*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 15 May 2014

လန်းဆန်းခွင့် မဲ့ ပန်းတစ်ပွင့်

အဖြူရောင် ဟုပင် မသဲ ကွဲတော့သည့် မည်းညစ် စပြုနေသည့် စပို့ရှပ် အင်္ကျီ လက်တို၊ အရောင်အဆင်း မွဲမွဲ ပေတစ်ရာ ထပ်သည့် ဘောင်းဘီ တိုနှင့် မှိန်ဖျော့ဖျော့ လျှာထိုး ဦးထုပ်ကို လှန်ချိုး၍ ဆောင်းထား သည့် အရပ် လေးပေကျော် သာရှိသည့် အသက် ၁၄ နှစ် အရွယ် လူငယ်လေး တစ်ဦး။ 

မွန်းတည့်နေ ၏ အပူရှိန် ပြင်းပြင်း အောက်တွင် နေ့လယ် ထမင်းစား အနားယူနေကျ လက်ဖက်ရည်ဆိုင် သို့ အပြေး တစ်ပိုင်းနှင့် လျှောက်လှမ်း လာနေသည်။ သူ့ နာမည်ကတော့ မောင်ဝင်းလှိုင်ထွေး ဖြစ်သည်။

မနက်ပိုင်း တစ်လျှောက် လုံး သဲထိုး တင်ပေးရသည့် ပင်ပန်းမှု ဒဏ်ကို အမောဖြေ၊ အနားယူရန် အတွက် ရောက် လာခြင်း ဖြစ်သည်။ ဘယ် ဘက်လက်မှာတော့ လူကြီးဝတ် စတီးရောင် လက်ပတ်နာရီ တစ်လုံး ၀တ်ဆင် ထားသည့် သူ့ ပုံပန်းမှာ ထူးခြားနေသည်။ ပြီးတော့ မျက်နှာနှင့်နှာခေါင်းဘေး မှာ ချွေးသီး များ စို့ နေသည်ကို အထင်းသား မြင်နေရသည်။

 
တိမ်ကောနေပြီဖြစ်တဲ့ ပန်းလှိုင်မြစ် ကမ်းဘေးက သဲဒိုင် တစ်ခုမှာတော့ လူကြီးသုံးဦး ပူပြင်း တဲ့ နေရောင် အောက် မှာပင် တီအီး ကုန်တင် ကားပေါ်သို့ သဲများ ကို ဂေါ်ပြားဖြင့် အပြိုင်ထိုး တင်နေကြ သည်။ ထိုအလုပ် ကို “ကားထိုးသည်” ဟု ဒေသခံများက ခေါ်ဆိုကြသည်။
“ကျွန်တော် ကျောင်းတက်ချင် တာပေါ့။ အမေ အခက်တွေ့သွား မှာ စိုးလို့။ ပထွေးက အမေ့ကို ပြဿနာ ရှာမှာ လေ။ ဒါကြောင့် အမေ့ အတွက် ၀င်ငွေ ကူရှာပေးနေတာ” ဟု မောင်ဝင်းလှိုင်ထွေးက သူဝင်ငွေ ရှာပေးရ သည့် အကြောင်းရင်းကို ပြောပြသည်။
 

သူသည်လည်း အလုပ်ကြမ်း သမား “ကားထိုး လုပ်သား” တစ်ဦး ဖြစ်သည်။ အသက် ၁၄ နှစ် ရှိသည့် သူ့ ခန္ဓာ ကိုယ်က ရှိသင့် သည့် အနေအထား ထက်တော့ ဖွံ့ဖြိုးမှု နည်းနေသည် ကို မြင်ရုံနှင့် သိနိုင်သည်။
သို့သော် လည်း ထမ်းနိုင် ပိုးနိုင်ပြီး တောင့်တင်းကြံ့ ခိုင်သည်။ လှိုင်သာယာ စက်မှုဇုန် (၄) နောက်ကျော ပန်းလှိုင်မြစ် ကမ်းဘေးက အုတ်သဲကျောက် ဒိုင်များ တွင် “ကားထိုးသည်” ဟုခေါ်သည့် အလုပ်ကို အစ်ကို၊ ပထွေး တို့နှင့်အတူ လုပ်ကိုင်လာသည် မှာ နှစ်,နှစ်ခန့်ရှိနေပြီ ဖြစ်သည်။

