*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 23 January 2014

ဂစ်တာ နှင့် ပတ်သက်ပြီး စိတ်ဝင်စား သူများ အတွက်


ဂစ်တာ ၏ အစိတ် အပိုင်း များ

ဂစ်တာ မတီး ခတ်မီ ကျွန်တော်တို့ တီးခတ်မယ့် တူရိယာဖြစ်တဲ့ ဂစ်တာရဲ့အစိတ်အပိုင်းများနှင့် အကျွမ်းဝင် 
ရင်းနှီးအောင် အရင်ဆုံး လေ့လာကြည့်ရအောင် ။ (လျှာရှည်ပြီ) ဂစ်တာရဲ့အစိpartsofguitarတ် အပိုင်းတွေကတော့ - - - -
ပထမဆုံး Headstock လို့ခေါ်တာ ဂစ်တာရဲ့ ခေါင်းပိုင်းပါ ။ (သြော် ရှင်းသွားတာပဲ.. :) ) အဲဒီမှာရှိတဲ့ Tuning keys (or) Machine Headsလေးတွေနဲ့ ခင်ဗျားဂစ်တာ ကို ကြိုးညှိရပါမည်။ 







အဲဒီနောက်မှာ မျှော့ကြောင်းလေးတွေ ဖော်ထားတဲ့ Nut လို့ခေါ်တဲ့ ဂစ်တာကြိုးထိန်းလေး ရှိပါသည် ။ သူ့ကို ပလက်စတစ် ၊ အရိုး (သို့) သစ်သား စတာတွေနဲ့ပြုလုပ်လေ့ရှိပါသည် ။ သေးငယ်ပေမယ့် အင်မတန်အရေးပါတဲ့ ကောင်လေးဖြစ်ပါတယ် ။ ဂစ်တာကြိုးတွေကို မရွှေ့ရှားနိုင်အောင် ထိန်းဖို့ ၊ ကြိုးတွေကို လက်ကွက်ပြားပေါ်မှ မတင်ပေးထားတဲ့ တာဝန်ကိုယူထားပါတယ် ။ 
 

 နောက်အစိတ်အပိုင်း တစ်ခုကတော့ ခင်ဗျားရဲ့အိပ်မက်တွေကို ပျိုးကြဲပေးမယ့် Neck လို့ခေါ်တဲ့ ဂစ်တာ လက်တံကြီးပါပဲ အဲဒီက Frets(သတ္ထုဘား)များနဲ့ ပိုင်းခြားထားတဲ့ Fretboard (လက်ကွက်ပြား)ပေါ် က နေရာ အမျိုးမျိုးမှာ စနစ်တကျ  ကွဲပြားခြားနားတဲ့ သံစဉ်အမျိုးမျိုးကို ခင်ဗျား ဖန်တီးနိုင်ပါတယ် ။ အဲဒီမှာ ခင်ဗျား မှတ်မိလွယ်အောင် position marker လို့ခေါ်တဲ့ လက်ကွက်ပြား အမှတ် အသားလေးတွေ မြှုပ်ပေးထား ပါတယ် ။ များသောအားဖြင့် အဝိုင်းလေးတွေပါ ။ တခြားပုံစံတွေ လည်း ပြု လုပ်နိုင်ပါတယ် ။ (အော်ဒါမှာပေါ့  J) ။ 

ကဲ … နောက်ဆုံးကတော့ အသံထွက်တဲ့ ဂစ်တာရဲ့ ကိုယ်ထည်(Body)ပါပဲ ။ ကိုယ်ထည်မှာကတော့ Sound Hole(အသံထွက်ပေါက်) ၊ ဂစ်တာကို လက်ခတ်ပြားနဲ့ ခြစ်မိမှာစိုးလို့ (ထင်တာပဲ) အလှဆင်ထားတဲ့ Pickguard(လက်ခတ်ပြားထိန်း) နှင့် Bridge (ကြိုးထိန်းခုံ) တစ်ခု ရှိပါတယ် ။ Bridgeပေါ်မှာလည်း Nutနှင့်ဆင်တူတဲ့ အသံထွက်ဖို့ထောက်ပံ့ပေးတဲ့ Saddleခေါ် ကြိုးထိန်းရန် ပင့်မရန် အပြားလေးအပြင်၊ ဂစ်တာကြိုးတပ်ဖို့ string pegs ခေါ်တဲ့ ငုတ်လေးတွေလည်း ရှိပါတယ် ။


 နောက်ပိုင်းပြုလုပ်တဲ့ ဂစ်တာအများစုမှာတော့ string pegs ပါတာများပါတယ် ။ အရင်တုန်းက ဂစ်တာတွေမှာတော့ နောက်ဆွဲ ခေါ်တဲ့ (tailpiece) မှာဂစ်တာကြိုးကိုသွင်းပြီး တပ်ရပါတယ် ကဲဒီလောက်ရှင်းရရင် ကျေနပ်ပါပြီ ဂစ်တာစပြီး ကိုင်လိုက်ကြစို:) :) :)

ညာဘက်ပေါင်ပေါ် ဂစ်တာတင် တီးခြင်း

                                                  

