*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 23 March 2014

လူငယ်များနဲ့ အရက် လုံခြုံရေး



ဒီရက်ပိုင်း အတွင်းမှာ သူငယ်ချင်း များ၊ ကျောင်းနေဖက်များ၊ တခြားသော မိတ်ဆွေများနဲ့ စကားပြောဖြစ်ပါတယ်။ အဲဒီ့ အထဲမှာ များများပြောဖြစ်တဲ့ ကိစ္စကတော့ အရက်အကြောင်း ကပို များပါတယ်။ 

 မြန်မာပြည်မှာ အရက်တွေ ဘယ်လိုချက်သလဲ၊ ဘယ်လို သိုလှောင်သလဲ၊ ဘယ် လိုဖြန့်ဖြူးရောင်းချ သလဲစသဖြင့် စုံစီနဖာ ပြောဆိုဆွေးနွေးဖြစ်ကြ ပါတယ်။ အရက်အကြောင်းပြော ဖြစ်သွားတာက လည်း ဒီလိုပါ။ 


 
၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အရွယ် မတိုင်မီ အရက်နဲ့ အသက်ဆုံးရှုံးခဲ့ ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ပိုများလာတဲ့ အကြောင်း၊ ဒါ့အပြင်စောစောစီးစီး ကွယ်လွန်ခဲ့ကြတဲ့ သက်လတ်ပိုင်းအရွယ်ကောင်း စာပေနဲ့ အနုပညာသည်များ အကြောင်းကို ပြောရင်းပြောရင်း နဲ့ အရက် စက်ရုံတွေ၊ အရက်ကို ဘယ်လိုချက်ကြသလဲ ဆိုတာ ကနေ စတယ်လို့ဆိုရင်လည်း မမှားပါဘူး။
ကျွန်တော့်မိတ်ဆွေတစ်ဦး က သူ့ရဲ့အတွေ့အကြုံကိုပြန် ပြောပါတယ်။ တစ်ခါက ကိစ္စတစ် ခုနဲ့ ဆက် စပ်လို့ အရက်ချက်စက်ရုံ တစ်ခုကို ရောက်သွားပါတယ် တဲ့။ ပထမဆုံးတွေ့ရတာကတော့ အရက်ချက်စက် ရုံအဆောက်အအုံ ဟာ စနစ်တကျဆောက်ထား တာမျိုးမဟုတ်ဘူး လို့ဆိုပါတယ်။ 


စက်ရုံရဲ့အပြင်ဘက်မှာတော့မိုး ရွာအစို၊ နေပူအခြောက် အပုံလိုက် ကြီးထားထားတဲ့ ထန်းလျက်ပုံ ကြီး ရှိနေတာကိုလည်း မြင်ရပါ တယ်။ ယင်ကောင်တွေ တလောင်း လောင်းဖြစ်နေသလို ထန်းလျက် ပုပ်နံ့လိုလို အနံ့ကြီး ကိုလည်း တစ်ချိန်တည်းမှာ ရှူရှိုက်နေရ ပါတယ်။ နောက်မြင်ကွင်းတစ်ခု ကတော့  အရက်ချက်စက်ရုံ ကို ဓာတ်မြေသြဇာ လာရောင်းတဲ့ လှည်းတန်းကြီးက မျက်စိတစ် ဆုံး ဖြစ်နေ ပါတယ်။ ဓာတ်မြေသြဇာ အိတ်တွေကျတော့ မိုးရွာရင် မိုး စိုမှာစိုးလို့ အမိုးအကာနဲ့ထား တယ်လို့ပြောပါတယ်။
အရက်ချက်တဲ့စက်ရုံ အ တွင်းဘက်ကိုဝင်ကြည့်တဲ့အခါ အလွန်စိတ်ပျက်စရာမြင်ကွင်း ကတော့ အရက်ဆီပေါင်းခံနေတဲ့ ဧရာမသံကန်ကြီးတွေထဲကို ဓာတ်မြေသြဇာအိတ်တွေ ဖွင့်ပြီး ဖြော ခနဲ ဖြော ခနဲလောင်းထည့်နေတာ ပါပဲ။ 


