*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 12 May 2014

Hard Disk အကြောင်းလေး

 
Hard disk ဆိုတာ
**************
Hard disk ဆိုတာ ကွန်ပျူတာ တစ်လုံးမှာ မရှိမဖြစ်လိုအပ်ပြီး ကွန်ပျူတာ အားလုံးမှာတွေ့ နိုင်တဲ့ device တစ်ခု ဖြစ်ပါတယ်…သူက operating system အလုပ်လုပ်ဖို့ နဲ့ data တွေကို storage လုပ်ဖို့ ဖြစ်ပါတယ်..
 သူ အလုပ်လုပ် တဲ့ ပုံစံက ဒီ hard disk အထဲမှာ platter တွေရှိတယ် ။ ဒီ Platter တွေဟာ spindle motor လည်တဲ့အား ကြောင့် air cushion ဖြစ်ပေါ်လာတယ်။ အဲဒီအချိန်မှာပဲ read/write head တွေက platter   ပေါ်မှာရေးမှတ် ထား တဲ့ဒေတာ တွေကို ရေးခြင်း ဖတ်ခြင်းမှတ်ခြင်း စတာတွေ ကိုလုပ်ဆောင် တယ်.. တစ်ခုချင်း စ်ီလုပ်ဆောင်ပုံ ကို အောက်မှာ ရှင်း ပြပါမယ်..


အတွင်းပိုင်း လုပ်ဆောင်ပုံ
********************
 
 
hard disk တစ်လုံးမှာ magnetic disk လို့ ခေါ်တဲ့ platter လေးတွေဟာ လေးချပ် ဒါမှမဟုတ် ငါးချပ် ပါရှိ တတ်ကြ ပါတယ်..platter ပြား အရေတွက်များရင် data တော်တော် များများ ၀င်ဆံ့ ပေမဲ့ reliability အတွက် ကျ တော့ အားနည်း သွားပါတယ်။ အဲဒီ platter ပြားမှာ program တွေ data တွေသိမ်းဆည်း ဖို့  ဖြစ်ပါတယ်..


Geometry
*********
 
 
Hard disk တစ်လုံးမှာ ဖိုင်တွေသိမ်းလို့ ရအောင်ဘယ်လိုစီမံထားသလဲဆိုတဲ့ geometry အကြောင်း   လေ့လာကြည့် ရ အောင်...
 
 desktop မှာ အသုံးပြုတဲ့ ဘယ် hard disk မဆို physically အရတော့ platter   ပြားတွေဟာ အားလုံး size တူ ၇ွယ်တူ ပါပဲ....platter ပြားတစ်ပြား ကိုကြည့်လိုက်ရင် သူ့ ကို thin film media လို့ ခေါ်တဲ့ ပါးလွာတဲ့ glass နဲ့ ပြုလုပ် ထားပြီးတော့မှ အပေါ်ကနေ meganitic ရည် သုတ်လိမ်းထား တယ်..ဒီလို တည်ဆောက်ပြီး တာနဲ့  ဖိုင်တွေသိမ်း လို့ ပြုလို့ မရသေးဘူး..

အဲဒီလို မရသေးပဲနဲ့  low level format လို့ ခေါ်တဲ့  cylinder, track, sector တွေ သတ်မှတ်ပေးရ ပါသေး တယ်. .platter မှာ track ဆိုတာ ဘာကိုပြောတာလဲ......
 
 track ဆိုတာ.. platterရဲ့  ဗဟိုကနေ စက်ဝိုင်း ပုံ လမ်းကြောင်း အတိုင်း ရှိနေတာတွေ ကို track လို့  ခေါ် တယ်..cylinder ဆိုတာ အဲဒီ track တွေ၇ဲ့   အပေါ်အောက် တစ်စုံကို cylinder လို့ ခေါ်တယ်..