လက်တန်း မပါတဲ့ ထိုင်ခုံတစ်လုံးမှာ ခါးကို ခပ်မတ်မတ်ထိုင်လိုက်ပါ ။  သက်တောင့်သက်သာ ရှိရပါမယ် ။ အရည်တောက်တောက်ကျခြင်း ပျော့ခွေခြင်း နောက်မှီ ထားခြင်း မရှိသင့်ပါဘူး ။ ထိုင်ခုံမှာ နောက်မှီ မပါရင် ပိုကောင်းပါတယ် ။ ဂစ်တာကို ညာဘက်ပေါင်ပေါ်ကို တင်လိုက်ပါ ။ ဂစ်တာလက်တံ ဟာ ခန္ဓာကိုယ်နဲ့ ၃၅ဒီဂရီခန့် စောင်းထားလိုက်ပါ ။ ဂစ်တာလက်တံကို အပေါ်နည်းနည်းမြှောက်ထားပါ ။ ဂစ်တာတင်ထားတဲ့ ညာခြေအောက်မှာ အမြင့်တစ်ခု ခံထားချင်လည်းရပါတယ် ။ ဒီပုံစံဖြင့် acoustic guitar (သံကြိုးတပ် ဂစ်တာ)နှင့် electric guitar (လျှပ်စစ်ဂစ်တာ) တို့ကို တီးခတ်နိုင်ပါတယ် ။

ဘယ်ဘက်ပေါင်ပေါ် ဂစ်တာတင်တီးခြင်း (Classical-position)

                                                            

ဒီပုံစံကိုတော့ classical position လို့ သိကြပါတယ် အများအားဖြင့် classical music ကို nylon-string guitar (နိုင်လွန်ကြိုးတပ်ဂစ်တာ) ဖြင့် တီးခတ်လေ့ရှိပါတယ် ။ ဒီပုံစံကတော့ အပေါ်ကပုံစံရဲ့ ပြောင်းပြန်ပါ ။ ဂစ်တာကို ခန္ဓာကိုယ်မှာ ပိုက်ပြီးတီးတဲ့ ပုံစံပါ ။ ဂစ်တာကို ဘယ်ခြေပေါ်တင်လိုက်ပါ ။ ဂစ်တာတင်ထားတဲ့ ဘယ်ခြေရဲ့အောက်မှာ ၆လက်မခန့် အမြင့်တစ်ခုကို ခံထားပေးပါ ။ အမြင့်ခံ၍ ခြေထောက်မြှောက် ထားခြင်းကြောင့် ဂစ်တာသည် ဘယ်ဘက်ရင်အုံမှာ ကပ်နေပါမယ် ။ ဂစ်တာလက်တံကို ၄၅ဒီဂရီ ခန့် မြှောက်ထားလိုက်ပါ ။ 

ဤအနေအထားသည် ဘယ်လက်ကို Fretboard တစ်ခုလုံး လွတ်လပ်စွာ သွားလာတီးခတ်နိုင်သလို ညာလက်ကိုလည်း သက်တောင့်သက်သာ ရှိစေပါတယ် ။ classical position ဟုခေါ်သော်ငြားလည်း သံကြိုးတပ်ဂစ်တာ ၊ လျှပ်စစ်ဂစ်တာများဖြင့်လည်း တီးခတ်နိုင်ပါတယ် ။ (ဘယ်သူမှတရားမစွဲပါ J) လွယ်ကြိုးနဲ့ မတ်တပ်ရပ်တီးတဲ့ပုံစံကိုတော့ ဒီအခြေခံစာအုပ်မှာ ထည့်မရေးတော့ပါဘူး ။ (ပျင်းလို့)

Guitar Plectrum ကိုင်တွယ်ခြင်း (ညာလက်အနေအထား)












 ဂစ်တာ လက်ခတ်ပြားကို Plectrum (သို့) Pick လို့လည်းခေါ်ကြပါတယ် ။ အရင်ဆုံး pick တစ်ခုဝယ်လိုက်ပါ (သို့) ဂစ်တာတီးတဲ့ သူငယ်ချင်းတစ်ယောက်ဆီက တောင်းလိုက်ပါ ။ (ဆောရီး အကျင့်ပါ သွားလို့ :D ) ယေဘုယျအားဖြင့် pick ၃မျိုးရှိပါတယ် ။ Thin(လက်ခတ်အပါးစား) , Medium(မထူမပါး) နဲ့ Heavy (အထူစား) ပါ ။ 

 ဂစ်တာစတီးသူတွေအတွက် Thinနှင့်Medium ဟာအသင့်တော်ဆုံးပါပဲ ။ pick ကိုင်ဖို့ ညာလက်ချောင်းများရဲ့ အလယ်ဆစ်ကိုကွေးလိုက်ပါ ။ လက်သီးမဆုပ်ထားပါဘူး ။ လက်ချောင်းတွေပဲ ဆုပ်ထားတာပါ ။ အနူလက်သီးပုံစံပေါ့ဂျာ ။ ပြီးရင် လက်ညိုးကွေးပေါ်မှာ pick ကိုတင်ပြီး လက်မဖြင့် ညပ်လိုက်ပါ ။ pick ကိုဖိမကိုင်ရပါဘူး ။ လက်မကခပ်ဖွဖွထိန်းထားရုံပါ ။ pickကို လက်မအပြင်သို့ လက်မဝက်ခန့် အရှည်ထုတ်ထားလိုက်ပါ ။ pickနဲ့လက်မဟာ ၉၀ဒီဂရီ ထောင့်ချိုးရှိနေရပါမယ် ။ ဒါက ကိုင်တဲ့နည်းစနစ်ပါ ။ 