ဓာတ်မြေသြဇာဆိုတာ စိုက် ပျိုးရေး အတွက်သုံးတဲ့ ဓာတုဗေဒ ပစ္စည်းတွေပါ။ လူသောက်မယ့် အရက် ကိုချက်တဲ့နေရာမှာ ပေါ ပေါလောလော သုံးနေတယ်ဆို တာ ဘယ်လိုမှကောင်းနိုင်မယ် မဟုတ်ပါ။ သို့သော် အရက်စက် ရုံက တာဝန်ရှိတဲ့သူ ကတော့ သူ တို့စက်ရုံက ထုတ်လုပ်လိုက်တဲ့ အရက်ဆီဟာ ဘယ်လောက် ကောင်းကြောင်း၊ ဘယ်လောက် ပြင်းအားရှိကြောင်း ရှင်းပြနေ ပါ သေးတယ်။
အဲဒီလို ထုတ်လုပ်လိုက်တဲ့ ပြင်းအားမြင့် အရက်ဆီကို ဈေး ကွက် မတင်ခင် ဂိုဒေါင်ထဲမှာ နှစ် လလောက် ထားရတယ်လို့ဆို ပါတယ်။ အရက်မှာ ပါဝင်နေတဲ့ လူကို အဆိပ်ဖြစ်စေတဲ့ဓာတ်တွေ အခိုးပြန် သွားစေဖို့အတွက်ဖြစ်ပါ တယ်။ နှစ်လပြည့်သွားတဲ့အခါ ကျမှ အရက်ဆီပြင်းအား ကိုလိုက် ပြီး ရေသုံးဆ၊ ရေငါးဆစသဖြင့် ရောပြီး ပုလင်းသွတ် တံဆိပ်လှလှ လေးတွေကပ်တဲ့ အလုပ်တွေ လုပ် ရပါတယ်။ 


အဲဒါတွေပြီးရင်တော့ ဆိုင်တင်ရောင်းရုံပဲလို့ ဆိုပါတယ်။သို့သော် ဈေးကွက်တောင်းဆိုမှု ကမြင့် မားနေတဲ့အတွက် အရက် ဆီကို ဂိုဒေါင်ထဲမှာဘယ်တော့မှ နှစ်လကြာအောင်အထိ မထားဘဲ ရက်ပိုင်း အတွင်းမှာ ဈေးကွက်ထဲ ကိုတင်သွင်းလေ့ရှိတယ်လို့လည်း သိရပြန်ပါတယ်။
အဲဒီလို အရက်မျိုးတွေကို သုံးလေးနှစ် ဆိုသလို ဆက်တိုက် သောက်နေတဲ့သူတွေဟာ အသည်းနဲ့ ပတ်သက်ပြီး ရောဂါ တစ်ခုခုရကြပါတယ်။ အဓိက ကတော့ ဓာတ်မြေသြဇာကို သုံးတဲ့ အတွက်ကြောင့် ပါ။ ဓာတ်မြေသြ ဇာဆိုတာ အက်စစ် တစ်မျိုးပါ။ လိုအပ်တာထက် ပိုသုံးရင် စပါး ပင်တွေတောင် သေနိုင်တဲ့အထိ ပြင်းအားရှိပါတယ်။ 


အနုပညာ သည်လောကမှာ တချို့သော အရွယ်ကောင်းတွေဟာ မနက် ကိုးနာရီ၊ ဆယ်နာ ရီလောက် ကတည်းက စသောက်ကြတယ်လို့ သိရပါတယ်။ ညအိပ်ရာဝင်မှ အသောက်ကိုရပ်ပါ တယ်။ အဲဒီလို အရက်မျိုးတွေကို မနက်ကတည်းက သောက်သူတွေဟာ ငယ်ငယ်ရွယ်ရွယ် နဲ့ သေဆုံးကြပါတယ်။
ကျွန်တော်တို့နိုင်ငံက စာ ပေလောကနဲ့ အနုပညာသည် လောကမှာ အရက်သောက်တာ အဆန်း မဟုတ်ပါဘူး။ အတော် များများသောက်တတ်ကြတဲ့သူ တွေလည်းဖြစ်ပါတယ်။ ဟိုခေတ် တုန်းက ဆိုရင် စာရေးဆရာကြီး သော်တာဆွေဟာ အရက်နဲ့ ပတ် သက်ရင် နာမည်ကြီးတဲ့သူဖြစ်ပါ တယ်။ ‘ဘရန်ဒီတစ်ပုလင်း’ဆိုတဲ့ ဟာသဝတ္ထုတိုနဲ့ စာပေလောက ထဲစရောက်ခဲ့တယ်လို့ လူကြီးတွေ ပြော တာကြားဖူးပါတယ်။ 


