပျောက်ဆုံးနေတဲ့ စိတ်ဆန္ဒတွေကိ ပြန်လည်ရရှိနိုင်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ညဘက်အပြင်ထွက်လည်တာတွေပို လုပ်ပါ။ ညဘက်အပြင်ထွက်တဲ့ အခါ ကိုယ့်ရဲ့ အိမ်ထောင်ဘက်နဲ့ အတူ ဆူညံ ရှုပ်ထွေးနေတဲ့ ရှိုးပွဲလိုနေရာမျိုးမှာ ချွေးသံတရွှဲရွှဲနဲ့ သွားပြီး အချိန်ဖြုန်းတာမျိုးက လိင်စိတ်ခံစားမှုတွေကို လျော့ကျ စေတတ်ပါတယ်။ ဒါကြောင့် ရှေးကျတဲ့ နည်းလမ်းမျိုးတွေ ဖြစ်တဲ့ အေးအေးဆေးဆေး ရုပ်ရှင်သွားကြည့်တာမျိုး၊ ညစာ အတူထွက်စားကြတာမျိုးက ပိုပြီး ရင်ခုန်စိတ်လှုပ်ရှား စရာ ကောင်းပါတယ်။

ပုံမှန်မဟုတ်ဘဲ ဝိတ်တွေတက်တဲ့အခါ


အစားသောင်းကျန်းလို့၊ ကိုယ်လက်လှုပ်ရှားမှု မလုပ်လို့ ဝိတ်တက်တာက ပုံမှန်ဆိုပေမယ့် အဲသလို မဟုတ်ဘဲ အခြေအနေ တခုခုကြောင့် ကိုယ်အလေးချိန် တက်ရတဲ့အခါ စိတ်မသက်သာ ဖြစ်ရပါတယ်။
အထူးသဖြင့် အအိပ်အနေ နည်းသူတွေ၊ စိတ်ကျရောဂါ ဖြစ်နေသူတွေ၊ ဆေးဝါး သောက်သုံးနေရသူတွေ (သွေးတိုး၊ ဆီးချို၊ စိတ်ရောဂါ စတာတွေအတွက် သောက်ရတဲ့ဆေးတွေနဲ့ စတီးရွိုက်ဟော်မုန်း စသဖြင့် သောက်သုံးနေရသူတွေ)၊ သိုင်းရွိုက် အကျိတ် အလုပ်ကောင်းကောင်း မလုပ်သူတွေ၊ မျိုးဥအိမ်မှာ အိတ်ကလေးတွေ တည်တတ်တဲ့ အမျိုးသမီးတွေစတဲ့ အနေအထားတွေမှာ အလိုလိုနေရင်း ကိုယ်အလေးချိန်တွေတက်၊ ဝိတ်တွေ များလာတတ်ပါတယ်။ အဲသလို အခြေအနေမှာ လုပ်သင့်တာလေးတွေ လမ်းပြပေးချင်မိပါရဲ့။
ဆေးမရပ်ပါနဲ့ 
ကိုယ်သောက်နေတဲ့ ဆေးတွေကနေ ဝိတ်တက်လာတာ ဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ် ဆေးသောက်တာ ရပ်မပစ်ဖို့ အရေးကြီးပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးက ရောဂါအတွက် သိပ်အရေးကြီးနေရင် ဝတာကို လက်ခံရမှာပါ။ ဒါပေမယ့် နောက်ထပ် ကျန်းမာရေးပြဿနာတွေ ဖြစ်လောက်အောင် ဝိတ်တက်လာမှာမျိုးကျတော့ ဆရာဝန်က ကူညီနိုင်မှာပါ။
တခြားသူနဲ့ မနှိုင်းပါနဲ့ 
ကိုယ့်လို ဆေးသောက်နေတဲ့ တခြားသူတွေနဲ့ သွားမနှိုင်းယှဉ်ပါနဲ့။ လူတိုင်းက ဆေးကို တုံ့ပြန်ပုံ မတူညီပါဘူး။ တချို့က ဒီဆေးသောက်ပြီး ပိန်ကျသွားတယ် ပြောသလို တချို့က ဒီဆေးသောက်ပြီး ဝလာတယ် ဆိုတာမျိုးတွေက မလွဲမသွေ ရှိနေတတ်လို့ပါ။

Tuesday 19 July 2016

သွေးလှူဒါန်းခြင်းအကြောင်း သိကောင်းစရာအဖြာဖြာ

သွေးလှူတာနဲ့ ပတ်သက်ပြီး အယူအဆအမှားတွေ အတွေးအမှားတွေ အများကြီး
ကြုံဖူးကြားဖူးခဲ့ပါတယ်။ အဲဒီလို အယူအဆအမှား အမြင်အမှားတွေကြောင့်
သွေးလှူနိုင်ရဲ့သားနဲ့ သွေးမလှူဖြစ်တဲ့လူတွေ အများကြီးပါပဲ။
မွန်မြတ်ဖြူစင်လှတဲ့ လှူဒါန်းမှုတစ်ခုကို လူတွေက လုပ်ချင်ပေမယ့်
ဘယ်လိုအချက်တွေက တားဆီးထားသလဲ။
၁။ သွေးလှူပြီးရင် ၀ လာမယ်။
တကယ်တော့ သွေးလှူတာကြောင့် ခန္ဓာကိုယ်အလေးချိန် တိုးလာပြီး ၀ လာတာမျိုး
မရှိပါဘူး။ အသားအရည် စိုပြေပြီး အလှတိုးတာပဲ ရှိပါတယ်။ သွေးလှူထားတာကြောင့်
အားပြန်ဖြည့်ဖို့ဆိုပြီး ပုံမှန် စားသောက်တာထက် ပိုပြီး စားဖို့သောက်ဖို့လည်း မလိုပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်းပဲ စားသောက်နေထိုင်ပါ။ အဲဒီလိုဆို အရင်ကထက် ပိုပြီး ၀ လာစရာ မရှိပါဘူး။

Sunday 6 March 2016

ဘယ်နှစ်ကြိမ်လောက် ကာမ ဆက်ဆံခြင်း က သင့်ကို ပျော်ရွှင်စေနိုင်မလဲ

တစ်ကယ်လို့ သင်မှာ ချစ်သူ၊ စုံတွဲ တစ်ယောက်ယောက် ရှိနေတယ် ဆိုရင် သင်ပျော်ရွှင်မှုတွေ ကို တစ်ပတ် တစ်ခါပြုလုပ်နိုင်ပါတယ်။ ဒီ့ ထက် များသွားရင်တော့ သင် ထပ်မံပျော်ရွှင်ရမှာ မဟုတ်ဘူးလို့ သုတေသန တစ်ခုက ဆိုပါတယ်။ 
သင့်မှာပျော်ရွှင်မှုတွေ အများကြီး မရှိနိုင်ပါဘူး။ ကာမ ဆက်ဆံ တာဟာ သင့် အတွက်ကောင်းမွန်တဲ့ အရာ တစ်ခု ပါပဲ။ လေ့လာချက်တွေ အရ စုံတွဲတွေဟာ သူတို့ ဆက်ဆံရေးမှာ ပိုပြီး စိတ်ကျေနပ်ပျော်ရွှင်ဖို့ နဲ့ ပို အဆင်ပြေဖို့ အလိုရှိကြပါတယ်။ 