တီးတဲ့အခါလည်း pickကို ကြိုးတွေပေါ်မှာ အပြားလိုက် ဒဲ့တီး ရပါတယ် ။ (စောင်းမတီးပါ) ။ အဲလိုတီးမှ floating ဖြစ်ပါမယ် ။ Rhythm တီးခတ်တဲ့အခါ ညာလက်ကို တတောင်ဆစ် တစ်ခုလုံး လွှဲ ၍တီးပါတယ် ။ (နာရီချိန်သီးလွှဲလိုမျိုးပါ) ။ ဂစ်တာကြိုး၆ကြိုးဟာ လက်လွှဲကျယ်ရဲ့ အလယ်မှာရှိပါမယ် ။ pickကို ခပ်ဖွဖွကိုင်၍ floating ဖြစ်ရမှာကို သတိထားပါ ။ လက်ကိုလေထဲမှာပဲ ထားပါမယ် ။ ဂစ်တာကိုယ်ထည်ကို လက်သန်းထောက်ခြင်း ၊ Bridgeခုံကိုမီထားခြင်း မပြုရပါဘူး ။ အဓိကpicking ၂မျိုးရှိပါတယ် ။ down stroke(ဂစ်တာကြိုးပေါ်မှ ကြိုးအောက်သို့ တီးခတ်ခြင်း) နှင့် up stroke(ဂစ်တာကြိုးအောက်မှ အပေါ်သို့ပင့်ခတ်ခြင်း) တို့ဖြစ်ပါတယ် ။ ထိုသို့တီးခတ်ရာတွင်လည်း free stroke (pickကိုအလွတ်လေထဲတွင်တီးခြင်း)နှင့် rest stroke(pickကိုအောက်ကြိုးပေါ်တွင်ရပ်နားခြင်း) ဟူ၍ရှိပါတယ် ။ 

ကျွန်တော်တို့က free stroke ဖြင့်သာလေ့ကျင့်ပါမယ် ။ အစပိုင်းမှာ pick ခဏခဏ လွတ်ကျပါလိမ့်မယ် ။ စိတ်မပျက်ပါနဲ့ ။ ပြန်ကောက်ပြီး တီးလိုက်ပါ။ ရာမ မင်းသားတောင် မယ်သီတာ အခိုးခံရသေးတာ မဟုတ် လား ။ (ဘာမှလည်းမဆိုင်ဘူး J)

ဘယ်လက်အနေအထား

                 





ဂစ်တာလက်တံ နောက်ဘက်ကို စိတ်ပိုင်းဖြင့်ထက်ဝက် ပိုင်းလိုက်ပါ ။ ဘယ်ဘက်လက်မဟာ ဂစ်တာ လက်တံရဲ့ အောက်ဘက် (သို့) အလယ်နားတဝိုက်မှာသာ ရှိရပါမယ် ။ 

ပုံစံ-၁ ကိုကြည့်ပါ (လက်ချောင်း ထိပ် တည့်တည့် တီးခတ်နိုင်ဖို့ ဒီအနေအထားကို ဂရုတစိုက် လေ့ကျင့်ပေးရပါမယ် ) လက်ဖဝါး ဟာ ဂစ်တာ လက်တံမှာ ကပ်မထားရပါဘူး ။ လက်မနှင့် ကျန်လက်လေးချောင်းဟာ ဂစ်တာလက်တံကို ခွထားတဲ့အနေအထားပါ ။ 

ပုံစံ-၂ ကိုကြည့်ပါ ။ တတ်နိုင်သလောက် ကြေးဘားတန်းများရဲ့ ဘယ်ဘက်နားမှာကပ်ပြီး တီးပါ ။ လက်ချောင်းများနှင့် ဂစ်တာလက်တံဟာ ထောင့်မှန်အနေအထား ရှိပါတယ် ။ အလေ့အကျင့် မရှိသေးရင် အနည်းငယ် ခက်ခဲနိုင်ပါတယ် ။ လက်ကောက်ဝတ်ကို ချိုးထားသလို မဖြစ်ရအောင် ဂစ်တာလက်တံကို အပေါ်အနည်းငယ် မြှောက်ထားရင် သက်သက်သာသာ တီးနိုင်ပါတယ် ။ အဆင်ပြေပါစေဗျာ …. ။ 