“တစ်နေ့ကို တစ်ထောင်၊ တစ်ထောင့် ငါးရာလောက်တော့ ရတယ်။ ကားတစ်စီး ထိုးရင် ငါးရာရတယ်” ဟု မောင်ဝင်းလှိုင်ထွေး က ရှင်းပြသည်။
ခြောက်ဘီး တီအီး ကုန်တင်ယာဉ် တစ်စီးပေါ် သို့ သဲများကို စုပေါင်း၍ ထိုးတင်ပေးရခြင်းဖြစ်ပြီး ကားတစ်စီး ထိုး တင်ပြီးပါ က သူလို ကလေး တစ်ယောက် အတွက် လုပ်အားခ ၅၀၀ ကျပ် ရရှိသည်။

ယခင်က မိဘ များနှင့် အတူ လှော်ကား ကျောင်းကုန်း တွင် နေထိုင်ကြပြီး လှော်ကား အလက(၁)တွင် သုံး တန်း အထိ စာသင်ကြားခဲ့ ကာ မိဘနှစ်ဦး ကွဲသွားမှုကြောင့် ကျောင်းမှ ထွက်ခဲ့ရသည်ဟု ဆိုသည်။
အသက် ၁၂ နှစ် အရွယ်တွင် ကျောက်ထမ်း လုပ်သားဖြစ်သည့် မိဘနှစ်ဦးနှင့် အတူ ရွှေပြည်သာ တံတား အောက် ရှိ ကျောက်ကွင်းတွင် ကျောက်ထမ်းလုပ်သား တစ်ဦးအဖြစ် စတင် အလုပ်ဝင်၍ ၀င်ငွေ ရှာဖွေခဲ့ရ ခြင်း ဖြစ်သည်။
 

ထိုစဉ်က အသက် ၁၆ နှစ်ရှိ အစ်ကိုဖြစ်သူနှင့် နှစ်ယောက်ပေါင်း လျှင် ကျောက်ထမ်းခ တစ်နေ့လျှင် တစ် ထောင် မှ တစ်ထောင့်ငါးရာ အထိ ရရှိသည်ဟု ၎င်းက ပြောပြသည်။

တာလီ တစ်ချောင်းလျှင် ထမ်းရသည့် အနီး အဝေးလိုက် ၁၈ ကျပ်မှ ၂၀ ကျပ်ထိပေးပြီး ကျောက် ထမ်းတောင်း အတွင်း ကျောက်မပြည့်ပါက တာလီဖြတ်ခံရသည်ဟု ဆိုသည်။
“အဲဒီ မှာ ပထွေးက အမေ့ ကို ခိုးပြေးလို့ ကျွန်တော်တို့ လည်း ဒီကို ရောက်လာရတာ” ဟု မောင်ဝင်းလှိုင် ထွေး က လှိုင်သာယာမြို့နယ် သို့ ပြောင်းရွှေ့လာပုံ ကို ပြောပြသည်။ မွေးချင်းလေး ဦးတွင် အလတ်ဖြစ်ပြီး ရှစ်နှစ် အရွယ် ညီမလေး တစ်ဦးနှင့် သုံးနှစ်အရွယ် ညီလေး တစ်ဦးရှိသည်ဟု ဆိုသည်။ 

လက်ရှိတွင် ၎င်းတို့ မိသားစုမှာ လှိုင်သာယာ စက်မှု ဇုန်(၄) ဗိုလ်အောင်ကျော် လမ်းမဘေးမှ ကျူးကျော်နေ အိမ်တစ်ခု တွင် တစ် လ တစ်သောင်းခွဲဖြင့် ပြန်လည်ငှားရမ်း နေထိုင်နေကြသည်။ အသက် ၄၀ နီးဝန်းကျင် ရှိ မိခင်မှာ ကျူးကျော် တဲများတွင် ဟင်းဆိုင် ဖွင့်လှစ်ထားပြီး ၄င်းမှာ အစ်ကို၊ ပထွေး တို့နှင့်အတူ “ကားထိုး” လုပ်သား အဖြစ် ၀င်ငွေ ရှာဖွေနေရခြင်း ဖြစ်သည်။ တစ်ခါ တစ်ရံ ခေါ်ယူစေခိုင်းလေ့ ရှိသည့် အုတ်သဲကျောက် ရောင်းဝယ်ရေးဒိုင် များတွင်လည်း နေ့စား အလုပ်ကြမ်းသမားအဖြစ် ၀င်ရောက် လုပ်ကိုင်ပြီး ၀င်ငွေ ရှာလေ့ ရှိသည်။

