*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 2 March 2014

မနက်ဖြန် မှလား သိပ်နောက်ကျ သွားပြီ


မနက်ဖြန်မှလား သိပ်နောက်ကျသွားပြီ










စဉ်းစားရင်း အထိုင်နှေး၊ အထနှေး နေတတ်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ သူတို့ စဉ်းစားတာ တွေကလည်း ဘက်တစ်ခု တည်းကိုပဲ ကြည့်ရှု စဉ်းစားတာတွေ ဖြစ်နေလေတော့ ပြည့်စုံမှု နည်းတတ်တယ်။ 

ဒီအထဲ တစ်ခါ တစ်ခါ ကိုယ့်ရဲ့ အတ္တနဲ့ မာနကို ပေါင်းစပ်ထည့် သွင်းထားလိုက်ပြန်တော့ သူတို့ရဲ့ တွေးခေါ် စဉ်းစား မှုတွေဟာ လက်တွေ့ဘဝ၊ ကတိ အခြေအနေတွေနဲ့ ကင်းကွာနေတတ်တယ်။ မှန်တာကနည်းနည်း၊ မှားတာ က များများဖြစ်နေတတ်တယ်။



ကြောက်စိတ်ကို အခြေခံပြီး စဉ်းစားတာ၊ ကျားကျား မီးယပ်လုပ်လိုက်ပြီး စဉ်းစားတာ၊ လှေနံဓားထစ် အတွေးနဲ့ စဉ်းစားတာတွေဟာ မှန်နိုင်ခဲတယ်။ရာနိုင်နှုန်း အနည်းအကျဉ်း မှန်ကန်တယ်ထား၊ အောင်ပွဲရဖို့ ကတော့ ခက်လိမ့်မယ်။ တစ်ဖက်လူရဲ့ ဆန္ဒသဘောထား ကို နည်းနည်းလေး တောင်မစေ့ ငုတာ၊ အမှန် တရားနဲ့ အနီးစပ်ဆုံး အနေအထားကနေ မစဉ်းစားမသုံးသပ်ကြလေတော့ ယေဘုယျအားဖြင့် မှားနေတတ် တယ်။

နောက်တစ်ဆင့် တက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စတွေ၊ အကျိုးရှိမယ့် ကိစ္စတွေကို လုပ်တော့မယ်လို့ ဆုံး ဖြတ်ပြီး တဲ့ တိုင်အောင်လည်း အဲဒီလူမျိုးတွေ ဟာ အထနှေးကြပြန်ရော။ဆုံးဖြတ် ပြီးသားတွေကိုတောင် အကောင်အထည်ဖော်နိုင်ဖို့အတွက် အားနည်း နေကြပြန်ပါတယ်။ဖြည်းဖြည်းပေါ့ ဆိုတဲ့ စကားလုံးဟာ အဲဒီလို လူတွေရဲ့ လက်သုံးစကားပဲ ဖြစ်ပါလိမ့်မယ်။ငယ်ငယ်တုန်း ကတည်းက ကြားဖူးနားဝရှိပြီး အခု အချိန် အထိလည်း ရင်ထဲစွဲနေတဲ့ စကားတစ်လုံးရှိတယ်။

"Time and tide, wait for no man" ဆိုတဲ့ စကားပါ။ အချိန်နဲ့ ဒီရေဟာ လူကိုမစောင့်ဘူးတဲ့။ ဒါပေမဲ့ သူတို့ ကတော့ ပြောင်းပြန် သဘောနဲ့ နောက်ထပ် ရောက်လာမယ့် အချိန် တွေကိုပဲ အကြောင်းပြချက် တစ်မျိုး ပြီးတစ်မျိုး ပြရင်း ထိုင်စောင့်ချင်ပုံ ရတယ်။ ပျင်းရိလေးဖင့်စွာ လည်း စောင့်နေတတ်ကြရဲ့။ အချိန်နဲ့ ဒီရေ က လူကိုမစောင့်ဘူးဆိုတော့ သူတို့ ကပဲ အချိန်ကိုစောင့်ပြီးရင်း စောင့်ရင်း နဲ့ ထပ်စောင့်မယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။