ဂစ်တာကြိုးညှိခြင်း

ဂစ်တာစတင်မတီးခတ်မီ ဂစ်တာကြိုးတွေကို မဖြစ်မနေ ကြိုတင်ညှိထားရပါမယ် ။ ခရမ်းပြာသံစဉ်တွေ တီးချင် တယ် ဆိုရင် မညှိလို့လည်း ရပါတယ် ။ ( နောက်တာပါ ။ မညှိလို့မရပါဘူး :) ) ဂစ်တာကြိုးညှိတဲ့ နည်း စနစ် အမျိုးမျိုးရှိပါတယ် ။                                                                   

 ·         အီလက်ထရစ်ကိရိယာဖြင့်ဂစ်တာသံညှိခြင်း (Electric/Digital Tuner)
·         အသံညှိပိုက်ဖြင့်ဂစ်တာသံညှိခြင်း ( Tuning/Pitch Pipe )
·         အသံညှိခက်ရင်းဖြင့်ဂစ်တာသံညှိခြင်း ( Tuning Fork )
·         စန္ဒရား၊ကီးဘုတ်ဖြင့်ဂစ်တာသံညှိခြင်း ( Tuning by Piano/Keyboard )
·  နားဖြင့်ဂစ်တာသံညှိခြင်း ( Tuning by Ear ) … စသည်ဖြင့် အမျိုးမျိုးရှိပါတယ် ။  ယနေ့ အင်တာနက် ကွန်ပြူတာ ခေတ်မှာတော့ softwareဖြင့် ကြိုးညှိခြင်းအပြင် ၊ onlineမှတဆင့် လွယ်ကူစွာ ဂစ်တာကြိုး ညှိနိုင်ပါသေးတယ် ။




Electric/Digital tuner သုံးပြီးအသံညှိ တာကတော့ အမြန်ဆန်ဆုံး အလွယ်ကူဆုံးနဲ့ အတိကျဆုံးပါပဲ ။ (ဈေးကလည်း တိတိကျကျကောင်းပါတယ်) E-tuner အများစု မှာတော့ Guitarအပြင် Bass/Violin/ukulele စတဲ့ ကြိုးတပ် တူရိယာတွေလည်း ညှိနိုင်ပါတယ် ။ ဒါ့အပြင် ဂစ်တာ ကျင့်လျင် မရှိမဖြစ်လိုအပ်တဲ့ Metronome ခေါ် နရီ ချိန်စက်လည်း တွဲပါလေ့ရှိပါတယ် ။ အသုံးပြုရလွယ်ကူတယ် ဆိုသော်လည်း အနည်းဆုံး ဂစ်တာ လွှတ်ကြိုးတွေရဲ့ အသံကိုတော့ သိထားရပါမယ် ။ Standard tuning လို့ခေါ်တဲ့ ယေဘုယျ စံအဖြစ် သတ်မှတ်ထားတဲ့ ဂစ်တာကြိုးအသံတွေက - - -

·         နံပါတ်၁လွှတ်ကြိုး = E (329.63Hz)
·         နံပါတ်၂လွှတ်ကြိုး = B (246.94Hz)
·         နံပါတ်၃လွှတ်ကြိုး = G (196.00Hz)
·         နံပါတ်၎လွှတ်ကြိုး = D (146.83Hz)
·         နံပါတ်၅လွှတ်ကြိုး = A (110Hz)
·         နံပါတ်၆လွှတ်ကြိုး = E (82.41Hz)  …. တို့ဖြစ်ကြပါတယ် ။

လွှတ်ကြိုးသံတွေကို သိထားဖို့လိုပေမယ့် Frequencyတွေကတော့ မှတ်ဖို့မလိုပါဘူး ။ ဗဟုသုတအဖြစ် ထည့်ထားတာပါ ။ ညှိပုံနည်းစနစ်ကတော့ Guitar cable ခေါင်းတစ်ဖက်ကို ဂစ်တာရဲ့output jack ပေါက်မှာထိုး၍ ကျန်cableခေါင်းတစ်ဖက်ကို Tunerရဲ့ input ပေါက်မှာ ထိုးလိုက်ပါ ။ Tunerသည် Click-typeဆိုပါက ဂစ်တာခေါင်း (Headstock)တွင် ညှပ်လိုက်ပါ ။ 

အကယ်၍ ခင်ဗျားဂစ်တာမှာ jackပေါက်မပါလည်း Tuner က built-in Microphone ကိုဖွင့်၍ ဂစ်တာနား ကပ်ပြီး ညှိလည်းရပါတယ် ။ ကဲ..ကြိုးစညှိရအောင် ဂစ်တာနံပါတ်၁ကြိုးကိုတီးလိုက်ပါ ။ screen မှာ B,C,D စသည်ဖြင့် ပေါ်နေတဲ့အခါ E ကိုရောက်အောင် ညှိပါမယ် ။ များသောအားဖြင့် လျော့နေတာများပါတယ် ။ Eကိုရောက်တဲ့အခါ မီတာတံလေးကို အလယ် တည့်တည့်ကျအောင် ထပ်ပြီးညှိရပါမယ် ။  အသံနိမ့်တဲ့အခါ flat sign ( b ) ဘက်ကိုမြှားရောက်နေပြီး ၊ အသံမြင့်တဲ့အခါ sharp sign ( # ) ဘက်ယိုင်နေတဲ့မီတာတံလေးကို တွေ့ရပါမယ် ။ အလယ်တည့်တည့်ကျအောင် ညှိလိုက်ပါတော့ ။ Standard tuning နဲ့ညှိထားတဲ့ Acoustic ဂစ်တာကြိုးတွေဟာ ခပ်တင်းတင်းလေး ရှိပါတယ် ။ ကျန်ကြိုးတွေလည်း ထိုနည်းလည်းကောင်း ပါပဲ ။ အပေါ်မှာရေးထားတဲ့ လွှတ်ကြိုး သံတွေကြည့်ပြီးညှိလိုက် ပါတော့ ။ (ပျင်းထှာJ)

