*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 22 January 2014

ခေါင်းဆောင် နှင့် အိပ်မက်


ခေါင်းဆောင်မှု စွမ်းရည် အကြောင်း ပြောတဲ့ အခါမှာ ပညာရှင်တွေ အသီးသီး ကခေါင်းဆောင် ဆိုသူတွေ ရဲ့ ထူးခြား တဲ့ အကျင့် စရိုက်လက္ခဏာတွေ ကို အမျိုးမျိုး ထုတ်ဖော်ခဲ့ကြ ပါတယ်။ သူတို့တွေ ရဲ့အရပ် အမောင်း ၊ ဥပဓိရုပ် က အစ အိုင်ကျူ (IQ) တွေ ၊ အီးကျူ (EQ) တွေ ၊ အက်စ်ကျူ (SQ) တွေ အထိ စဉ်းစား ခဲ့ကြပါတယ်။ 

ဦးဆောင်နိုင်ခြင်း၊ အနစ်နာခံခြင်း၊ ပါးနပ်လိမ္မာခြင်း၊ စည်းရုံးရေးကောင်းခြင်း၊ သည်းခံနိုင်ခြင်း၊ ဇွဲလုံ့လ ရှိခြင်း ၊ နိုးကြားထက် သန်ခြင်း၊ ဥာဏ် ပညာကြီးခြင်း၊ စီမံ ခန့်ခွဲနိုင်ခြင်း၊ စိတ်ကူး စိတ် သန်းကောင်းခြင်း၊ ရိုးသားဖြောင့် မတ်ခြင်း၊ ပြဿနာဖြေရှင်းနိုင်ခြင်း စသဖြင့် အများကြီးပါပဲ။


ခေါင်းဆောင်တိုင်း မှာ ဒီ အရည်အသွေးတွေ ရှိ ဖို့ လိုအပ်ပေမယ့် ဒီ အရည် အသွေးတွေ ရှိတာ နဲ့ခေါင်းဆောင် ဖြစ်ရော လား ဆိုရင်တော့အင်း.. စဉ်းစား စရာပါပဲ။ ခေါင်းဆောင်မှု စွမ်းရည် လက္ခဏာတွေ ကို အမျိုးမျိုး ဖွင့် ဆိုကြပေမယ့် ဒါတွေ အားလုံးပြည့်စုံနေတဲ့ခေါင်းဆောင်ရယ် လို့ မရှိနိုင် ပါဘူး။ 

တချို့အရည် အသွေးတွေ မရှိပေမယ့် လည်းခေါင်းဆောင် အဖြစ် ကြာရှ ည် စွာ ရပ်တည်နေကြ သူတွေ ရှိပါ တယ်။ နောက်ပြီး ခေါင်းဆောင် မှု အရည်အသွေးခေါ်တဲ့ အရာတွေ ကို တစ်ခုချင်း ဆီ လိုက်ကြည့်မယ် ဆိုရင် လည်း ခေါင်းဆောင် မဟုတ် တဲ့ လူအတော် များများမှာ ရှိနေတာကို သွားတွေ့နိုင်ပါတယ်။

ဥပမာ.. ဥာဏ်ရည် ထက်မြက်မှု ဆိုပါစို့။ ကျွန်တော်တို့ ပတ်ဝန်းကျင် မှာ ဥာဏ်ရည်ထက်မြက် သူတွေနေ ရာ တိုင်းမှာတွေ့နိုင်ပါတယ်။ ပညာအရည် အချင်းမြင့်မားတယ်၊ အဆင့်ကောင်းတယ်၊ အမှတ် များတယ်။ ဒါပေမယ့် သူတို့တွေ အားလုံးထဲ မှခေါင်းဆောင်နေရာကိုရောက် လာကြသူဟာ လက် ချိုးရေလို့ ရပါတယ်။
ခေါင်းဆောင်တိုင်း ဟာလူမှု ဆက်ဆံရေးနယ်ပယ် မှာကျွမ်းကျင် လိမ္မာရမယ်၊ ပါးနပ် ရမယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် လူမှုဆက်ဆံရေးရော၊ ပါးနပ် လိမ္မာ မှုရော ရှိတဲ့ အရောင်း ကိုယ်စားလှယ်တွေ ကို တွေ့ ဖူးပါ တယ်။ သူတို့တွေ ကခေါင်းဆောင်မှု ကိုတော့ မလုပ်နိုင်ကြတာ ပါတယ်။ ဒီလိုပါပဲ။ သည်းခံတတ် တဲ့ သူတွေ အများကြီးရှိတယ်၊ အနစ်နာ ခံလုပ်နေ တဲ့ ပရဟိတသမားတွေ ရှိတယ်၊ 