sector ဆိုတာ
************

ကတော့ အငယ်ဆုံး ယူနစ်ဖြစ်ပြီးတော့ မှ magnetic storage area ဖြစ်ပါတယ်..သူ့ sector တစ်ခု တစ်မှာ သိမ်းဆည်းနိုင်တဲ့ အရေအတွက်က 512MB ဖြစ်ပါတယ်…ဒေတာ သိမ်းပုံ သိမ်းနည်းကိုပြောပြ ချင်ပါတယ်..
သတိထားမိလားတော့ မသိဘူး hard disk နဲ့  cd disc တို့ သိမ်းပုံချင်း မတူဘူး hard disk က magnetic နည်းပညာကို သုံးပြီးသိမ်းတာဖြစ်လို့  disk လို့ ခေါ်တာဖြစ်ပြီး cd disc တွေကျတော့ laser ကိုအသုံးပြုပြီး
ultra violet light နဲ့ သိမ်းတာဖြစ် တဲ့အတွက် disc လို့ သတ်မှတ်ခဲ့ကြတယ်..အခုလည်း ဒီ hard disk မှာ Magnetic နည်းအရ သိမ်းတာပါပဲ magnetic နည်း အရသိမ်းတာဖြစ်တဲ့ အတွက် ကျွန်တော်တို့ တွေက
information တွေကို digital အဖြစ်သိမ်းတယ် လို့  ပြောကြပေမဲ့  ဒီplatter ပေါ်မှာတော့ Analog signal အဖြစ်နဲ့ သိမ်းဆည်းပေးထားတာဖြစ်ပါတယ်.. တနည်း အားဖြင့် digital signal တွေကို Analog signal
အဖြစ်ပြောင်းသိမ်းထားပါတယ် ..

တခါ hard disk ထဲမှာရှိတဲ့  ဒေတာတွေကို ဖတ်ချင်တဲ့အခါ ယူသုံးလိုတဲ့ အခါမှာလဲ သူက Analog signal တွေကို Digital signal အဖြစ်ပြန်ပြောင်းပေးရတယ်..အဲလို digital signal ပြန်ပြောင်းပေးမှ ရ လာတဲ့ Information တွေကို cpu ဖတ်နိုင်မှာဖြစ်ပါတယ်.. အထဲ နည်းနည်းတိုးဝင်ကြည့် ရအောင် analog signal တွေနဲ့ သိမ်းတာ ဆိုတော့ ဘယ်လိုများ သိမ်းလဲပေါ့.. ကျွန်တော်တို့ platter ပြားပေါ်မှာ
 magnetic ရည်တွေ ရှိတယ်လို့ ပြောခဲ့ တယ်နော်..

အဲဒီ platter တွေပေါ်မှာ သံလိုက်တုံးသေးသေးလေးတွေနေရာ အနှံ့ အများရှိတယ် လို့မှတ်ယူလိုက် သံလိုက်တုံး လို့ ပြောလိုက်တာနဲ့ သံလိုက်တုံးမှာ မြောက်နဲ့ တောင် ရှိတယ် north and     south (N and S) ဆိုပြီးတော့ ရှိတယ် အဲလိုသေးသေးလေးတွေ အများကြီး ၇ှိလိမ့် မယ် ဖင်ချင်းခေါင်းချင်း randomly အ၇ ရှိနေလိမ့်မယ်ဒါက data ပေါ်ကြည့်ပြီး သူ့ ဘာသာ သူဆောက် သွားတာ.......
 
ဥပမာ... ss ကို 1 ယူမယ် ဆိုပါစို့ SN ဆိုရင် 0 ယူမယ်ပေါ့..အဲဒါ ကို magnetic bit လို့ ခေါ်တယ်..ဒီ Platterပြားပေါ် မှာ မြောက်မြားစွာသော သံလိုက် တုံးသေသေး လေးတွေက သနုးနဲ့ ချီပြီးတော့ရှိတယ်.. အဲလိုမတူညီတဲ့ SS SN NS NN တွေကို read/write head တွေက ဖတ်ပေးရပါတယ်.. ဖတ်လိုက် တဲ့ data ကိုမှ ခုနကပြောသလို digital signal ပြန်ပြောင်းပေးရတာဖြစ်တယ်။ 
 
ဒီလိုနည်းနဲ့ data တွေကို သိမ်းတယ် ဖတ်တယ် မှတ်တယ်ပေါ့..hard disk တွေဟာနှစ်ပေါင်းများစွာကတည်းက ပေါ်ထွန်း လာခဲ့ တာ ဒီနေ့ အချိန်ထိ သူ့ ရဲ့ ဖွဲ့  စည်းပုံဟာအရမ်းတိုးတက်ပြောင်းလဲသွားတာတော့မဟုတ်ပါဘူး အခြေခံဖွဲ့  စည်းပုံတွေဟာတူတူပါပဲ။

Actuator

Actuator ဆိုတာ voice coil motor ဖြစ်တဲ့ coil ထဲ လျပ်စစ် စီးဝင်ပြီး polarity changing လုပ်ပေးမှုကြောင့် actuator arm ကို ထိန်းချုပ်ပေးရတဲ့ အရာတစ်ခုဖြစ်ပါတယ်..အရင်တုန်းက servo motor တွေဆို 
 
