*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 30 July 2013

ကိုယ်ဝန်တားဆေး Ecee 2 ယဉ်ကျေးမှု နှင့် ၇န်ကုန်...


 

(မ.......) တစ်ယောက် လမ်းလျှောက်ရင်းဖြင့် လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက် ၁၀ နာရီ ထိုးပြီဖြစ် သဖြင့် ဆေးကဒ် အတွင်းမှ လက်ကျန် ဆေးတစ်လုံးကို ထုတ်သောက် လိုက် သည်။ ဆေးနှစ်လုံး သာ ပါသည့် ဆေးကဒ် က ကုန် သွားပြီဖြစ် သဖြင့် လွှင့်ပစ် လိုက်တော့သည်။


သူမသောက်လိုက် သည့် ဆေးသည် ပျိုရွယ်သူ များအကြား အသိ များသည့် Ecee2 ဟု ခေါ်သော သန္ဓေ တားဆေးဖြစ်သည်။ ထိုဆေး ကို အရေးပေါ် သန္ဓေ တားဆေး အဖြစ် လူသိ များပြီး လိင်ဆက် ဆံပြီး ၇၂ နာရီ အတွင်းသောက်ပါက ကိုယ်ဝန် မရပေ။ 

မနေ့ ည ၁၀ နာရီက ပထမဆေး တစ်လုံး ကို သောက်ပြီးပြီဖြစ် သည့်  အတွက် နောက် ၁၂ နာရီ အကြာ မနက် ၁၀ နာရီ တွင် ထိုဆေး ကို သူမသောက်  လိုက်ခြင်းဖြစ်သည်။ 


ယမန်နေ့ နေ့လယ်ပိုင်း ကတော့ သူမနှင့် သူမ၏ ချစ်သူ တို့ ယနေ့ခေတ် တွင် လက်မထပ် မီ လိင်ဆက် ဆံခြင်း ကိစ္စ ကလည်း မဆန်းတော့ပြီဖြစ်သည်။ "ရည်းစားဖြစ်ပြီး ၃ လလောက်ကြာ ရင် အဲ့ဒီ ကိစ္စက သူ့ အလိုလို ပါလာတော့ ပါပဲ။ 

ဒါကို ရည်းစား ထားဖူးတဲ့ လူတိုင်း သိပါတယ်" ရည်းစား ၇ ယောက် ထားဖူးသည့် အသက် ၂၅ နှစ် အရွယ် အမျိုး သမီးက လိင်ကိစ္စ ကို ရည်ညွှန်း၍ ပြောပြသည်။ သူမ ကိုယ်တိုင်လည်း Ecee2 ၁၅ ကဒ်ခန့် သောက် ဖူးကြောင်း ဆက်ပြောသည်။ ယခုအခါ ဟိုတယ်၊ တည်းခိုခန်းများ နေရာအနှံတွင် ရှိနေခြင်းကြောင့်လည်း ယနေ့ခေတ် သမီးရည်းစား များ ၏ ဆက်ဆံရေး မှာ လင်မယား ပုံစံ ဖြစ်လာပြီဖြစ်သည်။ 




နိုင်ငံခြား တွင်တော့ ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်း သည် လွန်ခဲ့သော ရာစုနှစ် များစွာ ကတည်းက ရှိနေခဲ့ သည့် ယဉ်ကျေးမှုဖြစ်သော် လည်း မြန်မာပြည် တွင်တော့ ယခုအချိန် အထိ လူကြီး များက လက်မ ခံကြသေးပေ။ လူငယ်ပိုင်း တွင်လည်း တရားဝင် အသိ အမှတ် မပြုသေးပါ။ 

သို့ရာတွင် မြန်မာပြည်၌ လည်း ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်း တဆက်တည်း ပါလာ မည်ကို ဆယ်ကျော် သက်များက အလိုလို လက်ခံ ထားကြသည်။ "တိုးတက် လာတယ် ပဲပြောမလား။ ယဉ်ကျေး မှုတွေ ပျက်သွားပြီ ပဲ ပြောမလား။ ဒီခေတ် သမီးရည်းစားတွေ လိင်ဆက်ဆံ တာကို လက်ခံ ရတော့မှာပါ" ဟု အယ်ဒီတာ တစ်ဦးက မှတ်ချက်ပြု သည်။ ခေတ် ၏ ပြောင်းလဲ လာမှုနှင့် အတူ သမီးရည်းစား အချင်းချင်း လိင် ဆက်ဆံခြင်းကို လူငယ်များ တွင် သာမက အသက် ၄၀ ခန့် လူကြီးပိုင်းတွင် ပါ တွေ့လာရသည်။



