*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 14 March 2014

စာသင်ကျောင်းများတွင် တရုတ်မုန့် မရောင်းရန် တားမြစ်မည်

hight school

ကျောင်းတွေမှာ အရောင်းရဆုံးဖြစ်တဲ့ တရုတ်-မြန်မာ နယ်စပ် မူဆယ်က ဝင်ရာက်လာတဲ့ တရုတ်နိုင်ငံလုပ် မုန့်တွေဟာ ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အတွက် လာမယ့် ကျောင်းဖွင့် ရာသီမှာ မရောင်းချဖို့ တားမြစ်သွားမယ်လို့ စားသုံးသူကာကွယ်ရေး အသင်းက ပြောကြားလိုက်ပါတယ်။ 


 
 ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အခြေခံပညာ စာသင်ကျောင်းတွေရဲ့ မုန့်ဈေးတန်းတွေကို ဝင်ရောက် စစ်ဆေးစဉ် တရုတ်စာတမ်းပါ မုန့်တွေ့မှာ ကလေးတွေ အတွက် ကျန်းမာရေး အန္တရာယ် ဖြစ်နိုင်တဲ့ တားမြစ်ဆိုးဆေးနဲ့ ကြာရှည်ခံပစ္စည်းတွေ ပါဝင်မှုများနေတာ တွေရတဲ့ အတွက် တားမြစ်ဖို့ စီစဉ်နေ တာလို့ စားသုံးသူကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဦးဗအုပ်ခိုင်က ပြောပါတယ်။

ကျောင်းတွေမှာ တရုတ်မုန့်တွေ ဆက်လက် မရောင်းချဖို့ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေး တိုင်းဒေသကြီးတွေမှာ ကျောင်းကျန်းမာရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံလုပ် မုန့်တွေဟာ အရောင်အသွေး စုံပြီး ဈေးနှုန်းချိုသာတဲ့ အတွက် မြန်မာပြည် က ကျောင်းသား ကလေးငယ်တွေ က ၀ယ်ယူစားသုံးကြတာဖြစ်ပါတယ်။

ကမာရွတ် မြို့နယ် ပညာရေးမှုးရုံးမှ ဒေါက်တာ ဒေါ်သက်သက်စံကတော့ ကျောင်းတွေမှာ တရုတ် မုန့်တွေ မရောင်းချဖို့ တားမြစ်မှုတွေ ကို လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက စတင် လုပ်ဆောင်နေပေမယ့် မအောင်မြင်တဲ့ အတွက် အခုတစ်ခါ ထိထိရောက်ရောက် လုပ်စေချင် တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံ လုပ် သရေစာ မုန့်တွေဟာ နယ်စပ် လမ်းကြောင်းကနေ နေ့စဉ်လိုလို ၀င်ရောက်နေ တာဖြစ်ပြီး အမျိုးအစားစုံတဲ့ အတွက် တင်သွင်းတဲ့ ဒိုင်တွေကို ကျောင်းဖွင့် ရာသီမှာ ဝင်ရောက် စစ်ဆေး သွားဖို့လည်း စားသုံးသူ ကာကွယ်ရေးအသင်းက စီစဉ်နေပါတယ်။


အသံဖိုင်နားဆင်ရန် 
 
From...Search Myanmar
 

No comments:

Post a Comment