ပျိုမေတို့ကို စိတ်နှိုးထစေတဲ့ အဓိကနေရာ ဆိုတာ ( ၁၈ နှစ်ပြည့်မှ ဖတ်ရန် )

အမျိုးသမီး တစ်ယောက် ကို ဘာက တကယ် လိင်ပိုင်းဆိုင်ရာနိုးကြွစေလဲ ဆိုတဲ့ မေးခွန်း ကို နောက်ဆုံးတော့ သုသေတီတွေ က ဖြေကြားပေးလိုက်ပါပြီ။
 

Sunday 25 October 2015

ကျွန်တော့်ကိုအမေသတ်ခဲ့တယ်

ကျွန်တော့်ကိုအမေသတ်ခဲ့တယ်
=================

ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ကတော့ ကျွန်တော့်အမေရဲ့ မျှော်လင့်ချက်တွေ အားလုံး တစ်စစီ ကွဲကြေပြန့်ကဲသွားတဲ့နေ့ပါပဲ ။
ကျွန်တော် ဆေးတက္ကသိုလ်တက်ဖို့ အမှတ်မမှီခဲ့ဘူး ။ ( ဂုဏ်ထူး ၄ ခုပဲပါတာဆိုတော့ အမှတ်ကို ခန့်မှန်းတွက်ဆလို့ ရသွားပြီ )
အမေ ငိုပါတယ် ။ တော်တော်နာနာကျင်ကျင်ငိုပါတယ် ။ အကြာကြီးပဲ ။ ပြီးတော့ `` ငါက နင့်ကို ဆရာဝန်ဖြစ်စေချင်လွန်းလို့ တစ်သက်လုံးကုန်းရုန်းပြီး ပိုက်ဆံရှာခဲ့တာ ။ ငါ မစားရက်မသုံးရက် စုဆောင်းပြီး နင့်ကို ကျောင်းထားပေးခဲ့တာ , အခုတော့ နင်က ငါ့ကို ကောင်းကောင်းကြီး ကျေးဇူးဆပ်လိုက်ပြီပေါ့ ... ဟုတ်လား "
ကျွန်တော်သိလိုက်ပြီ ။ အမေ့သားအစစ်က ကျွန်တော့်မှ မဟုတ်ဘဲ ။ အမေ့အာရုံထဲမှာ စိတ်ကူးနဲ့ဖန်တီးထားတဲ့ ဒေါက်တာဇော်ဇော် ( ဒါမှမဟုတ် ) ဆေးကျောင်းသား ဇော်ဇော်ပဲ ။
အမေရယ် ... ကျွန်တော်အစစ်ကြီးက ဒီမှာပါဗျာ ။ ကျွန်တော့်မှာမရှိတဲ့ အရည်အချင်းတွေ , ကျွန်တော်ဖန်တီးယူလို့မရတဲ့ ဂုဏ်ထူးအဆင့်တွေအတွက် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့လားဗျာ ။
အဲဒီအစား .... ကျွန်တော့်မှာ တကယ်ရှိနေတဲ့ အရည်အချင်းကောင်းလေးတွေကို မေမေ နည်းနည်းလောက် အသိအမှတ်ပြုပေးပါလားဟင် ။ ကျွန်တော် ဆေးလိပ်လည်း မသောက်တက်ဘူး , အရက်လည်း မသောက်ဘူး , ကျောင်းလည်းး မပြေးဘူး , ရည်းစားလည်း မထားဘူး , ရန်လည်း မဖြစ်ဘူး , ညဉ့်နက်သန်းခေါင်လည်း လျှောက်မလည်ဘူး ။
အဲဒါတွေကို မေမေ အသိအမှတ်မပြုဘူးလားဟင် ။ ကျွန်တော်ဟာ မွေးရကျိုးမနပ်တဲ့ သားမိုက်ပဲလားဟင် ။
ကျွန်တော့်ကို ဆရာဝန်ဖြစ်စေချင်တာ ကျွန်တော့်ဘဝရှေ့ရေး ဖြောင့်ဖြူးဖို့အတွက်ပါလို့ မေမေ ပြောကောင်းပြောချင်ပါလိမ့်မယ် ... ကျွန်တော် သိပါတယ် ။


Saturday 19 September 2015

ကွန်ပျူတာ ဆာဗာ ဆိုသည်မှာ


ကွန်ပျူတာ ဆာဗာ ဆိုပြီး ပြောနေကြတယ် ဘာရယ် လို့ တိတိ ကျကျ သိလှတဲ့သူ နည်းမယ် ထင်ပါတယ်။ ကွန်ပျူတာ ကတော့ ပြောစရာ သိပ်လိုမယ် မထင်ပါဘူး အားလုံး သိကြတယ်။ ဆာဗာ (Server) ဆိုတာ က ခုခေတ်မှာ ကျောင်း၊ ရုံး၊ တက္ကသိုလ်၊ ဆေးရုံက အစ အားလုံး သုံးလာကြပါပြီ။ 

ဘာကြောင့်လဲ ဆိုတော့ ကွန်ပျူတာ သုံးတယ် ဆိုတာ တစ်လုံးတည်း မဟုတ်တော့ဘူး။ နေရာတိုင်း မှာ ကွန်ပျူတာတွေ အများကြီး သုံးလာကြတာ ဆိုတော့ အဲဒီ ကွန်ပျူတာ အချင်းချင်း ချိတ်ဆက်နိုင်ဖို့ လိုလာ တယ်။ 

ဒါကြောင့် ဆာဗာ ဆိုတာလည်း ပေါ်ပေါက်လာရတယ်။ ဆာဗာ ကို ဘယ်လို ရည်ရွယ်ချက် နဲ့ သုံးရတယ် ဆိုတာ သိဖို့လိုတယ်။

လူတွေက “ဆာဗာ ကတော့ ကျနေပြီ” “ဆာဗာ ကို ချိတ်လို့ မရဘူး” စသဖြင့် ပြောဆို သံတွေ ဌာနဆိုင် ရာတွေ နဲ့ လုပ်ငန်းတွေ မှာ ကြားလာရတယ်။ 

အလားတူ ပဲ ကွန်ပျူတာ အင်တာနက် ဆိုင်ရာ ပစ္စည်းတွေကို သုံးနေရင်လည်း The server is down ဆိုတာ နဲ့ Cannot establish connection to server ဆိုတဲ့ စာတန်းတွေနဲ့ လည်း မကြာကြာ ရင်ဆိုင် ဖူးကြမယ် ထင်ပါတယ်။ 

သင့်လက် အမူအရာက ပြောတဲ့ သင် ၏ စိတ်နေသဘောထား


1 - သင့် လက်နှစ်ဖက် ကို ဆုပ်ကိုင် ကြည့်ပါ
2- လက်ပိုက် ကြည့်ပါ...