"ကျနော်တို့ ဟိုတယ် ကိုတော့ အသက်ကြီးပိုင်း စုံတွဲတွေ တော်တော် လာတယ်" ဟု ရန်ကုန်မြို့ ဆိတ်ငြိမ် ရပ် ကွက်အတွင်း မှ ဟိုတယ် တွင် လုပ်ကိုင်သည့် ကိုရဲ က ဆိုသည်။ သူတို့ သည် အချိန်ပိုင်း လာရောက် သူများဖြစ်သည်။ လူကြီးပိုင်း များအတွက် မိမိ ကိုယ်ပိုင် အလုပ် အကိုင်နှင့် ပြဿနာ မရှိနိုင်သော် လည်း ကျောင်းနေ အရွယ် မိန်းကလေး များ တည်းခိုခန်းနှင့် ဟိုတယ်များ သို့ သွားရောက်နေခြင်း ကလည်း မိဘများ အတွက် ရင်ပူ စရာဖြစ်နေသည်။ 

တက္ကသိုလ် တက်နေသော ကျောင်းသူ၊ ကျောင်း သားများ အချင်းချင်း ချစ်ကြိုက်ပြီး လိင်ကိစ္စ ပါလာသည် ကလည်း မဆန်းတော့ပါ။ အရှေ့ပိုင်း တက္ကသိုလ်မှ သင်တန်းရေးရာ ဌာနမှူး က ကျောင်းသူကျောင်းသား အချင်းချင်း စာသင်ခန်း အလွတ် များထဲတွင်ပင် လိင် ဆက်ဆံမှု များ ရှိကြောင်း ယမန်နှစ် က ထုတ်ဖော်ပြော ဖူးသည်။ 

ယင်း ဆရာက "မိန်းကလေး က အကွဲတွေ ၀တ်ထားတယ်။ ကောင်လေးတွေ က လုပ်ချင်ရာ လုပ်ပဲ။ အဲ့လို လုပ်နေတုန်း ဖမ်းမိတာ ခဏခဏ ပဲ။ ဒါကြောင့် အ၀တ်အစားတွေ ကို လုံလုံခြုံခြုံ ၀တ်ဖို့ စည်းကမ်း ထုတ်ထားတာ" ဟု ဆိုသည်။



ဒဂုံတက္ကသိုလ် တွင် ကျောင်းတတ်ရောက်ခဲ့ ဖူးသူ သတင်းထောက် တစ်ဦး "(........ ) တည်ခိုခန်း က ကျနော် တို့ကျောင်းသားတွေ ပိုက်ဆံတွေ နဲ့ ဆောက်ထားပေါ့" ဟု ပြောသည်။ ယင်း တည်းခိုခန်း သည် ယခင်က သစ်သား အဆောက် အဦးသာ ဖြစ်သော် လည်း ကျောင်းသူကျောင်းသား များ အသွား များပြီးနောက်ပိုင်း တွင် ယခုကဲ့သို့ ကွန်ကရစ် တိုက်နှင့် ဖြစ်လာကြောင်း ယင်းက ပြောပြသည်။ 

ထို့အတူ အတန်းပြီးချိန်နှင့် စာသင်ခန်း အလွတ်များ ကလည်း စုံတွဲများ အတွက် လွတ်လပ်စွာ ကျက်စား ရာနေရာ များ ဖြစ်နေကြောင်း ယင်း သတင်းထောက် ကဆိုသည်။ ကြည်မြင်တိုင်မြို့နယ် အတွင်းရှိ ဟိုတယ်တွင် အလုပ် လုပ်ကိုင်သူ အခြား တစ်ဦး ကတော့ "အဖြူ၊ အစိမ်း ၀တ်ထား တဲ့ ကျောင်းသား နဲ့ ကျောင်းသူ စုံတွဲနှစ်တွဲ လာ ဖူးတယ်" ဟုဆို သည်။


