*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 5 June 2014

၇င်ခွင်လမ်း Blog ၏ တစ်နှစ် ပြည့် အမှတ်တ၇

 ***  ၇င်ခွင်လမ်း Blog ၏ တစ်နှစ်ပြည့် အမှတ်တ၇ အဖြစ် ဆ၇ာ နန္ဒာသိန်းဇံ ၏  " ဘ၀ အဓ္ဓိပ္ပာယ် နှင့် ဘ၀သစ္စာ "  စာအုပ်မှ မြတ်ဗုဒ္ဓ ၏ ဒဿန အချို့ဖြင့်  " ၇င်ခွင်လမ်း " အား  ချစ်ခင်နှစ်သက် အားပေး လည်ပတ် လေ့လာကြသူ  မိတ်သင်္ဂဟ အပေါင်းအား လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည် ။
*************************   ............   ............    ............    ************************


ပြောင်းလဲခြင်း သင်္ခါ၇ သဘော ရှိနေသမျှ လူ၏ ဖြစ်လို ဆန္ဒနှင့် လွဲချော်စွာ ဖြစ်လာမှုတို့သည်  အစဉ် ၇ှိနေမည်သာ ဖြစ်သည် ။ ဖြစ်လိုခြင်း ရှိပါလျှက် မဖြစ်လာခြင်း ၊ မဖြစ်လိုပါလျှက် ဖြစ်ပေါ်လာခြင်း စသည့် ဆန့်ကျင်ဘက် သဘောတို့ သည်လည်း အစဉ် ၇ှိနေမည်သာ ဖြစ်သည် ။ 

ဂျာမန် ဒဿန ပညာ၇ှင်ကြီး  ၇ှီုဗင်ဟောင်ဝါ  သည် " ဖြစ်လိုသော ဆန္ဒ နှင့် မကိုက်ညီခြင်း ဟူသမျှ ဒုက္ခ " ဟု သဘော ပေါက်ခဲ့သည် ။  အိုခြင်း သဘောကို မအိုစေ၇န် ဖန်တီး နိုင်မှု ၊ အစိုး၇မှု မရှိ၇ကား  လူသည် အိုခြင်း သဘောကို  မအိုပါစေလင့် ဟု  တောင့်တခြင်းငှာ မ၇နိုင်ချေ ။ 

ထို့အတူ နာခြင်းသဘော  သေခြင်း သဘော  တို့ကိုလည်း ၊ မနာစေ၇န်  မသေစေ၇န်  ဖန်တီးနိုင်မှု ၊ အစိုး၇မှု မ၇ှိ၇ကား  လူသည် နာခြင်း သဘောကို မနာပါစေ ၊ သေခြင်းသဘောကို  မသေပါစေ လင့်  ဟူ၍ လည်းကောင်း  တောင့်တခြင်းငှာ မ၇နိုင်ချေ ။


   ထိုနည်းတူ  ချစ်ခင် နှစ်လိုအပ်သော အ၇ာ ၊ ချစ်ခင်နှစ်လို အပ်သော သူတို့နှင့် ချည်း အတူတကွ နေထိုင် ဆုံဆည်း၇န် ဖန်တည်းနိုင်မှု ၊ အစိုး၇မှု မ၇ှိ၇ကား  လူသည် ချစ်ခင် နှစ်လိုအပ်သော အ၇ာ ချစ်ခင် နှစ်လို အပ်သော သူတို့နှင့် ချည်း အတူတကွ နေထိုင် ဆုံဆည်း၇စေဟု တောင့်တခြင်းငှာ မ၇နိုင်ချေ ။ 

   လူသည် မိမိ လိုချင်သည်ကို မ၇ ၊ ၇သော အ၇ာကိုလည်း မလိုချင် ၊ မျှော်လင့် သည်က မဖြစ် ၊ မမျှော် လင့် သော အ၇ာက ဖြစ် စသည့် ဆန့်ကျင် လွဲချော်မှု သဘောတို့ကိုသာ အစဉ် ကြုံတွေ့ လျှက် ၇ှိသည် ။