ရိုးသားဖြောင့်မတ် တဲ့သူတွေ လည်း တစ်ပုံကြီး ပါပဲ။ စီမံ ခန့်ခွဲမှုကောင်းတဲ့ မန်နေဂျာကြီးတွေ လည်း အများ အပြား ပါပဲ။ လူတော်တော် များများမှာ ခေါင်းဆောင်မှု အရည်အသွေးလို့ ပြောတဲ့ အရာတွေ ရှိနေကြတာ ကို တွေ့ရ ပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ခေါင်းဆောင်တွေပေါ်ပေါက်လာဖို့ခဲယဉ်းနေတာလဲ။ ဘာများ ကွာခြားနေလို့ပါလဲ။

ခေါင်းဆောင်တွေ ရဲ့ လက္ခဏာ နဲ့ ဦးဆောင်မှု ဟန်ပန် (Leadership Style) တွေကို အကဲခတ်တဲ့ နည်းတွေ ဟာ”ဘာလို့ ခေါင်းဆောင်ဖြစ် လာကြ သလဲ”ဆို တဲ့မေးခွန်း ကိုမဖြေနိုင် ဘဲရှိပါတယ် ။ ခေါင်းဆောင် ဆို တာ မွေးရာပါ မဟုတ်ဘူး၊ လေ့ကျင့်ယူလို့ ရတယ်လို့ဆိုကြပါတယ်။ 

“ကျွန်တော် ခေါင်းဆောင် တစ်ယောက်ဖြစ်အောင်ဘယ်လို လုပ်ရမလဲ” ဆိုတဲ့ မေးခွန်း ကတော့ သိပ် ကိုလေး နက်တဲ့ အဖြေတွေကို အလိုရှိနေပါတယ်။ မေးကြည့် ပါမယ်။ “ကျွန်တော် တို့ ခေါင်းဆောင်ဖြစ် အောင် ဘယ် လိုလေ့ကျင့် ယူကြ မလဲ”။ လူ တစ်ယောက်ကို စကားပြောကောင်းသူ  တစ်ယောက်ဖြစ်အောင်၊ စီမံခန့်ခွဲ မှုကောင်းအောင် လေ့ကျင့်ပေးဖို့ ဘာမှမခဲယဉ်းနိုင်ပါ။ 

ဒါပေမယ့်ခေါင်းဆောင်ဖြစ်အောင် လေ့ကျင့်ပေးပါ ဆိုရင်တော့ ခဲယဉ်း သွား ပြီဖြစ်ပါတယ်။ ဘာတွေ လုပ်မလဲ။ ဘာတွေ သင်ယူမလဲ။ ဘာတွေ ကိုလေ့ကျင့် ယူမလဲ။ ဘယ်ခေါင်းဆောင်ရဲ့ ဘယ်အစိတ်အပိုင်း ကို ပုံတူကူး ယူမလဲ။ တိတိ ကျကျ ပြောရန်ခက်ပါတယ်။

ခေါင်းဆောင်တွေရဲ့ အသွင်အပြင်၊ အမူအယာနဲ့ လက္ခဏာတွေ ကို အတုယူ အကဲခတ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ အပေါ်ယံ အပြုအမူ၊ အပြောအဆိုနဲ့ ဦးဆောင်မှု ပုံစံတွေ ကိုလေ့လာနေရုံ နဲ့ မပြီးနိုင်သေးပါ။ ဥပမာ -ရေခဲတောင် တစ်ခုကို ရေပေါ် မှာပေါ်နေတဲ့ အစိတ်အပိုင်း ကိုကြည့် ပြီးရေအောင်မြုပ်နေ တဲ့ အစိတ် အပိုင်း ပမာဏကို ဆက်စပ်မှန်း ဆနိုင် ပါ့မလား။

ဒီလို ပါပဲ ခေါင်းဆောင်ဖြစ်လာ သူတွေရဲ့ လက္ခဏာတွေ၊ ပြုမှု လှုပ်ရှားမှု ပုံစံတွေထက် မမြင်နိုင်တဲ့အတွင်း ပိုင်းက ခေါင်းဆောင်တွေရဲ့ အနှစ်သာရတွေကို မြင်အောင်ရှာဖွေပြီး ပျိုးထောင် ယူမှသာ ခေါင်းဆောင်ဖြစ် ပါလိမ့်မယ်။