 
စန်းစန်း ကတော့ အသက် ၂၇ နှစ် အရွယ် ကုမ္ပဏီ ၀န်ထမ်း တစ်ဦးဖြစ်သည်။ သူမ ကတော့ သူမ ရည်းစားနှင့် နောက်တစ်နှစ် ခန့် အကြာတွင် လက်ထပ်မည်ဖြစ်သည်။ ထိုကဲ့သို့ လက်ထပ် မည်ဖြစ်သည့် အတွက် လည်း လိင်ကိစ္စကို လိုက်လျော လိုက်ခြင်းဖြစ်ကြောင်း ပြောသည်။ သူမ၏ သူငယ်ချင်း များတွင် လည်း လက်မထပ် မီ အတူနေခြင်းများ ရှိကြောင်း ဆိုသည်။ 

မင်္ဂလာဆောင် ရန် အခက်အခဲ ရှိနေသော လူများ အနေဖြင့် ယခုကဲ့ သို့ လက်မထပ်သေးမီ အတူနေခြင်း ကလည်း ရသေ့ စိတ်ဖြေ တစ်ခုဖြစ်လာသည်။



ရန်ကုန်မြို့ တွင် သမီးရည်းစား ချိန်းတွေ့ ရန် ပန်းခြံများ၊ အပန်းဖြေ စရာနေရာ များ ရှားပါး လာခြင်း လူငယ် တို့ကို ဟိုတယ် များသို့ သွားလာ စရာ လမ်းစဖြစ်နေသည်။ ထို့အတူ ဘာသာတရား ၏ အဆုံးအမ မှာလည်း ယခင် ကလောက် မရှိတော့ သဖြင့် သမီးရည်းစား များ ဘုရားသွား၊ ကျောင်းတက် ပြုမှု လည်း ရှားပါးလာ သည်။ 

"ရုံးပိတ်ရက် နဲ့ အခါကြီး ရက်ကြီးတွေ မှာ အခန်းပြည့်တယ်။ ကြားရက်တွေ ကတော့ ဧည့်သည် အ၀င် နည်းတယ်" ဟု ကြည်မြင်တိုင်မြို့နယ် မှ တည်းခိုခန်း မန်နေဂျာ က ဆိုသည်။ ထိုသို့ ပိတ်ရက် များ နည်းတူ ချစ်သူများနေ ဟု ခေါ်သည့် Velintine Day ကလည်း မိန်းကလေးများ ကို ပန်းဦးချွေရာ နေ့ တစ်နေ့ပင်။ 

တည်းခို ခန်းနှင့် ဟိုတယ် တို့၏ ဈေးနှုန်း များမှာလည်း ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀ ကျပ်ခန့် အထိ ရှိသဖြင့် လက်လှမ်း မီသော ဈေးနှုန်း များလည်းဖြစ် သည်။ နေရာတိုင်း လိုလို တွင် အချိန်ပိုင်း တည်းခိုနိုင်သည်။



ထို့ပြင် အပြာကားများ၊ စာများ ကို ယခင် အချိန်များ ကလို မဟုတ်တော့ ဘဲ အင်တာနက် တွင်ဖြစ်စေ၊ လက်ကိုင်ဖုန်း အတွင်းဖြစ်စေ ထည့်သွင်းကြည့်ရှုနိုင် လာခြင်းက ကာမစိတ် ကို အချိန် မရွေးနိုးဆွပေး လာပြီဖြစ် သည်။ နိုင်ငံခြား တွင်တော့ သားသမီး အသက် ၁၈ နှစ်ပြည့်နှင့် လွတ်လပ် စွာနေထိုင် ခွင့်ပေး ထားသော်လည်း မြန်မာနိုင်ငံ တွင်တော့ သားသမီး အိမ်ထောင် မကျ မချင်းသည် မိဘ အုပ်ထိန်းမှု လက်အောက်တွင် သာရှိသေးသည်။ 