 အထက်ဖော်ပြပါ ပုံများ ထဲမှာ သင်\ လက်ပိုက်ပုံ ၊လက်ဆုပ်ကိုင်ပုံ နှင့် တူညီသည် ကို ရွေးပါ
။ပြီးနောက် သင့် ၏ စိတ်နေသဘောထား ကို အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။


Monday 6 July 2015

အသုံးမလိုတော့သည့် facebook account ကို 15 မိနစ်အတွင်း အပြီးဖျက်နည်း

အသုံးမလိုတော့သည့် facebook account ကို 15 မိနစ်အတွင်း အပြီးဖျက်နည်း
==========================================================
လိုအပ်ချက် - fb အကောင့်နှစ်ခု
1. ဖျက်လိုသည့်အကောင့်ဖြင့် login ဝင်ပြီးhttps://www.facebook.com/pages/create.php?migrate&refid=69 ကိုသွားပါ။
ဖုန်းနဲ့ဆိုရင် browser မှာ desktop view အရင်ပြောင်းထားပါ။
2. Artists, band... ကိုနှိပ်ပါ category တွင် Public figure ကိုရွေး ၊ Name ကို ဒီအတိုင်းထားပြီး Get started နှိပ်ပါ။
3.Password ထည့်၍ confirm နှိပ်ပါ။
4. Skip တွေပဲ နှိပ်သွားပါ။
5. Profile တူ၊ နာမည်တူ page တစ်ခုရပါပြီ။
ညာဘက်ထောင့် အဖြူပေါ်က settings ကိုနှိပ်ပါ။

Sunday 24 May 2015

အင်ဂျင်နီယာဆိုင်ရာစာအုပ်များ


လေ့လာချင်တဲ့ သူတွေအတွက် အင်ဂျင်နီယာဆိုင်ရာစာအုပ်(၁၀) အုပ် (မြန်မာ) နှင့်  Structural Engineer ကျောင်းဆင်းစတွေအတွက် အဓိကလေ့ လာဖို့ လို့  ညွှန်းထားတဲ့ ဆရာဦးညီလှငယ်ရဲ့ စာအုပ်တစ်အုပ် (အင်္ဂလိပ်) လိုတစ်အုပ်တစ်အုပ်တင်ပေးထား ပါတယ်။  ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

Thursday 14 May 2015

COC ဆော့တဲ့ သူငယ်ချင်းတွေ အတွက် သတင်းကောင်းလေးပါ

COC ဆော့တဲ့ သူငယ်ချင်းတွေ အတွက် သတင်းကောင်းလေးပါ 
မသိသူကျော်သွား သိသူဖော်စားပေါ့ဗျာ ကိုယ်အဆင်ပြေလို့မျှ လိုက်တာ Gem တွေ လိုသလောက်ခိုးလို့ရတယ်ဗျ .... အသုံးပြုပုံလေးက လွယ်တယ် COC ချိတ်ထားတဲ့ Gmail နဲ့ login ၀င် အထဲရောက်ရင် ပြန်ထွက်ပြီး COC ကို ပြန်သွား Gem ပုံဘေးက + အပေါင်းပုံလေးကို နှိပ် 300 အရင်ဆုံးရမယ် တစ်လကို အနည်းဆုံး 500 လောက် Hack လို့ရမယ် စမ်းချင်တယ်ဆို 

 အောက်မှာ ဒေါင်း ရရင် like လေးမစခဲ့ပါ။

အဆင်ပြေတဲ့ link ကနေ ဒေါင်းနိုင်ပါတယ်

Download Mediafire



Download Zippyshare


 
Download Zipshare

Tuesday 17 February 2015

ဖုန်ကြားရှင်အကြောင်း တစ်စေ့တစ်စောင်း

တစ်ကြော့ပြန် ဖုန်ကြားရှင်၏ ထိုးစစ်များကြောင့် မြန်မာပြည် အရှေ့မြောက်ဖျားဒေသတွင် စစ်မီးစစ်လျှံများ ပြန်လည် တောက်လောင်လာခဲ့သည်ကို အားလုံးသိကြပြီးဖြစ်ပါလိမ့်မည်။ လွန်ခဲ့သောလပိုင်းအနည်းငယ်က အစိုးရတပ်အား ပြန်လည်ခုခံရန်ပြန်လာမည်ဟု Global Times တရုတ်သတင်းစာတွင် ဖော်ပြခဲ့ပြီးနောက် တွင် ယခုလို နယ်စပ်ရှိအစိုးရ တပ်စခန်းများ၊ ရဲစခန်းများနှင့် အစိုးရ၀န်ထမ်းများအား အင်အားသုံး၍ ၀င်ရောက် တိုက်ခိုက်လာခဲ့ ခြင်းဖြစ်ပေသည်။

Sunday 1 February 2015

အဖေပြောသော ပုံပြင်

(ဒီပုံပြင်လေးကတော့ အဖေပြောပြတဲ့ ပုံပြင်လေးပါ။
ဝိသုဒ္ဓိမဂ်လာ အဆိုတခုကို အကြောင်းပြုပြီး ပြောပြတဲ့ ပုံတပုဒ်ဆိုပါတော့။
သိပြီးသားလည်း ဖြစ်ကြမှာပါ၊ ပုံ မပြောရတာကြာလို့ ပြောပြလိုက်ပါတယ်။
ဖတ်ကြည့်ကြပါဦး ရှင် … ။)
***
တခါက လုလင်တယောက်ဟာ ခရီးသွားရင်း မျက်စိလည်လမ်းမှားပြီး တောအုပ်တခုထဲ နယ်ကျွံရောက်ရှိသွားပါသတဲ့။ အဲဒီတောအုပ်ကတော့ ဘီလူးမကြီးတယောက် အပိုင်စားရထားတဲ့ တောအုပ်ကြီးပါပဲ။ ဘီလူးမကြီးဟာ ဒီတောအုပ်ထဲ ရောက်လာသမျှသူတွေကို ဖမ်းစားပိုင်ခွင့်ရှိတယ် ဆိုတော့ ခုလို နယ်ကျွံပြီး သူ့ပိုင်နက်ထဲ ရောက်လာတဲ့ ခရီးသွားလုလင်ဟာ ဘီလူးမကြီးရဲ့ အစာဖြစ်နေတော့တာပေါ့။