“သူက အရမ်း အလုပ် လုပ်နိုင်တယ်။ မီးခွက်ဈေး က အုတ်သဲကျောက်ဒိုင် မှာဆို ဘိလပ်မြေ အိတ်တွေ တောင် ထမ်းပေး ရတာ။ ကျွန်တော် တို့လို ဖုန်းဂိမ်းဆော့ချင် လို့လည်း သူငွေ စုနေတာ” ဟု ထက်အောင်လင်း ဆိုသည့် လူငယ်က သူငယ်ချင်း ၀င်းလှိုင်ထွေးနှင့် ပတ်သက်၍ ပြောပြသည်။

ထို့ကြောင့်ပင် ပန်းလှိုင်မြစ်ဘေး ရှိ သဲဒိုင်များ က အလုပ်ပေးခိုင်းစေသည့် အပြင် မီးခွက်ဈေးမှ အုတ်သဲ ကျောက်ရောင်းဝယ်ရေး ဒိုင်များ ကလည်း ၀င်းလှိုင်ထွေးကို အခကြေးငွေပေး ၍ ခေါ်ယူ ခိုင်းစေလေ့ ရှိသည် ဟု သိရသည်။ ရလာသည့် ပိုက်ဆံကို မိခင်ဖြစ်သူ ထံအပ်နှံပြီး ပြန်လည် ရရှိသည့် မုန့်ဖိုးနှစ်ရာ၊ သုံးရာခန့် ကို စုဘူးဖြင့် စုနေသည်ဟု ဆိုသည်။ 

ဘယ်ဘက်လက် တွင် ပတ်ထားသည့် နာရီမှာ ယင်းသို့ စုဆောင်း ရသည့် ငွေများဖြင့် ၀ယ်ထားပြီး ကျပ်၂,၅၀၀ ပေး ရသည်ဟု ဆိုသည်။
“ကျွန်တော် ကြီးလာရင် လည်း အမေ့ ကို ဒီထက် ပိုများတဲ့ ပိုက်ဆံတွေ ရှာပေးနေဦးမှာ ပါ” ဟုလည်း သူ့ရဲ့ ရှေ့ အနာဂတ် မျှော်မှန်းချက် ကိုပြောပြရင်း မျက်နှာ က ချွေးသီးများကို လက်ဖျံဖြင့် သုတ်ပစ်လိုက် သည်။


မောင်းဝင်းလှိုင်ထွေး ကဲ့သို့သော ကလေးငယ် များ စာသင်ကျောင်း ကို ကျောခိုင်းပြီး ၀င်ငွေ ရှာနေကြ သည် ကို လည်း ရန်ကုန်မြို့ အနှံ့တွင် တွေ့မြင်နေရ သည်။ လုပ်ခ  လစာ များများစားစား မပေးရသော ကလေး  လုပ် သားများကို လက်ဖက်ရည်ဆိုင်များ၊ အသေးစား စက်မှု လုပ်ငန်းများ က နှစ်ဦးနှစ်ဖက် အဆင်ပြေသည့် အနေ အထားများကြောင့် အသုံးပြု ခိုင်းစေနေကြသည်။

ယင်းအပြင် စက်ရုံ အလုပ်ရုံ များတွင်လည်း အသက်လိမ် ၍ ၀င်ရောက် လုပ်ကိုင်နေရမှု များပင် ရှိနေ သည် ဟု အလုပ်သမား အရေး လုပ်ဆောင်နေသူ အချို့က ဆိုသည်။

ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့(ယူနီဆက်) ၏ ၂၀၁၂ အစီရင်ခံစာ ၌ တစ်နိုင်ငံလုံး တွင် ၁၀ နှစ် မှ ၁၄ နှစ်ကြား ကျောင်းနေသူမှာ ၇၈ ရာခိုင်နှုန်း ရှိပြီး ၁၀ နှစ်မှ ၁၄ နှစ် အရွယ်ကလေးများ လုပ် ငန်း ခွင်ထဲ ရောက်ရှိနေမှု မှာလည်း ၁၁ ဒသမ ၆ ရာခိုင်နှုန်း ရှိနေသည်ဟု ဆိုထားသည်။

ထို့ပြင် ၂၀၀၉-၁၀ ခုနှစ် အိမ်ထောင်စု တစ်စုတိုင်း၏ အသက်ရှင် ရပ်တည်နိုင် မှု အနေအထား လေ့လာ ဆန်းစစ်ချက် တွင် ငွေကြေးပြေ လည်သည့် မိသားစုများ မှ အသက် ၁၀-၁၄ နှစ်ကြား ကလေးငယ် ၁၈ ရာ ခိုင်နှုန်းနှင့် မပြေလည် သည့် မိသားစုများ မှ ၁၀-၁၄ နှစ် ကလေး ၁၀ ရာခိုင်နှုန်း တို့မှာ လုပ်ငန်းခွင် အတွင်း တွင် ရှိနေသည် ဟု ယူနီဆက် က ဆိုထားသည်။ 

၂၀၁၂ နောက်ပိုင်း ထုတ်ပြန်သည့် ကလေး လုပ်သားဆန်း စစ်ချက်များ မတွေ့ရှိ ရသော်လည်း ယခင်ထက် ပိုမို လာနိုင်သည်ဟု ခန့် မှန်းရသည်။
“ကမ္ဘာကြီး မီးလောင်နေ တဲ့ ဘ၀တွေ ရှိနေတာပေါ့။ ဒါကြောင့်လည်း သားကောင်တွေ ချနင်းနေကြရတာ။ ဒါကြောင့် မီးလောင်နေတဲ့ ဘ၀တွေ မရှိအောင် ဆောင်ရွက်ပေး ဖို့ လိုနေတာပါ” ဟု အမျိုးသားလွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ကလေးများ ၀င်ငွေ ရှာနေရသည့် အကြောင်းရင်း တစ်ခုကို သုံးသပ်ပြသည်။

သမ၀ါယမ ဗဟိုကောလိပ်ကျောင်းအုပ်ကြီး (ငြိမ်း)ဖြစ်သူ ဦးရဲမြင့် (စွန့်ဦး တီထွင်)က ထောက်ပြသည်။
“နိုင်ငံ တကာမှာတော့ ကလေးသူငယ် ကို အလုပ်ခိုင်း ခွင့် မရှိဘူး။ ခိုင်းစားတဲ့ မိဘကိုပါ ဥပဒေနဲ့ ထိရောက် စွာ အရေးယူတယ်။ ဆင်းရဲ ဆုံးနိုင်ငံ စာရင်းဝင်တဲ့ ဒီနိုင်ငံမှာ ကလေးတွေ အလုပ်လုပ်ရတာ မဆန်းပေမယ့် အနာဂတ် မှာတော့ မလုပ်မဖြစ် အထူးအလေးထား လုပ်ဆောင်ရမှာ ဖြစ်တယ်”ဟု ၎င်းက ဆက်လက်သုံး သပ်ပြသည်။ 

ဆိုင် နှင့် အလုပ် ဌာနများ အက်ဥပဒေ (၁၉၅၁) တွင် ဈေးဆိုင်များ၊ ဖျော်ဖြေရေး လုပ်ငန်းများ၊ ကုန်သွယ်ရေး လုပ်ငန်းများ တွင် အသက် ၁၃ နှစ်အောက် ကလေးများကို အလုပ်ခန့် အပ်ခြင်းမပြုရ ဟုပြဋ္ဌာန်းထားသည်။