ဂျာမန် ဒဿန ပညာ၇ှင်ကြီး  ဟေဂယ်  က " စားနိုင်သော အခါက မစားနိုင်ခဲ့ ၊ စားနိုင်သော အခါတွင်မူ မစားနိုင်တော့ပြီ  " ဟု သူ၏ ဒိုင်ယာလက်တစ် သဘောကို ၇ည်ညွှန်းသည့် အနေဖြင့် ဖေါ်ပြခဲ့သည် ။
နုပျိုစဉ် အချိန် စားနိုင် ၀ါးနိုင်တုန်း အခါကမူ စားချင် ၀ါးချင် သော အစားအစာ တို့ကို ငွေကြေး မချမ်းသာ ၍  မစားခဲ့၇ ။ ငွေကြေး ချမ်းသာ၍ စားလို၇ာကို ၀ယ်ခြမ်း စားနိုင်သော အခါတွင်မူ အိုမင်း ၇င့်ေ၇ာ်ပြီ ဖြစ်၇ကား သွားတို့က ကြွေကုန်သောကြောင့် စားနိုင် ၀ါးနိုင်ခြင်း မ၇ှိတော့ ။ 

  အိုမင်းသော လျှာကလည်း အ၇သာကို ကောင်းစွာ မခံစားနိုင် တော့သော အဖြစ်ကိုလည်း လူသားသည် 
ကြုံ၇၏ ။ ၇ွယ်နုချိန် ပျော်နိုင်ပါးနိုင် ချိန်ကမူ ပစ္စည်းဥစ္စာ မှစ၍ အမျိုးမျိုး အဆင်မပြေ မှုတို့ကြောင့် ချစ်သူ ၊ ခင်သူ ၊ ချစ်သောအ၇ာ ၊ မြတ်နိုးသော အ၇ာတို့နှင့် မပျော် ခဲ့၇ ၊ ပစ္စည်း ဥစ္စာမှ စ၍ အကြောင်း အမျိုးမျိုး အဆင်ပြေလာသော အခါတွင်မူ အိုမင်း၇င့်ေ၇ာ်ပြီ ဖြစ်၇ကား ပျော်ချင် ၊ ပါးချင် စိတ်တို့ မ၇ှိတော့သော အဖြစ် ၊ ပျော်နိုင် ပါးနိုင်သော စွမ်းအင် မ၇ှိတော့သော အဖြစ်ကိုလည်း လူသားသည် ကြုံ၇တတ်၏ ။

  လူ့ဘ၀ သည် ဘယ်အခါမျှ ဖြစ်လို၇ာ မဖြစ် သောကြောင့် မကျေ မနပ်နှင့် ဒုက္ခေ၇ာက်၇သော ဘ၀ပင် ဖြစ်၏ ။  ဤသည်ကို ၇ည်၇ွယ်၍ ဗုဒ္ဒ က  "  အလို၇ှိအပ်သော  အ၇ာကို  မ၇ခြင်းသည်  ဒုက္ခ တည်း " ဟု 
ဆိုခဲ့ခြင်း ဖြစ်ပေလိမ့်မည် ။ 

  ထိုသို့ လူ၌ ဒုက္ခ အမျိုးမျိုး တို့ ဖြစ်၇ခြင်းသည် ဖေါ်ပြခဲ့သည့် အတိုင်း ခန္ဓာငါးပါး ၇ုပ်နာမ် တ၇ားတို့၌ အမှန် မမြင်မှု အမှား စွဲလမ်းမှုကြောင့် ပင်ဖြစ်၏ ။ အမှန်မမြင်နိုင်မှု  အမှားစွဲလမ်းမှု ကြောင့် လူသတ္တ၀ါ သည်  မဟုတ်ကို အဟုတ်ထင် ၊ ဒုက္ခ ကို သုခ ထင်ခြင်းလည်း ဖြစ်၇ပြန်သည် ။ 

  ထို့ကြောင့်ပင် ဗုဒ္ဓ သည် အောက်ပါကဲ့သို့  ဥဒါန်းစကား  ဆိုခဲ့ခြင်း ဖြစ်ပေ လိမ့်မည် ။