ဒါပေမဲ့ ဘီလူးမကြီးဟာ ဒီလုလင်ပျိုကို ကြည့်ပြီး ချစ်ကြိုက်မိတာနဲ့ သတ်မစားတော့ဘဲ သူ့ကိုယ်သူ နတ်သမီးတမျှ ချောမောလှပတဲ့ မိန်းကလေးငယ် တယောက်အဖြစ် ဖန်ဆင်းကာ လုလင်ပျိုရှိရာ သွားခဲ့တယ်။
ဒီနောက်တော့ နှစ်ဦးသား ချစ်ကျွမ်းဝင်သွားကြတယ် ဆိုပါတော့။ ဘီလူးမကြီးတဖြစ်လဲ ချောမောလှပတဲ့ မိန်းကလေးနဲ့တွေ့သွားတဲ့ လုလင်လည်း ကိုယ့်ရပ်ဌာနေကိုတောင် ပြန်ဖို့သတိမရဘဲ အဲဒီတောအုပ်ကြီးထဲက ကျောက်ဂူကြီး တခုထဲမှာပဲ ဘီလူးမကြီးနဲ့ ပေါင်းသင်းနေထိုင်နေကြတော့တယ်။ စားရေးသောက်ရေးကို ဘီလူးမကြီးက ရှာဖွေဖန်တီးပေးပြီး ကျောက်ဂူကြီးနဲ့ အနီးတ၀ိုက်လောက်သာ သွားလာဖို့လည်း သူ့ကို မှာကြားထားတယ်။
ဒီလိုနဲ့ နေလာရင်း တနေ့ နေ့လည်ခင်း ဘီလူးမကြီး မရှိစဉ်မှာ လုလင်ဟာ ကျောက်ဂူအနီးတ၀ိုက်သွားလာ နေတုန်း ၀ိဇ္ဖာဓိုရ် တဦးနဲ့တွေ့ပါလေရော။
ဘီလူးမကြီး ပိုင်နက် တောအုပ်မှန်း သိထားတဲ့ ၀ိဇ္ဖာဓိုရ်က လူသားယောက်ျားတယောက်ကို ခုလို တွေ့လိုက်ရလို့ အံ့သြတကြီး မေးပါတယ်။
“အသင် လုလင် … ဒီတောအုပ်ကြီးအတွင်း ဘာလာလုပ်နေပါသလဲ”
“ဒီတောအုပ်ကား ကျွန်ုပ်နှင့် ကျွန်ုပ်ဇနီးသည် နေထိုင်ရာ တောအုပ်ဖြစ်ပါတယ်၊ ညဆိုလျှင် ဟောဟိုက ကျောက်ဂူကြီးတွင်း အိပ်စက် နားနေကြပါတယ်” လို့ပြန်ဖြေတော့ … ၀ိဇ္ဖာဓိုရ်က သဘောပေါက်လိုက်ပါတယ်။ ဒီလူသားဟာဖြင့် ဘီလူးမကြီးရဲ့ လှည့်စားမှုကို ခံနေရပြီ၊ ငါ မပြောပြလို့ မဖြစ်တော့ဘူး လို့ ကြံတွေးပြီး … ခုလို ဆက်ပြောပါတယ်။
“အသင် လူသား … သင်မှားနေပြီ၊ ဒီတောအုပ်ကြီးဟာ အလွန်ကြောက်စရာကောင်းတဲ့ ဘီလူးမကြီးရဲ့ ပိုင်နက် ဖြစ်တယ်၊ ဒီတောအုပ်ထဲ ရောက်လာသမျှ သတ္တ၀ါတွေကို သူက ဖမ်းစားနိုင်ဖို့ နတ်မင်းကြီးတွေဆီက အခွင့် ရထားတယ်၊ ဒါကြောင့် သင်ပြောတဲ့ ဇနီးသည်ဆိုတာ ဘီလူးမကြီးသာလျှင် ဖြစ်ရမယ် … ဒီဘီလူးမကြီးဟာ သင်နဲ့ ပေါင်းသင်းရာက ငြီးငွေ့လာတဲ့အခါ သင့်ကို သတ်စားလိမ့်မှာ ဧကန်ပဲ … သင် အမြန်ဆုံးသာ လွတ်အောင်ပြေးပေးတော့”
“မဖြစ်နိုင်ပါဘူး ခင်ဗျာ … ကျွန်ုပ်ဇနီးသည်ဟာ အလွန်သိမ်မွေ့ ယဉ်ကျေးလိမ်မာတဲ့ မိန်းကလေးပါ … ဘီလူးမကြီး မဟုတ်ပါဘူး”
အဲဒီလို ၀ိဇ္ဖာဓိုရ်ပြောတဲ့ စကားကို မယုံကြည်တဲ့ လုလင်ဟာ နေမြဲတိုင်းသာ ဆက်လက်နေထိုင်ခဲ့ပါတယ်။
နောက်တကြိမ် ၀ိဇ္ဖာဓိုရ်လာခိုက် သူနဲ့ထပ်တွေ့ပြီး အကျိုးအကြောင်း ပြောပြန်တော့လည်း ဒီလုလင်ဟာ မယုံကြည်ဘဲ ရှိစမြဲပါပဲ။
တတိယအကြိမ်ထပ်မံဆုံတဲ့အခိုက်မှာ
တော့ ၀ိဇ္ဖာဓိုရ်က မဖြစ်ချေဘူး ဆိုပြီး
“ကဲ … အသင်လူသား … သင့်ကို ကျွန်ုပ်တခု အကြံပေးမယ် … ညဘက် သင့်ဇနီး အိပ်မောကျပြီ ဆိုတဲ့အချိန်ကျရင် ဟောဒီ မီးခတ်ကျောက်နဲ့ အလင်းရောင်ရအောင် ခတ်ပြီး သင့်ဇနီးကိုကြည့်ပေတော့၊ အိပ်မောကျနေတဲ့အချိန်ဆို သူ ဟန်ဆောင်လို့ မရဘူး၊ ဇာတိပြန်လိမ့်မယ်၊ အသင် ကြည့်ဖြစ်အောင်ကြည့်ပါလေ”
လို့ ထပ်မံတိုက်တွန်းတော့မှ လုလင်လည်း မီးခတ်ကျောက်လေး ဆောင်ပြီး အိပ်ရာဝင်သတဲ့။
ညဘက် တော်တော်လေး ညနက်တဲ့အချိန် သူ့ဇနီး အိပ်မောကျပြီဆိုတော့မှ အသာလေး ထပြီး မီးခတ်ကြည့်တော့ အလင်းရောင်အောက်မှာ အစွယ်ပြူးပြူး ဘီလူးမကြီးကို ကြောက်မက်ဖွယ် တွေ့လိုက်ရတယ်။
ဒီတော့မှ သူလည်း အရမ်းကို ထိတ်လန့်သွားပြီး ငါ ဆက်နေလို့တော့ဖြင့် မဖြစ်ချေဘူး၊ ခုချက်ချင်း ပြေးမှ တော်ရုံကျမယ် လို့ တွေးမိပြီး တချိုးတည်း ပြေးတော့တာပဲ။
ခဏအကြာ ဘီလူးမကြီး သိတော့ နောက်ကလိုက်တယ်၊ သူကလည်း ရှေ့ကနေ မရပ်မနားပြေးရင်း ဘီလူးမကြီးပိုင်တဲ့ တောအုပ်ကိုလွန်သွားတဲ့အခါမှာတော့ … ဘီလူးမကြီးရဲ့ ဘေးဒုက္ခအပေါင်းက လွတ်မြောက်ရာကို ရောက်ရှိသွားပါတယ်။ ဒီတော့မှ လာလမ်းကို ပြန်ကြည့်တော့ တဖက်တောအုပ်ထဲမှာ ဘီလူးမကြီးက သူ့ကို မျှော်ငေးရင်း ကျန်နေခဲ့ပါတော့သတဲ့။
***
ပုံပြင်လေးကတော့ ဒါပါပဲ။
တကယ်တော့ ဒီပုံပြင်လေးဟာ ၀ိသုဒ္ဓိမဂ်ထဲက ၀ိပဿနာ ဥာဏ်စဉ်တွေနဲ့ပတ်သက်ပြီး ဥပမာပေးထားတဲ့ ပုံပြင်လေးတပုဒ်ပါ။
ကိုယ့်ခန္ဓာဟာ ဒုက္ခမှန်း မသိသေးသမျှ ခင်တွယ်နေကြ စွဲလမ်းနေကြတယ်၊ တကယ်တမ်း ဒုက္ခအတိဆိုတာကို ဥာဏ်နဲ့ ရှုမြင်လိုက်တော့မှ ဒုက္ခချုပ်ငြိမ်းရာကို ရှာဖွေ အားထုတ် ရှုမှတ်ကြရင်း ဥာဏ်စဉ် အဆင့်ဆင့် တက်သွားပြီး နောက်ဆုံးမှာ (ဒုက္ခမှ လွတ်မြောက်ရာ) မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို ဆိုက်ရောက်ရကြောင်းကို ဒီပုံပြင်လေးနဲ့ ဖော်ပြထားတာပါ။
***
ကျမတို့ဟာ သာမန်အားဖြင့် အကျိုးနဲ့အပြစ်ကို ခွဲခြားပြီး သိကြပါတယ်။ ဒါပေမဲ့ အပေါ်ယံလောက်သာ သိကြတာမို့ အပြစ်ရှိမှန်း သိရက်နဲ့ လုပ်နေမိသလို အကျိုးရှိမှန်းသိရက်နဲ့ မလုပ်မိတာတွေ ရှိပါတယ်။ ဥာဏ်နဲ့ တကယ်ကို သိတော့မှသာ … အပြစ်ရှိကြောင်း မကောင်းသောအကျင့်တွေကို စွန့်လွှတ်နိုင်ပြီး အကျိုးရှိရာရှိကြောင်း ကောင်းသော အလုပ်တွေကို ပြုလုပ်နိုင်ကြမယ်ဆိုတာ သေချာပါတယ်။
ဒါကြောင့် ကျမ အလွန်နှစ်သက်တဲ့ ၀ိသုဒ္ဓိမဂ်လာ အောက်ပါအဆိုကို ဝေငှ လိုက်ရပါတယ်ရှင်။
***
အပြစ်တစုံတရာကို ဥာဏ်နဲ့ရှုမမြင်သေးသရွေ့ စွန့်လွှတ်ခြင်းငှာ မစွမ်းနိုင်။
အကျိုးတစုံတရာကို ဥာဏ်နဲ့ရှုမမြင်သေးသရွေ့ ရယူခြင်းငှာ မစွမ်းနိုင်။