အရက် အကြောင်း လူကြိုက်အောင် အဖွဲ့ အနွဲ့တွေနဲ့ ရေးတတ်လွန်းလို့ ဆရာမကြီး လူထုဒေါ်အမာ ကတောင် ‘‘ကိုဆွေ လူငယ်တွေ အရက်မသောက် သောက်တတ် အောင် သင်ပေးသလို ဖြစ်နေ တယ်’’လို့ ထောက်ပြဆုံးမခဲ့ဖူးပါ တယ်။ ထားပါတော့။ ဆိုလိုချင် တာကဒီလိုပါ။ ဆရာသော်တာ ဆွေ ဟာ ငယ်ရွယ်စဉ်က အရက် သောက်ကြမ်းခဲ့တယ်။ သို့သော် ငယ်ငယ်ရွယ်ရွယ်န့ဲမသေခဲ့ပါဘူး အသက်ကြီးမှ ဆုံးသွားခဲ့တာပါ။
အဲဒီခေတ်တုန်းက အရက် တွေက သတ်မှတ်ထားတဲ့ နည်း စနစ်တွေ အတိုင်း ချက်လုပ်ခဲ့တဲ့ အရက် များဖြစ်နိုင်ပါတယ်။ ဓာတ်မြေသြဇာတွေလှိုင်လှိုင် ထည့်ပြီးချက်ခဲ့တဲ့ အရက်တွေတော့ ဖြစ်ဟန် မတူပါဘူး။ တစ်ချိန်တုန်းက မြန်မာပြည်မှာ အသောက်များခဲ့တဲ့ နာမည်ကြီး အရက်တွေကတော့ မန္တလေးရမ် နဲ့ ဘီအီးဒီစီ လို့ခေါ်တဲ့အရက်ဖြူတွေ ဖြစ်ပါတယ်။ 


တင်လဲဖြူတို့၊ အိုးဘရန်ဒီတို့၊ မော့ဝီစကီတို့လည်း ထုတ်လုပ်ခဲ့ပါသေးတယ်။ အရက်သောက်တာများ ရင် အန္တရာယ်ရှိတယ်ဆိုတာ လူတိုင်းနားလည်ပါတယ်။ အရက်ဆိုတာ လူကိုဘေးဖြစ်စေတဲ့ အဆိပ် ဓာတ်ပါ တာချည်းပါပဲ။ သို့သော် အဲဒီ အရက်တွေကိုထုတ်လုပ်တဲ့ခေတ် တုန်းက သတ်မှတ်ထားတဲ့ အဆင့် အတန်းစံချိန်အတိုင်းထုတ်လုပ်ခဲ့ ကြတာကြောင့် နည်းနည်းတော့ ခံသာသေးတယ်လို့ ဆိုနိုင်ပါ တယ်။
တခြား တိုင်းပြည်တွေမှာ အရက်ချက်တဲ့ အခါ စနစ်တကျ ချက်ကြပါတယ်။ စနစ်ကျဖို့ကို လည်း စောင့် ကြည့်နေတဲ့တာဝန် ရှိအဖွဲ့အစည်းများလည်း ရှိပါ တယ်။ ဆိုလိုချင်တာကတော့ Food security လို့ခေါ်တဲ့ စားသုံး ကုန်လုံခြုံရေးကို အမြဲမျက်ခြည် မပြတ်စောင့်ကြည့်စစ်ဆေးတဲ့ စနစ် ရှိနေပါတယ်။ 


ဥပမာတစ်ခု လောက်တင်ပြရရင် စကော့ တလန်မှာ နာမည်ကြီးစကော့ ဝီစကီများချက်ပါတယ်။  ချက်တဲ့ အခါမှာလည်း ယေဘုယျအားဖြင့် ပြောရရင် အုပ်စပါးတို့၊ ဘာလီ စပါးတို့ကိုသုံးပါတယ်။ ဓာတုဗေဒပစ္စည်းများ မသုံးပါ။ မသုံးရပါ။ ဓာတုဗေဒ ပစ္စည်းလို့ပြောရမယ့် ဟာတစ်ခုကတော့ ‘ယိစ်’လို့ခေါ် တဲ့ တဆေး တစ်မျိုးဖြစ်ပါတယ်။ အဲဒီယိစ် ကလည်း တကယ်ဆိုရင် သဘာဝဓာတု ပစ္စည်း ပါ။သဘာဝ မှိုတစ်မျိုးပါ။

