*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 25 February 2014

ဆေးလိပ်သောက်သော အကျင့် ပျောက်စေရန်



စွဲစွဲမြဲမြဲ လုပ်ဆောင်လာခဲ့ တဲ့ အလေ့အကျင့် တစ်ခုကို ဖြတ်လိုက်ဖို့ဆိုတာ မလွယ်ပါဘူး။ အထူး သဖြင့် ဆေးလိပ်သောက်ခြင်း လို မကောင်းတဲ့ အလေ့အကျင့်ဆိုရင် ဖြတ်တောက်ဖို့ ပိုတောင်ခက်ခဲ ပါဦးမယ်။ 

အမျိုးသားကင်ဆာ ဌာနကနေ ဆေးလိပ်ပြတ်အောင်ဖြတ်တဲ့ နည်းတွေကို အောက်ပါ အတိုင်းဖော်ပြပေး ထား သည်။

ဆေးလိပ်ဖြတ်ပြီး ချိန်မှာ--
 ဆေးလိပ်ဖြတ်တဲ့အကြောင်း ချရေးပါ။ဘာကြောင့် ဆေးလိပ်ဖြတ်ချင်တယ် ဆိုတဲ့အကြောင်းပြချက် ကိုပါ စာရင်းနဲ့ချရေးပါ ။ ဆေးလိပ်ဖြတ်ချင်ရတဲ့ အကြောင်းရင်း စာရွက်ကို ရေချိုးခန်းထဲက မှန်မှာ ကပ်ထားပြီး မနက်တိုင်း ရွတ်ပေးပါ။ ပန်းအိုး ထားရှိပါ။ 




အခန်းထဲမှာ ပန်းပွင့်တွေ ရှိတာက ဆေးလိပ်နံ့ထက် အများကြီး ရနံ့သင်းပျံ့စေပါတယ်။ သွားဆရာဝန် ဆီသွားပြီး သွားတွေကို သန့်စင်ပါ။ ခံတွင်းဆေးရည် သုံးပါ။ ထမင်းစားပြီးတိုင်း သွားတိုက်ပါ။ 

ဒီနည်းအားဖြင့် ဆေးလိပ်နဲ့ ကင်းတဲ့ ခံတွင်းဟာ စိတ်ကိုဘယ်လောက် လန်းဆန်းစေတယ်ဆိုတာ သင်သိ လာမှာပါ။ သင်ဟာ ကော်ဖီ၊ လက်ဖက်ရည်ဆိုင် ထိုင်ရင်း ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိ ရင် အဲဒီဆိုင်တွေကို ရှောင်လိုက်ပါ။သစ်သီးဖျော်ရည်ဆိုင် ကို ပြောင်းထိုင်ပါ။ ငွေစုပါ ။နေ့စဉ်ဆေးလိပ် ဖိုးအတွက် ကုန်ကျငွေကိုစုဘူးထဲမှာ စုဆောင်းပါ။ 

 လက်ချောင်းတွေကို အလုပ်ပေးပါ။ စီးကရက် အစား ဘောပင်ကို လက်ကြားညှပ်ပြီး အလုပ်ပေးထား ပါ။ဆေးလိပ်သောက်ခွင့်ပြုတဲ့နေရာတွေကိုရှောင်ပါ။ ဆေးလိပ်သောက်ချင် စိတ် မပေါ်အောင် ပီကေ ဝါးနေလိုက်ပါ။ ။

ကြည်စင်ဝင်းသန့်

 

From.... မြ၀တီ


No comments:

Post a Comment