Monday 3 November 2014

သေချင်းဆိုးမလေး

ကြည့်ကြ !! ဟော်ဒါ...
ငါ့ရဲ့ ချစ်လှစွာသော သေချင်းဆိုးမလေး ဖြစ်ပေရဲ့။

ဘ၀က..
ပေါ့ပေါ့ပါးပါး ခံယူလိုက်ပုံများ..
မြင်လား !! " သူမ " တစ်ကိုယ်လုံးတောင်မှ
ပါးပြီး ပေါ့နေတဲ့ပုံ။
(အဲ့ဒီသေချင်းဆိုးမလေးက)
"မျော်လင့်ချက်"ဆိုတာကိုလည်း အယုံအကြည်မရှိပေဘူး။
နောက်ပြီး..သူမက
"အရူး" နဲ့ "နတ်ဘုရား" တွေကိုလည်း
အတူတူလို့ သဘောထားတတ်သေး...

အဲ့ဒီ သေချင်းဆိုးမလေးပေါ့ !!!
ဘ၀ဟာ...
ဝမ်းနှုတ်ဆေး တစ်ခွက်လောက်တောင်မှ
အာမခံချက် မပေးနိုင်ဘူးလို့ယူဆ
(အဲ့ဒီ သူမက)
လမ်းမှာ ခဏခဏပြုံးပြတတ်သူတွေကိုလည်း
"အာရုံကြောရောဂါ ရနေတယ်" လို့လှောင်တတ်သူ...

အဲ့ဒီ သေချင်းဆိုးမလေးပေါ့ !!!
လောကကြီးရဲ့ အယုအယ ခံဘို့ရာ
နေရာတစ်နေရာ ရှာရမှာကို ရှက်တတ်။
ကြယ်သရဖူတွေ ကြွေကျလာရင်တောင်
ခြေမနဲ့ညှပ်ပြီး ကောက်ဆောင်းဘို့ကို
ပျင်းရိတတ်သူ...

အဲ့ဒီ သေချင်းဆိုးမလေးပေါ့ !!!
ဈေးပေါပေါဆက်ဆံမှု့တွေကို ရွံရှာ
"မင်္ဂလာ နံနက်ခင်းပါ" လို့နှုတ်ဆက်ခံရတာကို..မုန်း။
ကိုယ့်မျက်လုံး ကိုယ်တံခါးပိတ်ပြီး
နေမြင့်တဲ့ အထိအိပ်တတ်သူ..

အဲ့ဒီ သေချင်းဆိုးမလေးပေါ့ !!!
တစ်နေ့ တစ်နေ့ 24 နာရီပြည့်အောင် စောင့်ရတာကို စက်ဆုပ်
ထမင်းနှစ်ခါတောင် စားနေရတာကို
အလုပ်ရှုပ်တယ်လို့ ထင်တဲ့သူ...