 ပြီးတော့ အလွန် သန့်ရှင်းတဲ့၊ သန့်စင်ထားတဲ့ ချောင်းရေ ဒါမှမဟုတ် မိုးရေကို အသုံးပြုပြီးချက်ပါ တယ်။ ကြုံရာ ရေပိုက်က၊ ချောင်းမြောင်းက၊ ရေတွင်း ကရေတွေနဲ့ အရက်ကို ချက်လုပ်ခြင်းမပြုပါ ဘူး။ မြန်မာ ပြည်မှာလို ဓာတ်မြေသြဇာတွေ ထည့်ပြီးချက်လို့ကတော့ တရား စွဲခံရလို့ အလျော်တွေပေးရတာ များလွန်းလို့ ကုမ္ပဏီပြုတ်ပြီး ထောင်တောင် ကျပါဦးမယ်။ မြန် မာပြည် မှာတော့ အရက်ချက်ဖို့ လိုင်စင်ကလည်း လာဘ်ထိုးလိုက် ရင် လွယ်လွယ်နဲ့ရနေပါတယ်။ 

အရက်ကို စည်းစနစ်တကျ ချက်၊ မချက်ဆိုတာကိုစောင့်ကြည့် တဲ့ စနစ်မျိုး၊ စမ်းသပ်စစ်ဆေး တာမျိုး မရှိတော့ ချက်ချင်သလို ချက်နေ ကြတာပါ။ အဲဒီလို အရက်မျိုး တွေကို နိစ္စဓူဝသောက်နေ မှတော့  ရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေတာ မဆန်းပါဘူး။ ငယ်ငယ် ရွယ်ရွယ်နဲ့ မသေတောင်အသက် ငါးဆယ်ကျော်တန်းလောက်ဖြစ် လာရင် အသည်းကို ထိခိုက်လာ တာများလို့ သူများထက်အရင် သွားရဖို့ရှိပါတယ်။
မြန်မာပြည်မှာ အရက်တွေ က အရည်အသွေးလည်း မမှန်၊ ဓာတုပစ္စည်းတွေကြောင့် အဆိပ် အတောက်တွေ ကလည်း အများ အပြားအရက်ထဲမှာကျန်နေသေး တော့ အရက်သောက်များရင် အသက်တိုတာ အမှန်ပါပဲ။ အရက်အကြောင်း နည်းနည်းလောက်ဇာချဲ့ပြောချင်ပါသေးတယ်။ 


စကော့တလန်က ထုတ်လိုက်တဲ့ ဝီစကီများအကြောင်း သိမှတ်ဖူး သလောက်ပြောချင်တာပါ။ သာမန်ဈေးနှုန်း နဲ့ရောင်းချ တဲ့ ဝီစကီများဟာ စက်ရုံက ထုတ်ပြီး တာနဲ့ သစ်သားစည်ကြီးတွေမှာ ထည့်ပါတယ်။  ပုလင်းမသွတ် သေးပါဘူး။ အဲဒီစည်ကြီးတွေကို ၂ နှစ်လောက် ဂိုဒေါင်ထဲမှာသိမ်း ထားရပါတယ်။ 

အရက်ကို ဓာတ် မြေသြဇာလို ဓာတုဗေဒပစ္စည်း မပါဘဲ သဘာဝ အတိုင်းချက်တာ တောင် အရက် ထဲမှာ လူကို အန္တရာယ်ဖြစ်စေတဲ့ Toxic လို့ ခေါ်တဲ့အဆိပ်ဓာတ် အမျိုးမျိုး အထွေထွေကျန် ရှိနေပါသေးတယ်။ အဲဒါတွေလျော့ပါးအောင် အရက်ကို ဂိုဒေါင်ထဲမှာ သိမ်းထားရပါတယ်။ အဲဒီ အဆိပ်ဓာတ်များဟာ တဖြည်းဖြည်းနဲ့ အငွေ့ပြန်ပြီး လေထုထဲကို ရောက်သွားပါတယ်။ 