 

တစ်ထစ် ချင်းရွေ့ လျားတာဖြစ်တဲ့ အတွက်ဖတ်တဲ့ အခါမှာ နှေးကွေးပါတယ်..ပြီးတော့ အဲလိုရေး ဖတ်နေ တုန်းမှာ ပါဝါ မရတော့ ရင် သူက အဲမှာတင်ရပ်သွားတယ် ပါဝါ လာလို့ အလုပ်လုပ်ရင် ဓါးနဲ့ ခြစ်သလို လုပ်ပစ် လိုက်တာဖြစ်တဲ့ အတွက် hard disk ကို ပျက်စီးစေပါတယ်..ဒါကြောင့် အဲလို Positional error system မဖြစ်စေဖို့ အတွက် voice coile motor လို့ ခေါ်တဲ့  liner motor နဲ့ အစားထိုးပြုလုပ်ခဲ့တာ ယနေ့  တိုင်ပါပဲ..liner motor ကတော့ power off သော်ငြားလည်း automatically parking စနစ် ပါရှိပါတယ်..

Actuator Arm
***************
 
Add caption

Actuator Arm ဆိုတာ platter တွေပေါ်မှာ အလျား လိုက်ရွေ့ လျားပြီးတော့ ဒေတာတွေ ကိုရေးဖတ်ပြု လုပ်ဖို့  ဆောင်ရွက်ပေး တယ် အဲဒီ လိုရေးဖတ်တဲ့ အခါမှာလဲ အတိ အကျဖြစ်အောင် Actuator arm ကို actuator ကပြုလုပ်ပေးပါ တယ်..။ Actuator Axis ဆိုတာ Actuar arm ရဲ့ အစွန် တစ်ခုမှာ ရှိပြီးတော့ အလယ် မှာရှိတယ်..အဲဒီ Axis လည် တဲ့ အတွက်ကြောင့် Actuator arm လိုက်လည်ပေးတာဖြစ်တယ် ။

Cover mounting holes
***********************
 

cover mounting holes ဆိုတာ hard disk ကိုဖုံးအုပ်ဖို့ အတွက် screws များတပ်ဆင်ဖို့  အတွက် နေရာတွေ ဖြစ်ပါတယ် ။

Head
******

head ဆိုတာ တကယ်တော့ read /write head ကိုပြောတာဖြစ်တယ် ။ ဒီ head က data ကိုရေးနိုင် ဖတ်နိုင်တယ်..platter ပြားတစ်ခု တစ်ခုမှာ အပေါ်အောက် head နှစ်ခု ပါတယ်။ platter နှစ်ခု ဆိုရင် read/write headလေးခု ပါမယ်ပေါ့…။


Interface connector
******************
Interface connector ဆိုတာ data cable အကြောင်းတွေဖြစ်ပါတယ်..
 
interface မှာ IDE interface နှင့် SATA interface နှစ်မျိုး ရှိပါတယ်။ IDE interface က 40pin/80wire ဖြစ်ပြီး SATA ကတော့ 7 pin ပဲပါ ရှိပါတယ် ။ SATA က point to point system ဖြစ်ပါတယ်..အောက်က ပုံမှာ အနီရောင် က SATA interface ဖြစ်ပြီး နောက် interface တစ်ခုမှာ IDE interface ဖြစ်ပါတယ်..


Jumpers
********

jumpers ဆိုတာ IDE drive တွေမှာ သာပါဝင်ပြီး တော့ SATA မှာတော့ မပါပါဘူး ဒါကြောင့်...
 
 IDE တွေမှာ ဆိုရင်…connector တပ်ဆင်တဲ့ အခါ master slave ဆိုတာ ခွဲထားပေးရပါတယ်..IDE တစ်ကြိုး ထဲမှာ HD ကော CD ROM ကော ထားမယ်ဆိုရင် hard disk ကို master ထားပေး ရပြီး CD ROM ကို slave မှာ ထားပေးရတယ်.. 
 
SATA ဆိုရင်တော့ ဒီအတိုင်း တန်းစိုက် လိုက်ရုံ ပါပဲ.. IDE cable တွေဟာ pin 40 ပါရှိ ပါတယ် အခုနောက်ပိုင်း မှာတော့ pin က40 pin 80 wire ဖြစ်သွားပြီး crosstalk ဖြစ်ချင်းမှ ကာကွယ်ပြီး သားဖြစ်ပြီး ပိုပြီးတော့လဲမြန် သွား ပါတယ်.. 
 