အဲ့ဒီ သေချင်းဆိုးမလေးပေါ့ !!!
သူမရဲ့ အကျီင်္လက်ရှာ်အဖျားတွေကိုတောင်
အောင်အောင်မြင်မြင် မခေါက်တင်တတ်
ကြောင်ကလေးတစ်ကောင်ကို အ၀တ်ပတ်သလို
ဖိုသီ ဖတ်သီနေထိုင်
(သူမ ကိုယ်တိုင်က..)
"ဘ၀" ကို ကြယ်သီးအပြည့်တပ်ပြီး ၀တ်ဆင်ရမှာ
ကျဉ်းကျပ်တယ်လို့ ထင်တဲ့သူ။

သူမရဲ့ဘ၀မှာ..
အချစ်ဆိုတာ ဘယ်ရှိနိုင်မလဲ !!!
မြို့ထဲက ပလက်ဖောင်းတွေပေါ်မှာ
လမ်းလျှောက်တဲ့ အခါမျိုးတောင်မှ
မျက်နှာချင်းဆိုင်က လာတဲ့သူတွေကိုရှောင်..ရှောင် ပေးရတာ
(သူမဘက်က) လိုအပ်တာထက် ပိုကျဆုံး
အတ္တတွေ ဘုန်းနိမ့်ကုန်ပြီလို့ ထင်တဲ့မိန်းမ..

မျက်နှာပေါ် ဆံပင်တွေ ၀ဲကျ
အဲ့ဒီ ဖရိုဖရဲမလေးပေါ့...
(သူမက ခေါင်းဖြီးရတာကို အလုပ်ပိုလို့ ထင်တယ်)
"ကမ္ဘာမြေ ဆွဲငင်အားရှိမှတော့
ဆံပင်တွေ အောက်ကိုကျနေတာ
ဘာ မကျေနပ်စရာရှိသလဲ" လို့လည်းမေးရဲ့။

အဲ့ဒီ သေချင်းဆိုးမလေးပေါ့ !!!
"နစ်ရှေး" ရဲ့အတွေးအခေါ်ကျမ်းကို ဆွဲဆုတ်
ပလက်ဖောင်းပေါ်က ဖုန်တွေကို
အဲဒီ စက္ကူနဲ့သုတ်ပြီး ထိုင်တဲ့သူ..။

"ကျွန်မက..
ဘယ်သူ့ကိုလက်ဆွဲ နှုတ်ဆက်ရမှာလဲ ?
ဒါမှမဟုတ်...ဘယ်သူ့ကို အမြီးနှံ့ပြရမှာလဲ ?..."တဲ့၊ကဲ !!!
အဲ့ဒီ သေချင်းဆိုးမလေးပေါ့ ....
သူမက စိတ်အလိုမကျရင်လည်း
"ဆဲ"တက်သေးတယ်...။

အဲ့ဒီ သေချင်းဆိုးမလေးပေါ့.....
စိတ်ကူးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
....ပိုလေးတယ်လို့ ယူဆ။

တစ်စုံတစ်ယောက်ကို သတိရဖို့
ဘယ်တုန်းကမှ မတက်ကြွခဲ့သူ။

အဲ့ဒီ သေချင်းဆိုးမလေးပေါ့ !!!
"သမ်းဆည်းစရာတွေ များလွန်းနေတဲ့ ဘ၀မှာ
ကျွန်မက...ကိုယ့်ကို ကိုယ်တောင်
သိမ်းမထားချင်းနဲ့ကောင်...." လို့ပြောခဲ့။

တကယ့် သေချင်းဆိုးမလေးပေါ့..
ဟောဒီမှာ မလှူပ်မယှက်ခေါက်ခွေ
အဲသည်လို နေရုံသက်သက်ကလေး နေ နေလိုက်ပုံက
ဘ၀ကို အ၀တ်ရုပ်တစ်ရုပ်လို့ ယူဆ
တစ်စုံတစ်ဦးက သူမကို ပစ်ချခဲ့တဲ့ အတိုင်းပါပဲ....။

သူမက လောကကြီးကို ခါးပြီး
အဲဒီ ခါးသီးတဲ့ အရသာကပဲ
သူမကို ပြန်ခါးတယ်...
နားလည်ပေးလိုက်ပါ..လောကကြီးရေ...
"ဘာများ အရေးကြီးလို့လဲ" ဆိုတဲ့ လှောင်ကြည့်နဲ့
ခင်များကို ရိသဲ့သဲ့ ပြုံးပြနေတဲ့မိန်းမ....
သူမကတော့ မတောင်းပန်တတ်တာ သေချာတယ်။
နားသာလည်ပေးလိုက်ပါ..လောကကြီးရေ..။

ဒါမှမဟုတ်..သူမကို ခွင့်လွှတ်ပါ...
လောကကြီးရေ..
ဒါမှမဟုတ်..သူမကို ဦးညွှတ်ဂုဏ်ပြုပါ..
ဒါမှမဟုတ်..သူမကို တစ်ခုခု ပြစ်ဒဏ်ခတ်ပါ...
ဒါမမဟုတ်..
လောကကြီးရေ..အဲ့ဒီ သေချင်းဆိုးမကို
ပစ်သာချထားလိုက်ပါ....

"သူမ" ပေါ့...
... .... ....
နတ်ဆိုးတစ်ပါးလည်း ဖြစ်
ကောင်းကင်တမန်လည်း ဖြစ်
(အဲဒီ သေချင်းဆိုးမလေး ကိုမှ)
ငါက...
လည်ပင်းညှစ်သတ်ချင်လောက်အောင်
ချစ်နေမိခဲ့တာပေါ့ကွယ်...။