သို့သော် အရက်မှန် သမျှ ဈေးပေါသည်ဖြစ်စေ၊ ဈေးကြီးသည်ဖြစ်စေ လူကိုအဆိပ်ဖြစ်စေတဲ့ ဓာတ် ဟာ ကျန်နေပါသေးတယ်။ အနည်းဆုံး၂ နှစ်လောက် သိမ်းထားရပါတယ်။ ဒါကြောင့်မို့ သစ်သား စည်ကြီးတွေထဲမှာ နှစ်ကြာကြာ သိမ်းထားတဲ့ အရက်အမျိုးအစားဟာ အဆိပ်ဓာတ်တွေ ပိုလျော့ သွား ပါတယ်။ နှစ်ကြာလာတာနဲ့အမျှ တန်ဖိုးကြီးလာပါတယ်။ 

ပုလင်းသွတ်ပြီးမှ ဆက်သိမ်းထားရင် အဆိပ်ဓာတ်တွေ ဟာ လေထုထဲကို အငွေ့ပြန်ပြီး မတက်နိုင်တော့ လို့ပါ။ ဒါကြောင့် စကော့တလန် ကထုတ်လုပ်တဲ့ ဝီစကီတွေမှာ ၁၂ နှစ် အထိကြာအောင် သစ်သားစည်ကြီးတွေထဲ မှာသိမ်းထားပြီးမှ ပုလင်းသွတ်တဲ့ အရက်တွေ က ဈေးပိုပေးရတာဖြစ်ပါတယ်။ 

တစ်ခါ အမျိုးအစားအပေါ် မူတည်ပြီး ၁၂ နှစ်၊ ၁၆ နှစ်၊ ၁၈နှစ်၊ ၂၀ နှစ်၊ ၂၅ နှစ်  စသဖြင့်ရှိကြပါတယ်။ ဒီထက်နှစ် ပိုများတဲ့အရက်တွေလည်း ရှိပါသေးတယ်။ စကော့တလန် ပါလီမန်က ပြဋ္ဌာန်းထားတဲ့ အရက်ချက် တာနဲ့ပတ်သက်တဲ့ ဥပဒေတွေထဲမှာ အရက်မှန်သမျှ ချက်ပြီးတာနဲ့ သစ်သား စည်ကြီး တွေထဲမှာ အနည်းဆုံး ၂ နှစ်ကာလ အထိ မထား မနေရဆိုတဲ့ အချက်ပါပါတယ်။ အဲဒါကို ချိုးဖောက် ရင် ပြင်းပြင်းထန်ထန် အရေးယူပါတယ်။
အဆိပ်အတောက်ဖြစ်စေ တဲ့ဓာတ်တွေလျော့ပါး သထက် လျော့ပါးလာလို့ သောက်တဲ့အခါ မှာ လူကို ဥပဒ်ပေးတဲ့နှုန်းလျော့ လာပါတယ်။ သို့သော် သက်တမ်း ရင့် အရက်ဆိုပြီး သောက်ချင် သလိုသောက်နေရင်လည်း အသည်းရောဂါဖြစ်ပါတယ်။ ရောဂါ မဖြစ်နိုင်ဘူးလို့ဆိုလိုတာ မဟုတ်ပါ။ 


ဝီစကီထက် အဆိပ် အတောက်နည်းတဲ့ အရက်က ဗော်ဒကာ လို့ခေါ်တဲ့အရက်ဖြစ်ပါတယ်။ ရုရှား၊ ဖင်လန်၊ ပိုလန်၊ ဆွီဒင်နဲ့ ဆိုဗီယက်ရုရှားခွဲထက် နိုင်ငံများမှာ ထုတ်လုပ်ပါတယ်။ သို့သော် ရောင်း အားအပေါ်မူတည်ပြီး လွယ်လွယ် ချက်၊ ဈေးပေါပေါ နဲ့ရောင်းကြလို့ အခုရုရှားနိုင်ငံ မှာ ဗော်ဒကာ အပေါ စားသောက် ကြတဲ့သူများ အထူးသဖြင့် ဆင်းရဲ တဲ့သူများ အသက် (၅၀)ကျော် ကျော် မှာ သေဆုံးတဲ့နှုန်း များလာ နေတယ်လို့ဆိုပါတယ်။ 

အရက် သေစာထဲမှာ အဆိပ်အတောက် အနည်းဆုံး ကတော့ စပျစ်သီး ကနေဖောက်တဲ့ ဝိုင် အရက်ဖြစ် ပါ တယ်။ သို့သော် ဝိုင်အရက်ဟာ အနောက်နိုင်ငံများ ကတင်သွင်း တာမို့ အခွန် အကောက် အရ အရှေ့တိုင်းနိုင်ငံများမှာဈေးကြီးပါတယ်။ 