 ATA လို့ ခေါ်တဲ့  cable version မှာ အရင်တုန်းက 66/100/133MHz ဆိုပြီး အသုံးပြု ခဲ့ပေမဲ့ အခုချိန် မှာတော့ ultra DMA လို့ ခေါ်တဲ့  bus mastering နည်းပညာ ကိုအသုံးပြုထားတဲ့ အတွက်ပိုမြန် ပါတယ်..
 
IDE power cabel ကြိုးတွေ ဟာ ဆိုရင် ကွန်ပျူတာ ဖွင့်နေစဉ်ဖြုတ်တပ် လုပ်လို့ 
 
 
 
မရဘူး sata မှာ ကျတော့ ရ တယ် အဲဒါ ကို hot swap လို့ ခေါ်တယ် ။ power shutdown လုပ်စရာ မလိုပဲနဲ့ ဖြုတ်တပ် လုပ်လို့ ရတာကို hot swap ရတယ် လို့ ခေါ်တယ်..IDE cable တွေမှာ ဆိုရင်ကြိုး အရှည်ဟာ 18 လက်မထက် ပိုမရှည် သင့်ဘူး အဲဒီ ထက်ကျော် သွားရင် data transfer လုပ်ရာမှာ အနှောင့် အယှက်ဖြစ်စေတယ်။ SATA မှာ ကျတော့ အရှည် 1မီတာ အသုံးပြုနိုင်တဲ့ အတွက်ကြောင့် IDE cable ထက် နှစ်ဆ ပိုရှည်ပါတယ်..

Platter
******
 
 
platter ဆိုတာ glass တွေနဲ့ ပြုလုပ် ထားပြီးတော့မှ magnetic ရည် သုတ်လိမ်းထား ပါတယ် ။  ဒီ platter တွေ က လေးချပ် သို့ ငါးချပ် အများဆုံးပြုလုပ်လေ့ ရှိတယ် ။ platter အရေတွက် နည်းလေ reliability ပိုကောင်းလေ ဖြစ်တယ်..ဒီ platter ပေါ်မှာပဲ datas တွေကို ရေးခြင်း ဖတ်ခြင်း သိမ်းဆည်းခြင်း စတာတွေပြု လုပ် တယ်..

Power connector
***************
 

hard disk အတွက် power ကို 12v 5v ဖြင့် အသုံးပြုကြတယ်။ notebook computerတွေ အတွက်ဆိုရင် 5v ကို အသုံးပြုထား တယ်…
 
 
hard disk အတွက်ပေးတဲ့ power connector ခေါင်းလေးတွေ ကို molex connector လို့ ခေါ် ပါတယ်..

Ribbon cable
***********
 
 
 
နောက် Ribbon cable ဆိုတာ logic board နဲ့ ဆက်သွယ်ပေးပါတယ် ။ hard disk က ဖတ်လိုက် တာမှန် သမျှ analog signal ကို logic ဘုတ်ပေါ် သယ်ဆောင် သွားပြီး digital signal အဖြစ်ပြောင်း ပေးခြင်း
 တွေကို လုပ်ဆောင်ပေးတယ်..

Spindle motor
**************
 

spindle motor ဆိုတာ ကတော့ platter တွေ လည်ပတ်စေဖို့  အတွက် အလယ် ကနေ spin လုပ်ပေး ရပါတယ်.. အဲဒီ spindle motor က အပတ်ရေ 3500 ကနေ 15000 RPM ရှိပါတယ်။ RPM ဆိုတာ revolution per minute လို့ ခေါ်ပါတယ်။ တစ်မိနစ်မှာ spindel motor လည်ပတ်တဲ့ အပတ်ရေအ တွက် ဖြစ် ပါတယ် …အခု ကျွန်တော်တို့ ပတ်ဝန်းကျင် မှာ အသုံး အများဆုံးက 5400 RPM နဲ့ 7200 RPM   ဖြစ်ပါတယ်..။ ကျွန်တော်တို့ hard disk တစ်လုံး ၀ယ်တဲ့အခါ ဒီ RPM ကို ထည့်တွက် ရပါတယ်။ RPM ပိုများလေ ပိုမြန်လေဖြစ်တယ်။ သို့ ပေမဲ့ တစ်ချက် သတိထားရမည် က RPM များရင် ဒေတာ ကို မြန်မြန် ဆန်ဆန် ဖတ်နိုင်တာ မှန်ပေမဲ့ သူ့ ကို ပေးရတဲ့ power များလို့  heat တွေလည်း ပိုထွက်လာပါတယ်။