 Tuning Pipe ဆိုတာကတော့ သူ့ရဲ့ပိုက်လုံးကို ပါးစပ်နှင့်မှုတ် ၊ ထွက်လာတဲ့အသံကို နားထောင်ပြီး ဂစ်တာကြိုးတွေနဲ့ ကိုက်ညီအောင်ညှိရတဲ့ ကြိုးညှိကိရိယာတစ်မျိုးပါ ။ အများစုကတော့ အသံ၆မျိုးပါတဲ့ ပိုက်၆ချောင်းတပ်ပုံစံမျိုးဖြစ်ပေမယ့် ပိုက်၁ချောင်း (အသံ၁သံ)တည်း လည်းရှိပါတယ် ။ ပိုက်ပေါ်မှာ ကြိုးနံပါတ်နှင့် အသံတွေကိုရေးပေးထားပါတယ်  E1 , B2 , G3 , D4 , A5 , E6 စတာတွေပါပဲ ။ Eဆိုတာက လွှတ်ကြိုးသံ ၊ 1ဆိုတာက ကြိုးနံပါတ်  ကဲ … ညှိလိုက်အုံးတော့ နောက်တစ်မျိုး J


Tuning Fork ကတော့ ယနေ့အသုံးနည်းပါတယ် ။ သူ့ကို pitch အမျိုးမျိုးထုတ်လုပ်ပေမယ့် အများစု အသုံးပြုတာကတော့ A(440Hz)ပါ ။ ပုံသဏ္ဌာန်က အင်္ဂလိပ်စာလုံး "U"ကို လက်ကိုင်တုတ်ချောင်းလေး တပ်ထားသလိုပါပဲ ။ ညှိပုံကတော့ တစ်ချောင်းတည်းရှိတဲ့ လက်ကိုင်ဘက်က ကိုင်ပြီး "U"ပုံ သဏ္ဌာန် နှစ်ချောင်း ပါတဲ့ဘက်ကို အမာခံတစ်ခုမှာ ရိုက်လိုက်ပါ ။ ထွက်လာတဲ့အသံကို နားရွက် နားကပ်နားထောင်ပြီး အသံတူအောင်ညှိရတာပါ ။

 ဒီပုံတိုင်းဆို လက်၃ချောင်းလိုပါတယ် J Tuning Fork တီးဖို့တစ်ချောင်း ၊ ဂစ်တာကြိုးကို တီးခတ်ဖို့တစ်ချောင်း ၊ Tuning key ကိုလှည့်ပေးဖို့တစ်ချောင်း … ။ အကောင်းဆုံးက Tuning Fork လက်ကိုင်ကို ညာလက်ညိုးနှင့် လက်ခလယ်ကြားမှာ ညှပ်ပြီးကိုင်ထားပါ ။ အဲဒီနောက် အမာခံတစ်ခုကို တီးလိုက်ပါ ။ လက်ကိုင်ရဲ့ ဘုသီးအဝိုင်းလေးကို ဂစ်တာရဲ့ ကိုယ်ထည်မှာ ကပ်လိုက်ပါ ။ သူ့ရဲ့တုန်ခါရှိန်ကြောင့် ဂစ်တာမှ အသံထွက်လာပါလိမ့်မယ် ။ (အဲဒီအသံနှင့် တူညီအောင် ညှိရမှာပါ) 

ညာလက်မဖြင့် ညှိမယ့်ကြိုးကိုတီးလိုက်ပါ ။ ဘယ်လက်ဖြင့် Tuning key ကိုလှည့်ကာ ညှိနိုင်ပါပြီ .. ။ ခင်ဗျားတို့ ကြိုက်ရင်တော့ သုံးပေါ့ ။ ကျွန်တော်တော့ မကြိုက်ပါ ။ ဒါပေမယ့် သူ့ကို သတ္ထုအမာစားနဲ့ ပြုလုပ်ထားတော့ ရေရှည်(တသက်လုံး) အသုံးခံပါတယ် ။ ဈေးတွက်နဲ့တော့ အကိုက်ပါပဲ … ။


Tuning by keyboard 

                          



