          "  မသာယာအပ်သော သဘောတ၇ားသည်  သာယာဖွယ် အသွင်သဘော ဖြင့် လည်းကောင်း ၊
         မချစ်ခင်အပ်သော သဘောတ၇ားသည် ချစ်ခင်ဖွယ် အသွင် သဘောဖြင့် လည်းကောင်း ၊ ဆင်း၇ဲ
         သော သဘောတ၇ားသည် ချမ်းသာဖွယ် အသွင် သဘောဖြင့် လည်းကောင်း ၊  မေ့လျော့ နေသူ
         ကို လွှမ်းမိုး ဖိစီး၏ ။" 

  အချို့သော ဘာသာေ၇း ပုဂ္ဂိုလ် များသည် ကာမဂုဏ် တို့ကို အစွမ်းကုန် ခံစားခြင်းဖြင့် အစွဲအလမ်းကို ဖြတ်တောက် ကြသည် ။ သူတို့၏ ၇ည်၇ွယ်ချက်မှာ ခံစားချင်သော ကာမဂုဏ် တို့ကို အစွမ်းကုန် ခံစားခြင်းဖြင့် ထို ကာမဂုဏ် တို့၌ ငြီးငွေ့ကာ စွဲလမ်း တပ်မက်မှု ကုန်သွား၇န်ပင် ဖြစ်၏ ။ 

   အချို့ ကလည်း ကာမဂုဏ် ခံစားလိုသော စိတ်ကို အစွမ်းကုန် ချုပ်တည်း ချိုးနှိမ် ခြင်းဖြင့် အစွဲ အလမ်းကို ဖြတ်တောက်ကြသည် ။ သူတို့၏ ၇ည်၇ွယ်ချက်မှာ ချုပ်တည်း ခြင်းဖြင့် စွဲလမ်းတပ်မက် မှုကို ပယ်သတ် ၇န်ပင် ဖြစ်လေသည် ။ 

  ဂျိန်း  ဘာသာမှ အချို့ ပုဂ္ဂိုလ် များသည် စွဲလမ်း တပ်မက်မှု မဖြစ်အောင် ကိုယ်၌ အ၀တ်ကို မ၀တ် အစာကို လက်ဖြင့်ပင် ယူ၍ မစားဘဲ ခြိုးခြံစွာ ကျင့်ကြံကြသည် ။ သို့၇ာတွင် ဗုဒ္ဓသည် ကာမဂုဏ်တို့ကို အစွမ်းကုန် ခံစားပစ်သော နည်းနှင့် ချုပ်တည်းသော နည်းတို့ဖြင့် အစွဲ အလမ်း ကို ပယ်သတ်နိုင်ခြင်း မ၇ှိဟု
( စမ်းသပ်ကြည့်သော အခါ ) သိမြင် လာသည် ။ 

   ဗုဒ္ဓ အလိုအ၇ သတိပဌာန် ကျင့်စဉ်ဖြင့် ခန္ဓာ ငါးပါး ၌ ဒုက္ခ သစ္စာကို အမှန်သိပါမှ အစွဲ အလမ်းကို ပယ်သတ် နိုင်သည် ဟု တွေ့မြင်လာခဲ့သည် ။ 

   ဗုဒ္ဓ ဒဿန အလိုအ၇  " ဒုက္ခ " ဟု ခံစားခြင်း ၊ ထင်မြင် ခြင်းသည် သမုဒယ ကြောင့် ဖြစ်၏ ။ သမုဒယ မ၇ှိပါက ဒုက္ခ ဟူ၍ ခံစား ထင်မြင်ခြင်းသည် မ၇ှိနိုင်ချေ ။ ဘ၀ ၏ ပင်ကိုယ် သဘာဝ ထဲ၌ ဒုက္ခ သည် မရှိသည်လည်း မဟုတ် ၊ ၇ှိသည်လည်း မဟုတ်ချေ ။ အဘယ်ကြောင့်ဆိုသော် အကယ်၍ သမုဒယ ၇ှိလျှင် 
ဒုက္ခ သည် ၇ှိ၍ အကယ်၍ သမုဒယ မရှိလျှင် ဒုက္ခသည် မ၇ှိနိုင်သော ကြောင့် ပင်တည်း ။ 

  သို့ဖြစ်၍ ......
     ၁ ။ ဘ၀သည် ဆင်း၇ဲ ဒုက္ခသာ ဖြစ်ချေသည် ဟု ယူဆခြင်း သည်လည်း မှားသာ အစွန်းတ၇ား ဖြစ်သည် ။ 
     ၂ ။ ဘ၀သည် ချမ်းသာ သုခ ဖြစ်သည် ဟု ယူဆခြင်း သည်လည်း မှားသော အစွန်း တ၇ား ဖြစ်သည်။