ဆင်းရဲသားများဝယ်ယူ သောက်သုံးဖို့မတတ်နိုင်ကြပါ။ ဝိုင်အရက်ဟာ အဆိပ်အတောက် နည်းတယ်ဆိုပေမယ့် သူ့ကိုလည်း စိတ်ကြိုက် သောက်ချင် သလို သောက်ရင်တော့  ဖြစ်စေ ပါတယ်။
အုပ်ချုပ်သူ အစိုးရဟာ မြန်မာပြည်က အရက်ကုမ္ပဏီတွေ အရက်ချက် စက်ရုံတွေကို ကြပ် ကြပ်မတ် မတ်စောင့်ကြည့်ဖို့လိုပါ တယ်။ အာဏာပိုင်တွေက ပိုက် ဆံရတိုင်း ဒီအတိုင်း လွှတ် ထား တော့   နောက် ဆုံးမှာ စားသုံးတဲ့သူ တွေသာ ဒုက္ခရောက်ရပါတယ်။ စားသောက်ကုန်လုပ်ငန်းအားလုံး ကို စနစ်တကျဖြစ်လာစေဖို့ နည်း နာတွေ၊ ဥပဒေသတွေခိုင်ခိုင်မာ မာရှိဖို့လိုနေပါပြီ။


 ဟိုးတစ်နှစ်တုန်းကလည်းလက်ဖက်တွေမှာဆိုးဆေးတွေပါတယ်ဆိုပြီးလက်ဖက်တံဆိပ်တော်       တော် များများ ရောင်းချခွင့်အပိတ်ခံရပါတယ်။ နောက်တော့ ငါးပိတွေလည်း ဆိုးဆေးပါတယ်လို့ ကြားရပြန်ပါတယ်။ အရက်ကိစ္စကိုတော့ အစိုးရက အခုအထိ ဘာမှ မပြောဘဲ၊အရေးမယူဘဲ ရှိနေသေးတယ်ဆိုတော့ မဟုတ်မှလွဲရော အရက် ကုမ္ပဏီတွေမှာ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ဆွေ မျိုးတွေ ရှယ်ယာပါထား လို့ပဲဖြစ်နိုင်ပါတယ်။ 

အရက်နဲ့သေခဲ့ ရတဲ့ စာပေနဲ့အနုပညာလောက က လူလတ်ပိုင်း အရွယ်ကောင်းတွေကို ပမာ ထားပြောရ တာကတော့ မြင်လွယ်အောင်၊ သိသာအောင် တင်ပြရတာပါ။ သာမန်လက်လုပ်လက် စားတွေ အရွယ်မတိုင်ခင်မှာ ဓာတုပစ္စည်းတွေနဲ့ ချက်တဲ့ စိတ်မချရတဲ့ အရက်ဆိုးတွေ ကို သောက် သုံးကြလို့ ငယ်ငယ်ရွယ်ရွယ်မှာ တစ်နှစ်တစ်နှစ် ဘယ်လောက်သေနေရတယ် ဆိုတာ ခန့်မှန်းကြည့် လို့ရပါတယ်။
မြန်မာပြည်မှာ အရက် ရောင်းချခြင်းဟာ တော်တော် လေးဖွံ့ဖြိုးလာနေတာ အမှန်ပါပဲ။ သို့သော် စိတ်ချရပြီး စနစ်တကျ ရှိတဲ့အရက်ချက် လုပ်ခြင်း မဖွံ့ဖြိုးသေးဘူးဆိုတာကို လည်း မြင်နေရပါတယ်။ တစ်ဖက်မှာ ကြည့်လိုက်ပြန်တော့လည်း ဓာတ်မြေသြဇာလို ဓာတုဗေဒပစ္စည်းတွေကိုသုံးပြီး အမြန် ချက်၊ အမြန်ရောင်းတဲ့နေရာမှာတော့ စကော့တလန်က ဝီစကီချက်သူတွေတောင် မြန်မာ အရက် ချက်သူတွေကို လိုက်မမီအောင် မြန်မာပြည်မှာ တိုးတက်ဖွံ့ဖြိုးနေပါကြောင်း။

Author: ဇော်မင်း
7Day News Journal






No comments:

Post a Comment