SCSI drive
**********
 
 
 

SCSI drive ဆိုတာ သာမန် အသုံးပြုနေ တဲ့  ကွန်ပျူတာတွေမှာ သုံးလေ့သုံးထ မရှိပဲ work station နဲ့  server တွေမှာ အသုံးပြုလေ့ ရှိတယ်.. SCSI ဆိုတာ small computer system interface ဖြစ်တယ်.. SCSI မှာ နှစ်မျိုး ရှိပါတယ်... internal SCSI နှင့် external SCSI ဆိုပြီး ရှိပါတယ်... ဒီနေရာမှာ SCSI ရဲ့ အမျိုး အစားနဲ့  data transfer rate တွေ့ ကိုလေ့လာကြည့်ရအောင် .....
 
SCSI 1 ဟာ 25 pin ကို အသုံးပြုပြီးတော့ transfer rate 8 bit ကိုပဲ သယ်ဆောင်နိုင်တယ်..SCSI 2 က SCSI 1 နဲ့ အတူတူပဲ ဒါပေမဲ့ pin အရေ အတွက် 25 pin အစား pin 50 အစား ထိုးပြုလုပ်ထားတယ်..

SCSI 1 မှာ ဘာမှပြောစရာ မရှိပေမဲ့  SCSI 2 ကျတော့ SCSI VERSION နဲ့ ပတ်သက်ပြီးပြောစရာ ရှိလာ တယ်.. SCSI 2 ပြီးတဲ့ အခါကျတော့ Wide SCSI က 68 pin ရှိပြီး 16bit ကို transfer လုပ်နိုင်ပါတယ် .fast SCSI က 8 bit bus ကိုအသုံးပြုပြိးတော့ double clock rate ကို အသုံးပြုထား တာဖြစ်တဲ့ အတွက် 10 MBps ထိ Transfer လုပ်နိုင်တယ်..fast wide SCSI ဆိုရင် 16bit ဖြင့် 20 MBps ထိကို transfer လုပ်နိုင်တယ်…
 
ultra SCSI က 8 bit bus နဲ့ 20 MBps transfer လုပ်နိုင်ပါတယ်..SCSI 3 က 16 bit နဲ့ 40 MBps transfer လုပ်နိုင်တယ်.. သူကျတော့ Ultra wide SCSI လို့ လဲခေါ်တယ်..အဲတော့ ဒီ SCSI 3 အောက်မှာပဲ Ultra 2 SCSI နဲ့ wide ultra 2 SCSI ဆိုပြီးတော့ ရှိသေးတယ်။ Ultra 2 SCSI ကတော့ 8bit 40 MBps နဲ့ wide ultra 2 SCSI ကတော့ 16bit 80 MBps transfer လုပ်နိုင်တယ်….

အခု ဒီနေ့ မှာတော့ အားလုံးဟာ ultra DMA mode ကို အသုံးပြုကြပါတယ် ။ SCSI peripherals တွေဟာ SCSI port တွေကိုဖြတ်ပြီးတော့ မှ daisy chain ပုံစံ ဆက်သွယ်ထားပါတယ်။ cable ဟာ host adapter ဆီကို သွားရတယ်..အဲဒီကမှ device 1 device 2 စသဖြင့် သွားရပါတယ်..
 
SCSI မှာ ID လေးတွေ သတ်မှတ် ထား တာ ရှိပါတယ်။ ID 0 ကနေ 7 ထိ ရှိနိုင်သလို ID 0 မှ 16 အတွင်း လည်း ရှိပါတယ်။ device တွေ အားလုံး တပ်ဆင်ပြီးသွားတဲ့ အခါ နောက်ဆုံး device မှာ terminate ဆိုတာ တပ်ပေးရ တယ် ဘာကြောင့် တပ်ပေးရလဲ ဆိုတော့ echo signal တွေပြန် မလာအောင် လို့ တပ် ဆင်ပေးရခြင်း ဖြစ်ပါတယ် ။
Bus mastering
*************
 
 
 
ကျွန်တော် တို့ နောက် bus mastering ကိုလေ့လာကြည့် ရအောင်ပြောတော့ပြော ခဲ့ပြီးသားပါ ။bus mastering ဆိုတာ ယနေ့ ခေတ်မှာ အသုံးပြုနေတဲ့ controller bus တွေမှာ အသုံးပြုနေတဲ့ နည်းပညာ တစ်ခုဖြစ်ပါတယ်..
 