Friday 24 October 2014

ဒီစစ်ပွဲပြီးရင် ကျောင်း…တက်…ချင်…တယ်

ဒီစစ်ပွဲပြီးရင် ကျောင်း…တက်…ချင်…တယ်

(၁)
သေမင်းဟာ
ရိုင်ဖယ်ကို ပုခုံးမှာချိတ်
စာသင်ခန်း တံခါးတွေကို ပိတ်လိုက်တယ်…။
(၂)
စာအံသံတွေပျောက်ဆုံး
ဗုံးဆံတွေ မိုးချုန်းသလို ရွာချ…၊
အမှန်တရားတောင်ကုန်းကို
လက်နက်ကြီးအင်အားသုံးပြီး
သိမ်းပိုက်ဖို့ ကြိုးစားနေကြတယ်…။
မျက်ရည်နဲ့…
အလောင်းကောင်တွေပေါ်က “အမှန်တရား”
ဘယ်ပြည့်တန်ဆာကတောင်မှ
လေးစားမှာမဟုတ်ဘူး…။
စစ်ယူနီဖေါင်းရင်ဘတ်ပေါ်
ချိတ်ဆွဲထားတဲ့ တံဆိပ်တွေဟာ
စစ်ဘေးဒဏ်ကြောင့် သေသွားတဲ့
ကလေးတွေရဲ့ အရေအတွက်နဲ့
ထပ်တူ အချိုးကျပါသလား…
စစ်နတ်ဘုရားရဲ့ သင်္ချာကို
ငါ လက်ချိုးရေတွက်နေတယ်…။
(၃)
စပါးပင်ပျိုးရမယ့် တောင်ယာမြေမှာ
ငါ့ အဖေရဲ့ ခန္ဓာကိုယ် အပိုင်းအစ
ဖြစ်သလို မြှုပ်ပစ်ခဲ့ရတယ်…။
အမြောက်ဆံပေါက်ကွဲတဲ့ နေရာက မြက်ပင်လို
မိသားစုဘ၀တွေ ပြတ်ထွက်လွင့်စင်ကြ…
အမေရေ… ဒီတစ်သက်တော့
ထမင်းလက်ဆုံစားခွင့် မရှိတော့ဘူး…။
ဦးခေါင်းထက်မှာ ကျည်ဆံတွေက
နတ်ဆိုးရဲ့ လေချွန်သံလို
တရွှီရွှီမြည်နေတုန်း
မြေလွှာအောက်ကမိုင်းဗုံး
ဝုန်း ကနဲ ပေါက်ကွဲတယ်…။
ငါ့အနာဂတ်မျှော်လင့်ချက်ဟာ
ခြေထောက်တစ်ဖက်နဲ့အတူ
ပြုတ်ထွက်လွင့်စင်သွားပေါ့…။
“ငါ့အိမ် ငါ ပြန်လာတာလေ”
ဒါဟာ “အသွားမတော်တစ်လှမ်း” ဖြစ်ခဲ့ပါသလား
မျက်ရည်အ၀ဲသားနဲ့ မေးခွန်းထုတ်မိ
ငါ့ဘ၀ကတော့
ငါ့ဒူးဆစ်လို ငုံးတိတိ ဖြစ်လို့ နေလေရဲ့…။
ငြိမ်းချမ်းရေးမိုးခေါင်ရပ်ဝန်းဒေသမှာ
သားပျောက်တဲ့ အမေတွေနဲ့
အမေပျောက်တဲ့သားတွေ
အားလုံးဟာ လူအဖြစ်ကနေ လျှောကျ
တိရစ္ဆာန်တွေလို အမဲလိုက် ခံနေရတယ်…။
အမေအိုတို့ရဲ့ ငိုကြွေးသံ
မြစ်သောင်ယံမှာစီးဆင်း
ဧရာဝတီဟာ သွေးချင်းချင်းနီ…လို့။
(၄)
တိုင်ထက်မှာ
ချစ်ခြင်းမေတ္တာတရားကို သံမှိုနှက်
အာဏာပါးကွက်သားတို့က
ကွပ်မျက်ကြတာကို
“စစ်ပွဲ” လို့ခေါ်တယ်…။
စစ်ပွဲမှာ
ဘယ်သူနိုင်နိုင်… ဘယ်သူရှုံးရှုံး
နောက်ဆုံးမှာ
အမုန်းတရားကပဲ သိမ်းပိုက်…
မိဘမဲ့သွားတဲ့ ကလေးငယ်တွေကို
လောကထဲ မောင်းထုတ်လိုက်ကြတယ်…။
အို…သွေးဆာသူတို့
ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့…။
အပြစ်မဲ့ပြည်သူတွေရဲ့သွေးနဲ့ ဘိသိက်မြှောက်
သူသတ်ကုန်းမှာ ဆောက်တဲ့ နန်းတော်ဆီ
ငါတို့ ဘယ်တော့မှ လက်အုပ်မချီဘူး…။
(၅)
“ကျည်ဆံဖိုးတွေ ထပ်မဖြုန်းပါနဲ့
ပေါင်မုန့်တစ်လုံးလောက် ၀ယ်ပေးပါ…”
“လက်ပစ်ဗုံးတွေပစ်မယ့်အစား
ငှက်ဖျားပျောက်ဆေးတစ်ခွက်ပေးပါ…”
စစ်ပွဲတစ်ပွဲမှာ
ပထမဦးဆုံးပစ်တဲ့ ကျည်ဆံ…
ကိုယ်ချင်းစာတရားကိုမှန်တယ်။
ကိုယ်ချင်းစာတရား ကျဆုံးခြင်းဟာ
နိုင်ငံတော် ဈာပနပဲ…။
ကဲ…အလံတစ်ဝက် လွှင့်ထူကြ…
ကမ္ဘာမကြေသီချင်းကို ဆိုတဲ့အခါ
ငိုသံပါနေရတာလောက်
ဝမ်းနည်းစရာကောင်းတာမရှိဘူးလေ…။
(၆)
“မုန်းတီးစိတ်တွေ
နောက်မျိုးဆက်ကို အမွေမပေးစေရ..
အာမဘန္တေ…”။
ငြိမ်းချမ်းရေးသီလယူသံ
ကောင်းကင်ထက်မှာ ညံပါစေ။
ကလေးတွေရင်ထဲက တောင်းဆုနဲ့
ငါတို့အားလုံး ၀တ်ပြုကြရအောင်…။
“မေမေ၀ယ်ပေးတဲ့
ကျောက်သင်ပုန်းပေါ်မှာ
ဝလုံး ၀ိုင်းဝိုင်းတွေ ခြစ်ဆွဲ
ဒီစစ်ပွဲပြီးရင်
ကျောင်း…တက်…ချင်…တယ်…”

မင်းခိုက်စိုးစံ

Monday 13 October 2014

ဆာမူရိုင်းမလေးအတွက်...

ယေဘုယျဝိညဉ်
-----------------


ငါ့ကိုတော့ ခွင့်တောင်းသင့်ပါတယ်
ငါ့နှာခေါင်းပေါ်တက်ပြီး
ဘယ်သူလာ အသက်ရှုနေတာလဲ...။

မင်းကသာ ဟိုဘက်က အပ်နဲ့မမှုတ်ဘူးဆိုရင်
မင်းလက်ထဲကပြောင်းကို
ဒီဘက်က ငါချောင်းကြည့်ရဲမှာပါ

ငါက...
တွေ့နေကျ၊မြင်နေကျ၊ရိုးရိုးလူမျိုးပေါ့
ပန်းနဲ့ပဲဖြစ်ဖြစ် ကောက်ရိုးနဲ့ပဲဖြစ်ဖြစ်
အရမ်းလာပေါက်ရင်တောင်
ကြောက်တတ်တဲ့ကောင်မျိုး...။


ဆောင်းတစ်ခုမှာ
ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စက်လို
စာရင်းလည်းမရှိ ၊ နံပါတ်လည်းမသိ
ဘယ်အထိမှလည်း မကြီးကျယ်ပါဘူးကွယ်..။


ငါက...သာမညလူ
ငါက...ေယဘုယ်လူ
ဆပ်ပြာပူဖောင်းလို
အရေခွံတစ်ထပ်ခွါလိုက်ရင်ပဲ
အထဲမှာ ဘယ်မှကျန်မှာမဟုတ်တဲ့လူ...