 ကီးဘုတ်ဖြင့် ဂစ်တာကြိုး ညှိချင်ရင်တော့ ပုံမှာပြထားတဲ့ အတိုင်းပါပဲ ။   (သြော် ဒါတော့သိတာပေါ့ J) သာမန် ကီးဘုတ်တွေမှာတော့  ဒီပုံမှာ ပြထားတဲ့အတိုင်း Middle C ရဲ့ ညာဘက် တတိယမြောက် ခလုတ်ဟာ ဂစ်တာ နံပါတ်၁လွှတ်ကြိုး Eသံ နှင့် တူညီပါတယ် ။ ဒါပေမယ့် ကွဲပြားမှု အနည်းငယ်လည်း ရှိပါတယ် ။ ဂစ်တာနုတ်မှာ ရေးထားတဲ့ Middle C ဟာ စန္ဒရားနုတ်မှာ ရေးတဲ့ Middle C ထက် အသံ တစ်ပြန် (1 octave)နိမ့်တာကတစ်ကြောင်း  (သို့) အသံခုနစ်ပြန် (7 octaves )ရှိတဲ့ စန္ဒရားလိုတူရိယာမျိုးနှင့် ဂစ်တာကိုညှိတဲ့အခါ Middle C ဟာ နောက်အသံမြင့်တစ်ပြန် (1octave)    နေရာမှာ ရှိနေပါတယ် ။ ရှုပ်သွားလားမသိဘူး ။ ရှင်းရင်းနဲ့ရှုပ်လာပြီ J ။ ရှင်းသွားမှာပါ ။ အောက်ကပုံလေးကိုကြည့် 




ဒီလောက်ဆို ရှင်းသွားပါပြီနော့် ။ (အတင်းပဲ :D )
ဒါတွေနဲ့ မကျေနပ်သေးဘူး ဆိုရင်လည်း အင်တာနက်မှာ online guitar tuner တွေအများကြီး ရှိပါတယ် ။ လွယ်ကူတဲ့ ဆိုက်တစ်ချို့ကတော့ …..

·         http://www.cyberfret.com/online-guitar-tuner/  


ဒီဆိုက်မှာလည်း Guitar-Tuner ထည့်ပေးထားပါတယ် ။ ရှာကြည့်နော် ။ :)
နောက် Mobile Guitar Tuner တွေလည်း အများကြီးရှိပါတယ် ။ ဒေါင်းပြီးသာ ညှိလိုက်ပေတော့ ။ တော်တော်လေး စုံလင်သွားပါပြီ ။ အထက်ပါနည်းလမ်းတွေနှင့် တစ်မျိုးမှ ကိုကို၊မမတို့အတွက် အဆင် မပြေသေးဘူးဆိုရင်တော့ နောက်ဆုံးနည်းလမ်းတစ်ခု ရှိပါသေးတယ် ။ 


Tuning by Ear -
 








နားနှင့် ဂစ်တာကြိုးညှိမယ်ဆိုရင်လည်း Standard Tuning ဖြစ်ဖို့ အသံတစ်သံလိုပါတယ် အဲဒါကတော့ ကြိုးဖုန်း(တယ်လီဖုန်း) တစ်ခုပါ ။ (မိုဘိုင်းမဟုတ်) ။ ကြိုးဖုန်း လက်ကိုင်ကိုယူပြီး နားထောင်ကြည့်ရင်  တူ…… လို့မြည်နေတဲ့ အသံရှည်ကို ကြားရပါမယ် ။ အဲဒါဟာ ဂစ်တာ နံပါတ်၁ကြိုးရဲ့ ပဉ္စမမြောက် လက်ကွက် မှာရှိတဲ့  Aသံပါ ။ 440hz ရှိပါတယ် ။ တစ်ကြိုးအသံညီရင် ကျန်တာတွေ မခက်တော့ပါဘူး ။ အလွယ်ဆုံးနည်းနဲ့ စလိုက်ရအောင် ။ ၁ကြိုးအသံ ညီပြီဆိုရင် ၆ကြိုးရဲ့အသံကိုညှိနိုင်ပါပြီ ။ ၁ကြိုးလွှတ်ကြိုးနှင့် ၆ကြိုးလွှတ်ကြိုးကို အသံတူအောင် ညှိလိုက်ပါ ။ ပြီးရင် နံပါတ်၅ကြိုးကို ဆက်ညှိပါမယ် ။ နည်းစနစ်ကတော့ .......



 









၆ကြိုး၏ လက်ကွက်၅ ကိုနှိပ်ပြီး တီးလိုက်ပါ ။ ထို့နောက် ၅ကြိုး၏ လွှတ်ကြိုး ကို တီးလိုက်ပါ ။  ထိုနှစ် အသံသည် အတိအကျ ထပ်တူ ညီနေရ ပါမည် ။ ၅ကြိုး၏ အသံ သည် နိမ့်နေလျှင်တင်းပေးမြင့်နေလျှင် လျော့ပေးရပါမည် ။ ကြိုးလျော့နေလား တင်းနေလားကို သင်ကိုယ်တိုင် ဆုံးဖြတ်ရပါမည် ။ (ခေါင်းလွှဲလိုက်ပြီ ) ။ များသောအားဖြင့် လျော့နေတတ် ပါသည် ။ 