hard disk ထဲက အချက်အလက်ကို ရယူဖို့ အတွက် cpu ဆီက instruction တွေတောင်းခံ ရ address bus ဘယ် လောက်က ဘာကိုပေးလိုက် နဲ့ အဲဒီ instruction ကိုတောင်း ရတယ် စောင့်ရတယ် ဒါ အချိန်ကို ပိုကြာ စေပါတယ် ။ 
 
ဒီ အားနည်းချက်ကို အစားထိုးပြုပြင်ဖို့ အတွက် bus mastering ကိုပြုလုပ် တီထွင်ခဲ့ကြတယ်.. သူက ဘာလဲ ဆို တော့ ခုနက cpu ဆီ ကို request လုပ်တာတွေ လမ်းကြောင်း တောင်းတာ တွေ မလုပ်တော့ ပဲနဲ့ bus mastering controller ကနေ တိုက်ရိုက် လုပ်ဆောင်သွား ပါတယ်.. ဒါကြောင့် ကွန်ပျူတာ တစ်လုံးရဲ့  performance ကိုတိုးလာစေပါတယ်..


Low level format
***************
Low level format ဆိုတာ ကျွန်တော်တို့  hard disk မှာ ပါတဲ့ platter တွေပေါ်မှာ geometry တွေ သတ်မှတ်တာ... တစ်နည်း အားဖြင့် cylinder track sector တွေကို သတ်မှတ်ပေးတာ ဒီလို သတ်မှတ်ပေး   ပြီး ရုံနဲ့ ကျွန်တော်တို့ ဒေတာတွေ ကိုရေးလို့ မှတ်လို့ မရသေးဘူး..platter ပြားပေါ်မှာ cylinder track sector တွေကို ဘယ်လောက်ထားမယ် ဆိုတာ သတ်မှတ်ပေးခြင်းကို low level format လို့ ခေါ်ပါတယ် ။
 
အရင်တုန်းက FAT 16 ခေတ်တွေ သုံးတဲ့ အချိန် windows 95 တွေ စပေါ်တဲ့ခေတ်တုန်းက ဆိုရင် Low level format ကို မိမိဘာသာ သတ်မှတ်ပေးရတယ်..အခု ဒီနေ့ မှာတော့ စက်ရုံ ကနေ Low level format တွေကို ချပေးပြီး သားဖြစ်တယ်..ဒါကြောင့် hard disk တစ်လုံး လက်ထဲေ၇ာက်လာတဲ့ အချိန်မှာ high level format ချပြီး အသင့် သုံးလိုက် ရုံပါပဲ..


High level format
*****************
 
 
 
high level format ဆိုတာ သိမ်းဆည်းမည့် file system တွေကို သတ်မှတ်ပေးလိုက် တာဖြစ် ပြီး master boot record ဖန်တီးခြင်း file allocation table ဖန်တီးခြင်း တို့ ကိုလုပ်ဆောင်ပါတယ်..ဒီလို high level format ချပြီး မှသာလျင် ဖိုင်တွေ ကိုသိမ်းဆည်းနိုင်တာဖြစ်တယ်..ဒါဆိုရင် low level format high level format ဆိုတာ သိ သွားလောက်ပြီ..ကျွန်တော်တို့  high level format ချတော့ ဖိုင် system တွေကို သတ် မှတ်ပေးရတယ် တဲ့ ဒါဆိုရင် အဲဒီ file system ဖြစ်တဲ့ FAT 16 FAT 32 NTFS ဆိုတာ ဘာကို ပြော တာ လဲကြည့်ရအောင် …..

FAT file system
***************
 
 
 
FAT ဆိုတာ file allocation table ကိုပြောတာပါ သူက စာအုပ် တစ်အုပ်မှာ ရှိတဲ့ မာတိကာ နဲ့ တူတယ် စာအုပ် တစ် အုပ်မှာ ခေါင်းစဉ် ကိုကြည့်လိုက် တာနဲ့ ဘယ် စာမျက်နှာမှာ ဆိုတာ တန်းပြီးလှန်လို့ ရတာပေါ့ တစ်ရွက်ချင်းစီ လှန် စရာမ လိုတော့ဘူး ။ သူလဲ ဒီအတိုင်းပါပဲ ဒီ file allocation table ထဲမှာ file တွေရဲ့  address တွေကို ကြည့်ချင်း အားဖြင့် မိမိလိုချင်တဲ့  fileကို တိုက်ရိုက် ရှာဖွေနိုင်တာဖြစ်တယ်…