ဘယ်သူကမှ မသိဘူးဆိုရင်တောင်
ငါ့ကိုယ်ငါတော့ သိတာပေါ့
သိပ်ကို သိတာပေါ့ကွယ်..။

Thursday 9 October 2014

ချစ်သူကသာ ခွင့်ပြုမည်ဆိုလျှင်
ကျွန်တော်၏တေးသွားကို
ရပ်ထားလိုက်ပါမည်။

ချစ်သူ၏ နှလုံးအိမ်ကို ရုန်းကြွစေမည်ဆိုလျှင်
ကျွန်တော့်မျက်လုံးများကို
သူ့မျက်နှာမှ အဝေးသို့ ဖယ်ခွာပေးပါမည်။

ကျွန်တော်ရှိနေသည့်အတွက်ကြောင့်
ချစ်သူသည် သွားလမ်းမှာ ပင်ပမ်းရသည်ဆိုလျှင်
ဘေးဘီကို ရောက်သည်အထိ
အခြားလမ်းမှ ကျွန်တော်လျှောက်ပါမည်။

ချစ်သူ ပန်းကုံးသီရန်
အနှောင့်အယှက်ဖြစ်ရသည်ဆိုလျှင်
သူ၏ပန်းတောမှ ဝေးရာသို့
ကျွန်တော်ယို့ယိမ်း ထွက်ခွာပေးပါမည်။

ချစ်သူ၏ရေပြင်အလျင်ကို
လှိုင်းတို့ဖြင့် တိမ်းမှောက် ပျို့အန်စေသည်ဆိုလျှင်
သူ၏ကမ်းခြေမှ
ကျွန်တော် လှော်တက်ကို လွှတ်ချလိုက်ပါမည်။


တဂိုး

Wednesday 1 October 2014

ဦးနေ၀င်းမြေးများအား နိင်ကျဉ်းသတ်မှတ်ရေး ဦးဇာဂနာ ကူညီမည်

ဦးနေ၀င်းမြေးများအား နိင်ကျဉ်းသတ်မှတ်ရေး ဦးဇာဂနာ ကူညီမည် 
စက်တင်ဘာ ၂၉
ရန်ကုန်။

နိင်ငံတော်ပုန်ကန်မှုစွဲချက်ဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသည့် ဦးနေ၀င်း၏မြေးများအား နိင်ကျဉ်းအဖြစ်သတ်မှတ်စာရင်းသွင်းရေးအတွက် မိမိအနေဖြင့်ကန့်ကွက်ရန်မရှိကြောင်းနှင့် အဖွဲ့မှ သဘောတူပါက မိမိအနေဖြင့်လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဦးဇာဂနာက ပြောသည်။ “စစ်အာဏာရှင်လက်အောက်မှာမတရားပြစ်ဒဏ်ချမှတ်ခံခဲ့ရသူတွေအများကြီးပဲလေ။ကိုမင်းကိုနိင်တို့ကျွန်တော်တို့ကိုလည်း အမူဆင်ပြီး စစ်အစိုးရကပြစ်ဒဏ်ချခဲ့တာပဲလေ။မတရားဖမ်းဆီးခံခဲ့ရတဲ့အထဲမှာသူတို့လေးတွေလည်းပါတယ်”ဟု ဦးဇာဂနာက ပြောသည်။ နိင်ငံရေးအကျဉ်းသားများစီစစ်ရးအဖွဲ့အတွင်းတွင်မှု ဦးနေ၀င်း၏ မြေးများအား နိင်ကျဉ်းအဖြစ်သတ်မှတ်ရန်ကြိုးပမ်းချက်ကို ကန့်ကွက်သူအများစုဖြစ်နေကြောင်းသိရသည်။ “ကိုဇာဂနာနဲ့တော့ကျန်တဲ့သူအများစုက အမြင်မတူကြဘူး။သူတို့အချင်းချင်းစီးပွားရေးဆက်နွယ်မှုကို အကြောင်းပြုပြီး နိင်ကျဉ်းကို ချဉ်းကပ်တာမျိုးကိုတော့သဘောမတွေ့ဘူး။နိင်ကျဉ်းဆိုတာ နိင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပေါက်လာရေးအတွက် အသက်သွေးချွေးရင်းပြီး ပေးဆပ်ခဲ့သူတွေကို ထည့်သွင်းတာ။အဓိကစံထားတာက ပုဒ်မ မဟုတ်ဘူး ဥပမာ ကိုမင်းကိုနိင်တို့ကိုချတဲ့ပုဒ်မနဲ့ အေးနေ၀င်းတို့ ညီအစ်ကိုကိုချတဲ့ပုဒ်မတူနေပေမယ့် သူတို့တွေရဲ့ လုပ်ရပ်က မိုးနဲ့မြေကွာတယ်”ဟု နိင်ငံရေးအကျဉ်းသားများစိစစ်ရွေးချယ်ရေးဗဟိုကော်မတီဝင် ဦးဘဦးက ပြောသည်။ အနုပညာသည်အဖြစ်နိင်ငံ၏ဒီမိုကရေးလှုပ်ရှားမှုများဖြင့် နာမည်ကျော်သည့် ဦးဇာဂနာပိုင် Tomorrow ဂျာနယ်၏ ရှယ်ရာ ၈၀ ရာခိုင်နှုန်းကို ဦးနေ၀င်း၏မြေးများထံရောင်းခဲ့ပြီးနောက် နိင်ကျဉ်းအဖြစ် အေးနေ၀င်းညီအစ်ကိုများအားထည့်သွင်းရေးဦးဇာဂနာ၏ကြိုးပမ်းချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

မျိုးဝင်း(မြစ်မခ)

Thursday 25 September 2014

တစ်ယောက်သောသူအတွက်

                       "ပန်းတိုင်"

ခရီး......
နီးမည် ဝေးမည် ငါသည်မသိ...
လမ်း......
ကြမ်းသည် ကောင်းသည် ငါသည်မတွေး...
ရာသီ...
သာယာသည် ဆိုးသည် ငါသည်မတွက်...
ဒီနေရာမှ ခွာမှဖြစ်မည် ငါယုံကြည်၏
မိနစ်ထက်ဝက် ဆက်နေမရ
စိတ်ဆန္ဒက ပြင်းပြ၍သာ
ငါထွက်လာခဲ့ ဘာပြင်ဆင်မှု့တစ်ခုမရှိ
အဆီးအတား များလည်းရှေ့ဆက်
တစ်ရက်မရောက် တစ်လလျှောက်မည်
ပေါက်တဲ့ခရီး တစ်ဆစ်နီးပြီ
ငါ့ယုံကြည်ချက် ငါ့အသက်လေ
ငါ့ယုံကြည်ချက် ငါ့လက်နက်လေ
နေရာဟောင်းမှာ ငါသည်မနေ
သွားရင်းသေအံ့........