နည်းအတိုင်း ၅ကြိုးလက်ကွက်၅နှင့် ၄လွှတ်ကြိုး ၊ ၄ကြိုးလက်ကွက်၅နှင့် ၃လွှတ်ကြိုး ၊ ၃ကြိုးလက်ကွက် ၄နှင့် ၂လွှတ်ကြိုး ၊ ၂ကြိုးလက်ကွက်၅နှင့် ၁လွှတ်ကြိုး ...စသည်တို့ကို အသံညီအောင်ညှိပြီးလျင် သင်၏ ဂစ်တာသံသည် ဗေလုဝ၏စောင်းကို ၁၈နှစ်နတ်သမီးတီးသကဲ့သို့ အသံထွက်လာပေလိမ့်မည် ။ (နည်းနည်းလောက် သည်းခံလိုက်ပါအုံး ။ ဂစ်တာကိုင်ရတော့မှာပါ ။ )

Guitar Tablature                             

Tablature ဆိုတာ ကြိုးတပ်တူရိယာတွေရဲ့ တီးခတ်ရမယ့် ကြိုးနှင့် လက်ကွက် ကို ဖော်ပြတဲ့ နေရာပြနု တ်တစ်မျိုးပါ ။ ၆ကြိုးတပ် ဂစ်တာအတွက် မျဉ်း၆ကြောင်း ပါဝင်တဲ့ Guitar Tablature ကို အသုံးပြုပါတယ် ။ မျဉ်းကြောင်း၆ကြောင်း ဆိုသည်မှာ ကြိုး၆ကြောင်း ကို ကိုယ်စားပြုပါတယ် ။ 

ပုံ-၁ ကို ကြည့်ပါ ။  



     















ဂစ်တာကို ပက်လက်လှန် ထားတဲ့ပုံစံပါ ။ Guitar Tablature ဆိုတာလည်း ဂစ်တာကို ပြောင်းပြန် လှန် ရေးထားတဲ့ နေရပြနုတ်တစ်မျိုးပါပဲ ။ အပေါ်ဆုံးမျဉ်းကြောင်း(1st line)ဟာ ဂစ်တာ၏နံပါတ်၁ကြိုး (E)ကို ပြောတာပါ ။ ထိုမျဉ်းပေါ်တွင် ရေးထားသော (0)ဆိုတဲ့ဂဏန်းကတော့ လွှတ်ကြိုးကို ပြောတာပါ ။ ထို့ကြောင့် အပေါ်ဆုံးမျဉ်း(1st Line)ပေါ်တွင် (0)ဟုတွေ့တဲ့အခါ ဂစ်တာ နံပါတ်၁ကြိုးရဲ့ လွှတ်ကြိုးကို တီးရပါမယ် ။ (ဟားဟား ဒါလေးများ J) ဒါဆို ဒုတိယမျဉ်းကြောင်း (2nd Line) ဆိုတာဂစ်တာ၏နံပါတ်၂ကြိုး (B) ၊ တတိယမျဉ်း(3rd Line)က နံပါတ်၃ကြိုး ၊ စတုတ္ထမျဉ်း(4th Line)က နံပါတ်၎ကြိုး ၊ ပဉ္စမမျဉ်း(5th Line)က နံပါတ်၅ကြိုး ၊ အောက်ဆုံးမျဉ်း(6th Line)ကတော့ နံပါတ်၆ကြိုး ဆိုတာ ကိုကိုသဘောပေါက်ပြီပေါ့နော် ။  

ပုံစံ၂ဖြင့် နောက်ဥပမာ တစ်မျိုးကို ထပ်ရှင်းပြ ပါမယ် ။ ပုံကိုကြည့်ပါ ။ ၆ကြိုး တစ်ချောင်း  တည်း ပေါ်မှာ ရေးထား ပါတယ် ။  နုတ်အားလုံးဟာ ၆ကြိုး ပေါ်မှာသာ တီးရမှာပါ ။ Tabအောက်ဆုံး  မျဉ်းပေါ်မှာ ရေးထားတဲ့ 1,2,3,4,5,6 ဆိုတာ ဂစ်တာ၆ကြိုးရဲ့ လက်ကွက် 1,2,3,4,5,6 လို့ပြောတာပါ အဲဒီတော့ အောက်ဆုံးမျဉ်း (6thLine) ပေါ်မှာ 1လို့တွေ့တဲ့ အခါ ဂစ်တာ နံပါတ် ၆ကြိုးရဲ့ လက်ကွက် ၁မှာ တီးရမယ်ဆိုတာ သိလောက်ပါပြီ ။ 