 ထို့ပြင် အလုပ်သမား အက်ဥပဒေ (၁၉၆၄) တွင်လည်း ဆိုင်များနှင့် အလုပ် ဋ္ဌာနများ အက်ဥပဒေ(၁၉၅၁) တွင် ပြဋ္ဌာန်းထားခြင်း မရှိသည့် အခြားလုပ်ငန်းများ၌ အသက် (၁၈)နှစ်အောက် ကလေးများ ကို အလုပ်ခန့် အပ်ခြင်း မပြုဟုရ ပြဋ္ဌာန်းထားသည်။

သို့သော် လည်း ၁၉၉၃ ကလေးသူငယ် ဥပဒေတွင် ၁၆ နှစ်အောက် ကို ကလေးအဖြစ် သတ်မှတ်ထားပြီး ၁၆ နှစ်နှင့် ၁၈ ကြား ကို လူငယ် အဖြစ် သတ်မှတ်ထားသည်။ 
အဆိုပါ ဥပဒေပုဒ်မ..
၂၄(က) (၁)တွင်ကလေး သူငယ်တိုင်းသည် ဥပဒေနှင့် အညီ မိမိ ဆန္ဒအလျောက် အလုပ် လုပ်ပိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
(၂)တွင် ဥပဒေ အရ သတ်မှတ်ထားသည့် အလုပ်လုပ်ချိန် အားလပ်ခွင့်နှင့် အခြား သက်သာခွင့်များကို ရပိုင် ခွင့်ရှိသည် ဟု ဆိုထားသည်။

ပုဒ်မ ၂၄(ခ)တွင် အလုပ် သမားဝန်ကြီးဌာနသည် အလုပ်လုပ်  သည့် ကလေး သူငယ်များ လုပ်ငန်း ခွင် ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ရပိုင်ခွင့်များ၊ ထိခိုက် ဆုံးရှုံးမှုများ မရှိစေရေး အတွက် ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်မှုပေးရမည် ဟု ပြဋ္ဌာန်းထားသည်။

လက်ရှိတွင် မှု ကလေးသူငယ်များ မှာ အသေးစား လုပ်ငန်းခွင် အသီးသီး တွင် ၀င်ရောက် လုပ်ကိုင်နေကြ ရပြီး အခွင့် အရေး ဆုံးရှုံးမှုများ ရှိနေသော် လည်း ပြဋ္ဌာန်းထား သည့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် ပေးနိုင် မှု လိုအပ်နေသေးသည် ဟု သုံးသပ်မှုများ ရှိနေသည်။

နိုင်ငံ၏ အနာဂတ်ကို တာဝန်ယူ ရမည့် ကလေးငယ်များ ပညာသင်ကြား တတ်မြောက်ပိုင်ခွင့် မဲ့နေခြင်း များသည် အနာဂတ် အတွက် ဆုံးရှုံးမှုဖြစ်နိုင်သည့် အပြင် စဉ်းစား ဆင်ခြင်နိုင်သော ပညာ မရရှိခြင်း အတွက် လည်း အနာဂတ်တွင် ၀န်ထုပ်ဝန်ပိုး တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိနေသည်ဟု လေ့လာနေသူများ က သုံးသပ် ကြသည်။ 

ကလေး သူငယ်များ လုပ်ငန်းခွင် ၀င်နေရခြင်းနှင့် လမ်းမပေါ်များ တွင် တွေ့မြင်နေရသည့် နိုင်ငံ တစ်ခု အနာဂတ် သည် မည်သို့မျှ မကောင်းနိုင် ဟုလည်း ကလေး သူငယ်များ သင်တန်းပေးနေသည့် စာရေး ဆရာ တစ်ဦးက ဆိုထားသည်။
 

ပညာ သင်ကြားခွင့် မဲ့ခဲ့ ရသည့် မောင်ဝင်းလှိုင်ထွေး ကဲ့သို့သော ကလေးငယ် များ အသက်ရှင် ရပ်တည်မှု အတွက် ၀င်ငွေ ရှာဖွေကြမည့် အရေးနှင့် တိုင်းပြည် ရှေ့အနာဂတ်ကို မျှော်ကြည့်သော်။


 Written by  ဇော်ဇော်ထွေး
From...  mizzimaburmese.com

No comments:

Post a Comment