ခေါင်းဆောင်ဖြစ်လာစေတဲ့ မမြင်နိုင်တဲ့ အနှစ် သာရတွေထဲက ပထမဆုံး အရာ တစ်ခုကတော့ စိတ်ကူး အိပ်မက် ပဲဖြစ်ပါတယ်။ တကယ်တော့ခေါင်းဆောင် မှုရဲ့ အနှစ်သာရ ကတော့ စိတ်ကူး အိပ်မက်များ ကို ဖော်ဆောင်ခြင်းဖြစ်ပါတယ်။ အနာဂတ် ကိုကြိုတင် ပုံဖော်ပြီးမျှော်မှန်းခြင်းဖြစ်ပါတယ်။ 

ဒီကိစ္စက သာမာန်သူတွေနဲ့ ခေါင်းဆောင်တွေ ကွာခြားသွား တဲ့ အနှစ် သာရ တစ်ခုပါပဲ။ ခေါင်းဆောင်မှု အရည် အသွေးတွေ ရှိပါလျက်နဲ့ ခေါင်းဆောင် စ်ဦး ထွက်ပေါ် လာဖို့ ခဲယဉ်းခြင်း ဟာစိတ်ကူး အိပ်မက် ပုံဖော်နို င်ခြင်း နဲ့လည်း ဆို င်ပါတယ်။ အရည် အသွေးတွေ အစုံ ရှိပြီးခေါင်းဆောင်ဖြစ် မလာတာ ဒီ အရည် အသွေးတွေ ကိုတခြား မှာအသုံးချလို့ဖြစ်ပါတယ်။ ခေါင်းဆောင်ဆို ပြီးဖြစ်လာတဲ့သူတွေ ကတော့ ဒီအရည် အသွေးတွေအားလုံး ကို စိတ်ကူးအိပ် မက်ဖော်ဆောင်ရေး မှာ အသုံးချလို့ ပါပဲ။

ခေါင်းဆောင် ဆိုတဲ့ သူရဲ့ခေါင်းထဲမှာ ပီပြင်တဲ့ အနာဂတ်မြင်ကွင်းကြီး တစ်ခု ရှိပါတယ်။ ဒါကို သူတို့ ပြတ်ပြတ် ထင်ထင်မြင်တွေ့နေကြတယ်။ ဒါဟာ သူတို့ အကောင်   အထည်ဖော်မယ့် အိပ်မက်ကြီး တစ်ခုပါပဲ ။ ခေါင်းဆောင် ဆိုတဲ့ သူတွေဟာ သူတို့ မြင်တဲ့ ဒီ အိပ်မက်ကို အခြား သူတွေဆီကို ကူးစက်ပေးနိုင် စွမ်းရှိပါ တယ်။ သူ ကူးစက်ပေးလိုက်တဲ့ သူတွေကို အိပ်မက် အမှန် တကယ်ဖြစ် လာအောင် အကောင် အထည်ဖော်ပေးကြ မယ့် နောက်လိုက်ကောင်းတွေ အဖြစ် လွမ်းမိုးနိုင်ပါတယ်။ 

ဒါဟာ ခေါင်းဆောင်ြ ဖစ်လာစေတဲ့ အချက်ပါပဲ။ အနှစ်သာရ တစ်ခုပါပဲ။ ခေါင်းဆောင် လုပ် မယ့်သူတွေမှာ အိပ်မက်တွေ ရှိရပါလိမ့်မယ်။ ထိထိရောက်ရောက်ခေါင်းဆောင် မှုပေးနိုင်တဲ့ခေါင်းဆောင်တွေဟာ သူတို့ ဘာကို ရယူချင်တယ်၊ သူတို့ ဘယ်ကို သွားချင်တယ်ဆိုတာ တိတိ ကျကျမြင်နိုင်တဲ့သူတွေပါပဲ။ 