 ဖိုင်တွေကို သိမ်းဆည်းဖို့  အတွက် ဖိုင် table လေးတွေ တည်ဆောက်ရတယ် ။ ဒါမှလဲ လွယ်လွယ် ကူကူ ရှာနိုင် မှာဖြစ်တယ်..။ FAT 16 ရဲ့ ဖွဲ့ စည်း ပုံ ကိုပြောပြ ပါမယ်.... hard disk တစ်လုံး ရဲ့ FAT file system မှာ ဆိုရင် cluster လေးတွေ ဖွဲ့ စည်းထားတယ် ။ ဥပမာ cluster size တစ်ခုကို 32KB သတ်မှတ် မယ် ထားတယ် ဆိုပါစို့  ကျွန်တော်တို့ က 20 KB လောက်ရှိ တဲ့  ဖိုင် တစ်ခုကိုသိမ်းမယ် ။ ဒါဆိုရင် cluster တစ်ခုမှာ 12 KB စီနေရာလွတ် ကျန်နေခဲ့ မယ်ပေါ့.. 

 နောက်ထပ် ကျွန်တော်တို့ ဖိုင်သိမ်းတဲ့ အခါမှာ ခုနက လွတ်နေတဲ့ 12 KB မှာ ဆက်မသိမ်းတော့ပဲ   ကျော်သွားပြီးတော့နောက် cluster အစ တစ်ခုမှာ သွားသိမ်း ပါတယ် အဲတော့ ခုနက လို hard disk တစ်ခု လုံးမှာ အဲဒီ လိုသာ သိမ်းလိုက်ရင် free spaceတွေ အများကြီး ဆုံးရှုံးပါ တယ်.
 
.ဒီ အားနည်းချက် ကိုကြည့်ပြီးတော့ အခုနောက်ဆုံး NTFS လို့ ခေါ်တဲ့ new technology file system ကတော့ cluster size အသေး ဆုံးဖြစ်ပြီးတော့ FAT 16 နဲ့ 32 နေရာကို အစားထိုးပြီး file system အမြင့်ဆုံး အဖြစ်ကိုေ၇ာက်ရှိခဲ့  တာဖြစ်ပါတယ်…
NTFS file system
***************
 
 
 
 
NTFS က cluster size ကို ချုံ့ လိုက်ပြီး cluster တစ်ခုမှာ 4KB ပဲ ထားရှိပါတယ် cluster size သေးသွား တဲ့ အတွက် free space တွေ တိုးလာပါတယ် ။ cluster size သေးလာတာ နဲ့ အမျှ free space ပိုများများ ရလာ ပါတယ်.
 
reliability နဲ့  security ပိုင်း မှာပါ ပိုပြီးတော့ကောင်းမွန် လာတာကိုတွေ့ ရပါတယ် ။ NTFS system တွေ မှာ ဆိုရင် နဂို ၀င်းဒိုးတင် ထားတဲ့ အထဲကမှ အရေးကြီး တဲ့ဖိုင်တွေကို မှားဖျက် မိလို့ recovery   ပြန်လုပ် ချင် တယ်ဆို ရင် ပြန်လုပ်လို့  ရအောင်စီစဉ် ထားတဲ့ စနစ်ကိုပါ ထည့်သွင်း တည်ဆောက်ထားတဲ့ အတွက် အဆင်ပြေပါတယ်…

Partition အကြောင်း
******************
 

 
Partition အကြောင်းဆွေးနွေး ကြည့် ရအောင် ....
 
Hard disk တစ်လုံး မှာ partition ခွဲတဲ့ အခါမှာ primary နဲ့  extended ဆိုပြီးတော့ ရှိတယ် တစ်ချို့ ကျတော့လဲ extended ကို secondary partition လို့ ခေါ်တယ် .။ hard disk တစ်လုံးမှာ primary partition ချည်းပဲထားမယ် ဆိုရင် အများဆုံး လေးပိုင်း အထိ ထားနိုင် ပါတယ်.. များသော အားဖြင့်တော့ C ကို primary ထားပြီး ကျန်တဲ့ partition ကိုတော့ extended ထားကြတာ များပါတယ်..

ဘာကြောင့်လဲ ဆိုတော့ extended partition မှာ logical drive တွေ အများကြီး ထပ်ခွဲနိုင်တာကိုး logical drive ပေါင်း24 ခုထိ သတ်မှတ်ပေး ထားလို့ ရပါတယ် A B မပါပေါ့  လေ..(A B ဆိုတာက floppy drive အတွက်သတ်မှတ်ထားတဲ့ letter တွေဖြစ်ပါတယ်) windows တင်တဲ့  အခါမှာ primary ရဲ့ active ဖြစ်တဲ့  partition မှာသူက boot လုပ်သွားတာဖြစ်တယ်..ဘာကြောင့် primary partition ကို လေးခုပဲ ထားနိုင်သလဲ လို့ မေးစရာ ရှိလာနိုင် တယ်..