 ကျန်တာတွေလည်း အစဉ်အတိုင်းပါပဲ J (6th Line)ပေါ်က 2ဆိုတာ ၆ကြိုးရဲ့ လက်ကွက် ၂ ၊ 3ဆိုတာ ၆ကြိုးရဲ့ လက်ကွက်၃ … စသည်ဖြင့် သဘောနိုင်ပါပြီ ။ Tabရဲ့အောက်မှာ (လေးထောင့်ဘောင်ခတ်) ပေးထားတဲ့ နံပါတ်တွေ ကတော့ တီးရမယ့် (ဘယ်ဘက်) လက်ချောင်းတွေကို ဖော်ပြထားတာပါ ။ (ရှင်းပြလွယ်ကူအောင်သာ ဘောင်ခတ်ထားခြင်း ဖြစ်ပါတယ် ။ ပကတိနုတ်မှာတော့ ဘောင်မခတ်ထားပါဘူး ။ ) လက်ချောင်းပြနံပါတ်တွေကတော့ 1=(လက်ညိုး) 2=(လက်ခလယ်) 3=(လက်သူကြွယ်) 4=(လက်သန်း) တို့ဖြစ်ကြပါတယ် ။ ကဲဒါဆို Tabကို ပြန်ကြည့်ပါမယ် ။ Tab - 6th  lineပေါ်က 1ဆိုတာ ဂစ်တာ နံပါတ်၆ကြိုးရဲ့ လက်ကွက်၁ကို လက်ချောင်း၁ (လက်ညိုး)ဖြင့် တီးဖို့ ပြောတာပါ ။ 6th line ပေါ်က 2ဆိုတာ လည်း ဂစ်တာ နံပါတ်၆ကြိုးရဲ့ လက်ကွက် ၂ကို လက်ချောင်း၂ (လက်ခလယ်) ဖြင့် တီးရမယ် လို့ ပြောခြင်းပါ ။ ကျန်တာ တွေ လည်း အစဉ်အတိုင်းပါပဲ ။ လက်ချောင်း နှင့် လက်ကွက် အတူတူပါပဲ ပြောင်းလဲတဲ့ နေရာကတော့ 5နှင့်6ပါ မျဉ်းပေါ်မှာ 5လို့ရေးထားပြီး လက်ချောင်းနံပါတ် ကတော့ 1လို့ရေးထားပါတယ် ။ ဂစ်တာနံပါတ်၆ ကြိုးရဲ့ လက်ကွက်၅ကို လက်ချောင်း၁ (လက်ညိုး)ဖြင့် တီးရမယ်လို့ ဖော်ပြခြင်းပါ  နောက်တစ်ခု မျဉ်းပေါ်က 6ကတော့ ဂစ်တာ၆ကြိုးရဲ့ လက်ကွက်၆ကို လက်ချောင်း၂ (လက်ခလယ်)ဖြင့် တီးခတ် ဖို့ပါ ။ ဥပမာ၂ အကြောင်းပြီးပါပြီ ။ နောက်တစ်ခုက Tab-chordတွေ အကြောင်းပါ ။ 


ပုံ၃ကိုကြည့်ပါ ။ Tabရဲ့ဂဏန်းတွေဟာ တပြိုင်တည်း ရေးသားထားပါတယ် ။ 1st lineပေါ်

က (0) က ၁ကြိုးရဲ့လွှတ်ကြိုးပါ ။ 2nd-line ပေါ်က (0)ဟာ ၂ကြိုးရဲ့ လွှတ်ကြိုးပါ ။ 3rd-lineပေါ်က  (1)ကတော့ ၃ကြိုးရဲ့လက်ကွက်၁ပါ ။  4th line ပေါ်က 2ကတော့ ၄ကြိုးရဲ့ လက်ကွက်၂ ၊ 5th line ပေါ်က 2ကတော့ ၅ကြိုးပေါ်က လက်ကွက်၂ ၊ 6th line ပေါ်က (0)ကတော့ ၆ကြိုးရဲ့လွှတ်ကြိုး တို့ပဲဖြစ်ပါတယ် ။  တပြိုင်တည်း ရေးသားထားသောကြောင့် တပြိုင်တည်းတီးခတ်ရပါမယ် ။ ထွက်ပေါ်လာတဲ့ အသံကတော့ E chord ပါ ။ Guitar chord တွေကို ဖတ်ရှုတဲ့အခါ ဂစ်တာကို ပြောင်းပြန်လှန်ကြည့်တဲ့ပုံအပြင် ဂစ်တာကို ထောင်လျက်အနေအထား ပုံစံလည်းရှိပါတယ်   ။ အောက်တွင် ဥပမာပေးထားသော C chord ပုံကိုကြည့်ပါ ။



ဂစ်တာကို  ထောင်လျက်အနေအထား  Diagram ဆွဲထားတဲ့ပုံပါ ။ (x)ဆိုတာက အသံ မထွက်ရ/မတီးရတာကို ပြောတာပါ ။ 1,2,3 ကတော့ လက်ချောင်း နံပါတ်တွေကို ပြောတာပါ ။ Fretကတော့ ရေးစရာ မလိုတော့ပါဘူး ။ ဂစ်တာနောက်ပိုင်း က chord position တွေ ဆို ရင်တော့ Fretနံပါတ်တွေ ရေး ထားလေ့ရှိပါတယ် ။ ဒီလောက်ဆို Guitar chord chart/diagram တွေ ဖတ်နိုင် ပါပြီ ။ ကျွန်တော် တို့ လက်တွေ့ သင်ခန်းစာလေးတွေ စလိုက်ရအောင် … ။ ။ 


From...ရူးခါစ ဂစ်တာတီးနည်း(ဝင်းကို)

No comments:

Post a Comment