သို့ရာတွင်တော့ တစ်နယ် တစ်ကြေးမှ လာရောက် အလုပ်လုပ် ကိုင်သူများ အနေဖြင့်တော့ ၁၈ နှစ် မပြည့်ခင် ကတည်းက မိဘ လက်မှ လွတ်ပြီဖြစ်သည်။ထိုသို့နယ် မှ လာရောက် အလုပ် လုပ်ကိုင်သူများ အနေဖြင့် အဆောင် များတွင် နေကြပြီး အဆောင် ၏ အုပ်ချုပ်မှု မှာလည်း သတ်မှတ် ချိန်တွင်း ပြန် မအိပ်ပါက တံခါးပိတ်လိုက် မည်သာဖြစ်သည်။ 

"ဆယ်နာရီ အဆောင် ပိတ်ချိန်ပါ။ ပြန်မလာ လဲ ကိစ္စ မရှိပါဘူး။ ကိုယ့် သားသမီးမှ မဟုတ်တာ။ သူ့ လွတ်လပ်ခွင့် နဲ့ သူပေါ့" ဟု လမ်းမတော်မြို့နယ် အတွင်းရှိ အဆောင်ဖွင့် ထားသည့် အမျိုး သမီးကြီးက ပြောသည်။ ရုံးပိတ်ရက် များတွင် သူမ အဆောင်ရှိ အမျိုးသမီး အချို့မှာ အမျိုး အိမ်တွင် သွားအိပ်သည် ဟု အကြောင်းပြကာ ပြန် မလာ တတ်ကြောင်း တဆက်တည်းပြောသည်။ 

ယခင်ခေတ်ဟောင်း က အဆောင် များသည် မိဘ ကိုယ်တိုင် အဆောင် သို့ လာအပ်၊ သားသမီး၏ အဆိုး အကောင်း များကို မိဘထံ သို့ အဆောင်မှူး က အစီရင်ခံ၊ အဆောင် များကလည်း စည်းကမ်း တင်းကြပ်။ ထိုခေတ် သည် ကျန်ခဲ့ပြီဖြစ်သည်။



ထို့အတူ နယ်မှ အလုပ် လာရောက် လုပ်ကိုင် သူများနှင့် ကျောင်းလာ တက်သူ အမျိုးသမီး အချို့မှာ ရည်း စားနှင့် တအိမ် ထဲ အတူနေခြင်း များလည်း ရှိလာသည်။ "နှစ်ယောက် အတူတူ အိမ်ငှားနေ လိုက်တော့ ပြီးတာ ပဲလေ။ အဓိက ကတော့ မိဘတွေ မသိဖို့ပဲ။ ဒါပေမဲ့ တကယ် ယူဖို့တော့ လိုတာပေါ့" နယ်မှ လာသူ အမျိုး သမီးတစ်ဦးနှင့် အိမ်ငှားနေထိုင် သူ အသက် ၂၅ နှစ် အရွယ် ရန်ကုန်သား ကိုပြည့်စုံ ကပြောသည်။ 

သို့ရာတွင် သူတို့ အမှန်တကယ် တရားဝင် လက်ထပ်မည့် ရက် ကိုတော့ သူတို့ကိုယ်တိုင် မသိသေးကြောင်း ဆိုသည်။ ထိုသို့သော အခြေ အနေကြောင့် လူငယ်လူရွယ်များ အဖို့ လက်မထပ်မီ အတူနေခြင်း ဆိုသည် မှာ မဆန်းတော့ ပြီဖြစ်သည်။ ထိုသို့ အတူနေခြင်းနှင့် အတူ ကိုယ်ဝန် မရအောင် လုပ်ကိုင် ရသည်မှာ လည်း နည်းလမ်း တစ်ခုဖြစ်သည်။