မလုပ်ချင်တဲ့ သူမှာ လုပ်စရာ အလုပ် မရှိသလို အလုပ်နဲ့ ပျော်မွေ့ သူများ အတွက်ကတော့ အလုပ် အတွက် အချိန်က မလောက်တတ်ဘူး။ မိမိလုပ်ရမယ့် အလုပ်ထဲမှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားပြီး    အာရုံစူး စိုက်လုပ်ကိုင် နေရတာဟာ ပျော်စရာ ကိစ္စတစ်မျိုးပါ။ စိတ်ပျံ့လွင့်မှု နည်းတာကြောင့် မတော်တဲ့ အတွေး အမြင်၊ အယူအဆတွေဟာလည်း ကိုယ့်ဆီကို ရောက်မ လာနိုင်တော့ဘူး။

ဒီတော့ လူတွေမှာ ရှိတတ်တဲ့ ရန်လို စိတ်ဆိုတာတွေလည်း ခေါင်းလျှိုနေမှာ သေချာတယ်။ လုံးဝငြိမ်းချမ်း တဲ့ အနေ အထားတစ်ခုကို လက်ဝယ်ပိုင်ပိုင် ရနိုင်ပါရဲ့။ ရတဲ့ အလုပ်ကို ဆိုင်းငံ့ထားတာ လောက် မိုက်မဲတဲ့ အပြုအမူဟာ ရှိတော့မယ် မထင်ပါဘူး။ အသေချာ ဆုံး ဒီနေ့ဒီအချိန်ထက် မသေချာတဲ့ မနက်ဖြန်ကို ဘာ့ကြောင့် စောင့်ရမှာ လဲ။ ပစ္စုပ္ပန်ဟာ အကောင်းဆုံးအနေ အထားကို ပေးထားပြီပဲ။

ဒီတော့ ဒီနေ့ လုပ်ရမယ့် အလုပ်၊ ဒီနေ့ကို လုပ်ရမှာဖြစ်ပါတယ်။ ပြီးစီးစေရမှာ ဖြစ်ပါတယ်။ "Do it now." ချက်ချင်းလုပ်" ဆိုတဲ့ စကားကိုလည်း ကြားဖူးတယ်။ အမိန့်ပေးသံ ပါနေသယောင် ထင်ရ ပေမဲ့ ကြိုက် တယ်။ အလုပ်တစ်ခု လုပ်ဖို့အတွက် တောင်စဉ်းစားမြောက် စဉ်းစား၊ ဟိုလိုအကြောင်းပြ ဒီလို အကြောင်းပြ ပြီး ဖင်ဒရွတ်တိုက်ဆွဲ လိုက်ပါနေတာမျိုးဟာ အများကို ထိခိုစေရုံမက ကိုယ့်ရဲ့ ကိုယ်ရည် ကိုယ် သွေးညံ့ ဖျင်းကြောင်း ပြသရာလည်း ရောက်တယ်။ ပျင်းလို့မလုပ်တာ ဖြစ်ဖြစ်၊ မလုပ်လို့ ပျင်းတာ ဖြစ်ဖြစ် ရလဒ် ကတော့ ကောင်းမှာ မဟုတ် ပါဘူး။

တစ်ခါ တလေတော့ လည်း တချို့ လူတွေဟာ ကိုယ်လုပ် ကိုင်လိုက်တဲ့ အလုပ်အောင်မြင်ပြီးမြောက်သွား ရင် ကောင်းကျိုးရော၊ ဆိုးကျိုးရော ယှဉ်တွဲ ပေါ်ပေါက်လာတတ်တဲ့ သဘောကို သိထားကြတယ်။ လူ့သဘာဝအတိုင်း ကောင်းကျိုးချမ်းသာများအတွက် ကြိုဆိုမျှော်လင့်လိုပေမဲ့ ဆိုးကျိုး သက်ရောက် မှုတွေ ပေါ်ပေါက်လာမှာ ကိုတော့ ကြောက်တယ်။ လိပ်ပြာ မသန့်စရာကိစ္စတွေ ကိုယ့်မှာရှိနေရင် ပိုဆိုးလိမ့် မယ်။"ထိုင်နေ အကောင်း သား၊ ထသွားမှ ကျိုးမှန်းသိတယ်"ဆို တဲ့ စကားလိုဖြစ်သွားမှာ တွေးတော စိုးရိမ်စိတ်တွေ ရှိတတ်ကြတယ်။