အနာဂတ် အိပ်မက် (Dream) ကို လှမ်းမြ င်နိုင်ခြင်း (Vision) ဟာ ခေါင်းဆောင်တိုင်း အတွက် မရှိမဖြစ်တဲ့ အနှစ် သာရ တစ်ခုပါပဲ။ အိပ်မက် မရှိရင်ပန်းတိုင် (Goal) ဆိုတာ လည်းဖြစ် မလာနိုင်ပါ။ သွားရောက်မယ့် ပန်းတိုင် မရှိရင်ဘယ်သူ့ကို မှ ဦးဆောင်သွားနိုင် မှာမဟုတ်ပါဘူး။

ကျွန်တော်လေ့လာ ဖူးတဲ့ ခေါင်းဆောင် အတော်တော် များများ ဟာ အိပ်မက်တွေကို အကြီး အကျယ် မက်ပြီး လူ အများကို ကူးစက်စေကာ ဒီ အိပ်မက်တွေ အမှန် တကယ်ဖြစ်လာအောင်ဖော်ဆောင်ကြတဲ့ သူတွေ ပဲဖြစ်ပါတယ်။ ခေါင်းဆောင်မှု   စွမ်းရည်ဆိုတဲ့ အရည်အသွေးတွေ ကို သူတို့ ဟာ အဲ့ဒီလိုနေရာတွေမှာ မှန်ကန် စွာ အသုံးချကြ တာဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ခေါင်းထဲမှာ ရှိနေတဲ့ (ဒါမှမဟုတ်) အာရုံထဲ မှာ ပုံပေါ်နေတဲ့အနာဂတ်မြင်ကွင်း အိပ်မက် ကို တခြားလူအများ ဆီ ကူးစက်စေ တာဟာ တကယ် မလွယ်တဲ့ ကိစ္စတစ်ခု ပါပဲ။ စိတ်ထဲမှာ ဖြစ်ပေါ်နေ တဲ့အိပ် မက် ဆန္ဒ ကို တခြားလူ အများဆီကို ဆက်သွယ်ကူးလူးစေတာ မလွယ် ကူတဲ့ အရာတစ်ခုပါပဲ။ 

ဒီမလွယ်ကူတဲ့အရာကို ရအောင်လုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းပေါ်မှာမူတည်ပြီး ခေါင်းဆောင်ဖြစ်ခြင်း၊ မဖြစ်ခြင်းတွေ ကွာခြား သွားတာလို့ ကျွန်တော်ဆိုချင်ပါတယ်။ အိပ်မက်ဆိုတဲ့ အနာဂတ်ပုံရိပ် ဟာကြိုးစား အားထုတ်မှုတိုင်းရဲ့ တွန်း အားတွေဖြစ်လာစေပါတယ်။ ပြဿနာတွေကို အောင်မြင်စွာ ကျော်လွှားနိုင်ဖို့ အားတွေလည်းဖြစ်လာစေပါတယ်။ အဖွဲ့အစည်း ရဲ့ ပန်းတိုင်ကိုလှမ်းမြင်နေ ရပြီဆိုရင် စိတ်အားထက်သန် မှုတွေ အများကြီးရလာနိုင်ပါတယ်။ 

တိကျတဲ့ အနာဂတ် အိပ်မက်ရှိခြင်းဟာ ခေါင်းဆောင်လုပ် သူကိုတက်ကြွစေပါ တယ်။ ခေါင်းဆောင် ရဲ့တက်ကြွ တဲ့ ဦးဆောင်ချက်တွေဟာလည်းနောက် လိုက်တွေကိုကူးစက်လာစေပါတယ်။ ခေါင်းဆောင် လုပ်သူရဲ့စိတ်ကူး အိပ်မက်ဟာလည်းနောက်လိုက်တွေကို ကူးစက်လာ စေပါတယ်။ 

ဒီလိုနောက်လိုက် နဲ့ ခေါင်းဆောင် ဆက်သွယ်မှု ရပြီ ဆိုရင်အောင်မြင် တဲ့ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ် လာ မှာပါပဲ။ အိပ်မက် မရှိ တဲ့ခေါင်းဆောင်းဟာ ပန်းတိုင် မရှိတဲ့ အဖွဲ့အစည်း ကို ဖြစ်စေ ပါတယ်။ အဖွဲ့ အစည်း ဘယ်ကို ဦးတည်နေမှန်း မသိ တဲ့ သူနောက် ကိုတော့ ဘယ်သူ ကမှ ထက်ထက် သန်သန် လိုက် ပါလာကြ မှာ မဟုတ်ပါဘူး။ မရှိ တဲ့ အိပ်မက်ကို ဘယ်လို မှအကောင်ထည်ဖော်နိုင်မှာ မဟုတ် ပါဘူး။ အိပ်မက် မရှိဘဲ နောက်လိုက် များကို ဘယ်အရာနဲ့ ကူးစက်စေမှာလဲ။

