*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 13 April 2014

အမြစ်နှင့် တူသော သမိုင်း ၊ အသီးအပွင့်နှင့် တူသော ယဉ်ကျေးမှု



ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သည် ထေရဝါဒ ဗုဒ္ဓသာသနာ စည်ပင် ထွန်းကားသော နိုင်ငံဖြစ် သည်။ 
ထေရဝါဒ ဗုဒ္ဓသာသနာတော်  ထွန်းကား ပြန့်ပွားစေရန် မြတ်စွာဘုရား ဟောကြားတော် မူခဲ့သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တို့ကို စာပေ ပညာဖြင့် သင်အံလေ့လာ ၍ သာသနာတော် စည်ပင်အောင် ပရိယတ္တိ သာသနာ့ ဝန်ဆောင်ကြသည်။


မြတ်စွာဘုရား ဆုံးမညွှန်ပြ ခဲ့သည့် သာသနာ အဆုံးအမများ အတိုင်း လိုက်နာ ကျင့်ကြံ အားထုတ် လုပ်ကိုင်ရသော ပဋိပတ္တိ သာသနာ့ ဝန်ဆောင် ပုဂ္ဂိုလ်များ လည်း များပြားလှသည်။ ဘုရား၊ တန်ဆောင်း၊ ကန်၊ ကျောင်းနှင့် ဇရပ်ဆောက်လုပ် ၍ လှူဒါန်းမှု အစုစု ပြုကြသူများ ကလည်း ပဋိဝေဓ သာသနာ့ ဝန်ကို သဒ္ဓါ တရား ထက်သန်စွာ ဆောင်ရွက်ကြသည်။

သာသနာတော် သုံးရပ် အနက် ပရိယတ္တိ သာသနာ သည် သာသနာတော် စည်ပင် ထွန်းလင်းရေး အတွက် အခြေခံ မူလ ပဓာန ကျသကဲ့သို့ ပရိယတ္တိ သာသနာတော် က ညွှန်ပြ သည့် အတိုင်း လိုက်နာ ကျင့်ကြံရသော ပဋိပတ္တိ သာသနာတော်သည် လည်း လွန်စွာ အရေးကြီးသည်။ 

ပရိယတ္တိ သာသနာနှင့် ပဋိပတ္တိ သာသနာ အခြေခံကောင်းတို့ဖြင့် သီလ၊ သမာဓိ၊ ပညာ ဟူသော သိက္ခာ သုံးရပ် ကို ဆောက်တည်နိုင် သည်နှင့် အမျှ ပဋိဝေဓ သာသနာတော်သည် လည်း အစဉ် ထွန်းကားနေ မည် ဖြစ်သည်။

ကမ္ဘာ့ အလယ်တွင် မြင့်မြတ် ယဉ်ကျေးသော လူမျိုး အဖြစ် ဝင့်ထည် ခဲ့သော မြန်မာ တို့သည် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓ သာသနာနှင့် ဗုဒ္ဓ တရားတော်များ ၏ အဆုံးအမဖြင့် ကြီးပြင်း ခဲ့ရသူများ ဖြစ်သည်။ မျိုးဆက်သစ် လူငယ်များ သည် အမျိုးဂုဏ်၊ ဇာတိဂုဏ် ကို မပျောက်ပျက်အောင် စောင့်ထိန်းကြ ရမည် ဖြစ်သည်။

သင်္ကြန်ပွဲတော် ကို ပုဂံခေတ် မှ စတင်ကာ ခေတ် အဆက်ဆက် နှစ်စဉ်နှစ်တိုင်း ကျင်းပ ခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်သည် တစ်ဦးကို တစ်ဦး ရေဖြင့်လောင်းခြင်း၊  နံ့သာရည် တို့ကို   သပြေခက်နှင့် ပက်ဖျန်းခြင်း တို့ဖြင့် နှစ်ဟောင်း မှ ဘေးဥပဒ် အန္တရာယ် များ၊ စိတ်၏ မစင်ကြယ်မှု များ ပပျောက် ကင်းစင် ကာ မေတ္တာဖြင့် ဖြူစင် သန့်ရှင်းခြင်းသို့ ရောက်စေ ရန် ရည်ရွယ်လျက် ရေပက် ကစားကြ သည့် ကောင်းမြတ်သော အစဉ်အလာ ယဉ်ကျေးမှုပွဲတော် ဖြစ်သည်။

မြန်မာ သမိုင်း ပညာရှင်ကြီး တစ်ဦး ၏ အဆိုအမိန့်မှာ ''သမိုင်း မရှိသော လူမျိုးသည် အမြစ်မပါသော သစ်ပင်နှင့် တူ၍ ရှင်သန် တည်တံ့နိုင်စွမ်း မရှိ။ အသီးအပွင့် မပါသော အပင်သည် ဖွံ့ဖြိုးတိုးတက်မှု မရှိသည့် အပြင် မျိုးဆက် ပွားများ မထုတ်လုပ် နိုင်သောကြောင့် မျိုးတုံး သွားဖွယ် ရှိသည်။ 

အမြစ်နှင့် တူသော သမိုင်း၊ အသီးအပွင့်နှင့် တူသော ယဉ်ကျေးမှု တို့  ရှိသော လူမျိုးသည် သာ ကြာရှည် တည်တံ့ ရှင်သန်ပြီး မျိုးဆက် ပွားနိုင်ပေမည်''ဟူ၍ မိန့်ဆိုခဲ့သည်။

သို့ဖြစ်၍ ရှည်လျားသော သမိုင်းအစဉ် အလာ ရှိခဲ့သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူ အပေါင်း တို့ သည် ရိုးရာ အတာ သင်္ကြန် ပွဲတော် နွှဲပျော်ကြရာ ၌  အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ထိန်းကြ ပါရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။    ။

From...Myawady

 

No comments:

Post a Comment