ရန်ကုန်မြို့နေ့ သမီးရည်းစား များ၏ အခြေအနေ မှာ Ecee2 များ ရောင်းအားကောင်းနေခြင်း က လိင် ကိစ္စကို မီးမောင်း ထိုးပြ လိုက်ခြင်းပင်ဖြစ်သည်။ Ecee2 ဖြန့်ဖြူး သူတို့၏ အဆိုအရ တစ်လလျှင် ကဒ်ရေ ၃၀၀၀၀ ခန့် ရှိပြီး သန္ဓေတားဆေး နောက် တစ်မျိုးဖြစ်သည့် Pill 72 ကတော့ ကဒ်ရေ ၁၅၀၀၀ ခန့်ရှိသည်။ လက်လီဆေး ဆိုင်များ တွင်တော့ တစ်ရက်လျှင် ကဒ်ရေ ၅ ကပ်မှ ၁၅ ကဒ် ရှိကြောင်း ဆိုကြသည်။ 

ရန်ကုန်မြို့ တွင် တရားဝင်ဆေးဆိုင်ပေါင်း....ခန့် ရှိသည်။ ထို့ကြောင့် ရန်ကုန်မြို့ တွင် တလလျှင် အရေးပေါ် တားဆေး သုံးဆွဲကြ သူပေါင်း ၅ သောင်းကျော် ရှိမည်ဖြစ်သည်။



ဆေးပညာ အရ အမျိုးသမီး ရာသီ မလာမီ တစ်ပတ်၊ လာပြီး တစ်ပတ် အတွင်း လိင် ဆက်ဆံ ပါက ပုံမှန် အားဖြင့် ကိုယ်ဝန် မရတတ်ဟု ဆိုထားသည်။ ကြားရက် များတွင် လိင်ဆက်ဆံ မိပါက Ecee2 ကဲ့သို့ အရေးပေါ် သန္ဓေတားဆေး ကို သောက်ရန် လိုမည်ဖြစ်သည်။ အချို့က လိင်ဆက်ဆံ တိုင်း ကွန်ဒုံးအ သုံးပြုကြသော် လည်း များသော အားဖြင့်တော့ ကွန်ဒုံးကို ပြည့်တန်ဆာ များနှင့် ဆက်ဆံ မှသာ အသုံးပြုကြ သည်။ 

ဆရာဝန် များက သန္ဓေတားဆေးတိုင်း ကို အားပေးခြင်း မပြုဘဲ ကွန်ဒုံးသုံးခြင်း သာလျှင် လုံခြုံ စိတ်ချ ရကြောင်းပြောသည်။ ထို့ပြင် အရေးပေါ် တားဆေး များမှာ ရာနှုန်းပြည့် ကာကွယ်ပေးနိုင်ခြင်း မရှိဘဲ ၇၉%မှ ၈၅% ထိသာ ကာကွယ်ပေးနိုင်သည် ဟု ဆရာဝန်တို့က ပြောသည်။



"သမီးရည်းစား ဆိုပေမဲ့ ဘယ်လို ပိုးတွေ ရှိမလဲ မပြောနိုင်ဘူးလေ။ ဒါကြောင့် ကွန်ဒုံး ကို လိင်ဆက်ဆံ တိုင်း သုံးတာ အကောင်းဆုံး ပါပဲ။ ကိုယ်ဝန်လဲ မရ၊ ရောဂါလည်း မရတော့ဘူးပေါ့" နေဆေးခန်း မှ ဆရာဝန် က ပြော သည်။ သို့ရာတွင် လူငယ် တို့၏ အဆိုအရ အလွှာခြား ရင် ကမ္ဘာခြား သလို ခံစားရတယ် ဟု ဆိုကာ မိမိချစ်သူနှင့်တော့ ကွန်ဒုံး အသုံးပြုမှု နည်းပါးကြသည်။ 

"ကိုယ်ရည်းစားနဲ့ ကတော့ စိတ်ချရတယ်လေ။ ဒါကြောင့် ကွန်ဒုံး မသုံးဘူး" ဟို အသက် ၂၀ အမျိုးသား က ပြောသည်။ သို့သော် မိန်းကလေး ကိုယ်ဝန် မရအောင် မည်ကဲ့သို့ လုပ်ဆောင်သည် ကိုတော့ သူမသိကြောင်းပြောသည်။