 ဒီလိုမှာ မကူးစက်နိုင်ရင် နောက်လိုက်တွေကို လွှမ်းမိုးနိုင်မှာ မဟုတ်ပါဘူး။ နောက် လိုက်တွေကို မလွှမ်း မိုးနိုင်ရင် ဘယ်သူမှ လိုက်မှာ မဟုတ်ပါဘူး။ ဘယ်သူ မှ နောက်ကမလိုက်ရင်တော့ဘယ်တော့ မှ ခေါင်းဆောင် လည်း ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါကြောင့် ခေါင်းဆောင် လုပ်သူဟာ စိတ်ကူး အိပ်မက်တွေ ရမယ်။ ကိုယ့်စိတ် ကူးအိပ်မက်တွေ ကို အများ ရဲ့ စိတ်ကူး အိပ်မက်တွေဖြစ်လာစေအောင် ကူးလူးဆက်သွယ်ပေးရမယ်။ စိတ်ကူး အိပ်မက်ကို အကောင် အထည်ဖော်မယ့် နည်းလမ်းတွေ ကိုလည်း သိရမယ်။ အဲဒီ အိပ်မက်တွေကို တိကျတဲ့ ပန်းတိုင်ဖြစ် လာအောင် အသွင်ပြောင်းပြီး အများနဲ့ညီညွတ်စွာလုပ်ဆောင်နိုင်ဖို့ တိုက်တွန်းလှုံ့ဆော်နိုင်ရပါမယ်။ အိပ်မက် ပန်းတိုင်ကို ချမှတ်ပြီးအများနဲ့အတူ အဲဒီအိပ်မက်ဆီ ကို ရောက်အောင် ဦးစီးပြီး ဖော်ဆောင် ရမှာ ခေါင်းဆောင် တိုင်းရဲ့ အဓိက အလုပ်ပါပဲ။

အိပ်မက် ရှိခြင်းက ခေါင်းဆောင်ဖြစ် လာစေတာလား၊ ခေါင်းဆောင် ဖြစ်သူ ကအိပ်မက် ကိုဖော်ဆောင် တာလား။ ဘယ်လို ပဲဖြစ်နေပါစေ ခေါင်းဆောင် မှန် ရင်တော့ အိပ်မက်ရှိကို ရှိနေရပါလိမ့်မယ်။ ဒါဟာ သိပ် ကို အရေးကြီး ပါတယ်။ ဘာကြောင့် အရေးကြီး သလဲဆိုရင် အိပ်မက်ပန်းတိုင်ပျောက်သွားတာ နဲ့ခေါင်းဆောင် မှု အစွမ်း သတ်္တိတွေ ပျောက်သွားမှာ ဖြစ်လို့ပါပဲ။ အိပ်မက်ပျောက် လို့အဖွဲ့ပြိုကွဲပြီး ခေါင်းဆောင်နေရာ  ကကျသွား သူတွေကို ကျွန်တော် လက်တွေ့မြင်ခဲ့ဖူးလို့ပါပဲ။

သူတို့ မှာခေါင်းဆောင် မှု စွမ်းရည် ဆိုတာတွေ အထိုက် အလျောက် တော့ ရှိနေ ပြီးသားပါ။ ဒီ စွမ်းရည်တွေ ဟာ အိပ်မက် ကို ဖော်ဆောင်နေ မှ အဓိပ္ပါယ် ရှိမှာပါ။ ဒီ စွမ်းရည်တွေနဲ့ အိပ်မက် ကိုမှန်ကန်အောင် လုပ်ဆောင်နေ မှ အဓိပ္ပါယ် ရှိမှာပါ။ ဒီ အချက်ဟာခေါင်းဆောင်တိုင်း ကို အကြီးကျယ် ဆုံးလှုံ့ဆော် တိုက် တွန်းနေတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်ဟာ ခေါင်းဆောင်ကောင်းတွေဖြစ် လာစေဖို့ အတွက်အကြီး ကျယ်ဆုံး အနှစ် သာရ ကြီး တစ်ခုပဲဖြစ်ပါတယ်။

Let’s Fly Together!
ဖူးကျော်ဇင် (Future Wave)

From...Search Myanmar

No comments:

Post a Comment