ဒါကြောင့် ထင်ပါရဲ့၊ တချို့ မြန်မြန်ဆန်ဆန် သွက်သွက်လက် လက် လုပ်ရမယ့် အလုပ်ကို အချိန်ဆွဲ ပြီး လုပ်ချင်ကြတယ်။ မလိုလားအပ်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ရှိလေ မလားဆိုတဲ့ အတွေးနဲ့ တွန့်နေတတ် တယ်။ အချိန်တွေ မလိုအပ်ဘဲ ဖြုန်း နေတာနဲ့ တူတယ်။ ဒီနေ့ လုပ်စရာရှိ တာကို မလုပ်ဘဲ မနက်ဖြန်မှ လုပ်မယ် ဆိုတာ အန္တရာယ်ကို ဖိတ်ခေါ်နေ သလိုမျိုးလည်း ဖြစ်သွားတတ်တယ်။ ဒါကို သူတို့ မေ့နေ ကြ ပြန်ရော။ ဒီနေ့ လုပ်စရာရှိတာ ဒီနေ့လုပ်ပါ။ မနက် ဖြန်မှလား၊ ဒါဆို နောက်ကျသွား လိမ့်မယ်။

ဘယ်အလုပ်ဖြစ်ဖြစ် အလုပ် သေးသေးလေးပဲဖြစ်ဖြစ်၊ ကြီးမား ကျယ်ပြန်တဲ့ အလုပ်ကြီးတွေပဲဖြစ်ဖြစ် တစ်ဦးချင်း ကိစ္စပဲဖြစ်ဖြစ်၊ နိုင်ငံနဲ့ ချီတဲ့ ကိစ္စပဲဖြစ်ဖြစ် သွက်သွက်လက်လက် လျင်လျင်မြန်မြန် လုပ်နိုင်ရင်၊ လုပ် တတ်ရင် အကောင်းဆုံးပါပဲ။ ဒီနေ့ ထက်ပိုပြီး အရေးကြီးတဲ့ နေ့ဟာ မရှိတော့ပါဘူး။ မနက်ဖြန်ဆိုတာ မရေရာမှုတွေနဲ့ ပြည့်နေတတ်တာမို့ မမျှော်လင့်စေချင်ဘူး။ နောက်ကျ သွားလိမ့်မယ်။

အားလုံးကို တိုက်တွန်းချင် ပါတယ်။ ခင်ဗျားတို့ဟာ ကောင်းမွန် တဲ့ အနာဂတ်ကို မျှော်လင့်တယ်ဆိုရင် ဖြင့် ဒီနေ့လုပ်ရမယ့် အလုပ်ကို ဒီနေ့ပဲ စတင်စေချင်ပါတယ်။ ဒီကနေ့အလုပ် ကို မနက်ဖြန်ကလာပြီး လုပ်မှာ မဟုတ် ပါဘူး။ ဒီနေ့အလုပ်ဟာ ဒီနေ့ လုပ်ရ မှာပါ။ 

ဒီနေ့လုပ်ရမယ့် အလုပ်ကို မနက်ဖြန်မှစရင် မနက်ဖြန်မှာ စရမယ့် အလုပ်ဟာ သန်ဘက်ခါမှသာ စရ ပါ တော့မယ်။ ကောင်းမွန်သာယာတဲ့ အခြေအနေ တစ်ခု ကို ရောက် ဖို့ အတွက် တစ်ရက်နောက် ကျသွား  ရ တယ်ဆိုတာ နှမြောစရာကြီးပါ။

အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုတွေ၊ နောင်တတွေရကြတယ်ဆိုရင်တောင် သနားစရာမကောင်းဘဲ ဖြစ်နေ လိမ့် မယ်။ပြီးမြောက်အောင်လုပ်စေချင်တယ်။ တုန့်ဆိုင်းဖင့်နှေးနေရင် မကောင်းဘူး။ နောက်ကျရင် အပေါက် ဝမှာ ကျန်ရစ် နေခဲ့လိမ့်မယ်။ ဒါကို သတိထားကြဖို့ ပါ။ 

From...၇ိုး၇ာလေး

No comments:

Post a Comment