     အဘယ်ကြောင့် ဆိုသော် ထို အယူအဆ များသည် သမုဒယကြောင့် ဖြစ်ပေါ်လာသော အယူအဆများ ဖြစ်သော ကြောင့်တည်း ။  " ဘ၀ " သည် " ဘ၀ " မျှသာ ဖြစ်သော် လည်း အမှန် မမြင်မှု ၊ စွဲလမ်းမှု တည်း
ဟူသော သမုဒယ ကြောင့် ထို ဘ၀ ကိုပင် အမျိုးမျိုး ယူဆ ထင်မြင် နေခြင်းသာ ဖြစ်ပေသည် ။ 

   ထို့အတူ.....
     ၁ ။ ဘ၀၌ အဓ္ဓိပ္ပါယ် ၇ှိသည် ဟု ထင်မြင် ယူဆခြင်း သည်လည်း မှားသော အစွန်းတ၇ား ဖြစ်၏ ။
     ၂ ။ ဘ၀၌ အဓ္ဓိပ္ပါယ် မ၇ှိဟု ထင်မြင်ငြ်းသည်လည်း မှားသော အစွန်းတ၇ား ဖြစ်၏ ။

   အဘယ်ကြောင့် ဆိုသော် ထို အယူအဆ များသည်လည်း သမုဒယကြောင့် ဖြစ်ပေါ်လာသော အယူအဆများ ဖြစ်သော ကြောင့်တည်း ။ 

   သို့ဖြစ်၍ .....
      ၁ ။ ဗုဒ္ဓ ၀ါဒသည် လောကကို စိတ်ပျက် အားလျော့သော အမြင်ဖြင့် ၇ှုမြင်သော ၀ါဒ ဖြစ်သည်ဟု 
          ထင်မြင် ယူဆခြင်းသည် လည်းကောင်း ၊ 
      ၂ ။ ဗုဒ္ဓ ၀ါဒသည် လောကကို အကောင်းဘက်မှ ၇ှုမြင်သော သုခ ၀ါဒ ဖြစ်သည်ဟု ထင်မြင် ယူဆ 
          ခြင်းသည် လည်းကောင်း မှားသော အစွန်း တ၇ားများ ဖြစ်ကြသည် ။ 

     အဘယ်ကြောင့် ဆိုသော် ထို အယူအဆ များသည်လည်း သမုဒယ ကြောင့် ဖြစ်ပေါ်လာသော အယူအဆ များ ဖြစ်သော ကြောင့်တည်း ။ 

      ၇ဟန္တာ အ၇ိယာပုဂ္ဂိုလ် သည် ခန္တာ ငါးပါး ၇ုပ်နာမ် တ၇ားတို့ ၌ ဒုက္ခ သစ္စာကို ထိုးထွင်း သိမြင်မှု ကြောင့် သမုဒယ ၏ အနှောင် အဖွဲ့ အဖုံး အကွယ် အပိတ် အပင် အလှည့် အစား ဟူသမျှမှ 
လွတ်မြောက်သွားပြီ ဖြစ်သည် ။ 

    အစွန်းတ၇ား ဟူသမျှ မှလည်း လွတ်မြောက်၍ ပကတိ ငြိမ်းအေးခြင်း ကိုလည်း ၇လျှက် ၇ှိပြိ ဖြစ်သည် ။
 ထိုသို့ ပကတိ ငြိမ်းအေးခြင်းကိုပင်  "  နိဗ္ဗာန်  " ဟု ခေါ်ခြင်း ဖြစ်သည် ။


     ဆ၇ာ နန္ဒာသိန်းဖံ  ...  ဘ၀ အဓိပ္ပါယ် နှင့် ဘ၀ သစ္စာ   စာမျက်နှာ  ..  ၁၃၈. ၁၃၉. ၁၄၀.၁၄၁ 


၇င်ခွင်လမ်း  Blog  ၏  တစ်နှစ်ပြည့်  အမှတ်တ၇......      
                                                                          ကိုကျော်လွင်
  



No comments:

Post a Comment