ရည်းစားနှင့် လိင်ဆက်ဆံသည့် အကြိမ်ရေများ သည့် အမျိုးသမီးများ ကတော့ တားဆေး ထိုးခြင်းနှင့် တစ် လဆေးသောက်ခြင်း တို့ကို ပြုလုပ်ကြသည်။ များသော အားဖြင့် တစ်လ တားဆေးကို အသုံးပြုကြသည့် အတွက် ဆေးခန်း များ တွင် တစ်လခံ ထိုးဆေး မှာ အမြဲ လိုလိုပြတ်လေ့ရှိကြောင်း ကမာရွတ်မြို့နယ် ရှိ နေ တံဆိပ် ဆေးခန်း တစ်ခုက ဆိုသည်။ 

" တစ်လဆေး က ရွှေထက်တောင် ရှားတယ်" ယင်းဆေးခန်း ဆရာဝန် က ပြောသည်။ သုံးလ ခံဆေးများ မှာ ရာသီလာခြင်း မရှိသည့် အတွက် အသုံးပြုမှု နည်းပါး သည်။ တစ်လခံ သောက်ဆေး OK ကတော့ ကျပ်ငွေ ရာ ဂဏန်းဖြင့် အလွယ်တကူ ရသဖြင့် အသောက် များကြ သည်။ သို့ရာတွင် နေ့စဉ် အချိန် မှန်မှန်သောက် ရခြင်း ကို အမျိုးသမီး များက မကြိုက်ကြပေ။ 

ထို့ပြင် သောက် ဆေးကြောင့် ဗိုက် အခေါက်ထူကာ ဗိုက်ပူ လာကြောင်း ပုံမှန်သောက်သည့် အမျိုးသမီးများ က ဆိုသည်။ ယခုနောက်ပိုင်း တွင် ခန္ဓာကိုယ် အတွင်း ပစ္စည်းတစ်ခုခု ထည့်ထားခြင်းဖြင့် သန္ဓေတားနိုင်ကြောင်းလည်း သိရသည်။ အချို့ ကလည်း မိန်းမကိုယ် အတွင်း သန္ဓေတား ပစ္စည်းကို ထည့် ထားကြသည်။



 အရေးပေါ်တားဆေးသည် မုဒိမ်းကျင့် ခံရသော အမျိုးသမီးများ အတွက် ရည်ရွယ်ကာ ထုတ်လုပ် ထားခြင်ြး ဖစ်သော်လည်း ယခု အခါတွင် အမျိုးသမီးများ အတွက် မရှိမဖြစ် အရေး ပါလာပြီဖြစ်သည်။ အရေးပေါ် တားဆေး ကို တစ်ဘ၀ လုံးတွင် ၇ ကြိမ်ထက် ပိုမိုသောက်မိ ပါက သားအိမ်ကို ထိခိုက်ပြီး ကလေး မရခြင်းနှင့် သားအိမ် ကင်ဆာကဲ့သို့ ရောဂါများကို ရရှိစေကြောင်း ဆရာဝန်များက ဆိုကြသည်။ 

တားဆေး များမှာ ဆိုးကျိုး များစွာ ရှိသော်လည်း ဆေး မသောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အခြား ဆိုးကျိုး တစ်ခုကိုတော့ လူတိုင်း ကြောက်ရွှံ့ကြသည်။



"ယူပြီး လို့ ကလေး ရတာ ပြဿနာ မရှိဘူး။ ကလေး ရလို့ မင်္ဂလာဆောင် လိုက်ရရင် ခွေးဖြစ်ပြီ။ ဒီခေတ် မှာ ကလေးတစ်ယောက် အတွက် ကုန်ကျ စရိတ်က နည်းတာ မဟုတ်ဘူး" ဟု အသက် ၂၄ နှစ်အရွယ် မနေခြည် က ဆိုသည်။ ဆေးမသောက်ခြင်းကြောင့် ကိုယ်ဝန် ရရှိလာပါကလည်း တနည်း နည်းဖြင့် ဖျက်ချကြ သည်။ 

ယခင်ခေတ်က ကဲ့သို့ အရပ် လက်သည်ဖြင့် ထီးရိုး ကို သားအိမ် ထဲ ထည့်မွှေခြင်း မဟုတ်တော့ဘဲ ဆေး ထိုးခြင်း၊ ဆေးသောက်ခြင်းနှင့် လေစုတ်ပြွှန်ဖြင့် ဖျက်ချခြင်း တို့ကို ပြုလုပ်နိုင်သော်လည်း အန္တရာယ် ကတော့ ရှိနေဆဲဖြစ်သည်။