ဟုတ်တယ် hard disk တစ်ခုမှာ OS တင်ဖို့ အတွက် boot information အတွက် boot partition table ထဲမှာ 64 KB ပဲ ပါရှိတယ် boot partition table တစ်ခုမှာ 16 KB ၇ှိပါတယ် ။
 

 OS လေးခုစာ အတွက်ဆိုရင် 16 *4 လီ 64 ဒါကြောင့် OS လေးခု ပဲ အများ ဆုံး တင်နိုင် တာဖြစ်တယ်..။ ဒါကြောင့် primary partition ကို လေးပိုင်း အထိသာ ပိုင်းနိုင်တာဖြစ်တယ်…ok ဒါဆို ဒီလို hard disk တစ်လုံး တပ်ဆင်ပြီး ၀င်းဒိုး တင်ပြီးတာနဲ့ သုံးလို့ ရပြီလား ဆိုတာ့ ရတော့ ၇တာပေါ့ ဒါပေမဲ့ သူ့ ကို bios setting မှာ first boot device မကြေငြာထား ပေးရင် အလုပ် မလုပ်ပါဘူး ။
 
 ဒါကြောင့် BIOS ထဲမှာ သွားရောက်ပြီးပြင်ဆင်ပေးရတယ် ။ ဘယ်မှာလဲ ဆိုတော့ Advance feature ထဲက first boot device မှာ Hard disk ကိုကြေငြာ ထားပေးပြီးမှ အ သုံးပြုနိုင် မှာဖြစ်ပါ တယ် ….
 
တစ်ခါတစ်ရံ first boot မှာ floppy ဖြစ်နေတာ မျိုး disable ပေးထားမိ တာမျိုးဖြစ်ရင် OS မတက်နိုင် တာမျိုးကြုံ ရတတ်ပါတယ်…
ဆွေးနွေးချက် အနှစ်ချုပ်
**********************
၁။ Hard disk ဆိုတာ ကွန်ပျူတာ တစ်လုံးမှာ မရှိမဖြစ်လိုအပ်ပြီး ကွန်ပျူတာ အားလုံးမှာတွေ့ နိုင်တဲ့ device တစ်ခု ဖြစ်ပါတယ်…သူက operating system အလုပ် လုပ်ဖို့ နဲ့ data တွေကို storage လုပ်ဖို့ ဖြစ်တယ်..
 
၂။ hard disk တစ်လုံး မှာ magnetic disk လို့ ခေါ်တဲ့ platter လေးတွေဟာ လေးချပ် ဒါမှမဟုတ် ငါးချပ် ပါရှိ တတ်ကြပါတယ်..platter ပြား အရေတွက်များရင် data တော်တော် များများ ၀င်ဆံ့ ပေမဲ့ reliability အတွက် ကျတော့ အားနည်း သွားပါတယ် ။

၃။ hard disk က magnetic နည်းပညာ ကိုသုံးပြီး သိမ်းတာ ဖြစ်လို့  disk လို့ ခေါ်တာဖြစ်ပြီး cd disc   တွေကျတော့ laser ကို အသုံးပြုပြီး ultra violet light နဲ့ သိမ်းတာဖြစ် တဲ့ အတွက် disc လို့ သတ်မှတ် ခဲ့ကြတယ်.

၎။ Low level format ဆိုတာ ကျွန်တော်တို့  hard disk မှာ ပါတဲ့ platter တွေပေါ်မှာ geometry တွေ သတ်မှတ်တာ တစ်နည်း အားဖြင့် cylinder track sector တွေကို သတ်မှတ်ပေးတာ ။

၅။ high level format ဆိုတာ သိမ်းဆည်း မည့် file system တွေကို သတ်မှတ်ပေးလိုက် တာဖြစ် ပြီး master boot record ဖန်တီးခြင်း file allocation table ဖန်တီးခြင်း တို့ ကိုလုပ်ဆောင်ပါတယ်..
 
၆။ hard disk တစ်လုံးမှာ primary partition ချည်းပဲ ထားမယ်ဆိုရင် အများဆုံး လေးပိုင်း အထိပဲ ထားနိုင် ပါတယ်.

ကိုစံငြိမ်း

No comments:

Post a Comment