မည်သို့ ဆိုစေ လိင် ဆက်ဆံခြင်းသည် ရှက်စရာကောင်းသည် ဟု လူတိုင်းက ဆိုကြသော်လည်း ကျားမ မရွေး ကြိုက်နှစ် သက်သော ကိစ္စဖြစ်သည် ကိုတော့ ကမ္ဘာကြီး တွင် လူဦးရေ တိုးပွားလာခြင်း က သက်သေ တည်လျက် ရှိသည်။ သိပ္ပံ အယူအဆ ကလည်း လိင်ကိစ္စသည် လူတို့၏ အခြေခံ လိုအပ်ချက်ဖြစ်သည် ဟု ဆိုသည်။

 နောင်နှစ်များစွာ မကြာမီ မြန်မာပြည်၌ လည်း သမီးရည်းစားများ လိင် ဆက်ဆံသည့် အလေ့ အထကို လက်မ ခံခြင်ဘဲ လက်ခံ လာရတော့မည်ဖြစ်သည့် အတွက် သမီးရှင်များ အနေဖြင့် စိုးရိမ်နေကြ ရပြီဖြစ် သည်။



ယောင်္ကျားလေးများ အနေဖြင့်လည်း ယနေ့အချိန် အထိ အပျိုစင် ကိုသာ အိမ်ထောင်ပြု လိုသည့် စိတ်ရှိကြေ သာ် လည်း အပျိုစင် ဘ၀ကို ယောင်္ကျားလေးများ ကပင် ယူသွားခြင်းဖြစ် သည်။ နောက် မျိုးဆက် တစ်ခု တွင်တော့ ယောင်္ကျားလေး များ အပျိုစင် ကို တန်ဖိုးထားကြတော့မည် မဟုတ်ပေ။ 

ထို့အတွက် လက်မထပ် မီ လိင်ဆက်ဆံခြင်း မှာ သာမန် ကိစ္စတစ်ခုသာ ဖြစ်သွားပါ လိမ့်မည်။ လက်မထပ် မီ လိင်ဆက်ဆံခြင်း ကို ပိတ် ပင်ကြမည်လား၊ သို့မဟုတ် လက်ခံ နားလည်ပေးမည်လား ကတော့ အငြင်း ပွားပွယ် ကိစ္စ တစ်ခု အဖြစ် နောက်ဆယ်စုနှစ် တစ်စုကျော် ထိ ဆက်ရှိနေဦး ပါမည်။



စန်းစန်း တစ်ယောက် ဆေးနှစ်လုံးသောက်ပြီးပြီဖြစ်သည့် အတွက် သူမကိုယ် သူမ စိတ်ချ သွားပြီဖြစ်သည်။ မနေ့ က ရုံးပိတ်ရက် တွင် သူမရည်းစားနှင့် ချစ်ရည် လူးခဲ့သည်များကို စိတ်ကူးယဉ်နေ ပါလိမ့်မည်။ ညနေ တွင် ရုံးဆင်းချိန် တွင် သူမရည်းစားနှင့် ရိုးရိုး သားသား တွေ့ကြမည်ဖြစ်သည်။ သူမ သည် ယနေ့ခေတ် မိန်း ကလေး တစ်ဦးဖြစ်သည်။



From:စင်္ကာပူဖီးလ်
                                                Myanmar Daily Star မှမျှဝေဖေါ်ပြသည်...

2 comments:

  1. ဘာပြောရမှန်းတောင် မသိတော့ပါဘူးဗျာ။ အဓိကက ဘယ်သူမှမထိခိုက်ဘဲစိတ်ချမ်းသာရင်တော့ ကောင်းပါတယ်ဗျာ........

    ReplyDelete
  2. ဘာပြောရမှန်းတောင် မသိတော့ပါဘူးဗျာ။ အဓိကက ဘယ်သူမှမထိခိုက်ဘဲစိတ်ချမ်းသာရင်တော့ ကောင်းပါတယ်ဗျာ........

    ReplyDelete